ချဲဆီးလ်အသင်းကို ပိုင်ရှင်မိုဗစ်ကချစ်ခင်နေဆဲပါပဲ #ဒေးဗစ်လုဇ်

ချဲဆီးလ် အသင်းကိုဥရောပရဲ့ လူရိုသေ ရှင်ရိုသေအသင်းတသင်းဖြစ်အောင် စီမံပေးထားခဲ့တဲ့ ပိုင်ရှင် ကြီး အေဘရာမိုဗစ်ဟာ ဒီဘက်နှစ်တွေ အတွင်းမှာတော့ အသင်းနဲ့အတူတူ တွဲဖက်ပြီးသိပ်မြင်တွေ့ထားရခြင်း မရှိတော့တာဖြစ်ပါတယ်။

ဒီရုရှား သန်းကြွယ်သူဌေး ကြီးဟာ၂၀၀၃ ခုနှစ်မှာ ချဲဆီးလ် အသင်းကို ဝယ်ခဲ့တာဖြစ်ပြီး သူ့ရဲ့ လက်ထက်မှာ ပရီးမီးယားလိဂ် ဆုဖလား ၅လုံးကို ရရှိခဲ့ပါတယ်။ဒါ့အပြင် ဥရောပပြိုင်ပွဲတွေဖြစ်တဲ့ ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ်ပြိုင်ပွဲတွေမှာပါ ဆုဖလား အောင်မြင်မှု တကြိမ်စီ ရရှိထားခဲ့တာဖြစ်ပါတယ်။

မိုဗစ်ဟာ လက်ရှိအချိန်မှာ အစ္စရေး နိုင်ငံသားခံယူခွင့် ရရှိထားပြီဖြစ်တယ်လို့ သတင်းတွေ ထွက်နေခဲ့ပေမယ့် သူ့ရဲ့ ပြည်ဝင်ခွင့် ကိစ္စ အခက်အခဲတွေကြောင့် စတန်းဖို့ဒ်ဘရစ်ခ်ျ ရဲ့ ပွဲကြည့်စင်ထက်မှာ သူ့ကို မြင်တွေ့ရနည်းပါးနေတာဖြစ်ပါတယ်။

ချဲဆီးလ် အသင်းဟာ နောက်ပိုင်းနှစ်တွေမှာတော့ အောင်မြင်မှုတွေ အနည်းငယ်ကျဆင်းလာနေခဲ့ပြီးမိုဗစ်က လည်းသူ့ရဲ့ ကိုယ်ရေးကိုယ်တာ အဆင်မပြေမှုတွေကြောင့်ချဲဆီးလ် အသင်းကို ဝယ်မယ့်သူရှိပါက ရောင်းချသွားဖို့ရှိနေတယ်ဆိုတဲ့သတင်းတွေထွက်ပေါ်ခဲ့ပါသေးတယ်။ဒါပေမယ့် သူ့ရဲ့ ဆွေမျိုးတွေကတော့ ဒီကိစ္စကို ပယ်ချထားခဲ့ပြီး အခုအချိန်မှာ နောက်ခံလူ ဒေးဗစ်လုဇ်က လည်း မိုဗစ်အနေနဲ့ အသင်းကို သံရောစဉ် မကုန်သေးဘူးဆိုတာသေချာကြောင်း ယုံကြည်နေတာဖြစ်ပါတယ်။

Daily Mail နဲ့အင်တာဗျူးမှာမိုဗစ်က – – – ” သူ( မိုဗစ်) ဟာအဝေး မှာ ရှိနေခဲ့ပေမယ့်သူ့နှလုံးသားက ဒီမှာ ရှိနေတာဖြစ်ပါတယ်။သူဟာ ဒီအသင်းကို လည်း ချစ်မြတ်နိုးပါတယ်။သူဟာ ချဲဆီးလ် အသင်းကို တည်ဆောက်ခဲ့တဲ့ တဦးတည်းသောလူပုဂ္ဂိုလ်လည်းဖြစ်ပါတယ်။သူ့ကြောင့်သာ ချဲဆီးလ် အသင်းမှာအရာရာအပြောင်းအလဲတွေဖြစ်ခဲ့တာပါ။သူ့ရဲ့ လုပ်ဆောင်ချက်တွေကို ရလဒ်တွေက ပြောပြနေပါတယ်။၁၅ နှစ်အတွင်း မှာ ဆုဖလား၁၅ လုံးရရှိခဲ့တာဖြစ်ပါတယ်။

သူဟာ ထူးခြားအံ့သြစရာတခုခုကို လုပ်နိုင်ဖို့ ဒီကိုရောက်လာတာဖြစ်ပြီး တကယ်လည်းလုပ်ဆောင်နိုင်ခဲ့ပါတယ်။ကျွန်တော့်ရဲ့ အနာဂတ်ကိစ္စ နဲ့ ပတ်သက်ပြီး သူနဲ့ ကျွမ်တော် ပြီးခဲ့တဲ့ အပတ်အတွင်း တွေ့ဆုံ စကားပြောခွင့်ရထားခဲ့ပါတယ်။

သူဟာ ဒီအသင်းကို တကယ်ချစ်ပါတယ်။ဒီမှာရှိတဲ့ လူတွေမှ မဟုတ်ပါဘူး အရာရာတိုင်းကို ချစ်တာဖြစ်ပါတယ်။သူဟာ ပြိုင်ပွဲတိုင်းမှာလည်းအနိုင်ရဗိုလ်စွဲချင်ပါတယ်။သူဟာအသင်းကို ချစ်နေဆဲဖြစ်လို့လည်းအများကြီးပိုပြီးထပ်လုပ်ပေးသွားဖို့ရှိနေပါတယ်။

ဒီလို လုပ်ပေးရတာ သူ့အတွက် မလွယ်ပေမယ့် သူ့ရဲ့ နှလုံးသားကတော့ ကျွန်တော်တို့နဲ့ တသားတည်းရှိနေတာဖြစ်ပါတယ်။သူဟာ အသင်းနဲ့ နေ့စဉ်နေ့တိုင်းပါဝင် ပတ်သက်ဖို့ကြိုးစားနေခဲ့သူလည်းဖြစ်ပါတယ်။

သူဟာ အသင်းအတွက် တကယ်ကိုစိတ်အားထက်သန်သူဖြစ်ပါတယ်။သူဟာ အရင်လိုပဲ အောင်မြင်မှုဆာလောင်တာတွေ ၊ ဆုဖလား ငတ်မွတ်တာတွေရှိနေဆဲဖြစ်ပါတယ်။သူဟာ အသင်းကို အားလျော့တာစေတာမျိုး မဖြစ်ချင်ပါဘူး” လို့ပြောခဲ့ပါတယ်။နည်းပြကြီးဆာရီ ရဲ့ ချဲဆီးလ် အသင်းဟာ ဒီရာသီ မှာ လိဂ်ရပ်တည်မှု အဆင့်၃ရခဲ့လို့ လာမယ့်ရာသီချန်ပီယံလိဂ်ပြိုင်ပွဲကြီးကို ဝင်ရောက်ခွင့်ရသွားခဲ့ပြီဖြစ်ပါတယ်။

ဒါ့အပြင် ဆုဖလားမျှော်လင့်ချက်အတွက် မကြာခင်မှာ အာဆင်နယ်အသင်းနဲ့ ယူရိုပါလိဂ် ဖိုင်နယ်ကို နွှဲရဦးမှာဖြစ်ပါတယ်။