ယူနိုက်တက်ကွင်းလယ်ကြယ်ပွင့်ကို ရီးရဲလ်ဆီကနေဖြတ်လုဖို့ကြံနေတဲ့ #ဘာစီလိုနာအသင်း

ဘာစီလိုနာ အသင်းဟာယူနိုက်တက် ကွင်းလယ်လူ ပေါ့ဘာကို ခေါ်ယူရေးမှာ ရီးရဲလ် နဲ့ အပြိုင်ဖြစ်လာခဲ့ပြီ လို့သိရပါတယ်။အသက် ၂၆နှစ်အရွယ် ပြင်သစ်ကွင်းလယ်လူပေါ့ဘာဟာ ပြီးခဲ့တဲ့လတွေအတွင်းကတည်းက အိုးထရက်ဖို့ဒ် မြေကို စွန့်ခွာဖို့သတင်းကြီးနေတာဖြစ်ပြီး ရီးရဲလ် အသင်းကိုတကျော့ပြန်ရောက်လာတဲ့ နည်းပြကြီး ဇီဒန်းရဲ့ စိတ်ကြိုက်ကစားသမား တဦးအဖြစ် ရှိနေတာဖြစ်ပါတယ်။ဒါပေမယ့် အခုချိန်မှာ ဘာစီလိုနာအသင်းဟာ သူတို့ ရဲ့ မဟာပြိုင်ဘက်ဆီကနေ ပေါ့ဘာကိုဖြတ်လုနိုင်ဖို့ ရည်ရွယ်လာတာလည်းဖြစ်ပါတယ်။

ကြော်ငြာ (ဒေါ်လာ ၁၀၀ အကောင့်ဖွင့်ရင်--Bonus ဒေါ်လာ ၁၀၀ ထပ်ရမည်!!! ပုံကို နိုပ်ပြီး အကာင့်ဖွင့်လိုက်ပါ )
ဇီဒန်း
Real Madrid’s French coach Zinedine Zidane looks on before the Spanish league football match between Real Madrid CF and RC Celta de Vigo at the Santiago Bernabeu stadium in Madrid on March 16, 2019. (Photo by GABRIEL BOUYS / AFP)

Tutto Sport ရဲ့ ဖော်ပြချက်အရဘာစီလိုနာ အသင်းဟာ ပေါ့ဘာကိုခေါ်ယူရာမှာ ငွေကြေးပိုမို အသုံးပြုနိုင်ဖို့ ကွင်းလယ်လူရာကီတစ်ကို ရောင်းချဖို့တောင် အသင့်ရှိနေပြီလို့ သိရပါတယ်။ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားချန်ပီယံပြင်သစ်သားတဦးဖြစ်တဲ့ ပေါ့ဘာကို ရရှိနိုင်ဖို့ ပေါင် သန်း ၁၃၀ အထိပေးချေကမ်းလှမ်းသွားဖို့ပြင်ဆင်ထားတယ်လို့ အဆိုပါ သတင်းစာကဆိုပါတယ်။ရာကီတစ်ဟာ အခုရာသီကုန်မှာနူးကမ့်မြေကို စွန့်ခွာမယ်လို့သတင်းတွေထွက်နေသူဖြစ်ပြီး နွေရာသီဈေးကွက်အတွင်း အရောင်းစာရင်းတင်ခံရမယ့် ပထမအသင်းသား၁၀ ဦးထဲက တဦးအပါအဝင်ဖြစ်တယ်လို့လည်း သတင်းတွေကဆိုပါတယ်။

ဘာစီလိုနာ အသင်းဟာ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်မှာ လီဗာပူး ကို မထင်မှတ်ပဲ ဂိုးပြတ်အရေးနိမ့်ထွက်ခွာထားခဲ့ရလို့ အသင်းရဲ့ ထိပ်ပိုင်းအဆင့်တာဝန်ရှိသူတွေ ကိုဒေါသ ပေါက်ကွဲစေခဲ့ပြီး နည်းပြဗယ်ဗာဒီကို ဆက်ထားရေး မထားရေးကို ပါ အပြိုင် စဉ်းစားနေကြပြီလို့ သတင်းတွေကဆိုပါတယ်။နွေရာသီမှာ အလုံးစုံ အားဖြည့်ဖို့ ရှိနေတဲ့ ဘာစီလိုနာ တို့ဟာအခုချိန်မှာတော့ အေဂျက် စတား ဒီဂျောင်ကို ခေါ်ယူထားနိုင်ခဲ့ပြီဖြစ်ပြီး သူ့ရဲ့ အသင်းဖော်ဒီလစ်ဂ်ျကို ပါထပ်ခေါ်နိုင်ဖို့ ချိတ်ဆက်နေပါတယ်။

ယူနိုက်တက် နည်းပြဟောင်းမော်ရင်ဟိုကတော့ အိုးထရက်ဖို့ဒ်မှာ သူကြုံတွေ့ခဲ့ရတဲ့ ပြသနာတွေအများကြီးရှိပြီး ပေါ့ဘာနဲ့ ဆက်ဆံရေးအကွဲအပြဲ တခုတည်းမဟုတ်ဘူးလို့ဆိုပါတယ်။L’ Equipe နဲ့ အင်တာဗျူးမှာ မော်ရင်ဟိုက – – ” သူနဲ့ ဆက်ဆံရေးဆိုးရွားတာ တခုတည်းမဟုတိပါဘူး။ အဲ့ဒီမှာ ပြသနာတွေ အများကြီး ရှိခဲ့ပါတယ်။ကစားသမားတွေ၊ အဲ့ဒီက အဖွဲ့အစည်းတွေနဲ့ သူတို့ရဲ့ရည်မှန်းချက်စတာတွေကို ခင်ဗျား တို့ တွေးကြည့်လို့ရပါတယ်။ဒါကြောင့် လည်း ဒီရာသီမှာယူနိုက်တက်အသင်းကြုံတွေ့ထားခဲ့ရတာတွေဟာ ပေါ့ဘာတဦးတည်းကြောင့်လားလို့ မေးလာရင်တော့ ကျွန်တော်က ဟုတ်တယ်လို့ ဖြေမှာ မဟုတ်ပါဘူး ” လို့ပြောသွာခဲ့တာဖြစ်ပါတယ်။

ယူနိုက်တက်
Manchester United’s French midfielder Paul Pogba (L) shakes hands with Manchester United’s Norwegian manager Ole Gunnar Solskjaer (R) on the pitch after the English Premier League football match between Manchester United and Cardiff City at Old Trafford in Manchester, north west England, on May 12, 2019. – Cardiff won the game 2-0. (Photo by Oli SCARFF / AFP) / RESTRICTED TO EDITORIAL USE. No use with unauthorized audio, video, data, fixture lists, club/league logos or ‘live’ services. Online in-match use limited to 120 images. An additional 40 images may be used in extra time. No video emulation. Social media in-match use limited to 120 images. An additional 40 images may be used in extra time. No use in betting publications, games or single club/league/player publications. /

ဘာစီလိုနာ အသင်းရဲ့ ကာလရှည်ကစ်မှတ်ဖြစ်ခဲ့ဖူးတဲ့ အေတီကို တိုက်စစ်မှူး ဂရစ်ဇ်မန်းကလည်းဒီရာသီကုန် မှာ အေတီကို အသင်းကို စွန့်ခွာတော့မယ်လို့ ယနေ့ မှာထုတ်ပြောသွားပါတယ်။ဒါကြောင့် လည်း တိုက်စစ်မှာ ဂရစ်မန်း + မက်ဆီအတွဲ ၊ ကွင်းလယ်မှာ ပေါ့ဘာ + ဒီဂျောင် အတွဲ ၊ခံစစ်မှာ ဒီလစ်ဂ်ျတို့ကို နူးကမ့်မှာမြင်ရဖွယ်ရှိနေပါတယ်။

SM