လီဗာပူး ဟာ ဒီရာသီ ဖလား တစ်လုံးရဖို့တော့ ထိုက်တန်တယ်လို့ ဆိုလိုက်တဲ့ ၀ိုင်နယ်ဒန်

ဂျော်ဂျီနီယို ၀ိုင်နယ်ဒန် ဟာ လက်ရှိ မှာတော့ သူ့ရဲ့ အာရုံကို ချန်ပီယံလိဂ် ဖိုင်နယ် ပွဲစဉ် ထံ လွဲပြောင်း ထားခဲ့ပြီး သူ့ရဲ့ လီဗာပူး အသင်းဟာ ဒီရာသီ ကို ဆုဖလား နဲ့ အဆုံးသတ်ဖို့ ထိုက်တန်မှု ရှိတာကြောင့် လက်ကျန် အခွင့်အရေးကို အပြည့်အ၀ အသုံးချ သွားဖို့ အားခဲ နေပါတယ်။ လီဗာပူး အသင်းဟာ ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် တတိယမြောက် ရမှတ် အများဆုံး အသင်း ဖြစ်ခဲ့ ပေမယ့်လည်း Title race မှာတော့ ချန်ပီယံ ဖြစ်ခဲ့တဲ့ မန်စီးတီး အသင်းထက် ရမှတ် တစ်မှတ် လျော့နည်းပြီး ဒုတိယ နေရာနဲ့သာ ကျေနပ် ခဲ့ရပါတယ်။

လီဗာပူး အတွက် ဖလား မျှော်လင့်ချက် ကတော့ မကုန်ဆုံး သေးပါဘူး။ ယာဂန်ကလော့ ရဲ့ အသင်းဟာ ချန်ပီယံလိဂ် ဖိုင်နယ်ကို ၂ ရာသီဆက် တက်ရောက် နိုင်ခဲ့ပြီး လာမည့် ဇွန်လ ၁ ရက်နေ့ မှာတော့ မက်ဒရစ် မှာ တော့တင်ဟမ် နဲ့ ဗိုလ်လု ရမှာ ဖြစ်ပါတယ်။

ဝိုင်နယ်ဒန် က “ကိုယ့်အနေနဲ့ အားလပ်ရက် မှာ အပန်းဖြေ နေရင်းနဲ့ ပြီးဆုံး သွားခဲ့တဲ့ ပရီးမီးယားလိဂ် ရာသီကို ပြန်လည် ကြည့်လိုက်မယ် ဆိုရင် ကျွန်တော်တို့ဟာ အရမ်းကို ကောင်းတဲ့ ရာသီ တစ်ခုကို ပိုင်ဆိုင် ခဲ့တယ်လို့ ထင်ပါတယ်။ လူတိုင်း ဒါကို သဘောပေါက် ကြမှာပါ။ ရမှတ် ၉၇ မှတ် ဆိုတာ ပုံမှန် အားဖြင့် ချန်ပီယံ ဖြစ်လေ့ ရှိပါတယ်။ ဒါပေမယ့် ဒီတစ်ခါ မှာတော့ စီးတီးဟာ ကျွန်တော်တို့ထက် ရမှတ် တစ်မှတ်သာ သွားခဲ့ပြီး သူတို့ဟာ ချန်ပီယံ ဖြစ်သွား ခဲ့ပါတယ်။

Liverpool’s Dutch midfielder Georginio Wijnaldum (C) celebrates after scoring their third goal during the UEFA Champions league semi-final second leg football match between Liverpool and Barcelona at Anfield in Liverpool, north west England on May 7, 2019. (Photo by Paul ELLIS / AFP)

အားလုံခြုံပြီး ပြောရမယ် ဆိုရင် ကျွန်တော်တို့ ရာသီကောင်း တစ်ခု ပိုင်ဆိုင် ခဲ့တယ်လို့ ထင်ပါတယ်။ အခုဆိုရင် ဒီစိန်ခေါ်မှုဟာ ဒီရာသီ ပရီးမီးယားလိဂ် ဘောလုံး ရာသီကို ပြီးပြည့်စုံ စေခဲ့ပါတယ်။ ကျွန်တော်တို့ ဒီရာသီ မှာ ဖလားလက်မဲ့ နဲ့ အဆုံးသတ် ခဲ့၇မယ် ဆိုရင် အရမ်းကို ၀မ်းနည်းစရာ ကောင်းပါလိမ့်မယ်။ အထူးသဖြင့် ကျွန်တော်တို့ဟာ ဒီရာသီ အတော့်ကို ခြေစွမ်း တည်ငြိမ် ခဲ့ပြီး ကျွန်တော်တို့ အရမ်း ကောင်းအောင် လုပ်နိုင် ခဲ့ပါတယ်။ ကျွန်တော်တို့ ဒီရာသီ မှာ ဖလား တစ်လုံးနဲ့တော့ ထိုက်တန်တယ်လို့ ထင်ပါတယ်။” လို့ ဆိုလိုက် ပါတယ်။

လီဗာပူး အသင်းဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က အန်ဖီးမှာ ၀ုဖ်ဗာဟမ်တန် အသင်းကို ၂ – ၀ နဲ့ အနိုင် ရရှိ ခဲ့ပြီး ပြည်တွင်း ရာသီကို အဆုံးသတ် နိုင်ခဲ့ပါတယ်။ ဒါ့ကြောင့် လီဗာပူး အသင်းဟာ ဒီရာသီ နိုင်ပွဲ ၃၀ အထိ ရရှိခဲ့ပြီး clean sheets ၂၁ ပွဲ ၊ ရှုံးပွဲ တစ်ပွဲသာ ရှိထား ခဲ့ပြီး ကလပ်ရဲ့ သမိုင်းတစ်လျှောက် အကောင်းဆုံး ရာသီ တစ်ခု ကို ပိုင်ဆိုင် နိုင်ခဲ့ပါတယ်။ ၀ိုင်နယ်ဒန် က သူတို့ အသင်း မက်ဒရစ် မှာ ကစား ရမယ့် ချန်ပီယံလိဂ် ဖိုင်နယ် မှာ တော့တင်ဟမ်ကို အနိုင် ကစားကာ ဗိုလ်စွဲဖို့ လုပ်သွားမယ်လို့ ကြုံးဝါး လိုက်ပါတယ်။

ဝိုင်နယ်ဒန် က “ကျွန်တော်တို့ တက်နိုင်သမျှ အစွမ်းကုန် အားထုတ် သွားမှာပါ။ ခင်ဗျားတို့ အဲဗာတန် နဲ့ အိမ်ကွင်းပွဲ ၊ ဖူဟမ် နဲ့ အဝေးကွင်းပွဲ ၊ နယူးကာဆယ်နဲ့ အဝေးကွင်း ပွဲတွေကို ကြည့်လိုက်ပါ။ ကျွန်တော်တို့ နိုင်ပွဲ ရအောင် လုပ်နိုင် ခဲ့ပါတယ်။ နောက်ထပ် ငါးပွဲ ခြောက်ပွဲ ကတော့ ကျွန်တော် မေ့နေပါတယ်။ ဒီပွဲတွေကိုလည်း ကျွန်တော်တို့ နောက်ကျ ဂိုးတွေ နဲ့ နိုင်အောင် လုပ်နိုင် ခဲ့ပါတယ်။ ကျွန်တော်တို့ အစွမ်းကုန် ပေးဆပ် ခဲ့ပါတယ်။ ဒ်ါပေမယ့် နောက်ဆုံး မှာတော့ ချန်ပီယံဆု အတွက် မလုံလောက် ခဲ့ပါဘူး။

Everton’s Senegalese midfielder Idrissa Gueye (L) vies with Liverpool’s Dutch midfielder Georginio Wijnaldum during the English Premier League football match between Liverpool and Everton at Anfield in Liverpool, north west England on December 2, 2018. – Liverpool won the game 1-0. (Photo by Oli SCARFF / AFP) / RESTRICTED TO EDITORIAL USE. No use with unauthorized audio, video, data, fixture lists, club/league logos or ‘live’ services. Online in-match use limited to 120 images. An additional 40 images may be used in extra time. No video emulation. Social media in-match use limited to 120 images. An additional 40 images may be used in extra time. No use in betting publications, games or single club/league/player publications. /

ပြီးခဲ့တဲ့ နောက်ဆုံး ပွဲစဉ်တွေဟာ ကျွန်တော်တို့ အတွက် နိုင်မှ ဖြစ်မယ့် ပွဲတွေပါ။ စီးတီးတို့ ဘာလုပ် ခဲ့သလဲ ဆိုတာ စဉ်းစားကြည့်ပါ။ သူတို့ကလည်း ကျွန်တော်တို့လို နိုင်ပွဲတွေ ဆက်ခဲ့ပါတယ်။ ဒ့ါကြောင့် ဒါဟာ သူတို့ ချန်ပီယံ ဖြစ်ဖို့ လုံလောက် ခဲ့ပါတယ်။

ဒါပေမယ့် အခု ဆို၇င် ကျွန်တော်တို့ ထိန်းချုပ် နိုင်စွမ်း ရှိတဲ့ ပွဲတစ်ပွဲ ရှိနေ ပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ ဆုဖလား ကို သယ်ဆောင်လာပြီး ကောင်းမွန်တဲ့ အဆုံးသတ်ကို ရအောင် လုပ်သွားမှာပါ။ ဒီလို လုပ်နိုင် ခဲ့မယ် ဆိုရင်တော့ တကယ့်ကို စပယ်ရှယ် ဖြစ်လာမှာပါ။ ဘာလို့လဲ ဆိုတော့ ဒီရာသီဟာ ကျွန်တော်တို့ အတွက် ဒီလို အဆုံးသတ် နဲ့ ထိုက်တန် ပါတယ်။ အကောင်းဆုံး ရာသီပိတ် ဖြစ်ဖို့အတွက် ကျွန်တော် အစွမ်းကုန် ကြိုးစား သွားမှာပါ။ ဒါပေမယ့် ဒါဟာ အရမ်းကို ခက်ခဲပါလိမ့်မယ်။’ လို့ ဆိုလိုက် ပါတယ်။.

SM