မန်စီးတီး ရဲ့ ငွေကြေး အရှုပ်အထွေး ကိစ္စကြောင့် ဘာတွေ ဆက်ဖြစ်လာနိုင်သလဲ ?

မန်စီးတီး ရဲ့ ငွေကြေး အရှုပ်အထွေး ကိစ္စကြောင့် ဘာတွေ ဆက်ဖြစ်လာနိုင်သလဲ ?

အာဆင်နယ် ၊ ယူနိုက်တက်တို့က ချန်ပီယံလိဂ် ၀င်ခွင့် အလိုအလျှောက် ရလာနိုင်သလား? ဒီမှာ ဖတ်ကြည့်လိုက်ပါ။
************************************************************

အခုတလော မန်စီးတီး ရဲ့ ငွေးကြေး ကိစ္စ အရှုပ်တော်ပုံ ကိစ္စကြောင့် ၊ ချန်ပီယံလိဂ် ပြိုင်ပွဲ ကနေ တစ်နှစ်ပိတ်ပင် ခံရနိုင်တယ် ဆိုတဲ့ သတင်းတွေ ဆက်တိုက် ထွက်ပေါ်လာခဲ့ ပါတယ်။

တစ်ဆက်ထဲမှာပဲ မန်စီးတီးသာ ချန်ပီယံလိဂ် ကနေ ပယ်ခံလိုက်ရရင် အာဆင်နယ် အသင်းဟာ ချန်ပီယံလိဂ် ၀င်ခွင့်ကို အစားထိုး ရရှိနိုင်တယ် ၊ အာဆင်နယ် က ယူရိုပါလိဂ် ဗိုလ်စွဲခဲ့ရင် ယူနိုက်တက်က ချန်ပီယံလိဂ် ၀င်ခွင့်ကို ဆက်လက်လွှဲပြောင်း ရယူနိုင်တယ် ဆိုတဲ့ ပြောဆိုမှုတွေ ဒီကနေ့မှာ တော်တော်များများ မြင်တွေ့နေရတာပါ။

အဲဒီလို ဆွေးနွေးငြင်းခုန်နေကြတာ နဲ့ ပတ်သက်ပြီး Sports Myanmar ပရိသတ်တွေ အတွက် တတ်နိုင်သလောက် ကြိုးစားပြီး တင်ပြသွားချင်ပါတယ်။

ဂွာဒီယိုလာ
Manchester City’s Spanish manager Pep Guardiola gestures to supporters as they celebrate after their 4-1 victory in the English Premier League football match between Brighton and Hove Albion and Manchester City at the American Express Community Stadium in Brighton, southern England on May 12, 2019. – Manchester City held off a titanic challenge from Liverpool to become the first side in a decade to retain the Premier League on Sunday by coming from behind to beat Brighton 4-1 on Sunday. (Photo by Glyn KIRK / AFP) / RESTRICTED TO EDITORIAL USE. No use with unauthorized audio, video, data, fixture lists, club/league logos or ‘live’ services. Online in-match use limited to 120 images. An additional 40 images may be used in extra time. No video emulation. Social media in-match use limited to 120 images. An additional 40 images may be used in extra time. No use in betting publications, games or single club/league/player publications. /

FFP ဆိုတာ ဘာလဲ
——————–

FFP ဆိုတာ ဥရောပ ဘောလုံး အဖွဲ့ချုပ်က အသစ် ပြဌန်းခဲ့တဲ့ ဘဏ္ဍာရေး စည်းမျဉ်းသစ် ဖြစ်ပြီး ၊ ကလပ် အသင်းကြီးတွေ ရဲ့ ငွေကြေး အဆမတန် သုံးစွဲမှုကို ထိန်းချုပ်ဖို့ ကြိုးစားမှု တစ်ရပ် ဖြစ်ပါတယ်။

အလွယ်ဆုံး ပြောရရင် ကမ္ဘာကျော် သူဌေးကြီးတွေဟာ ဘောလုံးလောကရဲ့ ဖွံ့ဖြိုးတိုးတက်မှု လျှင်မြန်နှုန်းတွေကြောင့် ၊ ဒီလောကထဲကို ငွေကြေး အလုံးအရင်း နဲ့ ၀င်ရောက်နေချိန်မှာ ၊ ငွေမသုံး နိုင်တဲ့ ကလပ် အသင်းလေးတွေ နဲ့ အသင်းကြီးတွေ အကြား ကွာခြားချက်တွေ အများကြီး မဖြစ်အောင် ထိန်းချုပ် ပြဌန်းခဲ့တဲ့ စည်းမျဉ်းပါ။

ထိပ်သီး ကလပ်တွေ ရဲ့ ပိုင်ရှင်တွေဟာ မည်သို့ပင် ချမ်းသာနေစေကာမူ ၊ ငွေကြေးကို ထင်သလို သုံးစွဲခွင့် မရှိပဲ ၊ အသင်းရဲ့ ၀င်ငွေစာရင်း အပေါ် မူတည်ကာ သုံးစွဲဖို့ နဲ့ ၊ အဲဒီ သတ်မှတ်ချက်ကို ကျော်လွန် သုံးစွဲခဲ့ပါကာ အရေးယူနိုင်ဖို့ စီစဉ်ထားခဲ့တာ ဖြစ်ပါတယ်။

မန်စီးတီးက ဘယ်လို စွပ်စွဲခံရတာလဲ
————————————-

မန်စီးတီးဟာ FFP စည်းမျဉ်းတွေကို တစ်ပတ်ရိုတ်ကာ ငွေကြေးတွေ အမြောက်အများ သုံးစွဲခဲ့တာ ဖြစ်တယ်လို့ စွပ်စွဲခံထားရတာ ဖြစ်ပါတယ်။

ဥပမာ ကလပ် အသင်းရဲ့ ၀င်ငွေ အများကြီး မရှိပဲနဲ့ အပြောင်းအရွှေ့ အသုံးစာရိတ်တွေကို ပေါင် သန်းရာချီ သုံးစွဲခဲ့တာကို Football Leaks က အချက်အလက်တွေ ခိုင်ခိုင်မာမာ နဲ့ ထုတ်ဖော်ခဲ့တာပါ။

မန်စီးတီးဟာ ကစားသမား ခေါ်ယူမှုတွေမှာ ငွေကြေး များစွာ သုံးစွဲချင်တာကြောင့် သူတို့ရဲ့ ၀င်ငွေ ပမာဏကို ပြတဲ့နေရာမှာ လက်ရှိ ဈေးကွက် တန်ဖိုးထက် အလွန်များပြားတဲ့ ပမာဏတွေနဲ့ စပွန်ဆာ စာချုပ်တွေ ချုပ်ဆိုခဲ့တာ ဖြစ်ပါတယ်။ အီတီဟတ် နဲ့ ချုပ်ဆိုခဲ့တဲ့ စပွန်ဆာ စာချုပ်ဟာ ရှိသင့်တဲ့ တန်ဖိုးထက် များစွာ ပိုနေခဲ့သလို ၊ အသင်းရဲ့ ပုံရိပ် အသုံးပြုခတွေ ၀ယ်ယူခဲ့တဲ့ Company ဟာလဲ ရှိတ်မန်ဆော် ပိုဆိုင်တဲ့ လုပ်ငန်း ဖြစ်ပြီး ၊ ဈေးတွေ မတရားပေးကာ တစ်ဖက်လှည် ပုံစံမျိုးနဲ့ ၀ယ်ယူခဲ့တာဖြစ်တယ်လို့ စွပ်စွဲခံထားရတာ ဖြစ်ပါတယ်။

ပက်ဂွာဒီယိုလာ
Manchester City’s Spanish manager Pep Guardiola takes part in a lap of appreciation after the final whistle of the English Premier League football match between Manchester City and Leicester City at the Etihad Stadium in Manchester, north west England, on May 6, 2019. (Photo by Oli SCARFF / AFP) / RESTRICTED TO EDITORIAL USE. No use with unauthorized audio, video, data, fixture lists, club/league logos or ‘live’ services. Online in-match use limited to 120 images. An additional 40 images may be used in extra time. No video emulation. Social media in-match use limited to 120 images. An additional 40 images may be used in extra time. No use in betting publications, games or single club/league/player publications. /

ဒါ့အပြင် မန်စီနီကို နည်းပြ ရာထူးကနေ ထုတ်ပယ်စဉ်က ပေးလိုက်ရတဲ့ လျော်ကြေးဟာ အသင်းပိုင် စာရင်းထဲကနေ ထုတ်ပေးခဲ့တာ မဟုတ်ပဲ ၊ စပွန်ဆာ Company တစ်ခုကနေ ကြားဖြတ်ပေးချေ ခဲ့ပြန်ပါတယ်။ အဲဒီလို အကြောင်းမျိုးစုံတွေကြောင့် မန်စီးတီးကို ဥရောပ ဘောလုံး အဖွဲ့ချုပ် တာဝန်ရှိသူတွေက စုံစမ်းလျှက် ရှိနေတာပါ။

ဘယ်လိုတွေ အပြစ်ပေးခံရဖွယ် ရှိလဲ
————————————

FFP စည်းမျဉ်းကို ချိုးဖောက်တယ် ဆိုပါက အမြင့်ဆုံး ချန်ပီယံလိဂ် ယှဉ်ပြိုင်ခွင့် ပိတ်ပင်တဲ့ အထိ ပြစ်ဒဏ်ချမှတ်ခွင် ရှိသလို ၊ ဒဏ်ငွေ ပြစ်ဒဏ်လဲ ချမှတ်ခံရနိုင်ပါတယ်။

ဘယ်ချိန်လောက်မှာ တရားဝင် ပြစ်ဒဏ် ကျခံရနိုင်မလဲ
——————————————-

တကယ်လို့ ပြစ်မှု ကျူးလွန် ထင်ရှားကြောင်း သက်သေပြနိုင်ခဲ့တယ် ဆိုရင်တော့ လာမယ့်ရာသီမှာ ပြစ်ဒဏ်ချမှတ်ဖို့တော့ မဖြစ်နိုင်ပါဘူး။ သေချာတာက မန်စီးတီး ဘက်ကလဲ အယူခံဝင်မှုတွေကို အဆင့်ဆင့် ပြုလုပ်သွားဦးမှာပါ။ ဒါကြောင့် အနီးစပ်ဆုံး သုံးသပ်ကြည့်ရရင် 2020-2021 ရာသီ မှသာ ပြစ်ဒဏ်က သက်ဝင်လာနိုင်မှာ ဖြစ်ပါတယ်။

ဒါကြောင့် လက်ရှိ ပြောဆိုနေကြတဲ့ ၊ မန်စီးတီး သာ ယှဉ်ပြိုင်ခွင့် ပိတ်ပင်ခံလိုက်ရရင် အာဆင်နယ် အနေနဲ့ ယူရိုပါလိဂ် ဗိုလ်လုပွဲ ရှုံးနိမ့်ခဲ့ရင်တော် ချန်ပီယံလိဂ် ၀င်ခွင့် မျှော်လင့်ချက် ရှိနိုင်တယ် ဆိုတဲ့ ပြောဆိုမှုတွေဟာ ယုတ္တိတော့ မရှိပါဘူး။

လက်ရှိမှာ စုံစမ်း စစ်ဆေးရေး ကော်မရှင်ဟာ အချက်အလက်တွေ စုဆောင်းနေဆဲ ကာလ ဖြစ်ပြီး ၊ ဘယ်အချိန်မှာ တရားဝင် ဆုံးဖြတ်ချက် ထွက်ပေါ်လာနိုင်တယ် ဆိုတာတောင် သေချာပေါက် ပြောဆိုထားတာမျိုးတွေ မရှိသေးပါဘူး။

VAR

တခြား ဘာရှိသေးလဲ
———————-

ပရီးမီးယားလိဂ် တာဝန်ရှိသူတွေဟာ မန်စီးတီး ရဲ့ လူငယ် ကစားသမား ခေါ်ယူမှုတွေမှာ စည်းမျဉ်းနဲ့ ကိုက်ညီမှုတွေ မရှိဘူးလို့ သံသယ ဖြစ်နေတာကြောင့် ၊ စုံစမ်းစစ်ဆေးရေးတွေ ကို မတ်လ ကတည်းက စတင်ထားခဲ့တာလဲ ရှိနေပါတယ်။ အကယ်၍ အဲဒီ ကိစ္စသာ ထပ်မံ ပေါ်ပေါက်လာပါက မန်စီးတီးဟာ ချဲဆီး နည်းတူ အပြောင်းအရွှေ့ ပိတ်ပင်ခံရနိုင်တဲ့ အနေအထား တစ်ခုလဲ ရှိနေပါသေးတယ်။

မှတ်ချက် – မန်စီးတီး ဘက်ကတော့ အခု သတင်းတွေကို တရားဝင် ငြင်းဆိုထားပါတယ်။

ဒါ့အပြင် သူတို့ ပရိသတ် တစ်ချို့ကလဲ ဒီသတင်းတွေကို စတင်ဖော်ပြ ခဲ့တဲ့ နယူးယောက်တိုင်းမ် သတင်းစာဟာ လီဗာပူး ပိုင်ရှင်တွေရဲ့ ရှယ်ယာတွေ ပါဝင်နေတာကြောင့် မန်စီးတီး ပုံရိပ်ကို ထိခိုက်အောင် လုပ်ဆောင်နေတယ်လို့ ပြန်လည် မှတ်ချက်ပေးနေသလို ၊ စုံစမ်း စစ်ဆေးရေး ကော်မရှင်ထဲမှာလဲ လီဗာပူး ဒါရိုတ်တာဟောင်း တစ်ယောက် ပါဝင်နေပြန်တယ်လို့ ပြောဆိုနေကြပါတယ်။