ယူနိုက်တက်မှာ ရုန်းကန်ခဲ့ ရတဲ့ အဓိက အကြောင်းအရင်း 3 ခုကို မော်ရင်ဟို ပြောပြီ

မော်ရင်ဟို

ပေါ်တူဂီ သား နည်းပြ ဖြစ်သူ ဟိုဆေး မော်ရင်ဟို ဟာ ရောက်ရာ အရပ် တိုင်းမှာ ဆု ဖလား အောင်မြင် မှု ရယူ နိုင်သူ ဖြစ်ခဲ့ ပြီး အင်္ဂလန် မြေမှာ လည်း ချဲလ်ဆီး အသင်း နဲ့ အတူ အောင်ပွဲ တွေ ဆင်နိုင် ခဲ့သူ ပဲ ဖြစ် ပါတယ် ။

သူဟာ မန်ချက်စတာ ယူနိုက်တက် အသင်း ဆီ ရောက်ရှိ ခဲ့တဲ့ ပထမ ဆုံး ရာသီ မှာပဲ အသင်း အတွက် လိဂ် ဖလား ၊ ယူရို ပါလိဂ် ဖလား တို့ကို ရယူ ဆွတ်ခူး ပေးနိုင် ခဲ့သူ ဖြစ်ပြီး ဒုတိယ ရာသီ မှာတော့ အမှတ်ပေး ဇယား ဒုတိယ နေရာ ၊ FA ဖလား ဖိုင်နယ် အထိ တက်ရောက် အောင် လုပ်ဆောင် ပေးနိုင် ခဲ့ ပါတယ် ။

ဒါပေမဲ့ တတိယ ရာသီ မှာတော့ မော်ရင်ဟို ဟာ အိုးလ် ထရပ်ဖို့ဒ် မှာ အခြေ မလှ ဖြစ်ခဲ့ ရ ပါတယ် ။ သူဟာ အသင်း ကို ကိုင်တွယ် ခဲ့တဲ့ ရာသီ ဝက် အတွက် ရလဒ် တွေ ဆိုးရွား မှု ၊ အသင်း သား တွေနဲ့ အဆင်မပြေ ဖြစ်ခဲ့ မှု တွေကြောင့် ဒီဇင်ဘာ လ မှာ အသင်း မှ ထုတ်ပယ် ခံခဲ့ ရ ပါတယ် ။

အခုတော့ စပါယ်ရှယ် ဝမ်း နည်းပြ ဖြစ်သူ ဟိုဆေး မော်ရင်ဟို က သူ အိုးလ် ထရပ်ဖို့ဒ် မှာ ‘ ကစားသမား ‘ ၊ ‘ အဖွဲ့အစည်း ‘ ၊ ‘ ရည်မှန်းချက် ‘ ဆိုတဲ့ အချက် သုံးချက် ကြောင့် ယူနိုက်တက် မှာ အောင်လံ ထူ နိုင်ဖို့ ရုန်းကန် ခဲ့ရ တာ ဖြစ်ကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့ ပါတယ် ။

မော်ရင်ဟို

ဒါပေမဲ့ ဒီ ရာသီ အတွင်း သူနဲ့ အမြဲလို အခြေအတင် ဖြစ်ခဲ့ တဲ့ ကွင်းလယ် ကစားသမား ဖြစ်သူ ပေါလ် ပေါ့ဂ်ဘာ ကြောင့် ထွက်ခဲ့ ရတာ လား ဆိုတဲ့ မေးခွန်း ကို ဖြေကြာ ဖို့ အတွက် တော့ ငြင်းဆန် သွားခဲ့ ပါတယ် ။

မော်ရင်ဟို ကတော့ ကွင်းလယ် ကစားသမား ထက် ပိုပြီး အသင်း မှာ အောင်မြင် မှု ရရှိ နိုင်ရေး အတွက် ယူနိုက်တက် မှာ ရှိနေ ခဲ့တဲ့ အခြား ပြသနာ တွေက သာ အဓိက ကျခဲ့ တယ်လို့ L’Equipe နဲ့ အင်တာဗျူး မှာ ဖြေကြား သွားခဲ့ လိုက် ပါတယ် ။

” နိုး ၊ နိုး ၊ ပြသနာ က အဲ့ဒီ မှာ ရှိနှင့် ခဲ့တဲ့ အရာ တွေပါ ။ တစ်ကယ့် ပြသနာ တွေက ကစားသမား တွေ ၊ အဖွဲ့အစည်း နဲ့ ရည်မှန်းချက် တွေ ဆိုတာ ခင်ဗျား တို့ စိတ်ကူး ယဉ်ကြည့် ရုံနဲ့ သိရှိ နိုင် ပါတယ် ”

” ပေါ့ဂ်ဘာ တစ်ဦး တည်းဟာ ဒါတွေ အားလုံး အတွက် တာဝန် ရှိနေ သလား ဆိုတဲ့ မေးခွန်း မျိုး ခင်ဗျား မေးမယ် ဆိုရင် တော့ ကျွန်တော့် ဖက်က ‘ Yes ‘ ဆိုတဲ့ စကား မျိုး လုံးဝ ဖြေကြား သွားမှာ ဖြေကြား နိုင်မှာ မဟုတ် ပါဘူး ”

” မန်ချက်စတာ ယူနိုက်တက် အသင်း နဲ့ ပတ်သက်ရင် တော့ ကျွန်တော် စကား နှစ်ခွန်း ပဲ ပြောလို ပါတယ် ။ ‘ တစ် ကတော့ အချိန် က စကား ပြော သွားပါ လိမ့်မယ် ‘ ၊ ‘ နှစ် ကတော့ ပြသနာ တွေဟာ အဲ့ဒီ မှာ ရှိနှင့် နေဆဲ ပါပဲ ‘ ။ အဲ့ဒီ နှစ်ခု ပါပဲ ”

” မာရှယ် ဟာ ခြားနား တဲ့ စိတ်နေ သဘောထား တွေ ပိုင်ဆိုင် နေတဲ့ ကောင်လေး တစ်ယောက် ပါ ။ သူနဲ့ ပတ်သက် လို့ ကျွန်တော် ပြောနိုင် တဲ့ အရာ တစ်ခုက သူ့ရဲ့ အကောင်းဆုံး ပုံစံ နဲ့ တည်ငြိမ် တဲ့ ခြေစွမ်း ရရှိ နိုင်ဖို့ ကျွန်တော် တို့ မျှော်လင့် နိုင်တယ် ဆိုတာ ပါပဲ ” လို့ ပြောကြား ရင်း ဆိုးလ်ရှား နိုင်ပွဲ တွေ ရရှိ ခဲ့တဲ့ အချိန် နဲ့ ပတ်သက် လို့ …

” ကျွန်တော် အဲ့တာ ကိုတော့ မရှင်းပြ ချင် ပါဘူး ။ ကျွန်တော် ဘာ့ကြောင့် ဒီလို ဖြစ်လာ လဲ ဆိုတဲ့ အကြောင်း ပြချက် သိတယ် လို့ ထင် ပါတယ် ။ ဒါပေမဲ့ ကျွန်တော့် အတွေးအမြင် တွေကို အခြား သူ တွေဆီ ချပြ သွားမှာ မဟုတ် ပါဘူး ။ ကျွန်တော် ယူနိုက်တက် အကြောင်း မပြောချင် ပါဘူး ”

” ယူနိုက်တက် အတွက် တော့ အဲ့ဒီ နိုင်ပွဲ တွေဟာ အဆက်စပ် တစ်ခု ရဲ့ ပြင်ပ မှာ ရှိနေ ပါတယ် ။ ကျွန်တော် တို့ ချန်ပီယံ လိဂ် အုပ်စု အဆင့် တုန်းက တူရင် မြေမှာ အနိုင် ရရှိ ထားခဲ့ကြ ပါတယ် ။ PSG ပွဲ အတွက် ဆိုရင် တော့ အကြောင်း ပြချက် ကို ကျွန်တော် သိ ပါတယ် ။ နည်း စနစ် ပိုင်း နဲ့ စိတ်ဓါတ် ပိုင်း ဆိုင်ရာ တွေ ကြောင့်ပေါ့ ” လို့ မော်ရင်ဟို က အဆုံးသတ် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

#Sports_Myanmar