ယနေ့ည လိုင်လီ အသင်း နဲ့ ရင်ဆိုင်ရမယ့် ချန်ပီယံလိဂ် ပွဲစဉ် အပေါ် မှတ်ချက်ပြု ပြောဆိုလိုက်တဲ့ #လမ်းပတ်

Lampard

ချယ်လ်ဆီး အသင်း ဟာ ယနေ့ည ၁ : ၁၅ အချိန် မှာ ချန်ပီယံလိဂ် အုပ်စု အဆင့် ဒုတိယမြောက် ပွဲစဉ် အဖြစ် ပြင်သစ် လီဂူးဝမ်း ကလပ် လိုင်လီ အသင်း ကို အဝေးကွင်း မှာ သွားရောက် ယှဉ်ပြိုင် ကစားရမှာ ဖြစ်ပါတယ် ။ ပထမ အိမ်ကွင်း အဖွင့်ပွဲ မှာတုန်းက စပိန် ကလပ် ဗလင်စီယာ အသင်း ကို ချယ်လ်ဆီး အသင်း ဟာ မထင်မှတ်ပဲ ၀ – ၁ နဲ့ အရေးနိမ့် ခဲ့ရပါတယ် ။

ထို့ အတွက်ကြောင့် ချယ်လ်ဆီး အသင်း အနေနဲ့ အုပ်စု အဆင့် ကနေ လွန်မြောက်ချင်တယ် ဆိုရင် လိုင်လီ နဲ့ ပွဲက စပြီး ရလဒ်ကောင်း တွေ ရှာဖွေ သွားနိုင်ဖို့ လိုနေပါတယ် ။ အုပ်စု H က အသင်း တွေဟာ တသင်း နဲ့ တသင်း ခြေစွမ်း မတိမ်းမယိမ်း ဖြစ်နေတယ် ဆိုပေမယ့် လိုင်လီ အသင်း ဟာ ချန်ပီယံလိဂ် အတွေ့အကြုံ အား အနည်းဆုံး ဖြစ်နေတာ ကို တွေ့ရပါတယ် ။

လမ်းပတ် နဲ့ ချယ်လ်ဆီး အသင်း ဟာ နောက်ဆုံး ကစား ခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် မှာ ဘရိုက်တန် အသင်း ကို အိမ်ကွင်း မှာ ၂ဂိုးပြတ် နဲ့ အနိုင် ရထားခဲ့ပါတယ် ။ ထို့ အတွက်ကြောင့် လတ်တလော မှာ ချယ်လ်ဆီး အသင်း ပုံစံကောင်း တချို့ ပြန်ရနေတယ် လို့ ဆိုရမှာ ဖြစ်ပါတယ် ။ သို့ပေမယ့် လည်း လမ်းပတ် ကတော့ လိုင်လီ အသင်း ဟာ ၄င်းတို့ကို ဒုက္ခပေး နိုင်စွမ်း ရှိတယ် လို့ ဆိုခဲ့ပါတယ် ။

မနေ့က ပွဲကြို သတင်းစာ ရှင်းလင်းပွဲ မှာ လမ်းပတ် က ” ကျွန်တော် တို့ ဒီနှစ် ဘောလုံး ရာသီ ထဲမှာ ရသင့်တဲ့ ရလဒ်ကောင်း တွေ မဖော်ဆောင် နိုင်ခဲ့တာတွေ ဟာ တခုမဟုတ် ၊ တခု ချွတ်ချော်မှု တွေကြောင့် လို့ ထင်ပါတယ် ။ ဒါနဲ့ ပတ်သက်ပြီး ကျွန်တော် အမှန်တကယ် ဝန်ခံပါတယ် ။ ဗလင်စီယာ နဲ့ ပွဲက ခြေစွမ်း ဟာ ကျွန်တော် တို့ရဲ့ အဆိုးရွားဆုံး ပုံစံ မဟုတ်ပါဘူး ။ ”

” အဲ့ဒီပွဲမှာ ကျွန်တော် တို့ရဲ့ ကစားပုံ အဆင်ပြေ ခဲ့ပါတယ် ။ လိုအပ်တဲ့ ရလဒ် ကိုလည်း ရခဲ့သင့်ပါတယ် ။ ဒုတိယပိုင်း မှာ ကျွန်တော် တို့ရဲ့ ပွဲအပေါ် အာရုံစိုက်မှု တချက် လွတ်သွား ခဲ့တာက ကျွန်တော် တို့ကို ရှုံးပွဲ ကြံုတွေ့ စေခဲ့ပါတယ် ။ ဒါဟာ ချန်ပီယံလိဂ် လို အဆင့်မျိုး မှာ ဘယ်လို အနေအထား မှာပဲ ဖြစ်ဖြစ် ရှုံးပွဲ ကြံုတွေ့ စေတယ် ဆိုတာ ကျွန်တော် တို့ကို သင်ခန်းစာ ကောင်းကောင်း ပေးခဲ့တာ ဖြစ်ပါတယ် ။ ”

” ဒီလိုုမျိုး ဥရောပ က ထိပ်တန်း ကလပ် အသင်း တွေနဲ့ အိမ်ကွင်း ၊ အဝေးကွင်း ယှဉ်ပြိုင် ကစားရတာ ဟာ ကျွန်တော် တို့ကို ပိုပြီး အိုင်ဒီယာကောင်း တွေ ထွက်စေတယ် လို့ ထင်ပါတယ် ။ လိုင်လီ အသင်း ဟာ ကျွန်တော် တို့ကို ခြိမ်းခြောက်မှု များစွာ ပြုလုပ် နိုင်စွမ်း ရှိပါတယ် ။ အထူးသဖြင့် တိုက်စစ်ပိုင်း မှာပါ ။ လျင်မြန်မှု တွေ ၊ အချိတ်အဆက်ကောင်း တွေနဲ့ ကစားတတ်ပါတယ် ။ ”

” ဒီပွဲစဉ် မှာ ကျွန်တော် တို့ ရလဒ်ကောင်း ရရုံနဲ့ မပြီးသေးပါဘူး ။ ဒီပွဲပြီးတာနဲ့ ကျွန်တော် တို့ဟာ နောက်ထပ် ပွဲစဉ် ၄ပွဲ ကို ထပ်မံ ဖြတ်သန်းရမှာပါ ။ ကျွန်တော် တို့ အမြင်ကျယ်ဖို့ လိုပါတယ် ။ ဒါပေမယ့် အခု အချိန်မှာ ကျွန်တော် တို့ဟာ ရမှတ် တမှတ်မှ မရသေးတဲ့ အသင်း ဖြစ်ပါတယ် ။ ဒါကြောင့် မနက်ဖြန် ပွဲဟာ ကျွန်တော် တို့ အနေနဲ့ တခုခု ထူးခြားအောင် စွမ်းဆောင် ပြနိုင်ဖို့ ကြိုးစား ရမှာပါ ။ ”

” ကစားသမား တွေ အားလုံးလည်း ဒါကို သတိထားမိကြပြီး ဖြစ်ပါတယ် ။ နောက်ဆုံး ကစားခဲ့တဲ့ ပွဲစဉ် ၂ပွဲ မှာ ကျွန်တော် တို့ ရလဒ်ကောင်း တွေ ရရှိခဲ့ပါတယ် ။ ဒါကြောင့်မို့ အဲ့ဒီ ၂ပွဲ က ယုံကြည်မှု တွေကို သယ်ဆောင်ပြီး မနက်ဖြန် ပွဲစဉ် မှာ ရလဒ်ကောင်း ရဖို့ ကျွန်တော် မျှော်လင့် မိပါတယ် ။ ကျွန်တော် တို့ အနေနဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှု အပြည့် နဲ့ ကိုယ် ကစားနေကြပုံစံ အတိုင်း အကောင်းဆုံး ကစား သွားနိုင်ဖို့ လိုပါတယ် ။ ” လို့ ပြောကြား ခဲ့ပါတယ် ။

SPORTS MYANMAR

Zawgyi

ယေန႕ည လိုင္လီ အသင္း နဲ႕ ရင္ဆိုင္ရမယ့္ ခ်န္ပီယံလိဂ္ ပြဲစဥ္ အေပၚ မွတ္ခ်က္ျပဳ ေျပာဆိုလိုက္တဲ့ #လမ္းပတ္

ခ်ယ္လ္ဆီး အသင္း ဟာ ယေန႕ည ၁ : ၁၅ အခ်ိန္ မွာ ခ်န္ပီယံလိဂ္ အုပ္စု အဆင့္ ဒုတိယေျမာက္ ပြဲစဥ္ အျဖစ္ ျပင္သစ္ လီဂူးဝမ္း ကလပ္ လိုင္လီ အသင္း ကို အေဝးကြင္း မွာ သြားေရာက္ ယွဥ္ျပိဳင္ ကစားရမွာ ျဖစ္ပါတယ္ ။ ပထမ အိမ္ကြင္း အဖြင့္ပြဲ မွာတုန္းက စပိန္ ကလပ္ ဗလင္စီယာ အသင္း ကို ခ်ယ္လ္ဆီး အသင္း ဟာ မထင္မွတ္ပဲ ၀ – ၁ နဲ႕ အေရးနိမ့္ ခဲ့ရပါတယ္ ။

ထို႕ အတြက္ေၾကာင့္ ခ်ယ္လ္ဆီး အသင္း အေနနဲ႕ အုပ္စု အဆင့္ ကေန လြန္ေျမာက္ခ်င္တယ္ ဆိုရင္ လိုင္လီ နဲ႕ ပြဲက စျပီး ရလဒ္ေကာင္း ေတြ ရွာေဖြ သြားႏိုင္ဖို႕ လိုေနပါတယ္ ။ အုပ္စု H က အသင္း ေတြဟာ တသင္း နဲ႕ တသင္း ေျခစြမ္း မတိမ္းမယိမ္း ျဖစ္ေနတယ္ ဆိုေပမယ့္ လိုင္လီ အသင္း ဟာ ခ်န္ပီယံလိဂ္ အေတြ႕အၾကံဳ အား အနည္းဆံုး ျဖစ္ေနတာ ကို ေတြ႕ရပါတယ္ ။

လမ္းပတ္ နဲ႕ ခ်ယ္လ္ဆီး အသင္း ဟာ ေနာက္ဆံုး ကစား ခဲ့တဲ့ ပရီးမီးယားလိဂ္ ပြဲစဥ္ မွာ ဘရိုက္တန္ အသင္း ကို အိမ္ကြင္း မွာ ၂ဂိုးျပတ္ နဲ႕ အႏိုင္ ရထားခဲ့ပါတယ္ ။ ထို႕ အတြက္ေၾကာင့္ လတ္တေလာ မွာ ခ်ယ္လ္ဆီး အသင္း ပံုစံေကာင္း တခ်ိဳ႕ ျပန္ရေနတယ္ လို႕ ဆိုရမွာ ျဖစ္ပါတယ္ ။ သို႕ေပမယ့္ လည္း လမ္းပတ္ ကေတာ့ လိုင္လီ အသင္း ဟာ ၄င္းတို႕ကို ဒုကၡေပး ႏိုင္စြမ္း ရွိတယ္ လို႕ ဆိုခဲ့ပါတယ္ ။

မေန႕က ပြဲၾကိဳ သတင္းစာ ရွင္းလင္းပြဲ မွာ လမ္းပတ္ က ” ကြ်န္ေတာ္ တို႕ ဒီႏွစ္ ေဘာလံုး ရာသီ ထဲမွာ ရသင့္တဲ့ ရလဒ္ေကာင္း ေတြ မေဖာ္ေဆာင္ ႏိုင္ခဲ့တာေတြ ဟာ တခုမဟုတ္ ၊ တခု ခြ်တ္ေခ်ာ္မႈ ေတြေၾကာင့္ လို႕ ထင္ပါတယ္ ။ ဒါနဲ႕ ပတ္သက္ျပီး ကြ်န္ေတာ္ အမွန္တကယ္ ဝန္ခံပါတယ္ ။ ဗလင္စီယာ နဲ႕ ပြဲက ေျခစြမ္း ဟာ ကြ်န္ေတာ္ တို႕ရဲ႕ အဆိုးရြားဆံုး ပံုစံ မဟုတ္ပါဘူး ။ ”

” အဲ့ဒီပြဲမွာ ကြ်န္ေတာ္ တို႕ရဲ႕ ကစားပံု အဆင္ေျပ ခဲ့ပါတယ္ ။ လိုအပ္တဲ့ ရလဒ္ ကိုလည္း ရခဲ့သင့္ပါတယ္ ။ ဒုတိယပိုင္း မွာ ကြ်န္ေတာ္ တို႕ရဲ႕ ပြဲအေပၚ အာရုံစိုက္မႈ တခ်က္ လြတ္သြား ခဲ့တာက ကြ်န္ေတာ္ တို႕ကို ရႈံးပြဲ ၾကံဳေတြ႕ ေစခဲ့ပါတယ္ ။ ဒါဟာ ခ်န္ပီယံလိဂ္ လို အဆင့္မ်ိဳး မွာ ဘယ္လို အေနအထား မွာပဲ ျဖစ္ျဖစ္ ရႈံးပြဲ ၾကံဳေတြ႕ ေစတယ္ ဆိုတာ ကြ်န္ေတာ္ တို႕ကို သင္ခန္းစာ ေကာင္းေကာင္း ေပးခဲ့တာ ျဖစ္ပါတယ္ ။ ”

” ဒီလိုုမ်ိဳး ဥေရာပ က ထိပ္တန္း ကလပ္ အသင္း ေတြနဲ႕ အိမ္ကြင္း ၊ အေဝးကြင္း ယွဥ္ျပိဳင္ ကစားရတာ ဟာ ကြ်န္ေတာ္ တို႕ကို ပိုျပီး အိုင္ဒီယာေကာင္း ေတြ ထြက္ေစတယ္ လို႕ ထင္ပါတယ္ ။ လိုင္လီ အသင္း ဟာ ကြ်န္ေတာ္ တို႕ကို ျခိမ္းေျခာက္မႈ မ်ားစြာ ျပဳလုပ္ ႏိုင္စြမ္း ရွိပါတယ္ ။ အထူးသျဖင့္ တိုက္စစ္ပိုင္း မွာပါ ။ လ်င္ျမန္မႈ ေတြ ၊ အခ်ိတ္အဆက္ေကာင္း ေတြနဲ႕ ကစားတတ္ပါတယ္ ။ ”

” ဒီပြဲစဥ္ မွာ ကြ်န္ေတာ္ တို႕ ရလဒ္ေကာင္း ရရုံနဲ႕ မျပီးေသးပါဘူး ။ ဒီပြဲျပီးတာနဲ႔ ကြ်န္ေတာ္ တို႕ဟာ ေနာက္ထပ္ ပြဲစဥ္ ၄ပြဲ ကို ထပ္မံ ျဖတ္သန္းရမွာပါ ။ ကြ်န္ေတာ္ တို႕ အျမင္က်ယ္ဖို႕ လိုပါတယ္ ။ ဒါေပမယ့္ အခု အခ်ိန္မွာ ကြ်န္ေတာ္ တို႕ဟာ ရမွတ္ တမွတ္မွ မရေသးတဲ့ အသင္း ျဖစ္ပါတယ္ ။ ဒါေၾကာင့္ မနက္ျဖန္ ပြဲဟာ ကြ်န္ေတာ္ တို႕ အေနနဲ႕ တခုခု ထူးျခားေအာင္ စြမ္းေဆာင္ ျပႏိုင္ဖို႕ ၾကိဳးစား ရမွာပါ ။ ”

” ကစားသမား ေတြ အားလံုးလည္း ဒါကို သတိထားမိၾကျပီး ျဖစ္ပါတယ္ ။ ေနာက္ဆံုး ကစားခဲ့တဲ့ ပြဲစဥ္ ၂ပြဲ မွာ ကြ်န္ေတာ္ တို႕ ရလဒ္ေကာင္း ေတြ ရရွိခဲ့ပါတယ္ ။ ဒါေၾကာင့္မို႕ အဲ့ဒီ ၂ပြဲ က ယံုၾကည္မႈ ေတြကို သယ္ေဆာင္ျပီး မနက္ျဖန္ ပြဲစဥ္ မွာ ရလဒ္ေကာင္း ရဖို႕ ကြ်န္ေတာ္ ေမွ်ာ္လင့္ မိပါတယ္ ။ ကြ်န္ေတာ္ တို႕ အေနနဲ႕ ကိုယ့္ကုိယ္ကို ယံုၾကည္မႈ အျပည့္ နဲ႕ ကိုယ္ ကစားေနၾကပံုစံ အတိုင္း အေကာင္းဆံုး ကစား သြားႏိုင္ဖို႕ လိုပါတယ္ ။ ” လို႕ ေျပာၾကား ခဲ့ပါတယ္ ။

SPORTS MYANMAR