လီဗာပူး ဖန္ေတြရဲ႕ သီခ်င္းကို ၊ ေလွာင္ေျပာင္ စပ္ဆိုမႈေၾကာင့္ ေ၀ဖန္မႈေတြနဲ႔ ရင္ဆိုင္ေနရတဲ့ မန္စီးတီး

ပက္ဂြာဒီယုိလာ

မန္စီးတီး အသင္းရဲ႕ ကစားသမားေတြဟာ ပရီးမီးယားလိဂ္ ဖလားၾကီးကို ဆြတ္ခူးအျပီး ၊ ေအာင္ပြဲ ခံၾကစဥ္မွာ လီဗာပူး ပရိသတ္ေတြ နာမည္ေက်ာ္ သီခ်င္း Allez Allez Allez ကို ေလွာင္ေျပာင္ သီဆိုခဲ့မႈေၾကာင့္ ေ၀ဖန္မႈ အမ်ားအျပား နဲ႔ ရင္ဆိုင္ရလွ်က္ ရွိေနပါတယ္။

အဲဒီလို အဲဖြဲ႔လိုက္ သီဆိုေနတဲ့ Video ဟာ အင္တာနက္ေပၚ ပ်ံ႕ႏွံလာခဲ့ျပီးေနာက္ အခုလို ေ၀ဖန္မႈေတြ ျဖစ္ေပၚလာခဲ့တာ ျဖစ္ပါတယ္။

သတင္းေတြ အရေတာ့ သီဆိုခဲ့တဲ့ သူေတြဟာ စီနီယာ အသင္းၾကီး ကစားသမားေတြ လို႔ သိရျပီး ၊ ေလယာဥ္ပ်ံ ေပၚမွာ သီဆိုခဲ့တာ ျဖစ္တယ္လို႔ ဆိုပါတယ္။

အဲဒီ လို သီဆိုခ်ိန္မွာေတာ့ Allez Allez Allez ရဲ႕ သံဇဥ္ကို ယူျပီး ” ကိဗ္ ကို သြားခဲ့ရေပမယ့္ ၊ အရႈံးကို ရင္၀ယ္ပိုက္ ျပန္လာခဲ့ရတယ္” ” ကြန္ပနီ ေၾကာင့္ ဆာလတ္ၾကီး ဒဏ္ရာ ရသြားခဲ့တာေလ” ” ျဖစ္လိုက္ရင္ အခံဘက္ကခ်ည္းပဲ” ” သူတို႔ ပရိသတ္ေတြဆိုရင္ ဆုဖလား နဲ႔ လြဲေခ်ာ္တာ မ်ားလို႔ ၊ ပြဲၾကည့္စဥ္ေပၚမွာ ငိုေနခဲ့ေပါင္း မ်ားျပီ” စတဲ့ အဓိပၸါယ္ ရတဲ့ စာသားေတြကို ထည့္သြင္း သီဆိုခဲ့ၾကတာ ျဖစ္ပါတယ္။

ဂြာဒီယိုလာ
Manchester City’s Spanish manager Pep Guardiola (C), Manchester City assistant coach Mikel Arteta (R) and Manchester City’s Belgian defender Vincent Kompany (L) show the Premier League trophy to supporters outside the Etihad Stadium in Manchester, northern England on May 12, 2019. – Manchester City held off a titanic challenge from Liverpool to become the first side in a decade to retain the Premier League on Sunday by coming from behind to beat Brighton 4-1 on Sunday. (Photo by Oli SCARFF / AFP)

အဲဒီ Video နဲ႔ ပတ္သက္လို႔ သတင္းသမားေတြကို မန္စီးတီး အေနနဲ႔ ဘယ္လို မွတ္ခ်က္ေပးခ်င္လဲလို႔ ေမးျမန္းရာမွာေတာ့ ကလပ္ အသင္းဘက္က တုန္႔ျပန္ခဲ့ျခင္း မရွိပါဘူး။

တစ္ဆက္တည္းမွာပဲ အြန္လိုင္း သံုးစြဲသူ အခ်ိဳ႕နဲ႔ လီဗာပူး ပရိသတ္ေတြက ” ဒီလို သီဆိုမႈကို ပရိသတ္ေတြက လုပ္ခဲ့တာဆိုရင္ ၊ တစ္ဖက္ နဲ႔ တစ္ဖက္ ေလွာင္ေျပာင္ၾကတာမ်ိဳး ျဖစ္ေပမယ့္ ၊ ပရို ကစားသမားေတြက သီဆိုတာေတာ့ ေတာ္ေတာ္ကို ရွက္ဖို႔ ေကာင္းလြန္းပါတယ္” မွတ္ခ်က္ ေပးသြားခဲ့ ပါတယ္။

အျခား တစ္ေယာက္ ကေတာ့ ” မန္စီးတီး အေနနဲ႔ ေအာင္ျမင္မႈကို ေငြနဲ႔ တည္ေဆာက္လို႔ ရခ်င္ ရႏိုင္ေပမယ့္ ၊ အဆင့္အတန္းကို တည္ေဆာက္လို႔ မရဘူး ဆိုတာ ဒီ Video က သက္ေသပဲ လို႔ ” ေျပာဆုိသြားခဲ့ ပါတယ္။

Unicode

လီဗာပူး ဖန်တွေရဲ့ သီချင်းကို ၊ လှောင်ပြောင် စပ်ဆိုမှုကြောင့် ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ မန်စီးတီး
*******************************************************************

မန်စီးတီး အသင်းရဲ့ ကစားသမားတွေဟာ ပရီးမီးယားလိဂ် ဖလားကြီးကို ဆွတ်ခူးအပြီး ၊ အောင်ပွဲ ခံကြစဉ်မှာ လီဗာပူး ပရိသတ်တွေ နာမည်ကျော် သီချင်း Allez Allez Allez ကို လှောင်ပြောင် သီဆိုခဲ့မှုကြောင့် ဝေဖန်မှု အများအပြား နဲ့ ရင်ဆိုင်ရလျှက် ရှိနေပါတယ်။

အဲဒီလို အဲဖွဲ့လိုက် သီဆိုနေတဲ့ Video ဟာ အင်တာနက်ပေါ် ပျံ့နှံလာခဲ့ပြီးနောက် အခုလို ဝေဖန်မှုတွေ ဖြစ်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။

သတင်းတွေ အရတော့ သီဆိုခဲ့တဲ့ သူတွေဟာ စီနီယာ အသင်းကြီး ကစားသမားတွေ လို့ သိရပြီး ၊ လေယာဉ်ပျံ ပေါ်မှာ သီဆိုခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီ လို သီဆိုချိန်မှာတော့ Allez Allez Allez ရဲ့ သံဇဉ်ကို ယူပြီး ” ကိဗ် ကို သွားခဲ့ရပေမယ့် ၊ အရှုံးကို ရင်ဝယ်ပိုက် ပြန်လာခဲ့ရတယ်” ” ကွန်ပနီ ကြောင့် ဆာလတ်ကြီး ဒဏ်ရာ ရသွားခဲ့တာလေ” ” ဖြစ်လိုက်ရင် အခံဘက်ကချည်းပဲ” ” သူတို့ ပရိသတ်တွေဆိုရင် ဆုဖလား နဲ့ လွဲချော်တာ များလို့ ၊ ပွဲကြည့်စဉ်ပေါ်မှာ ငိုနေခဲ့ပေါင်း များပြီ” စတဲ့ အဓိပ္ပါယ် ရတဲ့ စာသားတွေကို ထည့်သွင်း သီဆိုခဲ့ကြတာ ဖြစ်ပါတယ်။

အဲဒီ Video နဲ့ ပတ်သက်လို့ သတင်းသမားတွေကို မန်စီးတီး အနေနဲ့ ဘယ်လို မှတ်ချက်ပေးချင်လဲလို့ မေးမြန်းရာမှာတော့ ကလပ် အသင်းဘက်က တုန့်ပြန်ခဲ့ခြင်း မရှိပါဘူး။

တစ်ဆက်တည်းမှာပဲ အွန်လိုင်း သုံးစွဲသူ အချို့နဲ့ လီဗာပူး ပရိသတ်တွေက ” ဒီလို သီဆိုမှုကို ပရိသတ်တွေက လုပ်ခဲ့တာဆိုရင် ၊ တစ်ဖက် နဲ့ တစ်ဖက် လှောင်ပြောင်ကြတာမျိုး ဖြစ်ပေမယ့် ၊ ပရို ကစားသမားတွေက သီဆိုတာတော့ တော်တော်ကို ရှက်ဖို့ ကောင်းလွန်းပါတယ်” မှတ်ချက် ပေးသွားခဲ့ ပါတယ်။

အခြား တစ်ယောက် ကတော့ ” မန်စီးတီး အနေနဲ့ အောင်မြင်မှုကို ငွေနဲ့ တည်ဆောက်လို့ ရချင် ရနိုင်ပေမယ့် ၊ အဆင့်အတန်းကို တည်ဆောက်လို့ မရဘူး ဆိုတာ ဒီ Video က သက်သေပဲ လို့ ” ပြောဆိုသွားခဲ့ ပါတယ်။