ကြံ့ခိုင်မှုမပြည့်ဝသေးရင်တောင်အင်္ဂလန် အသင်းလူစာရင်းမှာကိန်းကိုထည့်သွင်းရွေးချယ်သွားမယ့် #ဆောက်ဂိတ်

ဟယ်ရီကိန်

စပါး အသင်းရဲ့ အဓိက တိုက်စစ် ကစားသမား ဟယ်ရီကိန်း ဟာ မန်စီးတီး နဲ့ ပွဲစဉ် မှာ ရရှိခဲ့တဲ့ ခြေကျင်းဝတ်အရွတ် ဒဏ်ရာကြောင့် အခုချိန်အထိ ပွဲတွေနဲ့ ဝေးကွာနေတာ ဖြစ်ပါတယ်။စပါး အသင်းဟာ ဟယ်ရီကိန်း မပါနိုင်ပေမယ့် ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် အဆင့် ပွဲစဉ်မှာ အေဂျက် အသင်းကို ဟော်လန်မြေမှာမော်ရာရဲ့ဟက်ထရစ်ဂိုးတွေနဲ့ အံ့မခန်း အနိုင်ရရှိထားခဲ့လို့ လီဗာပူး အသင်းနဲ့ အတူ လာမယ့် ဇွန်လ ၁ရက်နေ့ မှာဗိုလ်လုသွားရမှာဖြစ်ပါတယ်။

မက်ဒရစ် အခြေစိုက် အေတီကို အသင်းရဲ့ ဝန်ဒါမက်ထရိုပိုလီတန် ကွင်းကြီးမှာ ကစားသွားမယ့် အဆိုပါပွဲစဉ် အပြီး ၅ရက်အကြာမှာတော့အင်္ဂလန် လက်ရွေးစင် အသင်းဟာUEFA NATIONS LEAGUE ဆီမီးဖိုင်နယ် အဖြစ် ဟော်လန် အသင်းနဲ့ ရင်ဆိုင်သွားရဖို့ရှိနေတာဖြစ်ပါတယ်။

ဟယ်ရီကိန်း ဟာလတ်တလောမှာချန်ပီယံ လိဂ်ဖိုင်နယ်ပွဲစဉ်မှာပါဝင်နိုင်ဖို့ ကြိုးစားနေတာဖြစ်သလို အင်္ဂလန် လက်ရွေးစင်အသင်းကို UEFA Nations League မှာ အောင်ပွဲရယူပေးချင်နေတယ်ဆိုတာသေချာပါတယ်။ဒါပေမယ့် မန်စီးတီးနဲ့ ပွဲမှာ ဖေဘီယန် ဒပ်ဖ် နဲ့ ထိခိုက်မိခဲ့တဲ့ ခြေကျင်းဝတ် အရွတ်ဒဏ်ရာဟာ ပြင်းထန်လို့ ထင်ထားတာထက်ပိုကြာနေနိုင်တာလည်းဖြစ်ပါတယ်။

ဟယ်ရီကိန်

သူပါဝင်နိုင်ဖို့ မသေချာသေးပေမယ့် အင်္ဂလန် နည်းပြကြီးဆောက်ဂိတ်ကတော့ လာမယ့် ကြာသပတေးနေ့မှာ ထုတ်ပြန်သွားမယ့် UEFA Nations League ပြိုင်ပွဲအတွက် လူစာရင်းမှာ ကိန်း ကိုပါ ထည့်သွင်းသွားဖို့ရှိနေတယ်လို့ သတင်းတွေက ဖော်ပြပါတယ်။

အင်္ဂလန် အသင်းဟာ ပြီးခဲ့တဲ့ နှစ်နွေရာသီ ကမ္ဘာ့ဖလားမှာဆီမီးဖိုင်နယ်အဆင့်အထိ ရောက်ရှိထားခဲ့ဖူးတာဖြစ်လို့ အဆိုပါ အနေအထားထက် ပိုကောင်းအောင် ဒီနှစ်နွေမှာလုပ်ဆောင်နိုင်မှာလားလို့ မေးမြန်းရာမှာ ကိန်းက – – – ” ကျွန်တော်တို့ဆုဖလား ၁ခုခုရရှိမယ်လို့ မျှော်လင့်ထားပါတယ်။တကယ်လို့သာ UEFA Nations League မှာသာဗိုလ်စွဲနိုင်ခဲ့ရင်ပြီးခဲ့တဲ့ နှစ်ထက်သာလွန်သွားမှာဖြစ်ပါတယ်။

ကျွန်တော်အရင်ကပြောဖူးတာတခုရှိပါတယ်။အင်္ဂလန် အသင်းဂျာစီနဲ့ အတူ အောင်မြင်မှု တွေရ ရှိနိုင်မယ့် အခွင့်အရေးတွေဆိုတာ ခဏခဏ မရောက်လာတတ်ပါဘူး။ဒါကြောင့် လည်း ဒီနွေမှာ ဒီဖလားကို ရလိုက်ရင် ယမန်နှစ်ကထက်ပိုကောင်းသွားမှာဖြစ်ပါတယ်။၂၀၁၈ ခုနှစ်ဟာ တကယ့်ကို အံ့မခန်း နှစ်တနှစ် ဖြစ်ခဲ့တယ်ဆိုပေမယ့်အရေးအကြီးဆုံးကတော့အသင်းလိုက် အောင်မြင်မှုတွေရရှိနိုင်ဖို့ ဖြစ်ပါတယ် ” လို့မတ်လအတွင်း အင်တာဗျူးတခုမှာ ဖြေထားခဲ့ဖူးတာဖြစ်ပါတယ်။

ဟယ်ရီကိန်း

ကိန်းဟာ မြက်ခင်း ပေါ်မှာ လျေ့င့်မှုကို အခုအပတ် အတွင်းစတင်ပြုလုပ်မှာဖြစ်ပြီးဘောလုံးနဲ့ အတူလေ့ကျင့်မှုတွေကိုပါ ရက်ပိုင်းအတွင်းပြုလုပ်သွားနိုင်မယ်လို့ မျှောလင့်ရပါတယ်။သူဟာ ပွဲတွေပြန်ကစားနိုင်အောင် သက်သာလာတဲ့ အခုလို ပုံစံအတိုင်းပဲ လေ့ကျင့်မှုတွေ ဆက်လက်နေမှာဖြစ်တယ်လို့ သိရပါတယ်။

ဆောက်ဂိတ်ဟာ ချန်ပီယံလိဂ်ပြိုင်ပွဲ ဖိုင်နယ် ဆင်နွှဲရဦးမယ့် အင်္ဂလန်သားတွေကြောင့် ကြာသပတေးနေ့မှာ ထုတ်ပြန်မယ်လူစာရင်းကို ကစားသမားအများအပြားရွေးချယ်သွားဖွယ်ရှိနေပါတယ်။ဒါပေမယ့် အပြီးသတ် ၂၃ ဦးစာရင်းကို မေလ ၂၇ ရက်နေ့မှာထုတ်ပြန်ရမှာ ဖြစ်ပြီး ဒါဟာ မက်ဒရစ်မြေမှာကစားမယ့် အဆိုပါဖိုင်နယ်မတိုင်မီ ၄ရက်ခန့် အလိုဖြစ်လို့ ကစားသမားတွေရဲ့ ကြံ့ခိုင်မှု တွေ နဲ့ ပတ်သက်ပြီး စိုးရိမ်မှုနဲ့ပဲ အရဲစွန့်ရွေးချယ်ရဖို့ရှိနေတာဖြစ်ပါတယ်။