စပါး အသင်းဘက်ကို ၄ ဂိုးသွင်းယူခဲ့တဲ့ အာဆင်နယ် ကစားသမားဟောင်း ဂနာဘရီ ကို ချီးကျူး စကားဆိုလိုက်တဲ့ ဘယ်လာရင်၊အီယန်ရိုက်

ယနေ့ နံနက်က ယှဉ်ပြိုင် ကစားခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စု အဆင့် ဒုတိယပွဲစဉ်မှာ စပါး အသင်းဟာ အိမ်ကွင်းမှာ ဘွန်ဒက်စ်လီဂါ ထိပ်သီး ကလပ် ဘိုင်ယန်မြူးနစ် အသင်းကို ၂-၇ ဆိုတဲ့ ရလဒ်နဲ့ အရှက်တကွယ် ရှုံးနိမ့် သွားခဲ့ပါတယ် ။

စပါး အသင်းကို ဂိုးပြတ် အနိုင်ရခဲ့တဲ့ ပွဲမှာ ဘိုင်ယန်မြူးနစ် အသင်း အတွက် အဓိက ခြေစွမ်းပြ ကစားခဲ့သူကတော့ အာဆင်နယ် လူငယ် ကစားသမားဟောင်းလေး ဂနာဘရီ ပါ ။ ဂနာဘရီ ဟာ စပါး အသင်းဘက်ကို သွင်းဂိုး လေးဂိုး အထိ သွင်းယူပြီး ဘိုင်ယန်မြူးနစ် အသင်းအတွက် ဂိုးပြတ် နိုင်ပွဲ တစ်ပွဲကို ဖော်ဆောင် ပေးနိုင်ခဲ့ပါတယ်။

ပွဲအပြီးမှာတော့ အီယန်ရိုက် နဲ့ ဘယ်လာရင် တို့က သူတို့ရဲ့ တွစ်တာ အကောင့်မှာ ဂနာဘရီ ကို ချီးကျူး စကား အသီးသီး ဆို သွားခဲ့ပါတယ်။ ဒါပေမယ့်လည်း အာဆင်နယ် အသင်း ပရိသတ်တွေကတော့ ဂနာဘရီ ကို ပေါင် ၅ သန်းနဲ့ လက်လွှတ်လိုက်ရတဲ့ အပေါ် နှမြောနေပြီး ပြန်ခေါ်ဖို့ တိုက်တွန်း တောင်းဆိုမှုတွေလည်း ရှိနေပါတယ်။

ဂနာဘရီ ဟာ ၂၀၁၁ ခုနှစ်တုန်းက စတုဂတ် အသင်းကနေ အာဆင်နယ် အသင်းကို ရောက်ရှိ လာသူ ဖြစ်ပြီး နောက်တစ်နှစ် အကြာမှာပဲ အသင်းကြီးမှာ စတင် ပွဲထွက် ကစားခွင့် ရခဲ့ပါတယ် ။ ဂနာဘရီဟာ အာဆင်နယ် အသင်း ကစားသမား ဘဝ ပထမဆုံးဂိုးကို ဆွမ်ဆီး အသင်း နဲ့ ပွဲမှာ သွင်းယူ နိုင်ခဲ့ပါတယ် ။

ဂနာဘရီ ဟာ ခြေစွမ်းပိုင်း တိုးတက်ကောင်းမွန်လာတဲ့ အချိန်မှာ ပြင်းထန်တဲ့ ဒူးဒဏ်ရာကြောင့် ကာလရှည်ကြာ အနားယူခဲ့ရပြီး ဒဏ်ရာကနေ ပြန်လည် သက်သာလာချိန်မှာ ပုံမှန် ပွဲထွက်ခွင့် ရဖို့ အတွက် ဝက်စ်ဘရွန်း အသင်းကို အငှားထွက် ကစားခဲ့ပါတယ် ။ ဒါပေမယ့်လည်း ဂနာဘရီ ဟာ ဝက်စ်ဘရွန်း အသင်းမှာ ၃ ပွဲသာ ကစားခွင့် ရခဲ့ပြီး လူငယ် အသင်းကို ပို့ဆောင် ခံခဲ့ရပါတယ် ။

အာဆင်နယ် အသင်း နည်းပြ အာဆင်ဝင်းဂါး ဟာ ဂနာဘရီ ကို ကာလရှည် စာချုပ် သက်တမ်း တိုးဖို့ ကြိုးစားခဲ့ပေမယ့် ကစားသမား ကိုယ်တိုင်က ပုံမှန် ပွဲထွက်ခွင့် ပေးနိုင်မယ့် အသင်းကို ပြောင်းရွှေ့ လိုတာကြောင့် ဝါဒါဘရီမင် အသင်းကို အပြီးသတ် ပြောင်းရွှေ့ သွားခဲ့ပါတယ် ။

ဂနာဘရီ ဟာ ဝါဒါဘရီမင် ၁၁ ဂိုး အထိ သွင်းယူပြီး ခြေစွမ်းပြ ကစားနိုင်ခဲ့တာကြောင့် ရာသီကုန် အမှာပဲ ဘိုင်ယန်မြူးနစ် အသင်းက ပြောင်းရွှေ့ ကြေး ယူရို ၈ သန်းနဲ့ အရ ခေါ်ယူ ခဲ့ပါတယ် ။ ဒါပေမယ့်လည်း ဘိုင်ယန် မြူးနစ် အသင်းဟာ ဂနာဘရီ ကို ဟော့ဖန်ဟိမ် အသင်းထံ တစ်ရာသီအငှား ပြန်ချထား ခဲ့ပါတယ် ။

ဟော့ဖန်ဟိမ်း အသင်းမှာလည်း ဂနာဘရီ ဟာ သူ့ရဲ့ ခြေစွမ်းကောင်းတွေ ဆက်လက် ထိန်းသိမ်း ထားနိုင်ခဲ့ပြီး ၁၀ ဂိုး သွင်းယူကာ ဂိုးဖန်တီးမှု၇ ကြိမ် ပြုလုပ် နိုင်ခဲ့ပါတယ် ။ ဒါကြောင့် ဘိုင်ယန်မြူးနစ် အသင်းဟာ ဂနာဘရီ ကို အသင်းကြီးထံ ပြန်လည် ခေါ်ယူခဲ့ပြီး ပုံမှန် ပွဲထွက်ခွင့် ကစားပေးခဲ့ပါတယ် ။

အသက် ၂၃ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ဂနာဘရီ ဟာ သူ့ရဲ့ ဘိုင်ယန်မြူးနစ် ကစားသမား ဘဝ ပထမဆုံး ရာသီမှာတင် ပြိုင်ပွဲစုံ ၄၂ ပွဲ ကစားခွင့် ရခဲ့ပြီး ၁၃ ဂိုးအထိ သွင်းယူ ပေးနိုင်ခဲ့ပါတယ် ။ဒါ့အပြင် ဂနာဘရီ ဟာ ဘိုင်ယန်မြူးနစ် အသင်းနဲ့ အတူ ပြည်တွင်းဖလား နှစ်လုံး ရရှိခဲ့သလို တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကိုလည်း ရရှိခဲ့ပါတယ် ။

တော့တင်ဟမ် အသင်းနဲ့ ပွဲမှ ဂနာဘရီရဲ့ စွမ်းဆောင်ရည်မှတ်တမ်း
—————————————–

4goals
1 assist
40 passes
83% pass accuracy
5 shots
2 key passes
3 dribbles won
4 tackles won
1 interception

SPORTS MYANMAR

Zawgyi

စပါး အသင္းဘက္ကို ၄ ဂိုးသြင္းယူခဲ့တဲ့ အာဆင္နယ္ ကစားသမားေဟာင္း ဂနာဘရီ ကို ခ်ီးက်ဴး စကားဆိုလိုက္တဲ့ ဘယ္လာရင္၊အီယန္ရိုက္
==================================

ယေန႔ နံနက္က ယွဥ္ၿပိဳင္ ကစားခဲ့တဲ့ ခ်န္ပီယံလိဂ္ အုပ္စု အဆင့္ ဒုတိယပြဲစဥ္မွာ စပါး အသင္းဟာ အိမ္ကြင္းမွာ ဘြန္ဒက္စ္လီဂါ ထိပ္သီး ကလပ္ ဘိုင္ယန္ျမဴးနစ္ အသင္းကို ၂-၇ ဆိုတဲ့ ရလဒ္နဲ႔ အရွက္တကြယ္ ရွုံးနိမ့္ သြားခဲ့ပါတယ္ ။

စပါး အသင္းကို ဂိုးျပတ္ အနိုင္ရခဲ့တဲ့ ပြဲမွာ ဘိုင္ယန္ျမဴးနစ္ အသင္း အတြက္ အဓိက ေျခစြမ္းၿပ ကစားခဲ့သူကေတာ့ အာဆင္နယ္ လူငယ္ ကစားသမားေဟာင္းေလး ဂနာဘရီ ပါ ။ ဂနာဘရီ ဟာ စပါး အသင္းဘက္ကို သြင္းဂိုး ေလးဂိုး အထိ သြင္းယူၿပီး ဘိုင္ယန္ျမဴးနစ္ အသင္းအတြက္ ဂိုးျပတ္ နိုင္ပြဲ တစ္ပြဲကို ေဖာ္ေဆာင္ ေပးနိုင္ခဲ့ပါတယ္။

ပြဲအၿပီးမွာေတာ့ အီယန္ရိုက္ နဲ႔ ဘယ္လာရင္ တို႔က သူတို႔ရဲ့ တြစ္တာ အေကာင့္မွာ ဂနာဘရီ ကို ခ်ီးက်ဴး စကား အသီးသီး ဆို သြားခဲ့ပါတယ္။ ဒါေပမယ့္လည္း အာဆင္နယ္ အသင္း ပရိသတ္ေတြကေတာ့ ဂနာဘရီ ကို ေပါင္ ၅ သန္းနဲ႔ လက္လႊတ္လိုက္ရတဲ့ အေပၚ ႏွေျမာေနၿပီး ျပန္ေခၚဖို႔ တိုက္တြန္း ေတာင္းဆိုမွုေတြလည္း ရွိေနပါတယ္။

ဂနာဘရီ ဟာ ၂၀၁၁ ခုႏွစ္တုန္းက စတုဂတ္ အသင္းကေန အာဆင္နယ္ အသင္းကို ေရာက္ရွိ လာသူ ျဖစ္ၿပီး ေနာက္တစ္ႏွစ္ အၾကာမွာပဲ အသင္းႀကီးမွာ စတင္ ပြဲထြက္ ကစားခြင့္ ရခဲ့ပါတယ္ ။ ဂနာဘရီဟာ အာဆင္နယ္ အသင္း ကစားသမား ဘဝ ပထမဆုံးဂိုးကို ဆြမ္ဆီး အသင္း နဲ႔ ပြဲမွာ သြင္းယူ နိုင္ခဲ့ပါတယ္ ။

ဂနာဘရီ ဟာ ေျခစြမ္းပိုင္း တိုးတက္ေကာင္းမြန္လာတဲ့ အခ်ိန္မွာ ျပင္းထန္တဲ့ ဒူးဒဏ္ရာေၾကာင့္ ကာလရွည္ၾကာ အနားယူခဲ့ရၿပီး ဒဏ္ရာကေန ျပန္လည္ သက္သာလာခ်ိန္မွာ ပုံမွန္ ပြဲထြက္ခြင့္ ရဖို႔ အတြက္ ဝက္စ္ဘရြန္း အသင္းကို အငွားထြက္ ကစားခဲ့ပါတယ္ ။ ဒါေပမယ့္လည္း ဂနာဘရီ ဟာ ဝက္စ္ဘရြန္း အသင္းမွာ ၃ ပြဲသာ ကစားခြင့္ ရခဲ့ၿပီး လူငယ္ အသင္းကို ပို႔ေဆာင္ ခံခဲ့ရပါတယ္ ။

အာဆင္နယ္ အသင္း နည္းၿပ အာဆင္ဝင္းဂါး ဟာ ဂနာဘရီ ကို ကာလရွည္ စာခ်ဳပ္ သက္တမ္း တိုးဖို႔ ႀကိဳးစားခဲ့ေပမယ့္ ကစားသမား ကိုယ္တိုင္က ပုံမွန္ ပြဲထြက္ခြင့္ ေပးနိုင္မယ့္ အသင္းကို ေျပာင္းေရႊ႕ လိုတာေၾကာင့္ ဝါဒါဘရီမင္ အသင္းကို အၿပီးသတ္ ေျပာင္းေရႊ႕ သြားခဲ့ပါတယ္ ။

ဂနာဘရီ ဟာ ဝါဒါဘရီမင္ ၁၁ ဂိုး အထိ သြင္းယူၿပီး ေျခစြမ္းၿပ ကစားနိုင္ခဲ့တာေၾကာင့္ ရာသီကုန္ အမွာပဲ ဘိုင္ယန္ျမဴးနစ္ အသင္းက ေျပာင္းေရႊ႕ ေၾကး ယူရို ၈ သန္းနဲ႔ အရ ေခၚယူ ခဲ့ပါတယ္ ။ ဒါေပမယ့္လည္း ဘိုင္ယန္ ျမဴးနစ္ အသင္းဟာ ဂနာဘရီ ကို ေဟာ့ဖန္ဟိမ္ အသင္းထံ တစ္ရာသီအငွား ျပန္ခ်ထား ခဲ့ပါတယ္ ။

ေဟာ့ဖန္ဟိမ္း အသင္းမွာလည္း ဂနာဘရီ ဟာ သူ႔ရဲ့ ေျခစြမ္းေကာင္းေတြ ဆက္လက္ ထိန္းသိမ္း ထားနိုင္ခဲ့ၿပီး ၁၀ ဂိုး သြင္းယူကာ ဂိုးဖန္တီးမွု၇ ႀကိမ္ ျပဳလုပ္ နိုင္ခဲ့ပါတယ္ ။ ဒါေၾကာင့္ ဘိုင္ယန္ျမဴးနစ္ အသင္းဟာ ဂနာဘရီ ကို အသင္းႀကီးထံ ျပန္လည္ ေခၚယူခဲ့ၿပီး ပုံမွန္ ပြဲထြက္ခြင့္ ကစားေပးခဲ့ပါတယ္ ။

အသက္ ၂၃ ႏွစ္ အရြယ္ ရွိၿပီ ျဖစ္တဲ့ ဂနာဘရီ ဟာ သူ႔ရဲ့ ဘိုင္ယန္ျမဴးနစ္ ကစားသမား ဘဝ ပထမဆုံး ရာသီမွာတင္ ၿပိဳင္ပြဲစုံ ၄၂ ပြဲ ကစားခြင့္ ရခဲ့ၿပီး ၁၃ ဂိုးအထိ သြင္းယူ ေပးနိုင္ခဲ့ပါတယ္ ။ဒါ့အျပင္ ဂနာဘရီ ဟာ ဘိုင္ယန္ျမဴးနစ္ အသင္းနဲ႔ အတူ ျပည္တြင္းဖလား ႏွစ္လုံး ရရွိခဲ့သလို တစ္ႏွစ္တာ အေကာင္းဆုံး ကစားသမားဆုကိုလည္း ရရွိခဲ့ပါတယ္ ။

ေတာ့တင္ဟမ္ အသင္းနဲ႔ ပြဲမွ ဂနာဘရီရဲ့ စြမ္းေဆာင္ရည္မွတ္တမ္း
—————————————–

4goals
1 assist
40 passes
83% pass accuracy
5 shots
2 key passes
3 dribbles won
4 tackles won
1 interception

SPORTS MYANMAR