အန္တြဳိင္ ဂရစ္ဇ္မန္း . . . . ဘယ္လဲ ? ဘာလဲ ?

ေနာက္ဆံုး မွာေတာ့ ဂရစ္ဇ္မန္း တစ္ေယာက္ အသက္လက္တီကို မက္ဒရစ္ ကို စြန္႔ခြာ ခဲ့ပါၿပီ ။ ၂၀၁၄ ကတည္း က ရာသီတုိင္းလိုလုိ အသင္း ရဲ႕ အဓိက ဂုိးသြင္းရွင္ အျဖစ္ ရပ္တည္ ခဲ့ တဲ့ မက္ဒရစ္ ရဲ႕ အိမ္ေရွ႕စံေလး ဟာ ၂၀၁၉ မွာေတာ့ အသင္းကို စြန္႔ခြာ ေတာ့မယ္ လို႔ အတိ အလင္း ေၾကညာသြား ခဲ့ၿပီ ပဲျဖစ္ ပါတယ္ ။ ဘာစီလုိနာ ကို ေရာက္ဖို႔ အေလးေပးခံ ထားရ ေပမယ့္ အသင္းသစ္ ကို ေတာ့ အတည္ျပဳ ျခင္း မရွိေသး ပါဘူး ။

ေၾကာ္ျငာ (ေဒၚလာ ၁၀၀ အေကာင့္ဖြင့္ရင္--Bonus ေဒၚလာ ၁၀၀ ထပ္ရမည္!!! ပုံကို နိုပ္ျပီး အကာင့္ဖြင့္လိုက္ပါ )

ဒါေၾကာင့္ အန္တြဳိင္ ဂရစ္ဇ္မန္း ေရာက္ရွိႏုိင္ ေခ် ရွိတဲ့ ကလပ္ အသင္း ၄ သင္း ကို ေရာက္ရွိႏုိင္ေခ် အရ ထုတ္ႏႈတ္ ေဖာ္ျပ လုိက္ရ ပါတယ္ ။

ဂရစ္ဇ္မန္

၁ ။ ဘာစီလုိနာ
အသင္း ကေန ထြက္ၿပီ ဆုိတာ နဲ႔ အားလုံး ရဲ႕ မ်က္စိ ထဲမွာ ဘာစီလုိနာ ဂ်ာစီ ကို ကိုင္ေတာ့မယ့္ ဂရစ္ဇ္မန္း ကို ေျပးျမင္မိ ၾကမွာ ေသခ်ာ ပါတယ္ ။ တကယ္တန္း မွာလည္း ဂရစ္ဇ္မန္း ဟာ ဘာစီလုိနာ နဲ႔ အလြန္နီးစပ္ ခဲ့ဖူး ၿပီး ေအတီကို မက္ဒရစ္ ရဲ႕ အေျပာင္း အေရႊ႕ ပိတ္ခံရမႈ ေၾကာင့္ အသင္း အေပၚ သံေယာစ်ဥ္မပ်က္ ဆက္ရွိ ေနခဲ့တာ ျဖစ္ ပါတယ္ ။

ဒါေၾကာင့္ ေအတီကို မက္ဒရစ္ ကေန ထြက္လာမယ့္ ဂရစ္ဇ္မန္း အတြက္ ဘာစီလုိနာ ဟာ ေရပန္း အစားဆံုး ျဖစ္ေနတာ အံ့အား သင့္စရာ မရွိ ပါဘူး ။ ဒါေပမယ့္ ဂရစ္ဇ္မန္း ကို ေခၚလုိက္ တာ ဟာ ေကာ္တင္ဟို ရဲ႕ ေနရာ အတြက္ ဆုိတာေတာ့ လံုး၀ မဟုတ္ပါဘူး ။ ဘာေၾကာင့္လည္း ဆုိေတာ့ ဂရစ္ဇ္မန္း က ဘယ္ေတာင္ပံ မွာ မကစားလုိ႔ ပါပဲ ။

ဒါဆို ဂရစ္ဇ္မန္း ကို ဘာစီလုိနာ တို႔ ဘာေၾကာင့္ လုိအပ္ မွာပါလဲ ။ ဆြာရက္ ရဲ႕ ေနရာ ကို အစားထိုးဖို႔ ပါ ။ ဟုတ္ပါတယ္ ။ ဂရစ္ဇ္မန္း ဟာ တစ္ရာသီ ဂုိး ၂၀ ေလာက္ အာမခံ ႏုိင္တဲ့ ကစား သမားမ်ဳိး ပါ ။ ဘာစီလုိနာ ရဲ႕ အေထာင္ တုိက္စစ္မႈး က အသက္ အရြယ္ႀကီးျမင့္ လာၿပီး အစားထိုးႏုိင္မယ့္ သူလည္း မရွိေသး ပါဘူး ။ ဒါေၾကာင့္ ဂရစ္ဇ္မန္း သာ ဘာကာ ေရာက္လာခဲ့ ရင္ ဆြာရက္ ရဲ႕ ေနရာ အတြက္ ျဖစ္ဖို႔ က်ိန္းေသ သေလာက္ ပါပဲ ။

၂ ။ PSG
ထိပ္တန္း ကစား သမားတုိင္း ကို ေခၚယူႏုိင္စြမ္း ၊ လစာ ေပးေခ် ႏုိင္စြမ္း ရွိတဲ့ ျပင္သစ္ ခ်န္ပီယံ ရဲ႕ ဓန အင္အား ကို ေမ့ထား လုိ႔ မရႏုိင္ ပါဘူး ။ ဘာေပ ၊ ေနမာ တို႔ လို အေကာင္းဆံုး ေတြ ရွိေန ေပမယ့္ PSG ရဲ႕ ေလာဘ ကေတာ့ အေတာသတ္ႏုိင္ မွာ မဟုတ္ ပါဘူး ။ UEFA ရဲ႕ ဘ႑ာေရး စည္းမ်ဥ္းေတြ နဲ႔ ၿငိစြန္း မႈ မရွိေအာင္ ႀကဳိးစား ေနတယ္ ဆုိေပမယ့္ ဂရစ္ဇ္မန္း ကို ရ ေအာင္ ေခၚႏုိင္ စြမ္း ရွိတဲ့ အသင္း ဆုိတာ ကို ေတာ့ ျငင္းလုိ႔ မရႏုိင္ ပါဘူး ။

PSG မွာ ဆုိရင္ ဂရစ္ဇ္မန္း ဟာ ေနာက္ခ်န္ တုိက္စစ္မႈး ( သို႔ ) ညာေတာင္ပံ အျဖစ္ နဲ႔ ကစား ရႏုိင္ ပါတယ္ ။ ဘယ္ေတာင္ပံ မွာ ေနမာ ရွိ ေနၿပီး ဘာေပ ကေတာ့ လာမယ့္ ရာသီ က စၿပီး ကာဗာနီ ရဲ႕ အေထာင္ တုိက္စစ္ မႈး တာ၀န္ ကို ယူဖို႔ ေသခ်ာ သေလာက္ ရွိေန ပါတယ္ ။ ဒါေၾကာင့္ ဂရစ္ဇ္မန္း သာ ျပင္သစ္ ၿမဳိ႕ေတာ္ ကို ေရာက္ခဲ့ မယ္ ဆိုရင္ ညာ ေတာင္ပံ ( သို႔ ) ကြင္းလယ္ တုိက္စစ္ မွာ ေနရာ ရမွာပါ ။

ဘယ္္သူ က ဒီ အေျပာင္းအေရႊ႕ ကို မျဖစ္လာဘူးလို႔ ျငင္းႏုိင္ မွာလဲ . . . ဂရစ္ဇ္မန္း ဟာ ျပင္သစ္သားပါ ။

ဂရစ္ဇ္မန္
France’s forward Antoine Griezmann (R) celebrates after scoring the 4-0 goal with France’s forward Kylian Mbappe during the UEFA Euro 2020 Group H qualification football match between France and Iceland at the Stade de France stadium in Saint-Denis, north of Paris, on March 25, 2019. – The match ended 4-0 for France. (Photo by Martin BUREAU / AFP)

၃ ။ မန္ခ်က္စတာ စီးတီး
ဘာစီလုိနာ ၊ PSG တို႔ ေလာက္ ေရပန္း မစားေပမယ့္ ပရီးမီးယားလိဂ္ ခ်န္ပီယံ ကလည္း ဂရစ္ဇ္မန္း ကို မ်က္စိ က်လာ ႏုိင္ ပါတယ္ ။ ဆာဂ်ီယို အေဂြရို ဟာ ဂုိးေတြ သြင္းေပး ေန ေပမယ့္ အသက္ အရြယ္ က ေန၀င္ ခ်ိန္ ကို စတင္ ခ်ဥ္းကပ္ ေနပါၿပီ ။

စာခ်ဳပ္ ျပည့္ခ်ိန္ မွာ အစ္တီဟတ္ ကို စြန္႔ခြာၿပီး ဇာတိ ျပန္ဖို႔ ဆံုးျဖတ္ ထားတဲ့ အာဂ်င္တီးနား တုိက္စစ္မႈးႀကီး ရဲ႕ သြင္းဂုိးေတြ ကို ဂရစ္ဇ္မန္း က အာမခံ ေပးႏုိင္ ပါတယ္ ။ စီးတီး ကစားကြက္ နဲ႔ လည္း ကိုက္ညီ ပါတယ္ ။ ဂရစ္ဇ္မန္း ရဲ႕ ေျပာင္းေရႊ႕ ေၾကး ၊ လုပ္ခ လစာေတြ ကိုလည္း ေပးေခ် ႏုိင္ ပါတယ္ ။ ဒါေၾကာင့္ ပက္ ဂြာဒီယိုလာ ရဲ႕ အသင္း ကို ဂရစ္ဇ္မန္း ေရာက္လာ ႏုိင္ေခ် ကိုလည္း ထည့္တြက္ သင့္ ပါတယ္ ။

၄ ။ မန္ခ်က္စတာ ယူႏုိက္တက္
ဒါကေတာ့ ေတာ္ေတာ္ေလး ရူးသြပ္ မုိက္မဲတဲ့ စဥ္းစားမႈ တစ္ခု ဆုိေပမယ့္ ေရွ႕ က ၃ သင္း မဟုတ္ဘူး ဆိုရင္ေတာ့ မန္ခ်က္စတာ ယူႏုိက္တက္ ဟာ ဂရစ္ဇ္မန္း ေရာက္လာ နုိင္ေခ် အမ်ားဆံုး ရွိတဲ့ အသင္း ျဖစ္လာ ႏုိင္ ပါတယ္ ။ ဘာလုိ႔လည္း ဆုိေတာ့ သူ က ေဒးဗစ္ ဘက္ခမ္း နဲ႔ မန္ခ်က္စတာ ယူႏုိက္တက္ ရဲ႕ အမာခံ ပရိသတ္ ျဖစ္ေနလုိ႔ ပါ ။

ဂရစ္ဇ္မန္
France’s midfielder Paul Pogba (L) jokes with France’s forward Antoine Griezmann during a training session in Clairefontaine-en-Yvelines on March 19, 2019, as part of the team’s preparation for their upcoming Euro 2020 qualification football matches against Moldova and Iceland. (Photo by FRANCK FIFE / AFP)

ေပါလ္ ေပါ့ဘာ နဲ႔ အလြန္ ရင္းႏွီး တာ ၊ အသင္း မွာ ပထမဦးစားေပး အျဖစ္ ကစားရ ဖို႔ ေသခ်ာ ေနတာ ၊ သူ တစ္ခ်ိန္ က အလြန္ အမင္း ႏွစ္သက္ ခဲ့တဲ့ ယူႏုိက္တက္ ရဲ႕ နံပါတ္ ၇ ဂ်ာစီ ( ဆန္းခ်က္ ထြက္ခြာ ဖို႔ ေသခ်ာ သေလာက္ ရွိေန ) ကို ၀တ္ဆင္ ဖို႔ အခြင့္ အေရး ရွိေနတာ ေတြ က ဂရစ္ဇ္မန္း ကို သရဲနီ တစ္ေယာက္ အျဖစ္ ျမင္ေတြ႕ ရဖို႔ အခြင့္အလမ္း ေတြ ျဖစ္လာ ေစႏုိင္ ပါတယ္ ။ အလြန္႔အလြန္ နည္းပါးတဲ့ ရာခုိင္ႏႈန္း ျဖစ္ေပမယ့္ အထက္ က ၃ သင္း မဟုတ္ဘူး ဆိုရင္ေတာ့ ထည့္တြက္ ရေတာ့ မွာပါ ။ ယူရိုပါလိဂ္ ကစားခ်င္ ၊ မကစားခ်င္ ဆုိတာေတာ့ ကာယကံ ရွင္ သာ အသိဆံုး ျဖစ္ပါ လိမ့္မယ္ ။

SM ရဲ႕ သံုးသပ္မႈ ကေတာ့ – ဘာစီလုိနာ ဟာ ဂရစ္ဇ္မန္း ေရာက္ဖို႔ အလားအလာ အေကာင္းဆံုး ျဖစ္ၿပီး အံ့အားသင့္ဖြယ္ ေျပာင္းေရႊ႕မႈ အျဖစ္ မန္စီးတိး ကို အေလးေပး လိုပါတယ္ ။

ပရိသတ္ႀကီးတို႔ ကေရာ ဂရစ္ဇ္မန္း ဘယ္ ကို ေရာက္မယ္ လုိ႔ ထင္သလဲဗ်ာ . . . . .

SPORTS MYANMAR

Unicode

အန်တွိုင် ဂရစ်ဇ်မန်း . . . . ဘယ်လဲ ? ဘာလဲ ?

=======================================

နောက်ဆုံး မှာတော့ ဂရစ်ဇ်မန်း တစ်ယောက် အသက်လက်တီကို မက်ဒရစ် ကို စွန့်ခွာ ခဲ့ပါပြီ ။ ၂၀၁၄ ကတည်း က ရာသီတိုင်းလိုလို အသင်း ရဲ့ အဓိက ဂိုးသွင်းရှင် အဖြစ် ရပ်တည် ခဲ့ တဲ့ မက်ဒရစ် ရဲ့ အိမ်ရှေ့စံလေး ဟာ ၂၀၁၉ မှာတော့ အသင်းကို စွန့်ခွာ တော့မယ် လို့ အတိ အလင်း ကြေညာသွား ခဲ့ပြီ ပဲဖြစ် ပါတယ် ။ ဘာစီလိုနာ ကို ရောက်ဖို့ အလေးပေးခံ ထားရ ပေမယ့် အသင်းသစ် ကို တော့ အတည်ပြု ခြင်း မရှိသေး ပါဘူး ။

ဒါကြောင့် အန်တွိုင် ဂရစ်ဇ်မန်း ရောက်ရှိနိုင် ချေ ရှိတဲ့ ကလပ် အသင်း ၄ သင်း ကို ရောက်ရှိနိုင်ချေ အရ ထုတ်နှုတ် ဖော်ပြ လိုက်ရ ပါတယ် ။

၁ ။ ဘာစီလိုနာ
အသင်း ကနေ ထွက်ပြီ ဆိုတာ နဲ့ အားလုံး ရဲ့ မျက်စိ ထဲမှာ ဘာစီလိုနာ ဂျာစီ ကို ကိုင်တော့မယ့် ဂရစ်ဇ်မန်း ကို ပြေးမြင်မိ ကြမှာ သေချာ ပါတယ် ။ တကယ်တန်း မှာလည်း ဂရစ်ဇ်မန်း ဟာ ဘာစီလိုနာ နဲ့ အလွန်နီးစပ် ခဲ့ဖူး ပြီး အေတီကို မက်ဒရစ် ရဲ့ အပြောင်း အရွှေ့ ပိတ်ခံရမှု ကြောင့် အသင်း အပေါ် သံယောစျဉ်မပျက် ဆက်ရှိ နေခဲ့တာ ဖြစ် ပါတယ် ။

ဒါကြောင့် အေတီကို မက်ဒရစ် ကနေ ထွက်လာမယ့် ဂရစ်ဇ်မန်း အတွက် ဘာစီလိုနာ ဟာ ရေပန်း အစားဆုံး ဖြစ်နေတာ အံ့အား သင့်စရာ မရှိ ပါဘူး ။ ဒါပေမယ့် ဂရစ်ဇ်မန်း ကို ခေါ်လိုက် တာ ဟာ ကော်တင်ဟို ရဲ့ နေရာ အတွက် ဆိုတာတော့ လုံးဝ မဟုတ်ပါဘူး ။ ဘာကြောင့်လည်း ဆိုတော့ ဂရစ်ဇ်မန်း က ဘယ်တောင်ပံ မှာ မကစားလို့ ပါပဲ ။

ဒါဆို ဂရစ်ဇ်မန်း ကို ဘာစီလိုနာ တို့ ဘာကြောင့် လိုအပ် မှာပါလဲ ။ ဆွာရက် ရဲ့ နေရာ ကို အစားထိုးဖို့ ပါ ။ ဟုတ်ပါတယ် ။ ဂရစ်ဇ်မန်း ဟာ တစ်ရာသီ ဂိုး ၂၀ လောက် အာမခံ နိုင်တဲ့ ကစား သမားမျိုး ပါ ။ ဘာစီလိုနာ ရဲ့ အထောင် တိုက်စစ်မှုး က အသက် အရွယ်ကြီးမြင့် လာပြီး အစားထိုးနိုင်မယ့် သူလည်း မရှိသေး ပါဘူး ။ ဒါကြောင့် ဂရစ်ဇ်မန်း သာ ဘာကာ ရောက်လာခဲ့ ရင် ဆွာရက် ရဲ့ နေရာ အတွက် ဖြစ်ဖို့ ကျိန်းသေ သလောက် ပါပဲ ။

၂ ။ PSG
ထိပ်တန်း ကစား သမားတိုင်း ကို ခေါ်ယူနိုင်စွမ်း ၊ လစာ ပေးချေ နိုင်စွမ်း ရှိတဲ့ ပြင်သစ် ချန်ပီယံ ရဲ့ ဓန အင်အား ကို မေ့ထား လို့ မရနိုင် ပါဘူး ။ ဘာပေ ၊ နေမာ တို့ လို အကောင်းဆုံး တွေ ရှိနေ ပေမယ့် PSG ရဲ့ လောဘ ကတော့ အတောသတ်နိုင် မှာ မဟုတ် ပါဘူး ။ UEFA ရဲ့ ဘဏ္ဍာရေး စည်းမျဉ်းတွေ နဲ့ ငြိစွန်း မှု မရှိအောင် ကြိုးစား နေတယ် ဆိုပေမယ့် ဂရစ်ဇ်မန်း ကို ရ အောင် ခေါ်နိုင် စွမ်း ရှိတဲ့ အသင်း ဆိုတာ ကို တော့ ငြင်းလို့ မရနိုင် ပါဘူး ။

PSG မှာ ဆိုရင် ဂရစ်ဇ်မန်း ဟာ နောက်ချန် တိုက်စစ်မှုး ( သို့ ) ညာတောင်ပံ အဖြစ် နဲ့ ကစား ရနိုင် ပါတယ် ။ ဘယ်တောင်ပံ မှာ နေမာ ရှိ နေပြီး ဘာပေ ကတော့ လာမယ့် ရာသီ က စပြီး ကာဗာနီ ရဲ့ အထောင် တိုက်စစ် မှုး တာဝန် ကို ယူဖို့ သေချာ သလောက် ရှိနေ ပါတယ် ။ ဒါကြောင့် ဂရစ်ဇ်မန်း သာ ပြင်သစ် မြို့တော် ကို ရောက်ခဲ့ မယ် ဆိုရင် ညာ တောင်ပံ ( သို့ ) ကွင်းလယ် တိုက်စစ် မှာ နေရာ ရမှာပါ ။

ဘယ််သူ က ဒီ အပြောင်းအရွှေ့ ကို မဖြစ်လာဘူးလို့ ငြင်းနိုင် မှာလဲ . . . ဂရစ်ဇ်မန်း ဟာ ပြင်သစ်သားပါ ။

၃ ။ မန်ချက်စတာ စီးတီး
ဘာစီလိုနာ ၊ PSG တို့ လောက် ရေပန်း မစားပေမယ့် ပရီးမီးယားလိဂ် ချန်ပီယံ ကလည်း ဂရစ်ဇ်မန်း ကို မျက်စိ ကျလာ နိုင် ပါတယ် ။ ဆာဂျီယို အဂွေရို ဟာ ဂိုးတွေ သွင်းပေး နေ ပေမယ့် အသက် အရွယ် က နေဝင် ချိန် ကို စတင် ချဉ်းကပ် နေပါပြီ ။

စာချုပ် ပြည့်ချိန် မှာ အစ်တီဟတ် ကို စွန့်ခွာပြီး ဇာတိ ပြန်ဖို့ ဆုံးဖြတ် ထားတဲ့ အာဂျင်တီးနား တိုက်စစ်မှုးကြီး ရဲ့ သွင်းဂိုးတွေ ကို ဂရစ်ဇ်မန်း က အာမခံ ပေးနိုင် ပါတယ် ။ စီးတီး ကစားကွက် နဲ့ လည်း ကိုက်ညီ ပါတယ် ။ ဂရစ်ဇ်မန်း ရဲ့ ပြောင်းရွှေ့ ကြေး ၊ လုပ်ခ လစာတွေ ကိုလည်း ပေးချေ နိုင် ပါတယ် ။ ဒါကြောင့် ပက် ဂွာဒီယိုလာ ရဲ့ အသင်း ကို ဂရစ်ဇ်မန်း ရောက်လာ နိုင်ချေ ကိုလည်း ထည့်တွက် သင့် ပါတယ် ။

၄ ။ မန်ချက်စတာ ယူနိုက်တက်
ဒါကတော့ တော်တော်လေး ရူးသွပ် မိုက်မဲတဲ့ စဉ်းစားမှု တစ်ခု ဆိုပေမယ့် ရှေ့ က ၃ သင်း မဟုတ်ဘူး ဆိုရင်တော့ မန်ချက်စတာ ယူနိုက်တက် ဟာ ဂရစ်ဇ်မန်း ရောက်လာ နိုင်ချေ အများဆုံး ရှိတဲ့ အသင်း ဖြစ်လာ နိုင် ပါတယ် ။ ဘာလို့လည်း ဆိုတော့ သူ က ဒေးဗစ် ဘက်ခမ်း နဲ့ မန်ချက်စတာ ယူနိုက်တက် ရဲ့ အမာခံ ပရိသတ် ဖြစ်နေလို့ ပါ ။

ပေါလ် ပေါ့ဘာ နဲ့ အလွန် ရင်းနှီး တာ ၊ အသင်း မှာ ပထမဦးစားပေး အဖြစ် ကစားရ ဖို့ သေချာ နေတာ ၊ သူ တစ်ချိန် က အလွန် အမင်း နှစ်သက် ခဲ့တဲ့ ယူနိုက်တက် ရဲ့ နံပါတ် ရ ဂျာစီ ( ဆန်းချက် ထွက်ခွာ ဖို့ သေချာ သလောက် ရှိနေ ) ကို ၀တ်ဆင် ဖို့ အခွင့် အရေး ရှိနေတာ တွေ က ဂရစ်ဇ်မန်း ကို သရဲနီ တစ်ယောက် အဖြစ် မြင်တွေ့ ရဖို့ အခွင့်အလမ်း တွေ ဖြစ်လာ စေနိုင် ပါတယ် ။ အလွန့်အလွန် နည်းပါးတဲ့ ရာခိုင်နှုန်း ဖြစ်ပေမယ့် အထက် က ၃ သင်း မဟုတ်ဘူး ဆိုရင်တော့ ထည့်တွက် ရတော့ မှာပါ ။ ယူရိုပါလိဂ် ကစားချင် ၊ မကစားချင် ဆိုတာတော့ ကာယကံ ရှင် သာ အသိဆုံး ဖြစ်ပါ လိမ့်မယ် ။

SM ရဲ့ သုံးသပ်မှု ကတော့ – ဘာစီလိုနာ ဟာ ဂရစ်ဇ်မန်း ရောက်ဖို့ အလားအလာ အကောင်းဆုံး ဖြစ်ပြီး အံ့အားသင့်ဖွယ် ပြောင်းရွှေ့မှု အဖြစ် မန်စီးတိး ကို အလေးပေး လိုပါတယ် ။

ပရိသတ်ကြီးတို့ ကရော ဂရစ်ဇ်မန်း ဘယ် ကို ရောက်မယ် လို့ ထင်သလဲဗျာ . . . . .

SPORTS MYANMAR