ဘိုင်ယန်မြူးနစ်ကိုအရှက်တကွဲအရေးနိမ့်ခဲ့ရမှု အပေါ် မှတ်ချက်ပေးလိုက်တဲ့ #ပိုချက်တီနို

Pochestino

လန်ဒန်မြို့မှာကစားသွားခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စုပွဲစဉ် မှာ ဘိုင်ယန် မြူးနစ် အသင်းက စပါးအသင်းကို ရ-၂ ဂိုးနဲ့ အပြတ်ချေမှုန်းသွားခဲ့ပါတယ်။ပွဲအစမှာပဲအိမ်ရှင်စပါး အသင်း ဆွန်ဟောင်မင်ရဲ့ ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ကင်မစ်ချ်၊ လီဝန်ဒေါစကီးတို့ရဲ့ဂိုးတွေကို ပထမပိုင်းအတွင်း ပြန်ပြီးခွင့်ပြုခဲ့ရတာဖြစ်ပါတယ်။

ဒုတိယပိုင်းစတင်ပြီး မကြာခင်မှာလည်းဂနာဘရီက ဘိုင်ယန်မြူးနစ် အသင်းအတွက်နောက်ထပ် ၂ဂိုးဆက်တိုက် ထပ်မံသွင်းယူပေးခဲ့ပါတယ်။စပါးအတွက် ချေပဂိုးတဂိုးကို ဟယ်ရီကိန်းက ပြန်သွင်းပေးခဲ့ပေမယ့် လီဝန်ဒေါစကီးနဲ့ ဂနာဘရီတို့က နောက်ထပ်၃ ဂိုးဆက်တိုက်ထပ်သွင်းခဲ့လို့ အခုလိုဂိုးပြတ်အရေးနိမ့်ခဲ့ရတာဖြစ်ပါတယ်။

စပါး အသင်းအတွက်တော့ အဓိက ပြိုင်ပွဲကြီးတွေ အတွင်း ပထမဆုံးအဖြစ်အိမ်ကွင်းမှာ ပေးဂိုး ရဂိုးအထိခွင့်ပြုခဲ့ရတဲ့ ပွဲအဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ်။ရီးရဲလ်၊ယူနိုက်တက်အသင်းတွေနဲ့သတင်းတွေထွက်အပြီးမှ စပါးမှာဆက်ရှိနေတဲ့ နည်းပြပိုချက်တီနိုကတော့သူ့အသင်းဟာ ဒီပွဲမှာလက်လျှော့အရှုံးပေးသလို ကစားသွားခဲ့ပြီး ခက်ခဲတဲ့ ရာသီမျိုးရင်ဆိုင်ရတော့မယ်လို့ သတိပေးသွားခဲ့ပါတယ်။

ပွဲအပြီး အင်တာဗျူးတခုမှာ – ” ပွဲပြီးခါနီးမှာ ၃ဂိုးဆက်တိုက် ပေးလိုက်ရတာကတော့ ကျွန်တော်တို့အသင်းဟာ ပင်ပန်းနေပြီး အားလျှော့အရှံုးပေးလိုက်သလို ခံစားရပါတယ်။ပွဲချိန် ၈၂ မိနစ်လောက်အထိအကောင်းဆုံးကြိုးစားသွားခဲ့ပြီး ဂိုးထပ်ရဖို့အခွင့်အရေးတွေဖန်တီးဖို့ ကြိုးစားသွားခဲ့ပါတယ်။

ကျွန်တော် ပွဲအပြီးမှာ ကစားသမားတွေကို ဘာမှ မပြောခဲ့ပါဘူး။ဒီအချိန်မှာစကားပြောဖို့ မလွယ်ပါဘူး။အတူတကွနေသွားရမှာဖြစ်ပေမယ့် စကားမပြောနိုင်သေးဘူးဆိုတာကို ခင်ဗျားတို့လည်း တွေးမိပါလိမ့်မယ်။အရင်ဆုံးတည်တည်ငြိမ်ငြိမ်ဖြစ်အောင်လုပ်ရဦးမှာဖြစ်ပါတယ်။

မနက်ဖြန်လောက်မှ စကားပြောသင့်တာဖြစ်ပြီး ဒီနေ့တော့ စကားမပြောသင့်သေးတာဖြစ်ပါတယ်။အားလုံးကစိတ်ပျက်နေပြီး ခံစားချက်တွေကလည်းမကောင်းပါဘူး။ဒါပေမယ့် ဒီနေ့လိုပွဲအပြီး နောက်ထက် အမှားထပ်မလုပ်မိဖို့ စိတ်ကို တည်ငြိမ်အေးဆေးအောင်လုပ်ရပါဦးမယ်။

ကျွန်တော်တို့ဟာ ကိုယ်ခံစားနေရာတဲ့ စိတ်ခံစားမှုက အရေပြားပေါ်အထိရောက်နေပေမယ့် ပြီးခဲ့တဲ့ အမှားတွေကို ပြင်ဖို့ အတွက် အော်ဟစ်ဆူပူပြီး လုပ်ဆောင်သွားမှာတော့မဟုတ် ပါဘူး။ဒီရာသီဟာ ခက်ခဲတဲ့ ရာသီတခုဖြစ်သွားဖို့ရှိနေပါတယ်။

ချန်ပီယံလိဂ်ဖိုင်နယ် ပွဲအပြီးကတည်းက စာမျက်နှာဟောင်းတခုက ပြီးဆုံးသွားပါပြီ။အခု အချိန် အပိုင်းအခြားဟာ အသင်းအတွက် နောက်ထပ်စာမျက်နှာသစ်ကို ဖွင့်လှစ်နိုင်အောင်ကြိုးစားဖို့ ပရောဂျက်တွေ၊ ရေရှည် စီမံကိန်းတွေကိုဆုံးဖြတ်ရမယ့် အချိန်ဖြစ်ပါတယ်။

ကျွန်တော်ပြောထားသလိုပဲ ဒီလိုရှံုးနိမ့်မှု မျိုးဟာ ကျွန်တော့်ရဲ့ ထင်မြင်ယူဆချက်ကို အပြောင်းအလဲဖြစ်စေမှာမဟုတ်ပါဘူး။ဒီလိုအခြေအနေမျိုးဟာဖြစ်တတ်တာဖြစ်လို့ ပရော်ဖကရှင်နယ်ဆတ်ဆန် ရင်ဆိုင်သွားဖို့ အရင်လုပ်ရမှာဖြစ်ပါတယ်။

အဲ့ဒီနောက်မှာတော့ အားလုံး စိတ်ဓာတ်ခိုင်ခိုင်နဲ့ ဆက်သွားပြီး ရှံုးပွဲကနေ ပြန်ရုန်းထွက်ဖို့နဲ့ ခံစားချက်ကိုအပြောင်းအလဲလုပ်ဖို့ အတူတကွကြိုးစားသွားရတော့မှာဖြစ်ပါတယ်။ပြီးခဲ့တဲ့ရာသီတုန်းကလည်း အခုလို အခက်အခဲတွေကြုံခဲ့ရပေမယ့် ဒီပွဲရလဒ်ကတော့ ဆိုးရွားလွန်းပါတယ်။

ရင်ဆိုင်ရမလွယ်ပေမယ့် လည်း အားလုံးစိတ်ဓာတ်ခိုင်ခိုင်နဲ့ ဆက်သွားဖို့ လိုပါတယ်။အားလုံးအတူရှှိပြီးတဦးနဲ့တဦးအကူအညီပေးဖို့လိုပါတယ်။ဒီလိုရလဒ်မျိုးကြံုအပြီးမှာ ကိုယ့်ကိုယ်ကိုယ်ယုံကြည်ပြီးပြန်ရုနး်ထွက်ပြဖို့အရေးကြီးပါတယ်။ပြန်ကုစားနိုင်ဖို့အတွက်လည်းဒါဟာတခုတည်းသောနည်းလမ်းဖြစ်ပါတယ် ” လို့ပြောခဲ့ပါတယ်။

SM

Zawgyi

ဘိုင္ယန္ျမဴးနစ္ကုိအရွက္တကြဲအေရးနိမ့္ခဲ႕ရမွဳ အေပၚ မွတ္ခ်က္ေပးလိုက္တဲ႔ #ပိုခ်က္တီႏို
================================

လန္ဒန္ျမိဳ႔မွာကစားသြားခဲ႔တဲ႕ ခ်န္ပီယံလိဂ္ အုပ္စုပြဲစဥ္ မွာ ဘိုင္ယန္ ျမဴးနစ္ အသင္းက စပါးအသင္းကို ၇-၂ ဂိုးနဲ႕ အျပတ္ေခ်မွဳန္းသြားခဲ႔ပါတယ္။ပြဲအစမွာပဲအိမ္ရွင္စပါး အသင္း ဆြန္ေဟာင္မင္ရဲ႕ ဂိုးနဲ႔ ဦးေဆာင္ႏိုင္ခဲ႔ေပမယ့္ ကင္မစ္ခ်္၊ လီဝန္ေဒါစကီးတို႔ရဲ႕ဂိုးေတြကို ပထမပိုင္းအတြင္း ျပန္ျပီးခြင့္ျပဳခဲ႔ရတာျဖစ္ပါတယ္။

ဒုတိယပိုင္းစတင္ျပီး မျကာခင္မွာလည္းဂနာဘရီက ဘိုင္ယန္ျမဴးနစ္ အသင္းအတြက္ေနာက္ထပ္ ၂ဂိုးဆက္တိုက္ ထပ္မံသြင္းယူေပးခဲ႕ပါတယ္။စပါးအတြက္ ေခ်ပဂိုးတဂိုးကို ဟယ္ရီကိန္းက ျပန္သြင္းေပးခဲ႔ေပမယ့္ လီဝန္ေဒါစကီးနဲ႔ ဂနာဘရီတို႔က ေနာက္ထပ္၃ ဂိုးဆက္တိုက္ထပ္သြင္းခဲ႔လို႕ အခုလိုဂိုးျပတ္အေရးနိမ့္ခဲ႔ရတာျဖစ္ပါတယ္။

စပါး အသင္းအတြက္ေတာ့ အဓိက ျပိဳင္ပြဲျကီးေတြ အတြင္း ပထမဆံုးအျဖစ္အိမ္ကြင္းမွာ ေပးဂိုး ၇ဂိုးအထိခြင့္ျပဳခဲ႔ရတဲ႔ ပြဲအျဖစ္ မွတ္တမ္းဝင္သြားခဲ႔ပါတယ္။ရီးရဲလ္၊ယူႏိုက္တက္အသင္းေတြနဲ႔သတင္းေတြထြက္အျပီးမွ စပါးမွာဆက္ရွိေနတဲ႕ နည္းျပပိုခ်က္တီႏိုကေတာ့သူ႔အသင္းဟာ ဒီပြဲမွာလက္ေလ်ွာ့အရွံုးေပးသလို ကစားသြားခဲ႔ျပီး ခက္ခဲတဲ႔ ရာသီမ်ိဳးရင္ဆိုင္ရေတာ့မယ္လို႕ သတိေပးသြားခဲ႔ပါတယ္။

ပြဲအျပီး အင္တာဗ်ဴးတခုမွာ – ” ပြဲျပီးခါနီးမွာ ၃ဂိုးဆက္တိုက္ ေပးလိုက္ရတာကေတာ့ က်ြန္ေတာ္တို႔အသင္းဟာ ပင္ပန္းေနျပီး အားေလ်ွာ့အရွံုးေပးလိုက္သလို ခံစားရပါတယ္။ပြဲခ်ိန္ ၈၂ မိနစ္ေလာက္အထိအေကာင္းဆံုးျကိုးစားသြားခဲ႔ျပီး ဂိုးထပ္ရဖို႔အခြင့္အေရးေတြဖန္တီးဖို႕ ျကိုးစားသြားခဲ႕ပါတယ္။

က်ြန္ေတာ္ ပဲြအျပီးမွာ ကစားသမားေတြကို ဘာမွ မေျပာခဲ႔ပါဘူး။ဒီအခ်ိန္မွာစကားေျပာဖို႔ မလြယ္ပါဘူး။အတူတကြေနသြားရမွာျဖစ္ေပမယ့္ စကားမေျပာႏိုင္ေသးဘူးဆိုတာကို ခင္ဗ်ားတို႔လည္း ေတြးမိပါလိမ့္မယ္။အရင္ဆုံးတည္တည္ျငိမ္ျငိမ္ျဖစ္ေအာင္လုပ္ရဦးမွာျဖစ္ပါတယ္။

မနက္ျဖန္ေလာက္မွ စကားေျပာသင့္တာျဖစ္ျပီး ဒီေန႔ေတာ့ စကားမေျပာသင့္ေသးတာျဖစ္ပါတယ္။အားလံုးကစိတ္ပ်က္ေနျပီး ခံစားခ်က္ေတြကလည္းမေကာင္းပါဘူး။ဒါေပမယ့္ ဒီေန႔လိုပြဲအျပီး ေနာက္ထက္ အမွားထပ္မလုပ္မိဖို႔ စိတ္ကို တည္ျငိမ္ေအးေဆးေအာင္လုပ္ရပါဦးမယ္။

က်ြန္ေတာ္တို႕ဟာ ကိုယ္ခံစားေနရာတဲ႔ စိတ္ခံစားမွဳက အေရျပားေပၚအထိေရာက္ေနေပမယ့္ ျပီးခဲ႔တဲ႕ အမွားေတြကို ျပင္ဖို႕ အတြက္ ေအာ္ဟစ္ဆူပူျပီး လုပ္ေဆာင္သြားမွာေတာ့မဟုတ္ ပါဘူး။ဒီရာသီဟာ ခက္ခဲတဲ႕ ရာသီတခုျဖစ္သြားဖို႕ရွိေနပါတယ္။

ခ်န္ပီယံလိဂ္ဖိုင္နယ္ ပြဲအျပီးကတည္းက စာမ်က္ႏွာေဟာင္းတခုက ျပီးဆံုးသြားပါျပီ။အခု အခ်ိန္ အပိုင္းအျခားဟာ အသင္းအတြက္ ေနာက္ထပ္စာမ်က္ႏွာသစ္ကို ဖြင့္လွစ္ႏိုင္ေအာင္ျကိုးစားဖို႕ ပေရာဂ်က္ေတြ၊ ေရရွည္ စီမံကိန္းေတြကုိဆံုးျဖတ္ရမယ့္ အခ်ိန္ျဖစ္ပါတယ္။

က်ြန္ေတာ္ေျပာထားသလိုပဲ ဒီလိုရွံုးနိမ့္မွဳ မ်ိဳးဟာ က်ြန္ေတာ့္ရဲ႕ ထင္ျမင္ယူဆခ်က္ကို အေျပာင္းအလဲျဖစ္ေစမွာမဟုတ္ပါဘူး။ဒီလိုအေျခအေနမ်ိဳးဟာျဖစ္တတ္တာျဖစ္လို႔ ပေရာ္ဖကရွင္နယ္ဆတ္ဆန္ ရင္ဆိုင္သြားဖို႔ အရင္လုပ္ရမွာျဖစ္ပါတယ္။

အဲ႔ဒီေနာက္မွာေတာ့ အားလံုး စိတ္ဓာတ္ခိုင္ခိုင္နဲ႕ ဆက္သြားျပီး ရွံုးပြဲကေန ျပန္ရုန္းထြက္ဖို႔နဲ႔ ခံစားခ်က္ကိုအေျပာင္းအလဲလုပ္ဖို႕ အတူတကြျကိုးစားသြားရေတာ့မွာျဖစ္ပါတယ္။ျပီးခဲ႔တဲ႔ရာသီတုန္းကလည္း အခုလို အခက္အခဲေတြျကုံခဲ႕ရေပမယ့္ ဒီပြဲရလဒ္ကေတာ့ ဆိုးရြားလြန္းပါတယ္။

ရင္ဆိုင္ရမလြယ္ေပမယ့္ လည္း အားလံုးစိတ္ဓာတ္ခိုင္ခိုင္နဲ႕ ဆက္သြားဖို႔ လိုပါတယ္။အားလံုးအတူရွွိျပီးတဦးနဲ႕တဦးအကူအညီေပးဖို႕လိုပါတယ္။ဒီလိုရလဒ္မ်ိဳးျကံုအျပီးမွာ ကုိယ့္ကုိယ္ကုိယ္ယံုျကည္ျပီးျပန္ရုနး္ထြက္ျပဖို႔အေရးျကီးပါတယ္။ျပန္ကုစားႏိုင္ဖို႕အတြက္လည္းဒါဟာတခုတည္းေသာနည္းလမ္းျဖစ္ပါတယ္ ” လို႔ေျပာခဲ႕ပါတယ္။

SM