ဒိုင်နမိုဇာဂရက်ဘ်နဲ့့ပွဲမှာလူစားဝင်လာပြီးခြေစွမ်းပြသခဲ့တဲ့ စတာလင်ကို စိန်ခေါ်မှု တခုလုပ်ခဲ့တဲ့ #ဂွာဒီယိုလာ

Sterling

အီတီဟတ်မှာ ကစားသွားခဲ့့တဲ့ ချန်ပီယံ လိဂ်အုပ်စု ပွဲစဉ်မှာမန်စီးတီး အသင်းက ဒိုင်နမိုဇာဂရက်ဘ်အသင်းကို ၂-၀ ဂိုးနဲ့ အနိုင်ယူပြီး ဇယားထိပ်ဆုံးကနေ ဦးဆောင်သွားခဲ့ပါတယ်။ခရိုအေးရှားထိပ်တန်း အသင်းတသင်းဖြစ်တဲ့ ဒိုင်နမိုဇာဂရက်ဘ်အသင်းဟာ ပွဲချိန်တော်တော်ကြာမန်စီးတီးကိုတောင့်ခံထားနိုင်ခဲ့ပေမယ့် စတာလင်ကိုတော့ ရပ်တန့်နိုင်ခြင်းမရှိခဲ့တာဖြစ်ပါတယ်။

စတာလင်ဟာ ပွဲထွက်စာရင်းမှာ ပါဝင်ခဲ့ခြင်းမရှိပဲ ပွဲချိန် ၅၆ မိနစ်မှာမှ ဘာနာဒိုဆေးဗားလ်ရဲ့နေရာမှာလူစားဝင်ရောက်လာခဲ့တာဖြစ်ပါတယ်။ကွင်းအတွင်းကို ရောက်ရှိပြီး ၁၀မိနစ်လောက်အကြာမှာပဲ စတာလင်က မာရက်ဇ်ရဲ့ဖန်တီးပေးမှုကနေ ဦးဆောင်ဂိုးသွင်းယူပေးခဲ့ပါတယ်။

အဲ့ဒီ နောက်ပွဲပြီးဆုံး ခါနီး နာကျင် အချိန်ပိုမှာ မန်စီးတီးအသင်း ဒုတိယဂိုး ရရှိခဲ့ပါတယ်။ဒီဂိုးကို လူငယ်ကြယ်ပွင့်ကစားသမား ဖိုဒန်ကသွင်းယူခဲ့တာဖြစ်ပြီး စတာလင်ရဲ့ ဖန်တီးပေးမှု ကို အဆုံးသတ် သွားခဲ့တာဖြစ်ပါတယ်။

စတာလင်ရဲ့ သွင်းဂိုးဆာလောင်စိတ်နဲ့ ဂိုးသွင်းချင်တဲ့ ဆန္ဒပြင်းပြမှုတွေကြောင့် အများကြီး တိုးတက်လာစရာတွေရှိနေသေးတယ်လို့ နည်းပြဂွာဒီယိုလာကယုံကြည်နေပါတယ်။အသက်၂၅နှစ်အရွယ်သာ ရှိသေးတဲ့စတာလင်ဟာ အခုပွဲမှာသွင်းယူနိုင်ခဲ့တဲ့ဂိုးကြောင့် ဒီရာသီပြိုင်ပွဲစုံမှာ သွင်းဂိုး၉ဂိုးအထိရှိလာပြီလည်းဖြစ်ပါတယ်။

ပွဲအပြီး မီဒီယာ တွေ့ဆုံပွဲမှာတော့ ဂွာဒီယိုလာက – ” စတာလင် ဟာ ယနေ့ ပွဲစဉ် ကခြေစွမ်းထက်ပိုကောင်းတဲ့ ကစားသမားတဦးအဖြစ်ကို လာမယ့်နှစ်အနည်းငယ်အတွင်း ရောက်ရှိမယ်ဆိုတာကို ကျွန်တော် အကြိမ်ကြိမ် ပြောဆိုထားခဲ့ဖူးတာဖြစ်ပါတယ်။သူဟာပြင်းပြတဲ့ ဆန္ဒမျိုးနဲ့ ကွင်းထဲကို ဝင်ရောက်အပြီး ပထမဆုံး ဘောလုံးထိချက်မှာပဲ ပြိုင်ဘက်ကစားသမား၂ယောက်ကိုကျော်ပြီး တိုက်စစ်ဆင်ခဲ့ပါတယ်။သူ့ရဲ့ မာန်စွယ်ပြင်းထန်နေတဲ့ ကစားပုံာ ပရိသတ်တွေကို ‘ wow ‘ လို့တောင် ရေရွတ်သွားစေခဲ့ပါတယ်။

စတာလင်ဆိုတာ အဲ့ဒီလိုနေရာမှာ အမြဲရှိတဲ့ ကစားသမားတဦးဖြစ်ပါတယ်။သူ့မှာ ဒီလို ပါရမီခြေစွမ်းရှိပါတယ်။သူဟာဂိုးတွေသွင်းရတာကိုလည်းနှစ်သက်ပါတယ်။သူ့ရဲ့ ဖြတ်တင်ပေးပို့မှုတွေအပေါ်ကိုလည်း ခင်ဗျားတို့နှစ်သက်ကြပါလိမ့်မယ် ” လို့ပြောသွားခဲ့ပါတယ်

စတာလင်ဟာ အဲဗာတန်အသင်းကို ၃-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပွဲမှာ အခွင့်အရေးကောင်းတကြိမ်ကို အသုံးမချနိုင်ခဲ့ပဲ ဖြုန်းတီးမိခဲ့ပါတယ်။ဒါပေမယ့်သူဟာစိတ်မပျက်ပဲအကောင်းဆုံးပြန်လုပ်ဆောင်နိုင်စွမ်းရှိတယ်ဆိုတာ အခုပွဲကသက်သေပဲလို့ ဂွာဒီယိုလာကဆက်ပြောပါတယ်။

ဂွာဒီယိုလာက – ” စတာလင်ဟာပြီးခဲ့တဲ့အဲဗာတန်နဲ့ပွဲမှာ အခွင့်အရေး တွေလွဲချော်ခဲ့ပေမယ့် စိတ်မပျက်ကြောင်းအမှားတွေကိုစဉ်းစားနေမှာမဟုတ်ကြောင်းပြောထားခဲ့ပါတယ်။ဒါဟာသူနဲ့ ပတ်သက်ပြီး ပြောစရာအချက်တခုဖြစိပါတယ်။

ကျွန်တော်တို့ဒီကိုရောက်လာတ့ ဲ ပထမဆုံးရာသီကတည်းက ဒါကိုခံစားခဲ့ရတာဖြစ်ပြီး သူကလည်းကောင်းကောင်းကစားနိုင်ခဲ့ပေမယ့် ဂိုးသွင်းရာမှာဒီလိုမျိုးတွေဖြစ်ခဲ့ပါတယ်။ဒါပေမယ့်သူက ဂရုတော့ မစိုက်ခဲ့တာဖြစ်ပါတယ်။

သူဟာ အမြဲပြေးလွှားနေပြီး ဘောလုံးကို ရယူအပြီးမှာဂိုးသွင်းနိုင်ဖို့ကြိုးစားပါတယ်။သူဟာ အဆုံးသတ်ပိုင်းမှာကော နောက်ဆုံးဆုံးဖြတ်ချက် ချမှတ်မှုတွေမှာပါ တိုးတက်နိုငိပါသေးတယ်။ဖိုဒန်ကို သူ့ရဲ့ ပေးပို့မှုက ဆိုရင်လည်းလုံးဝကောင်းလွန်းပါတယ်။

ဒါပေမယ့်သူဟာ ပိုပြီး တိုးတက်ကောင်းမွန်လာစရာတွေ ရှိနေသေးတယ်လို့ ကျွန်တော်ကတော့ယူဆနေဆဲဖြစ်ပါတယ်။အရေးအကြီးဆုံးကတော့သူက အမြဲဒီလို ဖြစ်အောင်ကြိုးစားလုပ်ဆောင်နေတာဖြစ်ပါတယ်။ဒါကြောင့်လည်းဒီရာသီ နဲ့ ပြီးခဲ့တဲ့ ရာသီမှာသူဂိုးတွေအများကြီးသွင်းယူနိုင်နေတာဖြစ်ပါတယ် ” လို့ပြောသွားခဲ့ပါတယ်။

SPORTS MYANMAR

Zawgyi

ဒိုင္နမိုဇာဂရက္ဘ္နဲ႔႔ပြဲမွာလူစားဝင္လာျပီးေျခစြမ္းျပသခဲ႔တဲ႔ စတာလင္ကို စိန္ေခၚမွဳ တခုလုပ္ခဲ႔တဲ႔ #ဂြာဒီယိုလာ
===================================

အီတီဟတ္မွာ ကစားသြားခ႔႔ဲတဲ႔ ခ်န္ပီယံ လိဂ္အုပ္စု ပြဲစဥ္မွာမန္စီးတီး အသင္းက ဒိုင္နမိုဇာဂရက္ဘ္အသင္းကို ၂-၀ ဂိုးနဲ႔ အႏိုင္ယူျပီး ဇယားထိပ္ဆံုးကေန ဦးေဆာင္သြားခဲ႔ပါတယ္။ခရိုေအးရွားထိပ္တန္း အသင္းတသင္းျဖစ္တဲ႔ ဒိုင္နမိုဇာဂရက္ဘ္အသင္းဟာ ပြဲခ်ိန္ေတာ္ေတာ္ျကာမန္စီးတီးကိုေတာင့္ခံထားႏိုင္ခဲ႔ေပမယ့္ စတာလင္ကိုေတာ့ ရပ္တန္႔ႏိုင္ျခင္းမရွိခဲ႔တာျဖစ္ပါတယ္။

စတာလင္ဟာ ပြဲထြက္စာရင္းမွာ ပါဝင္ခဲ႔ျခင္းမရွိပဲ ပြဲခ်ိန္ ၅၆ မိနစ္မွာမွ ဘာနာဒိုေဆးဗားလ္ရဲ႕ေနရာမွာလူစားဝင္ေရာက္လာခဲ႔တာျဖစ္ပါတယ္။ကြင္းအတြင္းကို ေရာက္ရွိျပီး ၁၀မိနစ္ေလာက္အျကာမွာပဲ စတာလင္က မာရက္ဇ္ရဲ႕ဖန္တီးေပးမွဳကေန ဦးေဆာင္ဂိုးသြင္းယူေပးခဲ႔ပါတယ္။

အဲ႔ဒီ ေနာက္ပြဲျပီးဆံုး ခါနီး နာက်င္ အခ်ိန္ပိုမွာ မန္စီးတီးအသင္း ဒုတိယဂိုး ရရွိခဲ႔ပါတယ္။ဒီဂိုးကို လူငယ္ျကယ္ပြင့္ကစားသမား ဖိုဒန္ကသြင္းယူခဲ႔တာျဖစ္ျပီး စတာလင္ရဲ႕ ဖန္တီးေပးမွဳ ကို အဆံုးသတ္ သြားခဲ႔တာျဖစ္ပါတယ္။

စတာလင္ရဲ႕ သြင္းဂိုးဆာေလာင္စိတ္နဲ႔ ဂိုးသြင္းခ်င္တဲ႔ ဆႏၵျပင္းျပမွဳေတြေျကာင့္ အမ်ားျကီး တိုးတက္လာစရာေတြရွိေနေသးတယ္လို႕ နည္းျပဂြာဒီယိုလာကယံုျကည္ေနပါတယ္။အသက္၂၅ႏွစ္အရြယ္သာ ရွိေသးတဲ႔စတာလင္ဟာ အခုပြဲမွာသြင္းယူႏိုင္ခဲ႔တဲ႕ဂိုးေျကာင့္ ဒီရာသီျပိဳင္ပြဲစံုမွာ သြင္းဂိုး၉ဂိုးအထိရွိလာျပီလည္းျဖစ္ပါတယ္။

ပြဲအျပီး မီဒီယာ ေတြ႔ဆံုပြဲမွာေတာ့ ဂြာဒီယိုလာက – ” စတာလင္ ဟာ ယေန႔ ပြဲစဥ္ ကေျခစြမ္းထက္ပိုေကာင္းတဲ႔ ကစားသမားတဦးအျဖစ္ကို လာမယ့္ႏွစ္အနည္းငယ္အတြင္း ေရာက္ရွိမယ္ဆိုတာကို က်ြန္ေတာ္ အျကိမ္ျကိမ္ ေျပာဆိုထားခဲ႔ဖူးတာျဖစ္ပါတယ္။သူဟာျပင္းျပတဲ႕ ဆႏၵမ်ိဳးနဲ႔ ကြင္းထဲကို ဝင္ေရာက္အျပီး ပထမဆံုး ေဘာလံုးထိခ်က္မွာပဲ ျပိဳင္ဘက္ကစားသမား၂ေယာက္ကိုေက်ာ္ျပီး တိုက္စစ္ဆင္ခဲ႔ပါတယ္။သူ႔ရဲ႕ မာန္စြယ္ျပင္းထန္ေနတဲ႔ ကစားပံုာ ပရိသတ္ေတြကို ‘ wow ‘ လို႔ေတာင္ ေရရြတ္သြားေစခဲ႔ပါတယ္။

စတာလင္ဆိုတာ အဲ႔ဒီလိုေနရာမွာ အျမဲရွိတဲ႔ ကစားသမားတဦးျဖစ္ပါတယ္။သူ႔မွာ ဒီလို ပါရမီေျခစြမ္းရွိပါတယ္။သူဟာဂိုးေတြသြင္းရတာကိုလည္းႏွစ္သက္ပါတယ္။သူ႔ရဲ႕ ျဖတ္တင္ေပးပို႔မွုေတြအေပၚကိုလည္း ခင္ဗ်ားတို႔ႏွစ္သက္ျကပါလိမ့္မယ္ ” လို႕ေျပာသြားခဲ႔ပါတယ္

စတာလင္ဟာ အဲဗာတန္အသင္းကို ၃-၁ ဂိုးနဲ႔ အႏိုင္ရခဲ႔တဲ႕ ပြဲမွာ အခြင့္အေရးေကာင္းတျကိမ္ကို အသံုးမခ်ႏိုင္ခဲ႔ပဲ ျဖဳန္းတီးမိခဲ႕ပါတယ္။ဒါေပမယ့္သူဟာစိတ္မပ်က္ပဲအေကာင္းဆံုးျပန္လုပ္ေဆာင္ႏိုင္စြမ္းရွိတယ္ဆိုတာ အခုပြဲကသက္ေသပဲလို႔ ဂြာဒီယိုလာကဆက္ေျပာပါတယ္။

ဂြာဒီယုိလာက – ” စတာလင္ဟာျပီးခဲ႔တဲ႔အဲဗာတန္နဲ႔ပြဲမွာ အခြင့္အေရး ေတြလြဲေခ်ာ္ခဲ႔ေပမယ့္ စိတ္မပ်က္ေျကာင္းအမွားေတြကိုစဥ္းစားေနမွာမဟုတ္ေျကာင္းေျပာထားခဲ႔ပါတယ္။ဒါဟာသူနဲ႔ ပတ္သက္ျပီး ေျပာစရာအခ်က္တခုျဖစိပါတယ္။

က်ြန္ေတာ္တို႔ဒီကိုေရာက္လာတ႔ ဲ ပထမဆံုးရာသီကတည္းက ဒါကိုခံစားခဲ႕ရတာျဖစ္ျပီး သူကလည္းေကာင္းေကာင္းကစားႏိုင္ခဲ႕ေပမယ့္ ဂိုးသြင္းရာမွာဒီလိုမ်ိဳးေတြျဖစ္ခဲ႔ပါတယ္။ဒါေပမယ့္သူက ဂရုေတာ့ မစုိက္ခဲ႔တာျဖစ္ပါတယ္။

သူဟာ အျမဲေျပးလႊားေနျပီး ေဘာလံုးကို ရယူအျပီးမွာဂိုးသြင္းႏိုင္ဖို႔ျကိုးစားပါတယ္။သူဟာ အဆံုးသတ္ပိုင္းမွာေကာ ေနာက္ဆံုးဆံုးျဖတ္ခ်က္ ခ်မွတ္မွုေတြမွာပါ တိုးတက္ႏိုငိပါေသးတယ္။ဖိုဒန္ကို သူ႔ရဲ႕ ေပးပို႔မွဳက ဆိုရင္လည္းလံုးဝေကာင္းလြန္းပါတယ္။

ဒါေပမယ့္သူဟာ ပိုျပီး တိုးတက္ေကာင္းမြန္လာစရာေတြ ရွိေနေသးတယ္လို႔ က်ြန္ေတာ္ကေတာ့ယူဆေနဆဲျဖစ္ပါတယ္။အေရးအျကီးဆံုးကေတာ့သူက အျမဲဒီလို ျဖစ္ေအာင္ျကိုးစားလုပ္ေဆာင္ေနတာျဖစ္ပါတယ္။ဒါေျကာင့္လည္းဒီရာသီ နဲ႔ ျပီးခဲ႔တဲ႔ ရာသီမွာသူဂိုးေတြအမ်ားျကီးသြင္းယူႏိုင္ေနတာျဖစ္ပါတယ္ ” လို႔ေျပာသြားခဲ႔ပါတယ္။

SPORTS MYANMAR