ဂျူဗီ ချန်ပီယံလိဂ် ဆွတ်ခူးဖို့ ဘယ်သူတွေကို ခေါ်ယူရမလဲ ဆိုတာ ပြောပြသွားတဲ့ #ပီယာလို

ဂျူဗင်တပ် အသင်းရဲ့ ကစားသမားဟောင်းကြီး ပီယာလို ကတော့ တူရင် သားတွေ အနေနဲ့ ချန်ပီယံလိဂ် ဖလားကို ဆွတ်ခူး ဖို့ အတွက် ဆိုရင် ပိုချက်တီနို နဲ့ အစ္စကို ကို ခေါ်ယူရလိမ့်မယ်လို့ အကြံပေး ပြောဆိုသွားခဲ့ ပါတယ်။

ဂျူဗီဟာ ဒီရာသီ ချန်ပီယံလိဂ် ပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ ထိပ်ဆုံးကနေ ရေပန်းစား ခဲ့ပေမယ့် ကွာတားဖိုင်နယ် အဆင့်မှာတော့ အေဂျက် အသင်းရဲ့ နောက်ကောက်ချခြင်း ကို ခံခဲ့ရတာ ဖြစ်ပါတယ်။ အဲဒီ ပွဲစဉ် ပြီးကတည်းက ပီယာလိုက လက်ရှိ ကွင်းလယ် ကစားသမား စုဖွဲ့မှုဟာ ဥရောပမှာ တိုက်ပွဲဝင်ဖို့ လုံလောက်တဲ့ စွမ်းဆောင်ရည်မျိုး မရှိဘူးလို့ ထုတ်ဖော် ပြောဆိုခဲ့ဖူး တာပါ။

လက်ရှိ သတင်းတွေ မှာတော့ နည်းပြ အလီဂရီဟာ ရာသီအကုန်မှာ ဂျူဗီ နဲ့ လမ်းခွဲတော့မှာ ဖြစ်ပြီး ၊ သူ့ရဲ့ နေရာကို အစားထိုးဖို့ စပါး နည်းပြ ပိုချက်တီနို နဲ့ ပြင်သစ်ကို ကမ္ဘာ့ဖလား ရအောင် စွမ်းဆောင် ပေးထားတဲ့ နည်းပြ ဒက်ချမ့် တို့ကို ချိတ်ဆက် လျှက်ရှိနေတယ်လို့ ဆိုပါတယ်။

မက်ဆီ
Juventus’ Portuguese forward Cristiano Ronaldo (L) and Juventus’ Italian defender Giorgio Chiellini celebrate after Ronaldo scored a penalty during the italian Serie A football match Lazio Roma vs Juventus on January 27, 2019 at the Olympic stadium in Rome. (Photo by Andreas SOLARO / AFP)

Sky Sports နဲ့ အင်တာဗျူး ချိန်မှာ ပီယာလိုက ဂျူဗီ ရဲ့ အနေအထား တွေ နဲ့ ပတ်သက်ပြီး ” နည်းပြ အပြောင်းအလဲ လုပ်မယ် ဆိုရင်တော့ ပိုချက်တီနို ကို ခန့်အပ် သင့်ပါတယ် ၊ သူ့မှာ ဂျူဗီ ရဲ့ စိတ်ဓါတ် နဲ့ ခံယူချက်မျိုး ရှိထားပြီးသားပါ။

စပိန်မှာ ကျင်လည်ရင်း အတွေ့အကြုံတွေ အများကြီး ရယူနိုင်ခဲ့သလို ၊ အင်္ဂလန်မှာလဲ အများကြီး စွမ်းဆောင် ပေးထားနိုင်ခဲ့ ပြီးပြီလေ” လို့ ထုတ်ဖော် ပြောဆိုသွားခဲ့ ပါတယ်။

ပိုချက်တီနို ဟာ စပါး ကို ကိုင်တွယ်ပြီး နောက်ပိုင်း တစ်ဟုန်ထိုး နာမည်ကြီးလာခဲ့တဲ့ နည်းပြ တစ်ဦး ဖြစ်ကာ ၊ နှစ်စဉ် ချန်ပီယံလိဂ် ၀င်ခွင့် ရယူပေးနိုင်ခဲ့သူ ဖြစ်ပါတယ်။ ဒီရာသီ အစောပိုင်းမှာတော့ စပါး အသင်းရဲ့ ကွင်းသစ် တည်ဆောက်မှုတွေကြောင့် သူတို့ အသင်းဟာ ကစားသမားသစ်တွေ ဖြည့်တင်း နိုင်ခြင်း မရှိတာမို့ ခက်ခက်ခဲခဲ ရုန်းကန် ရလိမ့်မယ်လို့ မှတ်ချက်ပေးမှုတွေ ရှိခဲ့ပေမယ့် တကယ်တမ်းမှာ အဲဒီ ဝေဖန်သူတွေကို မှားယွင်းကြောင်း သက်သေ ပြခဲ့သူပါ။

ရာသီ အကုန်မှာ ပရီးမီးယားလိဂ် အဆင့် 4 ကို ရပ်တည်ပြနိုင်ခဲ့တဲ့ အပြင် ၊ ချန်ပီယံလိဂ် ဗိုလ်လုပွဲကြီး ဆီလဲ သမိုင်းကြောင်း တစ်လျှောက် ပထမဆုံး အကြိမ် ပို့ဆောင် ပေးနိုင်ခဲ့ပါတယ်။ ဒါကြောင့် ပီယာလိုက ပိုချက်တီနို ကို နည်းပြသစ် အဖြစ် ခန့်အပ် စေချင်နေတာပါ။

ဆက်လက်ပြီး ကွင်းလယ် ကစားသမား အင်အား ဖြည့်တင်းမှုနဲ့ ပတ်သက်ပြီး မေးမြန်း ရာမှာတော့ ” အစ္စကို ကို ခေါ်စေချင်ပါတယ်။ လက်ရှိစုဖွဲ့မှုကလဲ ကောင်းပါတယ် ၊ ဒါပေမယ့် ချန်ပီယံလိဂ် ဆွတ်ခူးပေးဖို့ လိုနေတယ်လေ၊

ဒါကြောင့်မို့ ကွင်းလယ်က မဖြစ်မနေကို အားဖြည့်ရတော့မှာပါ။ ရိုနာဒို လို ဂိုးသွင်း စက်ကြီး တစ်လုံး ပိုင်ဆိုင်ထားတောင် သူတို့ဟာ ရိုနာဒို ဆီ ဘောလုံးရောက်အောင် ဘယ်လို ပေးပို့ရမလဲ ဆိုတာ ကောင်းကောင်း မသိကြသေးပါဘူး။ အထူးသဖြင့် ချန်ပီယံလိဂ်လို ဖိအားတွေ နဲ့ ကစားရတဲ့ ပြိုင်ပွဲမျိုးမှာ ပိုပြီးတော့ သိသာလွန်းပါတယ်” လို့ မှတ်ချက် ပေးသွားခဲ့ပါတယ်။