သရေရလဒ် ထွက်ပေါ် ခဲ့တဲ့ ချန်ပီယံလိဂ် ပွဲစဉ် အတွက် ကျေနပ် ပျော်ရွှင် မိတာလေးတွေ ရှိကြောင်း ပြောကြားသွားတဲ့ #ဇီဒန်း
Zidane
ရီးယဲ မက်ဒရစ် အသင်း ဟာ မနေ့ ညက ချန်ပီယံလိဂ် ပြိုင်ပွဲ ရဲ့ အုပ်စု ဒုတိယ ပွဲစဉ် အဖြစ် ဘာနေဗျူး ကွင်း ထဲမှာ ကလပ် ဘရုဂ် အသင်း ကို ရင်ဆိုင် ကစား ခဲ့ ရပြီး တစ်ဖက် နှစ်ဂိုး စီ သရေ ရလဒ် ထွက်ပေါ် ခဲ့ရ ပါတယ် ။
အဆိုပါ ပွဲစဉ် မှာတော့ ကလပ် ဘရုဂ် အသင်း ဖက်က ပထမ ပိုင်း အတွင်း ဦးဆောင် ဂိုး နှစ်ဂိုး ကို သွင်းယူ သွားခဲ့ ပေမယ့် ရီးယဲ မက်ဒရစ် အသင်း ဖက်မှ ဂိုးတွေ ရရှိ ဖို့ ရုန်းကန် ခဲ့ရ ပြီး ဒုတိယ ပိုင်း အစ မှာပဲ လူစား လဲမှု တွေကုုိ ဇီဒန်း က ပြုလုပ် သွားခဲ့ ပါတယ် ။
အဲ့ဒီနောက် ပွဲချိန် ဒုတိယ ပိုင်း 55 မိနစ် နဲ့ 85 မိနစ် တွေမှာ ရာမို့စ် နဲ့ ကာဆီမီရို တို့က ခြေပ ဂိုးတွေ ကို ပြန်လည် သွင်းယူ ခဲ့ ကြတာ ကြောင့် ရီးယဲ တို့ သရေ တစ်မှတ် ကို ရယူ နိုင််ခဲ့ကြ ပါတယ် ။ ထို့အတူ ရီးယဲ မက်ဒရစ် ဟာ အုပ်စု အဆင့် 4 နေရာ မှာ ဆက်လက် ရပ်တည် ခဲ့ရ ပါတယ် ။
ဒါ့ကြောင့် ပွဲစဉ် အပြီး သတင်းစာ ရှင်းလင်းပွဲ မှာ ရီးယဲ မက်ဒရစ် အသင်း နည်းပြ ဇီဒန်း က ပွဲချိန် ပထမပိုင်း ဟာ တစ်ကယ့် ကို စိတ်ပျက် ဖွယ်ရာ ဖြစ်ခဲ့ ရကြောင်း ၊ ဒါပေမယ့် အသင်း ဖက် က ပြန်လည် တုန့်ပြန် မှု တွေက ကျေနပ်ဖွယ် ကောင်းကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။
” ဒါဟာ ဆိုးရွား တဲ့ ရလဒ် တစ်ခု ပါပဲ ။ ဒါပေမယ့် တုန့်ပြန် မှု က ကောင်းမွန် ခဲ့ ပါတယ် ။ ပထမပိုင်း နဲ့ ပတ်သက် လို့ ကျွန်တော် မပျော် မရွှင် ဖြစ်ခဲ့ ရ ပါတယ် ။ ကျွန်တော် တို့ ပထမ ပိုင်း 45 မိနစ် အတွင်း ကစား ခဲ့တဲ့ ပုံစံ က ဒီ ပြိုင်ပွဲ မှာ တစ်ခါ မှ မ ကစား ဖူးတဲ့ ပုံစံ ဖြစ်နေ ခဲ့ ပါတယ် ”
” ဒါပေမယ့် ကျွန်တော် ကတော့ ပြန်လည် တုန့်ပြန် မှု တွေကို နှစ်သက် လှ ပါတယ် ။ ဒါပေမယ့် ပွဲစဉ် ပြီးဆုံး သွားတဲ့ အခါ မှာ တော့ ရမှတ် တစ်မှတ် သာ ရယူ နိုင် ခဲ့တဲ့ အတွက် မကျေမနပ် ဖြစ်ခဲ့ ရ ပါတယ် ။ ကျွန်တော် တို့ သုံးမှတ် အပြည် ရရှိ ခဲ့ သင့်တယ် ။ ဒါပေမယ့် အသင်း ရဲ့ ပြန်လည် တုန့်ပြန် မှုက ကောင်းမွန် ခဲ့တဲ့ အတွက် ပျော်ရွှင် ခဲ့ရ ပါတယ် ”
” ကျွန်တော် တို့ ပေးခဲ့ ရတဲ့ ဂိုးတွေကို ခင်ဗျား တို့ မြင်တွေ့ ကြမှာ ပါ ။ တစ်ကယ့် ကို ဟာသ ပါပဲ ။ ဒါဟာ ကျွန်တော် တို့ ပွဲစဉ် ကို ဆိုးရွားစွာ စတင် ခဲ့တာ ကြောင့် မဟုတ် ပါဘူး ။ ကျွန်တော် တို့ တွေဟာ ပြိုင်ဖက် က နာကျင်မှု တွေကို ပေးတဲ့ အချိန် အာရုံ မစိုက်နိုင် ခဲ့ကြ တာပါ ”
” ကျွန်တော် တို့ အနည်းငယ် ကျဆင်း သွားတဲ့ အချိန် မှာ ဒုတိယမြောက် ဂိုးကို ဆက်လက် ပေးသွား ခဲ့ရ ပါတယ် ။ အဆုံးသတ် မှာ ကျွန်တော် ဟာ ဒုတိယ ပိုင်း 45 မိနစ် အကြောင်း ပဲ စဉ်းစား ချင်ခဲ့ ပါတယ် ။ ကျွန်တော် တို့ မပျော်ရွှင် နိုင် ပါဘူး ။ ဒါပေမယ့် ကျွန်တော် တို့ တွေဟာ အပေါင်း လက္ခဏာ ဆောင်တဲ့ အရာ တွေကို ပဲ တွေးတော ကြရ ပါ့မယ် ”
” ကျွန်တော် တို့ဟာ ပွဲ အဖြေ ကို ပြောင်းလဲ ပစ်ဖို့ အချိန် 45 မိနစ် ပိုင်ဆိုင် ခဲ့ကြ ပါတယ် ။ ကျွန်တော် တို့သာ အဲ့တာ ကို မလုပ်နိုင် ခဲ့ရင် ရှုံးနိမ့် သွားမှာ ပါ ။ သူတို့ ဒါကို ပြောင်းလဲ သွားအောင် လုပ်ဆောင် နိုင်ခဲ့ ကြ ပါတယ် ။ သူတို့ တွေဟာ ပွဲစဉ် ကို အနိုင် ရယူ ချင်တယ် ဆိုတာ ကို ပြသ ခဲ့ကြ ပါတယ် ”
” ကျွန်တော် တို့ ရှေ့ဆက် ကြည့် ရတာ ပေါ့ ။ ကျွန်တော် တို့ စနေ နေ့မှာ လာလီဂါ ပွဲစဉ် ကစား ကြရ ပါ့မယ် ။ အဲ့တာ ပြီးရင် ချန်ပီယံ လိဂ် ပွဲစဉ် ကစား ကြရ ပါ့မယ် ။ ကျွန်တော် တို့ ဆိုးရွား တဲ့ အနေအထား ကို ပိုင်ဆိုင် နေကြ ပါတယ် ။ ပြောင်းလဲ မှုတွေ ကတော့ သိပ် မရှိသေး ပါဘူး ။ ကျွန်တော် တို့ ရှေ့ဆက် သွားကြ မှာပါ ” လို့ ဇီဒန်း က ပြောကြား သွားခဲ့ ပါတယ် ။
#Sports_Myanmar
Zawgyi
================
အဆိုပါ ပွဲစဉ် မှာတော့ ကလပ် ဘရုဂ် အသင်း ဖက်က ပထမ ပိုင်း အတွင်း ဦးဆောင် ဂိုး နှစ်ဂိုး ကို သွင်းယူ သွားခဲ့ ပေမယ့် ရီးယဲ မက်ဒရစ် အသင်း ဖက်မှ ဂိုးတွေ ရရှိ ဖို့ ရုန်းကန် ခဲ့ရ ပြီး ဒုတိယ ပိုင်း အစ မှာပဲ လူစား လဲမှု တွေကို ဇီဒန်း က ပြုလုပ် သွားခဲ့ ပါတယ် ။
#Sports_Myanmar