နူးကမ့်မြေမှာ ဘာစီလိုနာ အသင်းကို ဘယ်လို ရင်ဆိုင် ကစား မလဲ ဆိုတာ အသိပေး သွားတဲ့ #ကွန်တီ

ဒီ ရာသီ စီးရီးအေ မှာ 6 ပွဲ ကစား ပြီး ရာနှုန်းပြည့် နိုင်ပွဲ ရယူ ထားနိုင် ခဲ့တဲ့ အင်တာ မီလန် အသင်း ဟာ မနက်ဖြန် နံနက် မှာတော့ စပိန် ထိပ်သီး ဘာစီလိုနာ အသင်း ကို နူးကမ့် ကွင်းမှာ ရင်ဆိုင် ကစား သွား ရဖို့ ရှိနေ ပါတယ် ။

အဆိုပါ ပွဲစဉ် မတိုင်မီ ပြုလုပ် ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲ မှာ အင်တာ မီလန် အသင်း နည်းပြ အန်တိုနီယို ကွန်တီ က နူးကမ့် ကွင်းထဲ မှာ ဘာစီလိုနာ အသင်း ကို ရင်ဆိုင် ကစား ရတဲ့ အခါ ခံစစ် ပိတ်ပြီး ဘတ်စ်ကား အကွက် သုံးစွဲ သွားဖို့ မရှိ ကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

ဒါ့အပြင် ဘာစီလိုနာ အသင်း နဲ့ ရင်ဆိုင် ကစား ရတဲ့ အခါ မှာ ဘောလုံး ပိုင်ဆိုင် မှုကို ထိန်းသိမ်း ပြီး တစ်စုံ တစ်ခု ထူးခြား နိုင်အောင် လုပ်ဆောင် ပြသွား ဖို့ ယုံကြည် မှုတွေ ရှိနေ ကြောင်း ကွန်တီ က ဆက်လက် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

” ရလဒ် တွေက ကျွန်တော် တို့ ရှေ့ဆက် ဘာတွေ ဆက်တိုက် လုပ်ဆောင် ကြ မလဲ ဆိုတာ ရဲ့ အကျိုးဆက် တွေ ပါပဲ ။ ကျွန်တော် တို့ တိုက်စစ် ဆင် ကစားမယ် လို့ ပြောလိုက် ပြီ ဆိုရင် အဲ့တာ က ကျွန်တော် တို့ သတ္တိ အပြည့် နဲ့ ဘောလုံး ပိုင်ဆိုင် မှုတွေ ရယူ ကစား သွားမယ် လို့ ပြောဆို ခြင်း ပါပဲ ”

” အကယ်လို့ ကျွန်တော် တို့သာ အဲ့တာ တွေကို လုပ်ဆောင် နိုင်မယ် ဆိုရင် ရလဒ် ကောင်း တစ်ခု ကို ရယူ နိုင်ပါ လိမ့်မယ် ။ ကျွန်တော် ကတော့ မှန်ကန် တဲ့ စွမ်းဆောင်ရည် တွေကို ပြသ ရင်း ကစား ရတဲ့ ပွဲစဉ် တွေကို နှစ်သက် လှ ပါတယ် ။ ကျွန်တော် တို့ အကောင်းဆုံး ကြိုးစား ပြီး ပိုကောင်း တဲ့ အသင်း နိုင်တာ မျိုးပေါ့ ”

” ကျွန်တော် ကတော့ ဒီမြေ ကို လုံခြုံရေး ဦးထုပ် ဆောင်းပြီး ဂိုးပေါက် ကို ကာကွယ် ဖို့ အတွက် ဦးတည် ကစား သွားမှာ တော့ မဟုတ် ပါဘူး ။ ကျွန်တော် တို့ တွေဟာ နေရာ တုုိင်းမှာ တိုးတက် ကောင်းမွန် နေကြ ပြီး အမူ အကျင့် တွေဟာ လည်း ကောင်းမွန် နေခဲ့ ပါတယ် ”

” ကျွန်တော် တို့ဟာ ခက်ခဲ တဲ့ ပွဲစဉ် တစ်ပွဲ ကို ပွဲရှိန် မြှင့်ပြီး ကစား သွားရ ဖို့ ရှိနေ ပါတယ် ။ ဘယ် အချိန် မဆို ဂိုး သွင်းယူ နိုင်တဲ့ ပြိုင်ဖက် အသင်း နဲ့ ရင်ဆိုင် ကစား ရတဲ့ အခါ ဘောလုံး ပိုင်ဆိုင် မှု ဘယ်လို ရယူ ရ မလဲ ၊ ဘယ်လို လုပ်ဆောင် ရမလဲ ဆိုတာ ကျွန်တော် တို့ ကောင်းကောင်း သိရှိ ကြ ပါတယ် ”

” အခြား တစ်ဖက် မှာတော့ ကျွန်တော် တို့ဟာ အခုလို ပြိုင်ဖက် ကောင်း နဲ ရင်ဆိုင် ရ ခက်ခဲ တဲ့ ပွဲစဉ် မျိုး ကစား ပြီး မိမိ ကိုယ်ကို ဆက်လက် တိုးတက် ကောင်းမွန် နိုင်အောင် မြှင့်တင် နိုင် ကြမယ် ဆိုတာ သိရှိ နေဖို့ လည်း အရေးကြီး ပါတယ် ”

” ဒါပေမယ့် အခု လြိ ပွဲက လွယ်ကူ မှာတော့ မဟုတ် ပါဘူး ။ ဘာဖြစ် လို့လဲ ဆိုတော့ ပြိုင်ဖက် က ဘာစီလိုနာ အသင်း လေ ။ ဒါပေမယ့် ကျွန်တော် တို့ဟာ မှန်ကန် တဲ့ လမ်းကြောင်း ပေါ်မှာ ရှိနေ ကြတယ် ဆိုတာ ကို ပြသ ချင်ကြ ပါတယ် ” လို့ ကွန်တီ က ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

#Sports_Myanmar

Zawgyi

ႏူးကမ့္ေျမမွာ ဘာစီလိုနာ အသင္းကို ဘယ္လို ရင္ဆုိင္ ကစား မလဲ ဆုိတာ အသိေပး သြားတဲ့ #ကြန္တီ

===============

ဒီ ရာသီ စီးရီးေအ မွာ 6 ပြဲ ကစား ျပီး ရာႏွဳန္းျပည့္ နုိင္ပြဲ ရယူ ထားနုိင္ ခဲ့တဲ့ အင္တာ မီလန္ အသင္း ဟာ မနက္ျဖန္ နံနက္ မွာေတာ့ စပိန္ ထိပ္သီး ဘာစီလိုနာ အသင္း ကို ႏူးကမ့္ ကြင္းမွာ ရင္ဆုိင္ ကစား သြား ရဖုိ့ ရွိေန ပါတယ္ ။

အဆုိပါ ပြဲစဥ္ မတုိင္မီ ျပဳလုပ္ ခဲ့တဲ့ သတင္းစာ ရွင္းလင္းပြဲ မွာ အင္တာ မီလန္ အသင္း နည္းျပ အန္တိုနီယုိ ကြန္တီ က ႏူးကမ့္ ကြင္းထဲ မွာ ဘာစီလိုနာ အသင္း ကို ရင္ဆုိင္ ကစား ရတဲ့ အခါ ခံစစ္ ပိတ္ျပီး ဘတ္စ္ကား အကြက္ သံုးစြဲ သြားဖုိ့ မရွိ ေၾကာင္း ထုတ္ေဖာ္ ေျပာၾကား သြားခဲ့ လိုက္ ပါတယ္ ။

ဒါ့အျပင္ ဘာစီလိုနာ အသင္း နဲ့ ရင္ဆုိင္ ကစား ရတဲ့ အခါ မွာ ေဘာလံုး ပိုင္ဆုိင္ မွဳကို ထိန္းသိမ္း ျပီး တစ္စံု တစ္ခု ထူးျခား နုိင္ေအာင္ လုပ္ေဆာင္ ျပသြား ဖုိ႔ ယံုၾကည္ မွဳေတြ ရွိေန ေၾကာင္း ကြန္တီ က ဆက္လက္ ေျပာၾကား သြားခဲ့ လိုက္ ပါတယ္ ။

” ရလဒ္ ေတြက က်ြန္ေတာ္ တုိ့ ေရွ့ဆက္ ဘာေတြ ဆက္တုိက္ လုပ္ေဆာင္ ၾက မလဲ ဆုိတာ ရဲ့ အက်ိဳးဆက္ ေတြ ပါပဲ ။ က်ြန္ေတာ္ တုိ႔ တိုက္စစ္ ဆင္ ကစားမယ္ လို႔ ေျပာလိုက္ ျပီ ဆုိရင္ အဲ့တာ က က်ြန္ေတာ္ တုိ့ သတၲိ အျပည့္ နဲ့ ေဘာလံုး ပိုင္ဆုိင္ မွဳေတြ ရယူ ကစား သြားမယ္ လို့ ေျပာဆုိ ျခင္း ပါပဲ ”

” အကယ္လို့ က်ြန္ေတာ္ တုိ့သာ အဲ့တာ ေတြကို လုပ္ေဆာင္ နုိင္မယ္ ဆုိရင္ ရလဒ္ ေကာင္း တစ္ခု ကို ရယူ နုိင္ပါ လိမ့္မယ္ ။ က်ြန္ေတာ္ ကေတာ့ မွန္ကန္ တဲ့ စြမ္းေဆာင္ရည္ ေတြကို ျပသ ရင္း ကစား ရတဲ့ ပြဲစဥ္ ေတြကုိ ႏွစ္သက္ လွ ပါတယ္ ။ က်ြန္ေတာ္ တုိ႔ အေကာင္းဆံုး ၾကိဳးစား ျပီး ပိုေကာင္း တဲ့ အသင္း နုိင္တာ မ်ိဳးေပါ့ ”

” က်ြန္ေတာ္ ကေတာ့ ဒီေျမ ကို လံုျခံဳေရး ဦးထုပ္ ေဆာင္းျပီး ဂိုးေပါက္ ကို ကာကြယ္ ဖုိ႔ အတြက္ ဦးတည္ ကစား သြားမွာ ေတာ့ မဟုတ္ ပါဘူး ။ က်ြန္ေတာ္ တုိ့ ေတြဟာ ေနရာ တုုိင္းမွာ တုိးတက္ ေကာင္းမြန္ ေနၾက ျပီး အမူ အက်င့္ ေတြဟာ လည္း ေကာင္းမြန္ ေနခဲ့ ပါတယ္ ”

” က်ြန္ေတာ္ တုိ႔ဟာ ခက္ခဲ တဲ့ ပြဲစဥ္ တစ္ပြဲ ကို ပြဲရွိန္ ျမွင့္ျပီး ကစား သြားရ ဖုိ႔ ရွိေန ပါတယ္ ။ ဘယ္ အခ်ိန္ မဆုိ ဂိုး သြင္းယူ နုိင္တဲ့ ျပိဳင္ဖက္ အသင္း နဲ့ ရင္ဆုိင္ ကစား ရတဲ့ အခါ ေဘာလံုး ပိုင္ဆိုင္ မွဳ ဘယ္လို ရယူ ရ မလဲ ၊ ဘယ္လို လုပ္ေဆာင္ ရမလဲ ဆုိတာ က်ြန္ေတာ္ တုိ့ ေကာင္းေကာင္း သိရွိ ၾက ပါတယ္ ”

” အျခား တစ္ဖက္ မွာေတာ့ က်ြန္ေတာ္ တုိ့ဟာ အခုလို ျပိဳင္ဖက္ ေကာင္း နဲ ရင္ဆိုင္ ရ ခက္ခဲ တဲ့ ပြဲစဥ္ မ်ိဳး ကစား ျပီး မိမိ ကိုယ္ကို ဆက္လက္ တုိးတက္ ေကာင္းမြန္ နုိင္ေအာင္ ျမွင့္တင္ နိုင္ ၾကမယ္ ဆုိတာ သိရွိ ေနဖုိ႔ လည္း အေရးၾကီး ပါတယ္ ”

” ဒါေပမယ့္ အခု လိျ ပြဲက လြယ္ကူ မွာေတာ့ မဟုတ္ ပါဘူး ။ ဘာျဖစ္ လို့လဲ ဆုိေတာ့ ျပိဳင္ဖက္ က ဘာစီလိုနာ အသင္း ေလ ။ ဒါေပမယ့္ က်ြန္ေတာ္ တုိ႔ဟာ မွန္ကန္ တဲ့ လမ္းေၾကာင္း ေပၚမွာ ရွိေန ၾကတယ္ ဆုိတာ ကို ျပသ ခ်င္ၾက ပါတယ္ ” လို့ ကြန္တီ က ထုတ္ေဖာ္ ေျပာၾကား သြားခဲ့ လိုက္ ပါတယ္ ။

#Sports_Myanmar