အင်တာမီလန် ဂန္ထ၀င်ကြီး ဇနက်တီ ရင်ဆိုင်ခဲ့ဖူးသမျှထဲက အကောင်းဆုံး ၃ ဦး က ဘယ်သူတွေလဲ?

အာဂျင်တီးနား ဂန္ထ၀င် နောက်ခံလူ ဂျာဗီယာ ဇနက်တီ ဟာ ဘောလုံး ကမ္ဘာ ရဲ့ သစ္စာ အရှိဆုံး ကစား သမား တွေထဲ က တစ်ဦး အဖြစ် သတ်မှတ် ခံ ခဲ့ရပြီး အင်တာမီလန် ဂျာစီ ကို ၁၉ နှစ် ကြာ ၀တ်ဆင် သွားခဲ့ ပါတယ် ။ လက်ရှိ အချိန် မှာ လည်း ကလပ် ရဲ့ ဒု ဥက္ကဌ အဖြစ် နဲ့ စီမံခန့်ခွဲ နေသူ ဖြစ် ပါတယ် ။ အင်တာ နဲ့ အတူ ပြည်တွင်း ရော ဥရောပ အောင်မြင်မှု များစွာ ကို လည်း ရယူ စိုက်ထူ ထားနိုင် ခဲ့သူ တစ်ဦး လည်း ဖြစ် ပါတယ်

ကြော်ငြာ (ဒေါ်လာ ၁၀၀ အကောင့်ဖွင့်ရင်--Bonus ဒေါ်လာ ၁၀၀ ထပ်ရမည်!!! ပုံကို နိုပ်ပြီး အကာင့်ဖွင့်လိုက်ပါ )

ဇနက်တီ ဟာ ရှည်လျား လှတဲ့ သူ့ရဲ့ ကစား သမား ဘ၀ တစ်လျောက် အကောင်းဆုံး သော တိုက်စစ် ကစား သမားတွေ နဲ့ ရင်ဆိုင် ခဲ့ ရဖူး ပါတယ် ။ ရိုနယ်ဒို နာဇာရီယို ( ဘရာဇီး ) ၊ လီယွန်နယ် မက်ဆီ ၊ ခရစ္စတီယာနို ရိုနယ်ဒို စတဲ့ ကမ္ဘာ့ အကောင်းဆုံး တိုက်စစ်မှုးတွေ နဲ့ ဇနက်တီ ရင်ဆိုင် ခဲ့ရဖူး သလို အီတလီ ရဲ့ ရွှေခေတ် တစ်လျောက် မှာလည်း ကောင်းလွန်းလှတဲ့ တိုက်စစ် သမားများစွာ ကို ရင်ဆိုင် ခဲ့ရဖူး ပါတယ် ။

ဒါပေမယ့် ဇနက်တီ ပြောပြ တဲ့ သူ ရင်ဆိုင် ဖူးသမျှ အခက်ခဲ ဆုံး ကစား သမား ၃ ဦး စာရင်း မှာတော့ အပေါ် က GOAT ကစား သမား ၃ ဦး စလုံး ပါဝင် မလာခဲ့ ပါဘူး ။ ဇနက်တီ ကတော့ သူ ကိုယ်တိုင် ကြုံတွေ့ ခဲ့ရ တဲ့ ခံစားချက် အပေါ် ကို အခြေခံ ပြီး ပြောပြသွားခဲ့တာ ဖြစ်လို့ အခြားသူတွေ ရဲ့ အမြင် နဲ့ တော့ ကွဲပြားနေမှာ သေချာ ပါတယ် ။

ဇနက်တီ စတင် ရွေးချယ်ခဲ့တဲ့ သူ ကတော့ ဇီနဒင် ဇီဒန်း ပဲဖြစ် ပါတယ် ။ ဇနက်တီ ဟာ ဇီဒန်း ယူဗင်တပ်စ် မှာ ကစား ခဲ့တဲ့ ၁၉၉၆ ကနေ ၂၀၀၁ အတွင်း မှာ ပြင်သစ် ကွင်းလယ်လူ နဲ့ အကြိမ် များစွာ ဆုံတွေ့ ရင်ဆိုင် ခဲ့ဖူး ပါတယ် ။

“ကျွန်တော် သူနဲ့ ရင်ဆိုင် ဖို့ ကံတရား ပါလာခဲ့ ပါတယ် ။ ဒါကြောင့် သူ့ကို လိုက်ကပ် ကစား ရတာ ဘယ်လောက် အထိ ခက်ခဲ သလဲ ဆိုတာ ကို ကျွန်တော် ကောင်းကောင်း သဘော ပေါက်ခဲ့ ပါတယ်” လို့ အင်တာ ဂန္ထ၀င်ကြီး က ဆိုသွား ခဲ့ ပါတယ် ။

ဒုတိယ လူ က တော့ ဘရာဇီး နဲ့ အေစီမီလန် ဂန္ထ၀င် ရီကာဒို ကာကာ ပဲ ဖြစ် ပါတယ် ။ ကာကာ ဟာ ၂၀၀၇ ခုနှစ် က ကမ္ဘာ့ အကောင်းဆုံး ဘောလုံး သမား ဆု နဲ့ ရွှေဘောလုံး ဆုတွေ ကို ဆွတ်ခူး ရရှိ ခဲ့ပြီး အေစီမီလန် နဲ့ အတူ အောင်မြင်မှု များစွာ ရယူ နိုင် ခဲ့ ပါတယ် ။

“ကာကာ ဟာ တကယ့် ချန်ပီယံ တစ်ယောက် ပါ ။ မီလန် ဒါဘီ ပွဲတွေ မှာ သူဟာ ကျွန်တော့ ကို အများကြီး အခက် တွေ့ စေခဲ့ ပါတယ် ။ သူ့ရဲ့ အကောင်းဆုံး အချိန် မှာ ဆိုရင် ရပ်တန်ု့ ဖို့ အရမ်း ကို ခက်ခဲ ခဲ့ ပါတယ် ။ သူ့ ကို ဘယ်လောက် အထိ သဘောကျ သလဲ ဆိုရင် အင်တာ မှာ လာကစားဖို့ စိတ်ကူး ကြည့်မိ ဖူးတဲ့ အထိ ပါပဲ” လို့ ဇနက်တီ က ပြန်ပြောင်း ပြောပြ သွားခဲ့ ပါတယ် ။

ဇနက်တီ ရင်ဆိုင် ကစားခဲ့ ဖူး သမျှ ထဲ က အခက်ခဲ ဆုံးလို့ သတ်မှတ် ထားတဲ့ နောက်ဆုံး တစ်ဦး ကတော့ မန်ချက် စတာ ယူနိုက်တက် ဂန္ထ၀င် တောင်ပံ ကစား သမားကြီး ရိုင်ယန်ဂစ် ပဲ ဖြစ် ပါတယ် ။ ဂစ် ဟာ ကစား သမား ဘ၀ တစ်လျောက်လုံး ယူနိုက်တက် မှာ နေထိုင် ခဲ့ပြီး အင်တာမီလန် နဲ့ ချန်ပီယံ လိဂ် မှာ ဆုံခဲ့ဖူး ပါတယ် ။ ဒါပေမယ့် ဇနက်တီ ကတော့ ဝေးလ် တောင်ပံ ကစားသမားကြီး ကို ဘယ်တော့မှ မမေ့နိုင်ခဲ့ ပါဘူး ။

ရိုင်ယန်ဂစ် ဟာလည်း ဇနက်တီ အပေါ် လေးစားမှု အပြည့် ရှိခဲ့ပြီး သူ ရင်ဆိုင် ဖြတ်ကျော် ခဲ့ဖူး သမျှ နောက်ခံလူ တွေ ထဲ မှာ အခက်ခဲ ဆုံး တစ်ဦး အဖြစ် သတ်မှတ် ခဲ့ ကြောင်း ပြောဆို ခဲ့ ဖူး ပါတယ် ။

“၁၉၉၉ မှာ ကျွန်တော် သူနဲ့ စတွေ့ ခဲ့ တာပါ ။ ချန်ပီယံ လိဂ် ကွာတား ဖိုင်နယ် မှာပေါ့ ။ ကျွန်တော် က ဘယ်တောင်ပံ ၊ သူက ညာနောက်ခံလူ ဆိုတော့ ထိပ်တိုက်ကို တွေ့ ကြတာပါပဲ ။ သူ့ရဲ့ လျှင်မြန်မှု ၊ ပါးနပ်မှု ၊ ၊ သန်မာမှု နဲ့ ခံစစ် အရည်အသွေးတွေ က ကျွန်တော့ ကို သဘောကျ စေခဲ့ ပါတယ်” လို့ ဂစ် က အင်တာဗျုး တစ်ခု မှာ ထုတ်ဖော် ပြောဆို သွားခဲ့ ဖူး ပါတယ် ။

SPORTS MYANMAR