အင်တာမီလန် ရောက် လူကာကူ အတွက် အကောင်းဆုံး အကြံပြုလိုက်တဲ့ အီတူး

Unicode

အင်တာ မီလန် အသင်း ရဲ့ တိုက်စစ်မှုး ဟောင်း ဆင်မြူရယ် အီတူး က လက်ရှိ အင်တာ မီလန် အသင်း မှာ ပြိုင်ဘက် ပရိသတ် တွေ ရဲ့ အသား အရောင် ခွဲခြား လှောင်ပြောင်မှု ကို ခံ နေရတဲ့ တိုက်စစ် မှုး ရိုမီရို လူကာကူ အတွက် အကြံပေး မှု ပြုလုပ် လိုက်ပြီး ဒီလို အော်ဟစ် လှောင်ပြောင် မှု တွေ အတွက် အကောင်းဆုံး သော အဖြေဟာ ကွင်းထဲ ကနေ ထွက်ခွာ ခြင်း သာ ဖြစ်တယ် လို့ ပြောဆို သွားခဲ့ ပါတယ် ။

အီတူး ဟာ အီတလီ စီးရီးအေ မှာ ကစား ခဲ့စဉ် က အသား အရောင် ခွဲခြား လှောင်ပြောင်မှု တွေကို မကြာ ခဏ ခံ ခဲ့ရ ဖူးပြီး ကွင်းထဲ ကနေ ထွက်ခွာ ကာ ဆန္ဒ ပြရ သည် အထိ ပြင်းထန် ခဲ့ ပါတယ် ။ လူကာကူ ဟာ အင်တာ မီလန် အသင်း ကို ယခု ရာသီ အစ မှာ မန်ချက်စတာ ယူနိုက်တက် အသင်း ကနေ ပြောင်းရွှေ့ ရောက်ရှိ လာခဲ့သူ ဖြစ်ပြီး အီတလီ ပရိသတ်တွေ ရဲ့ အသား အရောင် ခွဲခြား ဆက်ဆံ မှု ကို မကြာ ခဏ ဆိုသလို ရင်ဆိုင် နေရသူ ဖြစ် လာခဲ့ ပါတယ် ။

အီတူး ကတော့ လူကာကူ ဟာ အင်တာ မီလန် အသင်း အတွက် ကောင်းမွန် တဲ့ ကစား သမား ဖြစ်ကြောင်း နဲ့ လူကာကူ ကို နှစ်သက် သဘော ကျမိ ကြောင်း ကို အင်တာဗျုးမှာ ထုတ်ဖော် ပြောဆို သွားခဲ့ ပြီး အသား အရောင် ခွဲခြား ဆက်ဆံ လှောင်ပြောင် မှု တွေကို တုန့်ပြန် ဖို့ တိုက်တွန်း အကြံပြု သွားခဲ့ ပါတယ် ။

 

“ကျွန်တော် လူကာကူ ကို ကြိုက် ပါတယ် ။ ဘောလုံး သမား ၂ မျိုး ရှိ ပါတယ် ။ ကိုယ့်ကို ကိုယ် စတား လို့ ထင်နေ တဲ့ သူ နဲ့ ကိုယ့် ကို ကိုယ် သာမာန် လို့ပဲ ခံယူ ထားတဲ့ ကစား သမားတွေ ပါ ။ ရိုမီရို က ဒုတိယ အုပ်စု ထဲ မှာ ရှိ ပါတယ် ။ သူ့ဆီ က သွင်းဂိုးတွေ ကို လည်း ခင်ဗျား တို့ မြင်တွေ့ ရမှာပါ”

“အဲဗာတန် မှာ သူ နဲ့ ခဏ လောက် ဆုံခဲ့ ဖူး ပါတယ် ။ အဲ့တုန်းက သူ က ငယ်ပါသေး တယ် ။ ဒါပေမယ့် အရည် အသွေး တွေ အများကြီး ပိုင်ဆိုင် ထားပြီး တွေးခေါ် စဉ်းစားမှု လည်း မြင့်မား ပါတယ် ။ အင်္ဂလန် မှာ ကတည်း က အသား အရောင် ကိစ္စ နဲ့ ပတ်သက် ပြီး ကျွန်တော့ ကို သူမေး ခဲ့ဖူး တာတွေ ရှိ ပါတယ်”

“ကျွန်တော့ အတွက် ကတော့ ဒီလို ဆက်ဆံ ခံရတိုင်း မှာ ကွင်းထဲ ကနေ ထွက်သွား တာ ဟာ အမှန် ကန်ဆုံး အဖြေ ဖြစ် မယ် လို့ ထင် ပါတယ် ။ ဘောလုံး ဟာ စီးပွားရေး ကို တကယ် ကောင်းစေ ပါတယ် ၊ ဒါပေမယ့် ပြန်စဉ်းစား ကြည့် လိုက် ပါ ၊ ဒီလို အများဆုံး လုပ်ပေး ခဲ့တာ တွေ က လူမည်း ကစား သမားတွေ ပါပဲ ။ တကယ်လို့ လူမည်း ကစား သမားတွေ သာ လူဖြူ အသင်း ဖော်တွေ နဲ့ စိတ်ချင်း ညီကြပြီး ကွင်း ထဲက နေ တစ်ပြိုင်တည်း ထွက်ခွာ ကြမယ် ဆိုရင် ဒါတွေ ဟာ တဖြည်းဖြည်း လျော့ကျ လာမှာပါ” လို့ အီတူး က ပြောဆို သွားခဲ့ ပါတယ် ။

အသား အရောင် ခွဲခြား ဆက်ဆံမှု ကို ဥရောပ မှာ ပြင်းပြင်း ထန်ထန် ရှုံ့ချ ကန့်ကွက် နေ ပေမယ့် အီတလီ ၊ ရုရှ လိဂ် တွေ အပါ အဝင် နိုင်ငံ အချို့မှာ ထိန်းချုပ် လို့ မရ တဲ့ အနေ အထား မှာ ရှိနေဆဲ ဖြစ် ပါတယ် ။ ရုရှ ကလပ် အချို့မှာ လူမည်း ကစား သမား တွေကို မခေါ်ယူ ဖို့ ပရိသတ်တွေ က အပြင်းအထန် တောင်းဆို ထားပြီး လူမည်း မရှိခြင်း ဟာ ကလပ် ရဲ့ ရိုးရာ အစဉ်အလာ တစ်ခု အဖြစ် အထိပင် ယူဆ လက်ခံ ထား ကြပါတယ် ။

အင်တာ မီလန် အသင်းရဲ့ အကြီးဆုံး ပရိသတ် အဖွဲ့ ကိုယ်တိုင် က လည်း လူကာကူ ဘက်မှာ ရှိမနေ ခဲ့ဘဲ ဒီလိုမျိုး ပြိုင်ဘက် ကစား သမား ကို အာရုံ ပျက်အောင် လုပ်ဆောင် တာ ဟာ အီတလီ ပြိုင်ပွဲ တွေရဲ့ ဓလေ့ ထုံးစံ ဖြစ်ပြီး အသား အရောင်ခွဲခြား လိုစိတ်ရှိမယ် လို့ မယူဆ ကြောင်း ပြိုင်ဘက် ပရိသတ်တွေ ဘက်ကနေ ကာကွယ် ပြောဆို ခဲ့ဖူး ပါတယ် ။

လူကာကူ ကတော့ အင်တာ ရဲ့ ပွဲထွက် ကစား သမား အဖြစ် နဲ့ ယခု ရာသီ မှာ စီးရီးအေ ၆ ပွဲ ကစားပြီး ၃ ဂိုး သွင်းယူ ပေးထားနိုင် ခဲ့ ပါတယ် ။

SPORTS MYANMAR

Zawgyi

အင္တာမီလန္ ေရာက္ လူကာကူ အတြက္ အေကာင္းဆံုး အႀကံျပဳလုိက္တဲ့ အီတူး

========================================

အင္တာ မီလန္ အသင္း ရဲ႕ တိုက္စစ္မႈး ေဟာင္း ဆင္ျမဴရယ္ အီတူး က လက္ရွိ အင္တာ မီလန္ အသင္း မွာ ၿပဳိင္ဘက္ ပရိသတ္ ေတြ ရဲ႕ အသား အေရာင္ ခြဲျခား ေလွာင္ေျပာင္မႈ ကို ခံ ေနရတဲ့ တုိက္စစ္ မႈး ရိုမီရို လူကာကူ အတြက္ အႀကံေပး မႈ ျပဳလုပ္ လုိက္ၿပီး ဒီလို ေအာ္ဟစ္ ေလွာင္ေျပာင္ မႈ ေတြ အတြက္ အေကာင္းဆံုး ေသာ အေျဖဟာ ကြင္းထဲ ကေန ထြက္ခြာ ျခင္း သာ ျဖစ္တယ္ လို႔ ေျပာဆို သြားခဲ့ ပါတယ္ ။

အီတူး ဟာ အီတလီ စီးရီးေအ မွာ ကစား ခဲ့စဥ္ က အသား အေရာင္ ခြဲျခား ေလွာင္ေျပာင္မႈ ေတြကို မၾကာ ခဏ ခံ ခဲ့ရ ဖူးၿပီး ကြင္းထဲ ကေန ထြက္ခြာ ကာ ဆႏၵ ျပရ သည္ အထိ ျပင္းထန္ ခဲ့ ပါတယ္ ။ လူကာကူ ဟာ အင္တာ မီလန္ အသင္း ကို ယခု ရာသီ အစ မွာ မန္ခ်က္စတာ ယူႏုိက္တက္ အသင္း ကေန ေျပာင္းေရႊ႕ ေရာက္ရွိ လာခဲ့သူ ျဖစ္ၿပီး အီတလီ ပရိသတ္ေတြ ရဲ႕ အသား အေရာင္ ခြဲျခား ဆက္ဆံ မႈ ကို မၾကာ ခဏ ဆုိသလို ရင္ဆုိင္ ေနရသူ ျဖစ္ လာခဲ့ ပါတယ္ ။

အီတူး ကေတာ့ လူကာကူ ဟာ အင္တာ မီလန္ အသင္း အတြက္ ေကာင္းမြန္ တဲ့ ကစား သမား ျဖစ္ေၾကာင္း နဲ႔ လူကာကူ ကို ႏွစ္သက္ သေဘာ က်မိ ေၾကာင္း ကို အင္တာဗ်ဳးမွာ ထုတ္ေဖာ္ ေျပာဆို သြားခဲ့ ၿပီး အသား အေရာင္ ခြဲျခား ဆက္ဆံ ေလွာင္ေျပာင္ မႈ ေတြကို တုန္႔ျပန္ ဖို႔ တိုက္တြန္း အႀကံျပဳ သြားခဲ့ ပါတယ္ ။

“ကြ်န္ေတာ္ လူကာကူ ကို ႀကဳိက္ ပါတယ္ ။ ေဘာလံုး သမား ၂ မ်ဳိး ရွိ ပါတယ္ ။ ကိုယ့္ကို ကိုယ္ စတား လို႔ ထင္ေန တဲ့ သူ နဲ႔ ကိုယ့္ ကို ကိုယ္ သာမာန္ လို႔ပဲ ခံယူ ထားတဲ့ ကစား သမားေတြ ပါ ။ ရိုမီရို က ဒုတိယ အုပ္စု ထဲ မွာ ရွိ ပါတယ္ ။ သူ႔ဆီ က သြင္းဂိုးေတြ ကို လည္း ခင္ဗ်ား တို႔ ျမင္ေတြ႕ ရမွာပါ”

“အဲဗာတန္ မွာ သူ နဲ႔ ခဏ ေလာက္ ဆံုခဲ့ ဖူး ပါတယ္ ။ အဲ့တုန္းက သူ က ငယ္ပါေသး တယ္ ။ ဒါေပမယ့္ အရည္ အေသြး ေတြ အမ်ားႀကီး ပုိင္ဆိုင္ ထားၿပီး ေတြးေခၚ စဥ္းစားမႈ လည္း ျမင့္မား ပါတယ္ ။ အဂၤလန္ မွာ ကတည္း က အသား အေရာင္ ကိစၥ နဲ႔ ပတ္သက္ ၿပီး ကြ်န္ေတာ့ ကို သူေမး ခဲ့ဖူး တာေတြ ရွိ ပါတယ္”

“ကြ်န္ေတာ့ အတြက္ ကေတာ့ ဒီလို ဆက္ဆံ ခံရတိုင္း မွာ ကြင္းထဲ ကေန ထြက္သြား တာ ဟာ အမွန္ ကန္ဆံုး အေျဖ ျဖစ္ မယ္ လို႔ ထင္ ပါတယ္ ။ ေဘာလံုး ဟာ စီးပြားေရး ကို တကယ္ ေကာင္းေစ ပါတယ္ ၊ ဒါေပမယ့္ ျပန္စဥ္းစား ၾကည့္ လုိက္ ပါ ၊ ဒီလို အမ်ားဆံုး လုပ္ေပး ခဲ့တာ ေတြ က လူမည္း ကစား သမားေတြ ပါပဲ ။ တကယ္လိ႔ု လူမည္း ကစား သမားေတြ သာ လူျဖဴ အသင္း ေဖာ္ေတြ နဲ႔ စိတ္ခ်င္း ညီၾကၿပီး ကြင္း ထဲက ေန တစ္ၿပဳိင္တည္း ထြက္ခြာ ၾကမယ္ ဆိုရင္ ဒါေတြ ဟာ တျဖည္းျဖည္း ေလ်ာ့က် လာမွာပါ” လို႔ အီတူး က ေျပာဆို သြားခဲ့ ပါတယ္ ။

အသား အေရာင္ ခြဲျခား ဆက္ဆံမႈ ကို ဥေရာပ မွာ ျပင္းျပင္း ထန္ထန္ ရွဳံ႕ခ် ကန္႔ကြက္ ေန ေပမယ့္ အီတလီ ၊ ရုရွ လိဂ္ ေတြ အပါ အ၀င္ ႏုိင္ငံ အခ်ဳိ႕မွာ ထိန္းခ်ဳပ္ လို႔ မရ တဲ့ အေန အထား မွာ ရွိေနဆဲ ျဖစ္ ပါတယ္ ။ ရုရွ ကလပ္ အခ်ဳိ႕မွာ လူမည္း ကစား သမား ေတြကို မေခၚယူ ဖုိ႔ ပရိသတ္ေတြ က အျပင္းအထန္ ေတာင္းဆို ထားၿပီး လူမည္း မရွိျခင္း ဟာ ကလပ္ ရဲ႕ ရိုးရာ အစဥ္အလာ တစ္ခု အျဖစ္ အထိပင္ ယူဆ လက္ခံ ထား ၾကပါတယ္ ။

အင္တာ မီလန္ အသင္းရဲ႕ အႀကီးဆံုး ပရိသတ္ အဖြဲ႕ ကိုယ္တုိင္ က လည္း လူကာကူ ဘက္မွာ ရွိမေန ခဲ့ဘဲ ဒီလိုမ်ဳိး ၿပဳိင္ဘက္ ကစား သမား ကို အာရံု ပ်က္ေအာင္ လုပ္ေဆာင္ တာ ဟာ အီတလီ ၿပဳိင္ပြဲ ေတြရဲ႕ ဓေလ့ ထံုးစံ ျဖစ္ၿပီး အသား အေရာင္ခြဲျခား လုိစိတ္ရွိမယ္ လို႔ မယူဆ ေၾကာင္း ၿပဳိင္ဘက္ ပရိသတ္ေတြ ဘက္ကေန ကာကြယ္ ေျပာဆို ခဲ့ဖူး ပါတယ္ ။

လူကာကူ ကေတာ့ အင္တာ ရဲ႕ ပြဲထြက္ ကစား သမား အျဖစ္ နဲ႔ ယခု ရာသီ မွာ စီးရီးေအ ၆ ပြဲ ကစားၿပီး ၃ ဂိုး သြင္းယူ ေပးထားႏုိင္ ခဲ့ ပါတယ္ ။

SPORTS MYANMAR