တော့တင်ဟမ် ဟော့စပါး ရဲ့ တိုက်စစ် အရန် ပြဿနာ ကို ပိုချက်တီနို ဘယ်လို ဖြေရှင်းမလဲ

စပိန် ၊ အီတလီ နဲ့ ဂျာမဏီ က ဘောလုံး ကွင်းတွေ မှာ တိတ်ဆိတ် နေပေမယ့် အင်္ဂလန် မှာတော့ အပြောင်း အရွှေ့ တွေ ပြီးဆုံးလို့ ဘောလုံး ရာသီသစ် ကို စတင် နေပါပြီ ။ စပါး အသင်း ကတော့ အဖွင့် ပွဲမှာ တန်းတက် ဗီလာ ကို နောက်ကနေ လိုက် ကစားပြီး အနိုင် ယူခဲ့ ပါတယ် ။ စပါး ဟာ နွေရာသီ အပြောင်း အရွှေ့ မှာ ပစ်မှတ် အတော်များများ ကို အရ ခေါ်ယူ နိုင်ခဲ့ ပါတယ် ။

ဗင်းဆင့် ယန်ဆန် ၊ လော်ရန်တေး ၊ ထရစ်ပီယာ ၊ မစ်ချယ်ဗွန်း တို့ ထွက်ခွာ သွားခဲ့ပြီး အန် ဒွန်ဘီလီ ၊ လိုဆယ်ဆို ၊ ဂျက် ကလက် ၊ ရိုင်ယန် ဆက်ဆဂ်နွန် တို့ကို အရ ခေါ်ယူ နိုင်ခဲ့ တာဟာ အားရ စရာပါပဲ ။ ဒါကြောင့် ပေါ်လို ဒိုင်ဘားလား ကို မရ လိုက်ပေမယ့် လည်း စပါး ပရိသတ် တွေက တော့ အသင်းရဲ့ အပြောင်း အရွှေ့ လှုပ်ရှားခဲ့ ပုံတွေ ကို သဘောကျ နှစ်သက် ခဲ့မှာ သေချာ ပါတယ် ။

စပါး ဟာ မနှစ် က ချန်ပီယံလိဂ် ဖိုင်နယ် ကို ရောက်ခဲ့တဲ့ အသင်း ပီပီ တောင့်တင်း တဲ့ အစုအဖွဲ့ ကို ပိုင်ဆိုင် ထားပါတယ် ။ နွေရာသီ မှာ အန်ဒွန်ဘီလီ ၊ လိုဆယ်ဆို နဲ့ ဆက်ဆဂ်နွန် တို့ကို ခေါ်ယူ ခဲ့သလို အယ်ဒါ ၀ီရယ် ကို လည်း ဆက်ထိန်းထား နိုင် ခဲ့တာ ကြောင့် ခံစစ် နဲ့ ကွင်းလယ် ပိုင်းမှာ တောင့်တင်း သွားပြီလို့ ဆိုနိုင် ပါတယ် ။

ဒါပေမယ့် စပါး အနေနဲ့ အင်အား ဖြည့်တင်းဖို့ ကျန်ရစ် ခဲ့တဲ့ နေရာ တစ်ခု ရှိနေ ခဲ့ ပါတယ် ။ အဲ့ဒါ ကတော့ အဓိက တိုက်စစ်မှုး နေရာ အတွက် အရန် အင်အား ပါပဲ ။ စပါး အသင်း ရဲ့ ကစားကွက် မှာ ဟယ်ရီ ကိန်း ဟာ တစ်ဦးတည်းသော အထောင်တိုက်စစ်မှုး အဖြစ် ရှိနေ ပါတယ် ။ လော်ရန်တေး ၊ ယန်ဆင် တို့ မရှိတော့တဲ့ နောက်မှာ ဒီနေရာ တွေ အတွက် အရန် အင်အား လိုအပ် လာခဲ့ ပါတယ် ။

လက်ရှိ အသင်းမှာ တိုက်စစ် အားကောင်း တဲ့ ကစား သမားတွေ ရှိနေပြီး အထောင် တိုက်စစ်မှုး မပါတဲ့ ၄-၄-၂ ပုံစံ မျိုး နဲ့ ကစားလို့ လည်း ရပါတယ် ။ ဒါပေမယ့် မနှစ် က ချန်ပီယံ လိဂ် မှာ လော်ရန်တေး ကို ထည့်ပြီး မန်စီးတီး ဘက် ကို အရေးပါတဲ့ ဂိုး သွင်းယူနိုင် ခဲ့တယ် ဆိုတာ ကိုလည်း မေ့ထားလို့ မရ ပါဘူး ။ ပရီးမီးယားလိဂ် ဟာ မာရသွန်လို အကြာကြီး ယှဉ်ပြိုင် ရတာဖြစ်လို့ အရန် အင်အား တောင့်တင်းမှု ဟာ ဆုဖလား မျှော်လင့်ချက် တွေ အတွက် အလွန် အရေးပါလှ ပါတယ် ။

လက်ရှိ စပါး အသင်း မှာ တော့ ဟယ်ရီကိန်း နာသွားခဲ့ရင် ၊ ကိန်း ကို လူစားလဲ ဖြစ်ခဲ့ရင် အစားထိုးမယ့် No.9 စစ်စစ် ဆိုတာ မရှိတော့ ပါဘူး ။ ဒါကြောင့် ကျန်တဲ့ သူတွေ ထဲ က နေ ပိုချက်တီနို ရွေးချယ် ရတော့ မှာပါ ။ ဆွန် ယောင်မင် ၊ လူးကပ် မော်ရာ ၊ ဒယ်လီ အလီ တို့ ဟာ တိုက်စစ် ပိုင်းမှာ ဂိုးသွင်း နိုင်တဲ့သူတွေ ဖြစ်ကြ ပေမယ့် အထောင်တိုက်စစ်မှုး နေရာအတွက်တော့ အားနည်းချက်တွေ ရှိနေကြ ပါတယ် ။

ဒီ ၃ ဦး ထဲ ကနေ တစ်ဦး ကို မဖြစ်မနေ ရွေးရမယ် ဆိုရင်တော့ ဒယ်လီ အလီ ကို ပဲ ရွေးချယ် ရမှာပါ ။ အင်္ဂလန် သား ဟာ ဘရာဇီး နဲ့ ကိုရီးယား သားတွေ ထက် တိုက်စစ်မှုး တစ်ဦးရဲ့ အရည် အသွေးတွေ ပိုင်ဆိုင် ထား ပါတယ် ။ အလီ ဟာ ခေါင်းတိုက် နိုင်သလို ကန်ချက် နဲ့ တိုးအား လည်း ကောင်း ပါတယ် ။ အမြင့်ဘော ကစားတတ် တဲ့ စပါး ရဲ့ ကစားကွက် မှာ အလီ ရဲ့ ခေါင်းတိုက် ဂိုးတွေ ကြောင့် အနိုင်ရခဲ့တဲ့ ပွဲတွေ ရှိခဲ့ ဖူး ပါတယ် ။

စပါး ရဲ့ ကွင်းလယ် မှာ ဆစ်ဆိုခို ၊ ဟယ်ရီ ၀င့် ၊ လာမယ်လာ ၊ အဲရစ်ဆင် ၊ ဒိုင်ယာ ၊ ၀မ်ယာမာ တို့ နဲ့ စုံလင် နေသလို အသစ် ရောက်လာတဲ့ အန်ဒွန်ဘီလီ နဲ့ လိုဆယ်ဆို တို့ ကလည်း ကွင်းလယ်လူ တွေ ဖြစ်ကြပါတယ် ။ ဒါကြောင့် ဒယ်လီ အလီ ကို ကိန်း ရဲ့ Back-up striker အဖြစ် ထားပြီး အသုံးပြု မယ် ဆိုရင် နေရာလု ပြိုင်ပွဲ တွေ အတွက် အဖြေ တစ်ခုလည်း ဖြစ်လာနိုင် သလို ကစားကွက် ပြောင်းလဲဖို့ အတွက် လည်း နည်းလမ်း တစ်ခု ရရှိ လာနိုင် မှာ ဖြစ် ပါတယ် ။

မနှစ်တုန်း ကတော့ အလီ ဟာ ဒဏ်ရာ ပြဿနာ တွေ ကြောင့် ပွဲထွက် ခွင့် နည်းပါး ခဲ့ပြီး ပိုချက်တီနို ကလည်း မြန်နှုန်း ကို ပိုမို အသားပေးတဲ့ ၄-၄-၂ ကို ပြောင်းလဲ ခဲ့တာ ကြောင့် မော်ရာ နဲ့ ဆွန် တို့ က ပိုမို နေရာ ရခဲ့ ပါတယ် ။ ဒါပေမယ့် အလီ ဟာ သူ စတင်ကစား ခဲ့ရတဲ့ ၂၀၁၅ – ၁၆ ဘောလုံး ရာသီ က စတင်ရေတွက် ပါက အသက် ၂၃ နှစ်အောက် ကစား သမားတွေ ထဲ မှာ သွင်းဂိုး နဲ့ ဖန်တီးမှု အများဆုံး ကစား သမား တစ်ဦး အဖြစ် ရှိနေခဲ့ ပါတယ် ။

အလီ ဟာ တိုက်စစ်အားသန် ကွင်းလယ်လူ ဖြစ်တာ ကြောင့် အထောင် တိုက်စစ်မှာ ကစားရင်း တောင်ပံ လူတွေ နဲ့ လိုအပ် သလို နေရာ ပြောင်းလဲ ပြီး အချိတ်အဆက် တွေ နဲ့ ကစားနိုင် သလို ဖြတ်တင်ဘောတွေ ကို လည်း ပြေးဝင် ခေါင်းတိုက် မှု ပြုလုပ် နိုင် ပါတယ် ။

စပါး အနေနဲ့ ကိန်း ရဲ့ ကြံ့ခိုင်မှု ကို သိရှိထားပြီး ဖြစ်တာ ကြောင့် လာမယ့် ဇန်န၀ါရီ မှာ အရန် တိုက်စစ်မှုး တစ်ဦး ကို ရှာဖွေ ဖို့ လိုအပ် မှာပါ ။ ဒီလို မှ မဟုတ်ရင်တော့ ဒယ်လီ အလီ ဟာ အရေးပေါ် အခြေအနေ တွေ အတွက် အသင့်တော်ဆုံး ကစား သမား ပါပဲ ။

SPORTS MYANMAR