သူ႕အေပၚ ေတာက္ေလွ်ာက္ ေ၀ဖန္မွဳေတြကို ျပင္းျပင္းထန္ထန္ တုန္႕ျပန္လိုက္တဲ့ ေရာ္နယ္ဒုိ

ေရာ္နယ္ဒို

ခရစ္စတီယာႏုိ ေရာ္နယ္ဒို က သူဟာ ႏွစ္တုိင္း ႏွစ္တုိင္း ကစားသမားေကာင္း တစ္ဦး ဆုိတာကို သက္ေသျပဖို႕ အတြက္ တြန္အားေပးျခင္း ခံေနရတာေတြကို စိတ္ညစ္ညဴးလာျပီလို႕ ဆုိလိုက္ကာ သူ႕ကို ေ၀ဖန္သူေတြ အေနနဲ႕ ေ၀းေ၀း မွာသာ ေနရန္ ေျပာလို္က္ ပါတယ္။

ေၾကာ္ျငာ (ေဒၚလာ ၁၀၀ အေကာင့္ဖြင့္ရင္--Bonus ေဒၚလာ ၁၀၀ ထပ္ရမည္!!! ပုံကို နိုပ္ျပီး အကာင့္ဖြင့္လိုက္ပါ )

ဂ်ဴဗင္တပ္ နဲ႕ ေပၚတူဂီ စတား ဟာ ဘလြန္းဒီေအာ ဆုနဲ႕ ခ်န္ပီယံလိဂ္ ဆုဖလားေတြကို ပိုင္ဆုိင္ ႏုိ္င္ခဲ့ျပီး ေဘာလံုး သမုိင္းတစ္ေလွ်ာက္ အေကာင္းဆံုး ကစားသမား ေတြထဲက တစ္ဦး အျဖစ္ သတ္မွတ္ ထားျခင္း ခံထား ရသူ ျဖစ္ပါတယ္။ ဂ်ဴဗင္တပ္ အသင္း နဲ႕ အတူ ဒီရာသီမွာ စီးရီးေအ ဖလား ရရွိ ခဲ့ျပီးေနာက္ အသက္ ၃၄ ႏွစ္ အရြယ္ ေရာ္နယ္ဒုိ ဟာ လက္ရွိ မွာေတာ့ မတူညီတဲ့ ႏုိင္ငံ ၃ ခုမွာ အမွတ္ေပးဖလား ကို ဆြတ္ခူး ႏုိင္ခဲ့တဲ့ ကစားသမား ျဖစ္လာ ခဲ့ျပီး ဒီရာသီ လိဂ္ပြဲစဥ္ ၂၉ ပြဲမွာ ၂၁ ဂိုး သြင္းယူ ထားခဲ့ကာ စီးရီးေအ ရဲ႕ ဂုိးသြင္း ဘုရင္ဆုကုိ ရည္မွန္း ေနပါတယ္။

 ေရာ္နယ္ဒုိ

ဒါေပမယ့္လည္း ေရာ္နယ္ဒုိ ဟာ သူ႕ရဲ႕ မဟာ ျပိဳင္ဘက္ လီယြန္နယ္မက္ဆီ နဲ႕ ႏွဳိင္းယွဥ္ကာ ေ၀ဖန္ တုိက္ခုိက္မွဳေတြကို ခံေနရဆဲ ျဖစ္ပါတယ္။

ေ၇ာ္နယ္ဒုိ က “တစ္ခါတစ္ရံမွာ ဒါေတြဟာ ကၽြန္ေတာ့္ကို စိတ္ညစ္ညဴးေစတာ ပင္ပန္းေစတာကို ကၽြန္ေတာ္ မျငင္းလို ပါဘူး။ ဘာလို႕လဲ ဆုိေတာ့ ကၽြန္ေတာ္ဟာ ႏွစ္တုိင္း ႏွစ္တုိင္း အရမ္း ေကာင္းတဲ့သူ ဆုိတာကို မျဖစ္မေန သက္ေသ ျပေနရ သလို ပါပဲ။ ဒါဟာ ခက္ခဲ ပါတယ္။ ကၽြန္ေတာ္ဟာ ကုိယ့္အတြက္ မဟုတ္ဘဲ လူေတြကို တစ္စံုတစ္ရာ သက္ေသ ျပဖို႕ အတြက္ အပို ဖိအားေတြ မျဖစ္မေန ရေနပါတယ္။ ကိုယ့္ေဘး က လူေတြေကာ ကိုယ့္အေမ ကုိယ့္သား တုိ႕ကိုပါ သက္ေသ ျပေပးရ ပါတယ္။ ‘ခရစ္ မနက္ျဖန္ မင္း ႏုိင္မွ ျဖစ္မယ္”

ဒါဟာ ကၽြန္ေတာ့္ကို ပိုမို တက္ၾကြ ေစပါတယ္။ ကိုယ့္အေနနဲ႕ အျမဲတမ္း ေလ့က်င့္ ေနရပါတယ္။ ဒါေပမယ့္ ကၽြန္ေတာ့္ အေနနဲ႕ ‘ငါကုိ ဒီအတုိင္း လႊတ္ေပးပါ’ လို႕ ေျပာတဲ့ အခ်ိန္လည္ ရွိမွာပါ။” လို႕ ေျပာသြား ပါတယ္။

ဆက္လက္ျပီး ေရာ္နယ္ဒို က “ကၽြန္ေတာ္ဟာ စက္ရုပ္တစ္ဦးဆုိျပီး သူတုိ႕ ယံုၾကည္ ေနၾကတယ္လို႕ မထင္မိ ပါဘူး။ ဒါေပမယ့္ သူတုိ႕ဟာ ကၽြန္ေတာ့္ကို ဘယ္ေတာ့မွ ျပသနာ မရွိတဲ့ လူ ၊ ဘယ္ေတာ့မွ ၀မ္းမနည္း ႏုိင္တဲ့သူ ၊ ဘယ္ေတာ့မွ ျပသနာ ရွိမလာႏုိင္တဲ့သူ လို႕ ျမင္ေနပါတယ္။

လူေတြဟာ ေအာင္ျမင္မွဳ ေငြေၾကး ေတြနဲ႕ တုိင္းျပီး ျပသနာ မရွိဘူးလို႕ သတ္မွတ္ ေနၾကတာ ေနမွာပါ။ မင္းမွာ ေငြေၾကး သန္းေပါင္းမ်ားစြာ ရွိေနျပီး ဘာလို႕ ၀မ္းနည္းတာ စိတ္ဓာတ္က်တာ ျဖစ္ႏုိင္မွာလဲ ? ကိုယ့္အေနနဲ႕ ဒီအေျခအေနကို မျဖတ္သန္းဘူးတဲ့ လူေတြကို နားလည္ ရပါမယ္။

ဒါေပမယ့္ ကၽြန္ေတာ္ ဒါေတြကို နားလည္ပါတယ္။ လူေတြဟာ ခရစ္စတီယာႏုိ ပင္နယ္တီ လြဲတာပဲ ျဖစ္ျဖစ္ ပြဲၾကီးပြဲေကာင္းေတြမွာ က်ရွံဳးတာပဲ ျဖစ္ျဖစ္ ဒီလို အေျခအေန ကို လက္နက္ျပင္ျပီး အသင့္ေစာင့္ ေနမယ္ ဆုိတာ ကၽြန္ေတာ္ သိပါတယ္။ ဒါေပမယ့္ ဒါဟာ ဘ၀ရဲ႕ အစိတ္အပိုင္းပါ။ ကုိယ့္အေနနဲ႕ ျပင္ဆင္ ထားရမွာပါ။ ကၽြန္ေတာ္ဟာ အခုထိ ႏွစ္ေပါင္းမ်ားစြာ ျပင္ဆင္ ထားခဲ့ျပီး ပါျပီ။” လို႕ ဆုိသြား ပါတယ္။

ဘာပဲ ျဖစ္ျဖစ္ ေရာ္နယ္ဒုိ ဟာ သူ႕ရဲ႕ ကစားသမား ဘ၀ ကို ေပ်ာ္ရႊင္ ႏွစ္သက္ေနျပီး သူ႕အေနနဲ႕ ေ၀ဖန္သူေတြကို ဆက္လက္ အံ့အားသင့္ေစဖို႕ အတြက္ ေမွ်ာ္လင့္ ထားတယ္လို႕ ဆုိသြား ပါတယ္။

ေပၚတူဂီ စတား က “ေဘာလံုးကုိ ေဆာင္ရြက္ ရမယ့္ တာ၀န္ တစ္ခုလို႕ ကၽြန္ေတာ္ ျမင္ထားပါတယ္။ ကြင္းထဲကုိသြား ၊ အႏုိင္ယူ ၊ ဒါဟာ ကၽြန္ေတာ့္ကို ပိုေကာင္း ေစပါတယ္။ ကြင္းထဲကို သြားျပီး ငါလိမ္ေခါက္တာေတြ လုပ္မယ္ ဆုိတဲ့ ကာလေတြဟာ ရုိးရုိးသားသား ေျပာရရင္ အခုခ်ိန္မွာ မရွိေတာ့ ပါဘူး။

အပိုဖိအားေတြ ရွိေနပါတယ္။ လူေတြဟာ အျမဲတမ္း အကဲျဖတ္ ေနပါတယ္။ ‘သူရဲ႕ အေကာင္းဆံုး အခ်ိန္ေတြ ျပီးသြားျပီ။ သူဟာ ၃၃ ၊ ၃၄ ၊ ၃၅ ရွိသြားျပီ။ သူနားသင့္ျပီ။’ အဲဒီလို မ်ိဳးရင္ ကၽြန္ေတာ့္ အေနနဲ႕ လူေတြကို အံ့အားသင့္ ေစခ်င္ပါတယ္။” လို႕ ေျပာသြား ပါတယ္။

SPORTS MYANMAR

Unicode

သူ့အပေါ် တောက်လျှောက် ဝေဖန်မှုတွေကို ပြင်းပြင်းထန်ထန် တုန့်ပြန်လိုက်တဲ့ ရော်နယ်ဒို

ခရစ်စတီယာနို ရော်နယ်ဒို က သူဟာ နှစ်တိုင်း နှစ်တိုင်း ကစားသမားကောင်း တစ်ဦး ဆိုတာကို သက်သေပြဖို့ အတွက် တွန်အားပေးခြင်း ခံနေရတာတွေကို စိတ်ညစ်ညူးလာပြီလို့ ဆိုလိုက်ကာ သူ့ကို ဝေဖန်သူတွေ အနေနဲ့ ဝေးဝေး မှာသာ နေရန် ပြောလို်က် ပါတယ်။

ဂျူဗင်တပ် နဲ့ ပေါ်တူဂီ စတား ဟာ ဘလွန်းဒီအော ဆုနဲ့ ချန်ပီယံလိဂ် ဆုဖလားတွေကို ပိုင်ဆိုင် နို်င်ခဲ့ပြီး ဘောလုံး သမိုင်းတစ်လျှောက် အကောင်းဆုံး ကစားသမား တွေထဲက တစ်ဦး အဖြစ် သတ်မှတ် ထားခြင်း ခံထား ရသူ ဖြစ်ပါတယ်။ ဂျူဗင်တပ် အသင်း နဲ့ အတူ ဒီရာသီမှာ စီးရီးအေ ဖလား ရရှိ ခဲ့ပြီးနောက် အသက် ၃၄ နှစ် အရွယ် ရော်နယ်ဒို ဟာ လက်ရှိ မှာတော့ မတူညီတဲ့ နိုင်ငံ ၃ ခုမှာ အမှတ်ပေးဖလား ကို ဆွတ်ခူး နိုင်ခဲ့တဲ့ ကစားသမား ဖြစ်လာ ခဲ့ပြီး ဒီရာသီ လိဂ်ပွဲစဉ် ၂၉ ပွဲမှာ ၂၁ ဂိုး သွင်းယူ ထားခဲ့ကာ စီးရီးအေ ရဲ့ ဂိုးသွင်း ဘုရင်ဆုကို ရည်မှန်း နေပါတယ်။

ဒါပေမယ့်လည်း ရော်နယ်ဒို ဟာ သူ့ရဲ့ မဟာ ပြိုင်ဘက် လီယွန်နယ်မက်ဆီ နဲ့ နှိုင်းယှဉ်ကာ ဝေဖန် တိုက်ခိုက်မှုတွေကို ခံနေရဆဲ ဖြစ်ပါတယ်။

ရော်နယ်ဒို က “တစ်ခါတစ်ရံမှာ ဒါတွေဟာ ကျွန်တော့်ကို စိတ်ညစ်ညူးစေတာ ပင်ပန်းစေတာကို ကျွန်တော် မငြင်းလို ပါဘူး။ ဘာလို့လဲ ဆိုတော့ ကျွန်တော်ဟာ နှစ်တိုင်း နှစ်တိုင်း အရမ်း ကောင်းတဲ့သူ ဆိုတာကို မဖြစ်မနေ သက်သေ ပြနေရ သလို ပါပဲ။ ဒါဟာ ခက်ခဲ ပါတယ်။ ကျွန်တော်ဟာ ကိုယ့်အတွက် မဟုတ်ဘဲ လူတွေကို တစ်စုံတစ်ရာ သက်သေ ပြဖို့ အတွက် အပို ဖိအားတွေ မဖြစ်မနေ ရနေပါတယ်။ ကိုယ့်ဘေး က လူတွေကော ကိုယ့်အမေ ကိုယ့်သား တို့ကိုပါ သက်သေ ပြပေးရ ပါတယ်။ ‘ခရစ် မနက်ဖြန် မင်း နိုင်မှ ဖြစ်မယ်”

ဒါဟာ ကျွန်တော့်ကို ပိုမို တက်ကြွ စေပါတယ်။ ကိုယ့်အနေနဲ့ အမြဲတမ်း လေ့ကျင့် နေရပါတယ်။ ဒါပေမယ့် ကျွန်တော့် အနေနဲ့ ‘ငါကို ဒီအတိုင်း လွှတ်ပေးပါ’ လို့ ပြောတဲ့ အချိန်လည် ရှိမှာပါ။” လို့ ပြောသွား ပါတယ်။

ဆက်လက်ပြီး ရော်နယ်ဒို က “ကျွန်တော်ဟာ စက်ရုပ်တစ်ဦးဆိုပြီး သူတို့ ယုံကြည် နေကြတယ်လို့ မထင်မိ ပါဘူး။ ဒါပေမယ့် သူတို့ဟာ ကျွန်တော့်ကို ဘယ်တော့မှ ပြသနာ မရှိတဲ့ လူ ၊ ဘယ်တော့မှ ၀မ်းမနည်း နိုင်တဲ့သူ ၊ ဘယ်တော့မှ ပြသနာ ရှိမလာနိုင်တဲ့သူ လို့ မြင်နေပါတယ်။

လူတွေဟာ အောင်မြင်မှု ငွေကြေး တွေနဲ့ တိုင်းပြီး ပြသနာ မရှိဘူးလို့ သတ်မှတ် နေကြတာ နေမှာပါ။ မင်းမှာ ငွေကြေး သန်းပေါင်းများစွာ ရှိနေပြီး ဘာလို့ ၀မ်းနည်းတာ စိတ်ဓာတ်ကျတာ ဖြစ်နိုင်မှာလဲ ? ကိုယ့်အနေနဲ့ ဒီအခြေအနေကို မဖြတ်သန်းဘူးတဲ့ လူတွေကို နားလည် ရပါမယ်။

ဒါပေမယ့် ကျွန်တော် ဒါတွေကို နားလည်ပါတယ်။ လူတွေဟာ ခရစ်စတီယာနို ပင်နယ်တီ လွဲတာပဲ ဖြစ်ဖြစ် ပွဲကြီးပွဲကောင်းတွေမှာ ကျရှုံးတာပဲ ဖြစ်ဖြစ် ဒီလို အခြေအနေ ကို လက်နက်ပြင်ပြီး အသင့်စောင့် နေမယ် ဆိုတာ ကျွန်တော် သိပါတယ်။ ဒါပေမယ့် ဒါဟာ ဘဝရဲ့ အစိတ်အပိုင်းပါ။ ကိုယ့်အနေနဲ့ ပြင်ဆင် ထားရမှာပါ။ ကျွန်တော်ဟာ အခုထိ နှစ်ပေါင်းများစွာ ပြင်ဆင် ထားခဲ့ပြီး ပါပြီ။” လို့ ဆိုသွား ပါတယ်။

ဘာပဲ ဖြစ်ဖြစ် ရော်နယ်ဒို ဟာ သူ့ရဲ့ ကစားသမား ဘဝ ကို ပျော်ရွှင် နှစ်သက်နေပြီး သူ့အနေနဲ့ ဝေဖန်သူတွေကို ဆက်လက် အံ့အားသင့်စေဖို့ အတွက် မျှော်လင့် ထားတယ်လို့ ဆိုသွား ပါတယ်။

ပေါ်တူဂီ စတား က “ဘောလုံးကို ဆောင်ရွက် ရမယ့် တာဝန် တစ်ခုလို့ ကျွန်တော် မြင်ထားပါတယ်။ ကွင်းထဲကိုသွား ၊ အနိုင်ယူ ၊ ဒါဟာ ကျွန်တော့်ကို ပိုကောင်း စေပါတယ်။ ကွင်းထဲကို သွားပြီး ငါလိမ်ခေါက်တာတွေ လုပ်မယ် ဆိုတဲ့ ကာလတွေဟာ ရိုးရိုးသားသား ပြောရရင် အခုချိန်မှာ မရှိတော့ ပါဘူး။

အပိုဖိအားတွေ ရှိနေပါတယ်။ လူတွေဟာ အမြဲတမ်း အကဲဖြတ် နေပါတယ်။ ‘သူရဲ့ အကောင်းဆုံး အချိန်တွေ ပြီးသွားပြီ။ သူဟာ ၃၃ ၊ ၃၄ ၊ ၃၅ ရှိသွားပြီ။ သူနားသင့်ပြီ။’ အဲဒီလို မျိုးရင် ကျွန်တော့် အနေနဲ့ လူတွေကို အံ့အားသင့် စေချင်ပါတယ်။” လို့ ပြောသွား ပါတယ်။

SPORTS MYANMAR