ပေရာ္ဖက္ရွင္နယ္ ကစားသမားဘ၀ မွာ ေခါင္းတိုက္ဂုိး ၁၀၀ ျပည့္ေျမာက္သြားၿပီျဖစ္တဲ့ ခရစၥတီယာႏို ရုိနယ္ဒို

ရိုနယ္ဒို

ဂ်ဳဗင္တပ္ နဲ႔ ေပၚတူဂီ တုိက္စစ္ မႈးႀကီး ခရစၥတီယာႏို ရုိနယ္ဒို က ေတာ့ သူ႔ရဲ႕ ပေရာ္ ဖက္ရွင္ နယ္ ေဘာလံုး ကစား သမား ဘ၀ တစ္ေလ်ာက္ မွာ ေခါင္းတိုက္ သြင္းယူ ခဲ့တဲ့ သြင္းဂုိး ေပါင္း ၁၀၀ ျပည့္ေျမာက္ သြားခဲ့ ၿပီပဲ ျဖစ္ ပါတယ္ ။ ဒါဟာ အျခား ေဘာလံုး သမားေတြ လုိက္မီ ဖို႔ ခက္ခဲ လွတဲ့ မွတ္တမ္း စံခ်ိန္ ေကာင္း တစ္ခု ျဖစ္ၿပိး ရုိနယ္ဒို အေနနဲ႔ ဒီ လို စြမ္းေဆာင္ ႏုိင္မႈ အတြက္ ဂုဏ္ ယူေန မွာ ေသခ်ာ ပါတယ္ ။

ေၾကာ္ျငာ (ေဒၚလာ ၁၀၀ အေကာင့္ဖြင့္ရင္--Bonus ေဒၚလာ ၁၀၀ ထပ္ရမည္!!! ပုံကို နိုပ္ျပီး အကာင့္ဖြင့္လိုက္ပါ )
ရိုနယ္ဒို
Juventus’ Portuguese forward Cristiano Ronaldo goes for a header during the Italian Serie A football match Juventus vs Parma on February 2, 2019 at the Juventus stadium in Turin. (Photo by Marco BERTORELLO / AFP)

ရိုနယ္ဒို ဟာ ယမန္ေန႔ ညက ကစား ခဲ့ တဲ့ ဂ်ဳဗင္တပ္ နဲ႔ တုိရီႏို အသင္း တို႔ ရဲ႕ ပြဲစဥ္ မွာ အိမ္ရွင္ အသင္း အတြက္ ေခ်ပဂိုး ကို သြင္းယူ ၿပိး ကစား သမား ဘ၀ တစ္ေလ်ာက္ ၁၀၀ ႀကိမ္ ေျမာက္ ေခါင္းတိုက္ သြင္းဂုိး ကို ရယူ ပုိင္ဆုိင္ သြားခဲ့ တာျဖစ္ ပါတယ္ ။

စီးရီးေအ မွာ ဗိုလ္စြဲ ထားၿပီး ျဖစ္တဲ့ ဂ်ဳဗင္တပ္ ဟာ အိမ္ကြင္း မွာ ခ်န္ပီယံလိဂ္ ေမွ်ာ္လင့္ ခ်က္ ရွိ ေနဆဲ ျဖစ္ တဲ့ တုိရီႏို ကို လက္ခံ ကစား ခဲ့ၿပီး ဧည့္သည့္ အသင္း ရဲ႕ ဦးေဆာင္ ဂုိး ေၾကာင့္ ေနာက္ ကေန လုိက္ၿပီး ကစား ခဲ့ရ ပါတယ္ ။ ဒုုတိယ ပုိင္း ၈၄ မိနစ္ မွာေတာ့ ရိုနယ္ဒို က ေခါင္းတိုက္ ၿပီး ေခ်ပ ဂုိး ျပန္လည္ သြင္းယူ ေပးသြားခဲ့ ပါတယ္ ။

ဒီ ဂုိး ေၾကာင့္ ရိုနယ္ဒို ဟာ ပေရာ္ ဖက္ရွင္နယ္ ေဘာလံုး သမား ဘ၀ တစ္ေလ်ာက္ ေခါင္းတိုက္ သြင္းဂုိး ၁၀၀ ျပည့္ ေျမာက္ သြားေစခဲ့ ၿပီး ဂ်ဳဗင္တပ္ ကိုလည္း ရွဳံးနိမ့္ မယ့္ အေရး ကေန ကယ္တင္ ေပးသြားခဲ့ ပါတယ္ ။ ရိုနယ္ဒို ရဲ႕ ဂုိး ေၾကာင့္ တိုရီႏို ရဲ႕ ခ်န္ပီယံ လိဂ္ ေမွ်ာ္လင့္ခ်က္ ကလည္း ကုန္ဆံုး သြားခဲ့ ရ ပါတယ္ ။

ရိုနယ္ဒို
Torino’s defender Bremer Gleison from Brazil vies with Juventus’ Portuguese forward Cristiano Ronaldo (R) during the Italian Serie A football match Juventus vs Torino on May 3, 2019 at the ‘Allianz stadium’ in Turin. (Photo by MARCO BERTORELLO / AFP)

အရပ္ ၆ ေပ ၂ လက္မ ရွိတဲ့ တုိက္စစ္ မႈးႀကီး ဟာ သူ႔ရဲ႕ အျမင့္ ခုန္ နည္းစနစ္ ေၾကာင့္ ေလထဲ မွာ ၿပဳိင္ဘက္ ေတြ ကို အႀကိမ္ႀကိမ္ အသာစီး ရယူႏုိင္ ခဲ့ ပါတယ္ ။ ရိုနယ္ဒို ရဲ႕ အျမင့္ခုန္ နဲ႔ ေခါင္းတိုက္ စြမ္းရည္ ေတြ ဟာ သူ႔ ကို ထိပ္တန္း တုိက္စစ္မႈး တစ္ဦး ၊ အဆံုးသတ္ ေကာင္း သူ တစ္ဦး ျဖစ္လာ ေစခဲ့တဲ့ အရာ တစ္ခု ဆုိရင္ လည္း မမွား ႏုိင္ ပါဘူး ။

ရိုနယ္ဒို ဟာ ဒီရာသီ မွာ ေကာင္းမြန္ တဲ့ ေခါင္းတုိက္ သြင္းဂုိး ေတြ ကို သြင္းယူ ေပးထားခဲ့ ၿပီး ျဖစ္ ပါတယ္ ။ အသက္လက္တီကို မက္ဒရစ္ နဲ႔ ကစားခဲ့ တဲ့ ခ်န္ပီယံ လိဂ္ ၁၆ သင္း အဆင့္ ဒုတိယ အေက်ာ့ မွာ ၂ ဂုိး ၊ အုိင္ယက္စ္ နဲ႔ ကြာတား ဖုိင္နယ္ ပထမ အေက်ာ့ မွာ လွပ တဲ့ ေခါင္းတိုက္ ဂုိး ေတြ ကို သြင္းယူခဲ့တဲ့ ရုိနယ္ဒို ဟာ ယမန္ေန႔ ညက ပြဲ အၿပီး မွာေတာ့ ေခါင္းတုိက္ ဂုိး ရာျပည့္ သြားခဲ့ ၿပီျဖစ္ ပါတယ္ ။

SPORTS MYANMAR

Unicode

ပရော်ဖက်ရှင်နယ် ကစားသမားဘဝ မှာ ခေါင်းတိုက်ဂိုး ၁၀၀ ပြည့်မြောက်သွားပြီဖြစ်တဲ့ ခရစ္စတီယာနို ရိုနယ်ဒို

============================================

ဂျုဗင်တပ် နဲ့ ပေါ်တူဂီ တိုက်စစ် မှုးကြီး ခရစ္စတီယာနို ရိုနယ်ဒို က တော့ သူ့ရဲ့ ပရော် ဖက်ရှင် နယ် ဘောလုံး ကစား သမား ဘဝ တစ်လျောက် မှာ ခေါင်းတိုက် သွင်းယူ ခဲ့တဲ့ သွင်းဂိုး ပေါင်း ၁၀၀ ပြည့်မြောက် သွားခဲ့ ပြီပဲ ဖြစ် ပါတယ် ။ ဒါဟာ အခြား ဘောလုံး သမားတွေ လိုက်မီ ဖို့ ခက်ခဲ လှတဲ့ မှတ်တမ်း စံချိန် ကောင်း တစ်ခု ဖြစ်ပြိး ရိုနယ်ဒို အနေနဲ့ ဒီ လို စွမ်းဆောင် နိုင်မှု အတွက် ဂုဏ် ယူနေ မှာ သေချာ ပါတယ် ။

ရိုနယ်ဒို ဟာ ယမန်နေ့ ညက ကစား ခဲ့ တဲ့ ဂျုဗင်တပ် နဲ့ တိုရီနို အသင်း တို့ ရဲ့ ပွဲစဉ် မှာ အိမ်ရှင် အသင်း အတွက် ချေပဂိုး ကို သွင်းယူ ပြိး ကစား သမား ဘဝ တစ်လျောက် ၁၀၀ ကြိမ် မြောက် ခေါင်းတိုက် သွင်းဂိုး ကို ရယူ ပိုင်ဆိုင် သွားခဲ့ တာဖြစ် ပါတယ် ။

စီးရီးအေ မှာ ဗိုလ်စွဲ ထားပြီး ဖြစ်တဲ့ ဂျုဗင်တပ် ဟာ အိမ်ကွင်း မှာ ချန်ပီယံလိဂ် မျှော်လင့် ချက် ရှိ နေဆဲ ဖြစ် တဲ့ တိုရီနို ကို လက်ခံ ကစား ခဲ့ပြီး ဧည့်သည့် အသင်း ရဲ့ ဦးဆောင် ဂိုး ကြောင့် နောက် ကနေ လိုက်ပြီး ကစား ခဲ့ရ ပါတယ် ။ ဒုုတိယ ပိုင်း ၈၄ မိနစ် မှာတော့ ရိုနယ်ဒို က ခေါင်းတိုက် ပြီး ချေပ ဂိုး ပြန်လည် သွင်းယူ ပေးသွားခဲ့ ပါတယ် ။

ဒီ ဂိုး ကြောင့် ရိုနယ်ဒို ဟာ ပရော် ဖက်ရှင်နယ် ဘောလုံး သမား ဘဝ တစ်လျောက် ခေါင်းတိုက် သွင်းဂိုး ၁၀၀ ပြည့် မြောက် သွားစေခဲ့ ပြီး ဂျုဗင်တပ် ကိုလည်း ရှုံးနိမ့် မယ့် အရေး ကနေ ကယ်တင် ပေးသွားခဲ့ ပါတယ် ။ ရိုနယ်ဒို ရဲ့ ဂိုး ကြောင့် တိုရီနို ရဲ့ ချန်ပီယံ လိဂ် မျှော်လင့်ချက် ကလည်း ကုန်ဆုံး သွားခဲ့ ရ ပါတယ် ။

အရပ် ၆ ပေ ၂ လက်မ ရှိတဲ့ တိုက်စစ် မှုးကြီး ဟာ သူ့ရဲ့ အမြင့် ခုန် နည်းစနစ် ကြောင့် လေထဲ မှာ ပြိုင်ဘက် တွေ ကို အကြိမ်ကြိမ် အသာစီး ရယူနိုင် ခဲ့ ပါတယ် ။ ရိုနယ်ဒို ရဲ့ အမြင့်ခုန် နဲ့ ခေါင်းတိုက် စွမ်းရည် တွေ ဟာ သူ့ ကို ထိပ်တန်း တိုက်စစ်မှုး တစ်ဦး ၊ အဆုံးသတ် ကောင်း သူ တစ်ဦး ဖြစ်လာ စေခဲ့တဲ့ အရာ တစ်ခု ဆိုရင် လည်း မမှား နိုင် ပါဘူး ။

ရိုနယ်ဒို ဟာ ဒီရာသီ မှာ ကောင်းမွန် တဲ့ ခေါင်းတိုက် သွင်းဂိုး တွေ ကို သွင်းယူ ပေးထားခဲ့ ပြီး ဖြစ် ပါတယ် ။ အသက်လက်တီကို မက်ဒရစ် နဲ့ ကစားခဲ့ တဲ့ ချန်ပီယံ လိဂ် ၁၆ သင်း အဆင့် ဒုတိယ အကျော့ မှာ ၂ ဂိုး ၊ အိုင်ယက်စ် နဲ့ ကွာတား ဖိုင်နယ် ပထမ အကျော့ မှာ လှပ တဲ့ ခေါင်းတိုက် ဂိုး တွေ ကို သွင်းယူခဲ့တဲ့ ရိုနယ်ဒို ဟာ ယမန်နေ့ ညက ပွဲ အပြီး မှာတော့ ခေါင်းတိုက် ဂိုး ရာပြည့် သွားခဲ့ ပြီဖြစ် ပါတယ် ။

SPORTS MYANMAR