အဖွင့်ပွဲမှာ ဂိုးသွင်းနိုင်ခဲ့တဲ့ လူကာကူ ကို ချီးကျုး စကားဆိုခဲ့တဲ့ အင်တာ နည်းပြကွန်တီ

အင်တာ မီလန် အသင်း ဟာ စီးရီးအေ ပွဲစဉ် ( ၁ ) ရဲ့ နောက်ကျ ပွဲစဉ် အဖြစ် ယမန်နေ့ ညက အိမ်ကွင်း မှာ တန်းတက် လက်ချီ အသင်း နဲ့ ယှဉ်ပြိုင် ကစား ခဲ့ပါတယ် ။ အင်တာ ဟာ ၃-၅-၂ ပုံစံ နဲ့ ပွဲ ထွက် လာခဲ့ပြီး တိုက်စစ် မှာတော့ ကစား သမား သစ် လူကာကူ ကို လူတာရို မာတီနက် နဲ့ တွဲဖက် ပေးခဲ့ ပါတယ် ။ ပထမ ပိုင်း မှာတော့ အင် တာ မီ လန် ဟာ ဘရိုဇိုဗစ် ၊ ဆန်ဆီ တို့ရဲ့ ဂိုး တွေ နဲ့ ဦးဆောင် နေခဲ့ ပါတယ် ။

Lukaku

ဒုတိယပိုင်း မိနစ် ၆၀ မှာတော့ တိုက်စစ်မှုးသစ် လူကာကူ ဟာ အင်တာမီလန် အတွက် ပထမဆုံး တရားဝင် ဂိုး ကို သွင်းယူ ပေးနိုင် ခဲ့ ပါတယ်။ ဒါဟာ လူကာကူ ရဲ့ စီးရီးအေ သွင်းဂိုး နံပါတ် ၁ လည်း ဖြစ်စေ ခဲ့ ပါတယ် ။ အင်တာ အတွက် အဆုံးသတ် ဂိုး ကိုတော့ ကန်ဒရေဗာ က ကိုက် ၃၀ အကွာ ကနေ အပြင်း ကန်သွင်းပြီး ရယူ ခဲ့တာ ဖြစ် ပါတယ် ။

လူကာကူ ဟာ မန်ချက်စတာ ယူနိုက်တက် အသင်း မှာ ၂ ရာသီ ကစား ခဲ့ပြီး ဂိုး ၅၀ နီးပါး သွင်းယူ ပေးခဲ့ ပေမယ့် နည်းပြသစ် ဆိုးရှား ရဲ့ စီမံကိန်း ထဲ မှာ မပါဝင် တော့တာ ကြောင့် ယခု နွေရာသီ မှာ အင်တာမီလန် ကို ပြောင်းရွှေ့ လာခဲ့တာ ပဲ ဖြစ်ပါတယ် ။ အင်တာ ဟာ လူကာကူ ရဲ့ ယူနိုက်တက် အသင်းဖော် အလက်ဆစ် ဆန်းချက် ကိုလည်း ခေါ်ယူ နိုင်ဖို့ ကြိုးစား နေဆဲ ဖြစ်ပါတယ် ။

အင် တာ နည်းပြ ကွန်တီ ကတော့ ပွဲ အပြီး မှာ သူ့ရဲ့ တိုက်စစ်မှုးသစ် ကို ချီးကျုး စကား ဆိုခဲ့ပြီး ဘာကြောင့် လူကာကူ ကို လိုအပ် ခဲ့သလဲ ဆိုတာ ထုတ်ဖော် ပြောဆို သွားခဲ့ သလို လူကာကူ ရဲ့ ပြောင်းရွှေ့ ကြေး ကို ၅ နှစ် ခွဲ ပေးရမှာ ဖြစ်တဲ့ အတွက်လည်း ဘယ်ဂျီယံသား ဟာ ထင်သလောက် ဈေးမကြီး ပါဘူး လို့ ဆိုသွား ခဲ့ ပါတယ် ။

Lukaku

“ရိုမီရို လူကာကူ ဟာ ဘာကြောင့် သူ့ကို ဒီလောက် ကြိုးစား ပမ်းစား ခေါ်ယူ ခဲ့ရသလဲ ဆိုတာ ကို ပြသ သွားခဲ့ ပါတယ် ။ ပြီးတော့ သူ့ရဲ့ ပြောင်းရွှေ့ ကြေး ကို ၅ နှစ် ခွဲပြီး ပေးရမှာ ပါ ။ လူတွေ က ပြောင်းရွှေ့ကြေး မြင့်တယ် လို့ ပြောနေကြ ပါတယ် ၊ တကယ် တော့ အဲ့ဒီ လောက် လည်း မများ ပါဘူး” လို့ ကွန်တီ က ပြောဆို သွားခဲ့ ပါတယ် ။

အင်တာ နည်းပြ ကွန်တီ ဟာ ယမန်နှစ် ရာသီ က စီနီယာ အသင်းမှာ ပါဝင် ကစား ခဲ့တဲ့ ပါရီဆစ် ၊ နိုင်ဂိုလန် နဲ့ အီကာဒီ တို့ ၃ ဦး ကို သူ့ရဲ့ အစီအစဉ် တွေ ထဲ မှာ မပါဝင် ကြောင်း အသိပေး ထားပြီး အသင်း ပြောင်းရွှေ့ ဖို့ တံခါး ဖွင့် ပေးထားခဲ့ ပါတယ် ။ ပါရီဆစ် နဲ့ နိုင်ဂိုလန် တို့ အသင်း ပြောင်းသွားခဲ့ ကြပေမယ့် တိုက်စစ်မှုး အီကာဒီ ကတော့ ကျန်ရစ် လို့ နေသေး ပါတယ် ။

ကွန်တီ ကတော့ သူ ဟာ မနှစ် က အသင်းရဲ့ အမာခံ ကစား သမား ၃ ဦး ကို ဖယ်ထုတ် ထားတာ ဖြစ်တာ ကြောင့် အခု ခေါ်ယူမှု တွေ ဟာ အင်အား သစ် ဖြည့်တင်းတယ် လို့ ယူဆလို့ မရဘဲ ပြန်လည် အစားထိုးတဲ့ အဆင့်သာ ရှိသေး ကြောင်း လည်း ပြောဆို သွားခဲ့ ပါတယ် ။

အင်တာ မီလန် ဟာ လက်ချီ ကို ၄ ဂိုးပြတ် အနိုင် ရရှိမှု ကြောင့် ပွဲစဉ် ( ၁ ) အပြီးမှာ အဆင့် ၁ နေရာကို ရယူ ထားနိုင် ခဲ့ ပါတယ် ။ လာမယ့် ပွဲစဉ် မှာတော့ အင်တာ ဟာ ကာဂလီယာလီ အသင်းရဲ့ အိမ်ကွင်း ကို သွားရောက် ယှဉ်ပြိုင် ရမှာ ပဲ ဖြစ်ပါတယ် ။

SPORTS MYANMAR