ဒီ မန်ချက်စတာ ယူနိုက်တက် အသင်းက အဆုံးထိ တိုက်ပွဲ ဝင်လိမ့်မယ်လို့ ဟောကိန်ထုတ်လိုက်တဲ့ #ဖီးလ်နဗီးလ်

မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ ခံစစ် ကစားသမား ဟောင်း တစ်ဦး ဖြစ်တဲ့ ဖီးလ် နဗီးလ် က ကလပ် ရဲ့ နွေ အပြောင်း အရွှေ့ ကစားသမား ခေါ်ယူ မှုနဲ့ အကယ်ဒမီ ထွက် ကစား သမား လေးတွေ က အသင်း ကို ယဉ်ကျေးမှု အသစ် တစ်ခု ဆီ ခေါ်ဆောင် သွားကြ လိမ့်မယ်လို့ ယုံကြည် ကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

ဒါ့အပြင် ချဲလ်ဆီး ကို 4 – 0 နဲ့ အနိုင် ရရှိ ခဲ့တဲ့ ပွဲစဉ် မှာ ယူနိုက်တက် အတွက် စတင် ပွဲထွက် ကစား ပေးရင်း ခြေစွမ်း ကောင်းတွေ ပြသ နိုင်ခဲ့ ကြတဲ့ အာရွန် ဝမ် ဘစ်ဆာကာ နဲ့ မက်ဂွားယား အပြင် လူစားဝင် ကစား ပြီး အသင်း သစ် အတွက် ပထမ ဆုံး အကြိမ် ဂိုး သွင်းယူ ပေးနိုင် ခဲ့တဲ့ ဒန်နီယယ် ဂျိမ်းစ် တို့ကို ပါ ဖီးလ် နဗီးလ် က ချီးကျူး သွားခဲ့ လိုက် ပါတယ် ။

အဆိုပါ ပွဲစဉ် မှာတော့ မက်ဂွားယား ဟာ ပွဲစဉ် ရဲ့ အကောင်းဆုံး ကစားသမား ဖြစ်ခဲ့ ပြီး ဝမ် ဘစ်ဆာကာ ကတော့ အသင်း ကို Clean Sheet ရရှိ စေရေး မှာ အရေး ပါတဲ့ ကစားသမား တစ်ဦး ဖြစ်ခဲ့ ပါတယ် ။ အခုတော့ Sky Sports နဲ့ ပြုလုပ် ခဲ့တဲ့ အင်တာဗျူး အစီအစဉ် မှာ

” ကျွန်တော် တို့ ရာသီ ကြို ပွဲစဉ် တွေမှာ မြင်တွေ့ ခဲ့တာ က တစ်ကယ့် ကို အတူတကွ ရှိတဲ့ စည်းလုံး ညီညွတ် တဲ့ အသင်း တစ်သင်း ပါပဲ ။ ကျွန်တော် ကတော့ နည်း စနစ် တစ်ခု ထဲ အံဝင် အောင် ပုံစံ တစ်မျိုး နဲ့ ကစား နေတဲ့ အသင်း တစ်သင်း ကို မြင်တွေ့ ခဲ့ ပါတယ် ။ အသင်းဟာ ခေါ်ယူ ခဲ့တဲ့ ကစားသမား တွေနဲ့ အတူ ယဉ်ကျေးမှု တစ်ခု ဆီကို ဦးတည် နေပုံ ပါပဲ ”

” အိုလီ ခေါ်ယူ ခဲ့တဲ့ ကစားသမား တွေနဲ့ အသင်း ဆီ ရောက်ရှိ လာကြတဲ့ မာဆွန် ဂရင်းဝုဒ် ၊ အိန်ဂျယ် ဂိုးမက် နဲ့ တာဟစ် ချောင် တို့ကို ပူးပေါင်း လိုက်မယ် ဆိုရင် ကျွန်တော် တို့ဟာ အနည်းဆုံး အဖြစ် အဆုံး အထိ တိုက်ပွဲ ဝင်မယ့် မန်ချက်စတာ ယူနိုက်တက် အသင်း ကို မြင်တွေ့ ကြရ ပါ လိမ့်မယ် ”

” တနင်္ဂနွေ နေ့က ကျွန်တော့် အတွက် အကောင်းဆုံး အခိုက် အတန့် တစ်ခု ကတော့ ဒန်နီယယ် ဂျိမ်းစ် ဂိုးသွင်း လိုက်တဲ့ အချိန် ပါပဲ ။ သူ့ရဲ့ မျက်နှာ အထက် မှ စိတ် လှုပ်ရှား မှု တွေက ဒီဂိုး ဟာ သူ့ အတွက် ဘယ်လောက် အထိ အဓိပ္ပါယ် ရှိလှ သလဲ ဆိုတာ ကို ပေါ်လွင် စေခဲ့ ပါတယ် ”

” ကျွန်တော့် အတွက် ကတော့ မန်ချက်စတာ ယူနိုက်တက် ဆိုတာ ခင်ဗျား အတွက် အဓိပ္ပါယ် တစ်ခုခု ကို ဖြစ်ပေါ် စေတဲ့ အသင်း ပဲလို့ ထင်မှတ် ထား ပါတယ် ” လို့ ဖီးလ် နဗီးလ် က ဆိုသွား ခဲ့လိုက် ပါတယ် ။

ဒါ့အပြင် အဆိုပါ ပွဲစဉ် မှာ ယူနိုက်တက် ကွင်းလယ်လူ တော်မီနေး ရဲ့ ခြေစွမ်း ကိုလည်း နှစ်ခြိုက် သဘောကျ မိကြောင်း ၊ မန်ချက်စတာ ယူနိုက်တက် အသင်း အတွက် ကစား ပေးခြင်း က ဘယ်လိုမျိုး အဓိပ္ပါယ် ရှိသလဲ ဆိုတာ သိဖို့ သူ့ကို စံနမူနာ ယူပြီး လေ့လာ နိုင်ကြောင်း ဖီးလ် နဗီးလ် က ဆက်လက် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

” တစ်ကယ် တမ်းမှာ သူ့ထက် ပိုပြီး စကေး ကောင်းတဲ့ ၊ နာမည် ပို ကြီးတဲ့ ကစားသမား တွေ အများကြီး ရှိကြ ပါတယ် ။ ဒါပေမယ့် စိတ်ဓါတ် နဲ့ အမူအကျင့် ပိုင်းတွေ မှာ ကြည့်မယ် ဆိုရင် တော်မီနေး ဟာ သူ သွားလို တဲ့ နေရာ ဆီ ရောက်ရှိ နိုင်မယ့် ကစားသမား မျိုး ပါပဲ ။ ဒီ အတွက် အလုပ် အရမ်း ကြိုးစား ဖို့ လိုအပ် သလို ၊ အထူး လေ့ကျင့် ဖို့လည်း လိုအပ် ပါတယ် ”

” ဟိုဆေး က ချဲလ်ဆီး ၊ PSG အသင်း တွေနဲ့ ကစား တဲ့ ပွဲစဉ် တွေမှာ သူ့ကို ရွေးချယ် ခဲ့တယ် ဆိုတာ တိုက်ဆိုင် မှုတော့ မဟုတ် ပါဘူး ။ အိုလီ ကလည်း သူ့ကို ဆက်လက် အသုံးပြု နေ ပါတယ် ။ အသင်း မှာ အလုပ် အရမ်း ကြိုးစား တဲ့ ၊ စကေး ရှိတဲ့ လူငယ် ကစားသမား ကို ပိုင်ဆိုင် ရတယ် ဆိုတာ အကောင်းဆုံး အရာ တစ်ခု ပါပဲ ”

” အောင်မြင်တဲ့ ကစားသမား တိုင်းရဲ့ အခြေခံ လိုအပ်ချက် က အလုပ် အထူး ကြိုးစား ဖို့ ပါပဲ ။ စကော့ မက် တော်မီနေး ဟာ အဲ့တာ ကို အမြဲလို အားစိုက် လုပ်ဆောင် နေခဲ့ ပါတယ် ” လို့ ဖီးလ် နဗီးလ် က သုံးသပ် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

#Sports_Myanmar