The Treble : ရယူနိုင်ဖို့ ခက်ခဲလွန်းလှတဲ့ မဟာ့မဟာ အောင်ပွဲကြီး

ကလပ် အသင်း တစ်သင်း ဟာ ပုံစံ ကောင်းတွေ ပြသ ပြီး ပြည်တွင်း အမှတ်ပေး ချန်ပီယံ ဆု ကို ရယူနိုင် ခဲ့ ပါတယ် ။ ဒါဟာ သိပ်ကို ချိုမြိန် စရာ ကောင်းတဲ့ ဇာတ်လမ်း တစ်ပုဒ် ပါပဲ ။ ဒါ့အပြင် အဆိုပါ အသင်း ဟာ ပြည်တွင်း ရှုံးထွက် ဖလား မှာ လည်း ပြိုင်ဘက် အသင်း ကို နောက်ကောက် ချ ပြီး အနိုင် ရ ဗိုလ်စွဲ ခဲ့ပြန် ပါ သေးတယ် ။ ပရိသတ်တွေ ၊ အသင်း တာဝန် ရှိသူတွေ အရမ်း ကို ပျော်ရွှင်ရပြီ ပေါ့ ။

 

တကယ်လို့ သူတို့ အနေနဲ့ ဥရောပ ကလပ် အသင်းတွေ ရဲ့ အမြင့်ဆုံး ဖလား ဖြစ်တဲ့ ချန်ပီယံ လိဂ် ဖလား ကြီး ကို ပါ တစ်နှစ် တည်း မှာ ဗိုလ်စွဲ ခဲ့ ဦးမယ် ဆိုရင်တော့ ဒါဟာ သာမာန် အောင်မြင်မှု လေး မဟုတ်တော့ ပါဘူး ။ မဟာ မှ တကယ့် မဟာ့မဟာ အောင်မြင် မှုကြီး လို့ သတ်မှတ် လို့ ရသွားပါပီ ။ ဒါကတော့ The Treble ပါပဲ ။

 

ဘောလုံး လောက ရဲ့ The Treble ဆိုတာ ကတော့ ပြည်တွင်း အမှတ်ပေး ဖလား + ပြည်တွင်း ရှုံးထွက် ဖလား + ချန်ပီယံလိဂ် တို့ ကို ဘောလုံး ရာသီ တစ်ခု တည်းမှာ ရယူနိုင် ခဲ့တာ ကို ခေါ်ဆို ကြတာ ဖြစ်ပြီး ဖလား ၃ လုံး အောင်ပွဲ လို့လည်း အလွယ် ခေါ် တတ်ကြ ပါတယ် ။

Trophies won by Inter Milan during the year 2010 are displayed before the seria A match Inter against Napoli, on January 6, 2011 in San Siro stadium in Milan . AFP PHOTO / OLIVIER MORIN (Photo by OLIVIER MORIN / AFP)

 

ဥရောပ ရဲ့ လိဂ် အတော်များများ ဟာ ပြည်တွင်း ရှုံးထွက် ဖလား ပြိုင်ပွဲ တစ်ခု သာ ရှိတတ် ပြီး ဗြိတိန် မှာ တော့ FA Cup နဲ့ လိဂ် ဖလား ဆိုပြီး ၂ ခု ရှိ ပါတယ် ။ The Treble ထဲ မှာ အကျုံး ၀င်တာ ကတော့ FA Cup ပါ

 

ဒီလို အမှတ်ပေး ၊ ရှုံးထွက် နဲ့ ချန်ပီယံ လိဂ် ဖလားတွေ ကို တစ်ရာသီ အတွင်း ရယူနိုင် ဖို့ ဆိုတာ ပြောတာထက် အများကြီး ပိုမို ခက်ခဲ ပါတယ် ။ နှစ်စဉ်နှစ်တိုင်း ဒီလို အောင်ပွဲ နဲ့ နီးစပ် ခဲ့တဲ့ အသင်းတွေ ရှိကြ ပေမယ့် တကယ်တမ်း မှာတော့ နီးစပ် နေသလိုလို နဲ့ ဝေးကွာ နေခဲ့ကြ တာပါ ။

 

ဘောလုံး သမိုင်း တစ်လျောက် မှာလည်း ဒီလို မဟာ့မဟာ အောင်ပွဲကြီးကို ရယူနိုင် ခဲ့တဲ့ အသင်း ၇ သင်းသာ ရှိပြီး တစ်ကြိမ် ထက် ပို ရဖူးခဲ့တဲ့ အသင်း တစ်သင်းသာ ရှိခဲ့ ပါသေးတယ် ။ The Treble ကို စတင် ရရှိ ခဲ့တဲ့ ကလပ် အသင်း ကတော့ စကော့တလန် ကလပ် ဆဲလ်တစ် ပဲ ဖြစ် ပါတယ် ။ ဆဲလ်တစ် ဟာ ၁၉၆၇ ခုနှစ် မှာ ပြည်တွင်း ဖလား ၂ လုံး နဲ့ ချန်ပီယံ လိဂ် ( ထိုစဉ် က ဥရောပဖလား ) တို့ ကို ရယူကာ ပထမဆုံး ဖလား ၃ လုံး အောင်ပွဲ ရှင် ဖြစ်လာခဲ့ ပါတယ် ။

 

အဲ့ဒီ နောက် မှာတော့ အိုင်ယက်စ် ၊ PSV ၊ မန်ချက်စတာ ယူနိုက်တက် ၊ ဘာစီလိုနာ ၊ အင်တာမီလန် နဲ့ ဘိုင်ယန်ြမုးနစ် အသင်းတွေ ဟာ ဖလား ၃ လုံး အောင်ပွဲတွေ ကို ရယူနိုင် ခဲ့ပြီး သမိုင်း တွင်ခဲ့ကြ ပါတယ် ။ ဒီ အထဲ မှာတော့ ဘာစီလိုနာ ဟာ ဖလား ၃ လုံး အောင်ပွဲ ကို ၂ ကြိမ် ရယူခဲ့ဖူး တဲ့ တစ်သင်းတည်းသော အသင်း ဖြစ် ပါတယ် ။

Barcelona’s midfielder Xavi Hernandez and Barcelona’s midfielder Andres Iniesta (L) hold the King’s Cup after the Spanish Copa del Rey (King’s Cup) final football match Athletic Club Bilbao vs FC Barcelona at the Camp Nou stadium in Barcelona on May 30, 2015. Barcelona won 3-1. AFP PHOTO/ JOSEP LAGO (Photo by JOSEP LAGO / AFP)

 

ဘာစီလိုနာ ဟာ ၂၀၀၈ – ၂၀၀၉ နဲ့ ၂၀၁၄ – ၂၀၁၅ ဘောလုံး ရာသီ တွေ မှာ ဖလား ၃ လုံး အောင်ပွဲ ကို ရယူ နိုင် ခဲ့တာ ဖြစ်ပြီး ယခုရာသီ မှာ လည်း ဒီလို လုပ်ပြ နိုင်ဖို့ အလားအလာ ကောင်းနေခဲ့ ပါတယ် ။

 

ယခု နှစ် မှာ ဖလား ၃ လုံး အောင်ပွဲ အတွက် အလားအလာ ရှိနေတဲ့ အသင်း ၂ သင်း ကတော့ အိုင်ယက်စ် နဲ့ ဘာစီလိုနာ တို့ ပါပဲ ။ အိုင်ယက်စ် ဟာ နယ်သာလန် လိဂ်မှာ PSV နဲ့ အမှတ်တူ ၊ ဂိုးကွာခြားချက် အသာ နဲ့ အဆင့် ၁ နေရာ ကို ရယူထားပြီး ရာသီကုန် ဖို့ က ၄ ပွဲ သာ ကျန် ပါတော့တယ် ။ ရှုံးထွက် ဖလားမှာ လည်း ဗိုလ်လုပွဲ ကို ရောက်ရှိ နေခဲ့ ပါပြီ ။

 

ဘာစီလိုနာ ကတော့ အိုင်ယက်စ် ထက် ပိုပြီး အလားအလာ ကောင်းနေကာ လာလီဂါ မှာ ဗိုလ်စွဲဖို့ သေချာ သလောက် ရှိ နေပြီ ဖြစ် ပါတယ် ။ ကိုပါ ဒယ်ရေး ရှုံးထွက် ဖလား မှာ လည်း ဗလင်စီယာ အသင်းနဲ့ ဗိုလ်လုရ မှာ ဖြစ်ကာ ချန်ပီယံ လိဂ် မှာတော့ လီဗာပူး နဲ့ ဆီမိး ဖိုင်နယ် ပွဲစဉ် ကို အကျိတ် အနယ် ယှဉ်ပြိုင် ကစား ရဦး မှာ ဖြစ် ပါတယ် ။

 

ဒီလို ခက်ခဲ လွန်းလှတဲ့ အောင်ပွဲ ကြောင့် The Treble ဟာ ရှုံးပွဲ မရှိ ချန်ပီယံ ( The Invincible ) နဲ့ အတူ ဘောလုံး လောက ရဲ့ အထွဋ် အမြတ် အောင်ပွဲကြီး အဖြစ် သတ်မှတ်ခြင်း ခံထာား ခဲ့ရ ပါတယ် ။ ဒီ ရာသီ မှာ ဘာစီလိုနာ နဲ့ အိုင်ယက်စ် တို့ ဒီလို မဟာ့ မဟာ အောင်ပွဲကြီး အတွက် အခွင့် အရေး ရှိနေပါသေးတယ် ။

 

အကယ်​၍ ဘာစီလိုနာ သာ ဖလား ၃ လုံး အောင်ပွဲ ကို ရခဲ့ မယ် ဆိုရင်တော့ သမိုင်း တစ်လျောက် ပထမဆုံး အကြိမ် အဖြစ် Treble ကို Treble ရယူနိုင် တဲ့ အသင်း ဖြစ်လာ မှာ ဖြစ် ပါတယ် ။ အိုင်ယက်စ် ရရှိ ခဲ့ရင်တော့ ဘာစီလိုနာ နဲ့ တန်းတူ ဖလား ၃ လုံး အောင်ပွဲ နှစ်ကြိမ်ရှင် အဖြစ် သတ်မှတ် ခံရမှာပါ ။ သူတို့ ရယူနိုင် မလား ဆိုတာ ကတော့ သိရဖို့ သိပ် မလိုတော့ ပါဘူး ။

 

သမိုင်း တစ်လျောက် The Treble ( ဖလား ၃ လုံး အောင်ပွဲ ရှင် အသင်းများ ) –

 

ဆဲလ်တစ် – စကော့တလန် ( ၁၉၆၆ – ၆၇ )

အိုင်ယက်စ် – နယ်သာလန် ( ၁၉၇၁ – ၁၉၇၂ )

PSV အိုင်ဟိုးဗင့် – နယ်သာလန် ( ၁၉၈၇ – ၁၉၈၈ )

 

မန်ချက်စတာ ယူနိုက်တက် – အင်္ဂလန် ( ၁၉၉၈ – ၁၉၉၉ )

ဘာစီလိုနာ – စပိန် ( ၂၀၀၈ – ၂၀၀၉ )

အင်တာ မီလန် – အီတလီ ( ၂၀၀၉ – ၂၀၁၀ )

 

ဘိုင်ယန်မြုးနစ် – ဂျာမဏီ ( ၂၀၁၂ – ၂၀၁၃ )

ဘာစီလိုနာ – စပိန် ( ၂၀၁၄ – ၂၀၁၅ )

 

SPORTS MYANMAR