2018 ချန်ပီယံလိဂ်ဖိုင်နယ် မတိုင်မီ လီဗာပူးအသင်းသားတွေကို ယာဂန်ကလော့ ရဲ့ ထူးထူးခြားခြား ဖိအားလျော့ချပေးခဲ့ပုံကို ထုတ်ဖော်လိုက်တဲ့ ၀ိုင်နယ်ဒန်

ဂျီနီဝိုင်နယ်ဒန် က နည်းပြ ယာဂန်ကလော့ဟာ လွန်ခဲ့တဲ့ ၂၀၁၈ ခုနှစ် ချန်ပီယံလိဂ် ဖိုင်နယ် ပွဲစဉ် မတိုင်မီ team-talk အတွက် ပြိုင်ဘက်အသင်းရဲ့ ကစားသမား ဖြစ်သူ ခရစ်စတီယာနို ရော်နယ်ဒို ရဲ့ အမှတ်တံဆိပ် boxers ကို ၀တ်ဆင်လာခဲ့တာကို လီဗာပူး ကစားသမားတွေ မြင်တွေ့ လိုက်ရချိန်မှာ အ၀တ်လဲခန်း တစ်ခုလုံး ရယ်မော ခဲ့ကြရတယ်လို့ ထုတ်ဖော် သွားပါတယ်။

ဂျာမန်နည်းပြဟာ ရော်နယ်ဒိုရဲ့ ရီးရဲယ်မက်ဒရစ် နဲ့ ကိယက်မှာ ယှဉ်ပြိုင် ရမယ့် အရေးကြီးလှတဲ့ ချန်ပီယံလိဂ် ဖိုင်နယ် ပွဲစဉ် မတိုင်မီ လီဗာပူး အသင်းသားတွေရဲ့ စိတ်ဖိစီးမှုကို လျော့ချပေးဖို့ အတွက် ရည်ရွယ်ထား ခဲ့ဟန် ရှိပါတယ်။ ဒ့ါကြောင့် ကလော့ဟာ ဒီလို ရင်ခုန် စိတ်လှုပ်ရှားဖွယ် ကောင်းတဲ့ အခြေအနေမှာ ပုံမှန် အတိုင်း ချည်းကပ်ဖို့ထက် စာရင် အားလုံးကို စိတ်ပေါ့ပါး သွားစေ နိုင်တဲ့ ယခုလို ဟာသမျိုး စီစဉ် ခဲ့တာ ဖြစ်ပါတယ်။

CR 7 boxers ရဲ့ အထဲမှာ ၎င်းရဲ့ ရှပ်အင်္ကျီကို ထိုးထည့် ထားခဲ့တဲ့ ကလော့ ရဲ့ ပုံစံဟာ ကစားသမားတွေ အားလုံးကို အ၀တ်လဲခန်းရဲ့ ကြမ်းပြင်မှာ ရယ်မော စေခဲ့ပါတယ်။

The Athletic ကို ၀ိုင်နယ်ဒန် ရဲ့ ပြောကြားချက် ကတော့ “ခရစ်စတီယာနို ရော်နယ်ဒို အမှတ်တံဆိပ် boxers ကို သူဝတ်ဆင် လာခဲ့တာကို ကျွန်တော်တို့ အားလုံး မြင်ခဲ့ ရပါတယ်။ သူဟာ ‘CR7’ boxers ထဲကို သူ့ ရှပ်အင်္ကျီ ထည့်ကာ အစည်းအဝေး ပြုလုပ် ခဲ့ပါတယ်။ အ၀တ်လဲခန်း တစ်ခုလုံး ကြမ်းပြင်ပေါ်မှာ ရယ်မော ခဲ့ရပါတယ်။ ဒါဟာ တကယ့်ကို စိတ်လက်ပေါ့ပါး သွားစေခဲ့ ပါတယ်။ ]

ပုံမှန်အားဖြင့် ဒီလို အခြေအနေမျိုးတွေမှာ လူတိုင်းဟာ အလေးအနက် ဖြစ်နေကြပြီး ဒီပွဲအပေါ် အထူး အာရုံစိုက် နေကြမှာပါ။ ဒါပေမယ့် ကလော့ ဟာ relax ဖြစ်နေပြီး ဒီလို ဟာသမျိုးတောင် လုပ်သွား ခဲ့ပါတယ်။ သူဟာ ဒီလို ဟာသမျိုး ရာနဲ့ချီ လုပ်ခဲ့ပြီးပါပြီ။

အကယ်၍ ကိုယ့်ရဲ့ မန်နေဂျာ တစ်ဦးဟာ ဒီလို ပွဲမျိုးတွေမှာ တကယ့်ကို ယုံကြည်မှု ပြည့်ဝ နေပြီး ပေါ့ပေါ့ပါးပါးပဲ ဖြစ်နေတယ် ဆိုရင် ဒါဟာ ကစားသမားတွေ အပေါ် သက်ရောက်မှု ရှိစေ ပါတယ်။ သူဟာ ဒီလို အရာတွေမှာ ကစားသမားတွေ အတွက် ဖခင် တစ်ဦး လိုပါပဲ။ သူ့ရဲ့ ဟာသတွေ ၊ သူ့ရဲ့ body language တွေဟာ ကစားသမား တွေကို ဖိအားလျော့ စေခဲ့ ပါတယ်။” လို့ ဆိုလိုက် ပါတယ်။

လီဗာပူး ဟာ အဆိုပါ ချန်ပီယံလိဂ် ဖိုင်နယ်မှာ ပွဲချိန် မိနစ် ၃၀ လောက် အထိ ရီးရဲယ်မက်ဒရစ်ကို အကောင်းဆုံး ဖိအားပေး ကစားခဲ့ပေမယ့် အဓိက ကစားသမား ဖြစ်သူ မိုဟာမက်ဆာလား ဟာ ပွဲချိန် မိနစ် ၃၀ မှာ ပြိုင်ဘက် နောက်ခံလူ ဆာဂျီယို ရာမို့စ်ကြောင့် ပခုံးဒဏ်ရာ ရသွားခဲ့ပြီး လူစားလဲပစ် ခဲ့ရပါတယ်။

ထို့နောက် လိုရစ်ကာရီရက်ရဲ့ အံ့အားသင့်ဖွယ် အမှားကနေ ဘန်ဇီးမားက ၅၁ မိနစ်မှာ ဦးဆောင်ဂိုး သွင်းယူ သွားပါတယ်။ ဆာဒီယိုမာနေး ဟာ လီဗာပူး အတွက် ချေပဂိုး သွင်းပေး ခဲ့ပေမယ့်လည်း လူစားဝင် ကစားသမား ဂါရက်ဘေး ရဲ့ သွင်းဂိုး ၂ ဂိုးဟာ လီဗာပူး ကို ဒုတိယ နေရာနဲ့သာ ကျေနပ် စေခဲ့ရပါတယ်။

ဒါပေမယ့်လည်း လီဗာပူးဟာ ဒီဖိုင်နယ် အရှုံးကို ပြီးခဲ့တဲ့ ရာသီက ပြန်လည် ကုစား နိုင်ခဲ့ပြီး မက်ဒရစ်မှာ ကျင်းပခဲ့တဲ့ ချန်ပီယံလိဂ် ဖိုင်နယ်မှာ တော့တင်ဟမ် ကို ၂-၀ နဲ့ အနိုင်ယူကာ ၆ ကြိမ်မြောက် ဥရောပ ချန်ပီယံ ဖြစ်လာခဲ့ ပါတယ်။ ဒီရာသီမှာတော့ လီဗာပူးဟာ နောက်ထပ် ဆုဖလားတွေ ရဖို့ အတွက် ရည်မှန်းနေပြီး ယနေ့မှာတော့ ရာသီအစောပိုင်းမှာတင် ဆုဖလား ရယူ နိုင်မယ့် အခွင့်အရေး အဖြစ် အစ္စတန်ဘူမှာ စူပါဖလား ကို ယူရိုပါလိဂ် ချန်ပီယံ ချဲလ်ဆီးနဲ့ လုရတော့မှာ ဖြစ်ပါတယ်။

SM