ပွဲစဉ် (2) ကစား ပြီးတဲ့နောက် ဘာကာ ၊ ရီးယဲ နဲ့ အေတီကို သတင်းတိုများ

ဒီ တစ်ပါတ် ပွဲစဉ် မှ ရလဒ် များ …

ရီးယဲ မက်ဒရစ် 1 – 1 ဗယ်လာဒိုးလစ်
လီဂါနက်စ် 0 – 1 အက်သလက်တီကို
ဘာစီလိုနာ 5 – 2 ရီးယဲ ဘက်တစ်

ပွဲစဉ် 2 အပြီး လာလီဂါ အမှတ်ပေ ဇယား ရပ်တည်မှု

2. အေတီကို ( 6 မှတ် )
3. ရီးယဲ မက်ဒရစ် ( 4 မှတ် )
9. ဘာစီလိုနာ ( 3 မှတ် )

မက်ဆီ မပါဝင် နိုင်တဲ့ ဘာစီလိုနာ အသင်း ဟာ အိမ်ကွင်း မှာ 5 ဂိုး အထိ သွင်းယူ ရင်း ရာသီ သစ်ရဲ့ ပထမဆုံး နိုင်ပွဲ ကို ရှာဖွေ သွားနိုင် ခဲ့ ပါတယ် ။

အဆိုပါ ပွဲစဉ် မှာ ကစားသမား သစ် ဂရစ်ဇ်မန်း ဟာ အသင်း အတွက် 2 ဂိုး သွင်း ၊ 1 ဂိုး ဖန်တီး ပေးနိုင် ခဲ့ ပါတယ် ။ ဒါ့အပြင် B အသင်း မှ တောင်ပံ တိုက်စစ် ကစားသမား လေး ကားလပ်စ် ပီးရက်ဇ် ကလည်း အသင်း အတွက် တစ်ဂိုး သွင်းယူ ပေးနိုင် ခဲ့ ပါတယ် ။

ဒဏ်ရာ ရရှိ နေခဲ့ ကြတဲ့ ဘာစီလိုနာ စတား မက်ဆီ နဲ့ ဆွာရက်ဇ် တို့ ကတော့ မိသားစု နဲ့ အတူ အဆိုပါ ပွဲစဉ် ကို လာရောက် ကြည့်ရှု ခဲ့ကြ ပါတယ် ။

ဘက်တစ် နဲ့ ပွဲစဉ် မှာ အရံ ကစားသမား အဖြစ် သာ ပါဝင် ခွင့် ရရှိ ခဲ့တဲ့ ဘာကာ ကွင်းလယ်လူ အိုင်ဗန် ရာကီတစ် ဟာ ဂျူဗင်တပ် အသင်း ဆီ ပြောင်းရွှေ့ လိမ့်မယ် ဆိုတဲ့ ကောလဟာလ သတင်း တွေ ကျယ်ပြန့်စွာ ထွက်ပေါ် လာခဲ့ ပါတယ် ။

အဆိုပါ ပွဲစဉ် မှာ ဘာကာ အတွက် လူစားဝင် ကစား ပေးခဲ့ တဲ့ အသက် 16 နှစ် အရွယ် ကွင်းလယ် ကစားသမား လေး အန်ဆူမာနီ ဖာတီ ဟာ အသင်း ရဲ့ သမိုင်း တစ်လျောက် ပွဲ ကစား ပေးတဲ့ ဒုတိယ မြောက် အသက် အငယ်ဆုံး ကစားသမား ဖြစ် သွားခဲ့ ပါတယ် ။

ပွဲ အပြီး မှာတော့ ဒုတိယ ဂိုးဟာ မက်ဆီ ကို အတု ယူပြီး ရရှိ ခဲ့တဲ့ ( မက်ဆီ စတိုင် ) သွင်းဂိုး ဖြစ်ပြီး အောင်ပွဲ ခံခဲ့ ပုံက လီ ဘရွိုင်းဂျိမ်းစ် စတိုင် ဖြစ်ကြောင်း ဂရစ်ဇ်မန်း က ရှင်းပြ သွားခဲ့ ပါတယ် ။ ဒါ့အပြင် သူ့ရဲ့ ပထမ ဂိုး အတွက် အောင်ပွဲ ခံပုံ က မက်ဆီ ပုံစံ ဖြစ်ခဲ့ ပါတယ် ။ ဆွာရက် နဲ့ မက်ဆီ တို့က တော့ ဂရစ်ဇ်မန်း ရဲ့ အောင်ပွဲ ခံပုံ ကို ကြည့်ပြီး ရယ်မော ပျော်ရွှင် နေခဲ့ ကြ ပါတယ် ။

ဘာစီလိုနာ အသင်း နည်းပြ ဗယ်လ်ဗာဒီ ကတော့ အသက် 16 နှစ်သာ ရှိနေ သေးတဲ့ ဖာတီ ရဲ့ အရည်အသွေး တွေက သူတို့ တွေကို အံ့အား သင့်စေ ခဲ့ကြောင်း ဆိုသွား ခဲ့လိုက် ပါတယ် ။

ဒါဟာ ဂရစ်ဇ်မန်း အတွက် အရေးကြီ တဲ့ ပွဲစဉ် ဖြစ်ခဲ့ ပြီး သူဟာ အကောင်းဆုံး တုန့်ပြန် နိုင် ခဲ့တယ် လို့ ဗယ်လ်ဗာဒီ က နှစ်ဂိုး သွင်းယူ နိုင် ခဲ့တဲ့ ကစားသမား သစ်ကို ချီးကျူး သွားခဲ့ လိုက် ပါတယ် ။

အဆိုပါ ပွဲစဉ် အပြီး မှာတော့ မက်ဆီ က ‘ ဒါဟာ အားလုံး အတွက် တစ်ကယ့် ကို ကောင်းမွန် တဲ့ပွဲ ဖြစ်ခဲ့ တယ် ” လို့ ဆိုလိုက် ပြီး စီနီယာ အသင်း အတွက် လူစားဝင် ကစား ခွင့် ရရှိ ခဲ့တဲ့ ဖာတီ ကို ဂုဏ်ပြု စကား ဆိုသွား ခဲ့လိုက် ပါတယ် ။

” ကျွန်တော် တစ်ကယ် ပဲ စိတ်လှုပ်ရှား နေခဲ့ ပါတယ် ။ ကျွန်တော် ကွင်းထဲ မှာ အချိန် အတော်ကြာ နေခဲ့ ပါ သေးတယ် ။ ကျွန်တော် အခုလို ပါဝင် ခွင့် ရရှိ တာကို မယုံကြည် နိုင် ဖြစ်ခဲ့ ရတယ် လေ ။ အခုတော့ ပျော်ရွှင် ခံစား ရမယ့် အချိန် တွေကို ပိုင်ဆိုင် ခွင့် ရရှိ ခဲ့ ပါပြီ ။ အားလုံး ကို ကျေးဇူး တင် ပါတယ် ” လို့ ပွဲ အပြီး ဖာတီ က ခံစားချက် ကို ထုတ်ဖော် သွားခဲ့ ပါတယ် ။

PSG စတား နေမာ ဟာ ဂရစ်ဇ်မန်း နဲ့ ရောဘတ်တို တို့ရဲ့ အင်စတာ ဂရမ် မှ Post တွေကို Like ပေးခဲ့ တယ်လို့ သိရှိ ရ ပါတယ် ။

ဘာစီလိုနာ နဲ့ CUPRA ကား Company တို့ဟာ 5 နှစ် စပွန်ဆာ စာချုပ် ကို တရားဝင် ချုပ်ဆို နိုင်ခဲ့ ပြီလို့ သိရှိ ရ ပါတယ် ။

ဘာစီလိုနာ ပရိသတ် တွေ ကတော့ ကားလပ်စ် ပီးရက်ဇ် ဟာ ဒမ်ဘီလီ ရဲ့ ပွဲထွက် ခွင့်ကို အကောင်းဆုံး ခြိမ်းခြောက် သွားလိမ့်မယ် လို့ ဆိုနေ ခဲ့ကြ ပါတယ် ။

ဒီ တစ်ပါတ် ကစား ခဲ့တဲ့ ပွဲစဉ် မှာတော့ ရီးယဲ မက်ဒရစ် အသင်း ဟာ သရေ ရလဒ် သာ ရှာဖွေ နိုင်ခဲ့ ပြီး သွင်းဂိုး ကိုတော့ တိုက်စစ်မှူး ဘန်ဇီးမား က သွင်းယူ ပေးနိုင် ခဲ့ ပါတယ် ။

အဆိုပါ ပွဲစဉ် မှာတော့ ရီးယဲ မက်ဒရစ် အသင်း မှာ နေရာ မရ ဖြစ်ခဲ့ ကြတဲ့ ဘေးလ် ၊ ဂျိမ်းစ် ရိုဒရီဂွက်ဇ် နဲ့ အစ္စကို တို့ ပွဲထွက် ကစားသမား အဖြစ် ပါဝင်ခွင့် ရရှိ ခဲ့ကြ ပေမယ့် ထူးခြားတဲ့ ခြေစွမ်း တွေ မပြသ နိုင်ခဲ့ ကြ ပါဘူး ။

ဘန်ဇီးမား အတွက် ဂိုး ဖန်တီးပေး ခဲ့တဲ့ နောက်ခံလူ ဗာရာနီ က သူတို့ ဟာ တစ်ကယ့် ကို ကောင်းမွန်စွာ ကစား နိုင်ခဲ့တဲ့ အတွက် ပိုကောင်းတဲ့ ရလဒ် နဲ့ ထိုက်တန် ခဲ့ကြ ကြောင်း ပွဲ အပြီး ဆိုသွား ခဲ့လိုက် ပါတယ် ။

အဆိုပါ ပွဲစဉ် မှာ နောက်ကျ မိနစ် ပေးဂိုး ပေးခဲ့ ရတဲ့ အပေါ် ဇီဒန်း က ပေါက်ကွဲ သွားခဲ့ ပါတယ် ။ ဒါ့အပြင် ကွင်းလယ်လူ ဂျိမ်းစ် ဟာ ဒဏ်ရာ ပြသနာ အနည်းငယ် ရှိနေ ခဲ့ ပေမယ့် သူဟာ ကောင်းမွန်စွာ ကစား နိုင်ခဲ့ကြောင်း ဆိုသွား ခဲ့ ပါတယ် ။

နေမာ ဟာ ကမ္ဘာ့ အကောင်းဆုံး ကစားသမား သုံးဦး စာရင်း ထဲ ပါဝင် သူ ဖြစ်ကြောင်း ထွက်ပေါ် နေတဲ့ ကောလဟာလ သတင်း တွေနဲ့ ပတ်သက် လို့ ရာမို့စ် က အဆိုပါ မှတ်ချက် ကိုသာ ပေးသွား ခဲ့လိုက် ပါတယ် ။

ဘာနေဗျူး မှာ ပြန်လည် ကစားပေး ရခြင်း က တုနှိုင်း မရ တဲ့ ခံစားချက် ကို ဖြစ်ပေါ် စေတယ် လို့ ဂျိမ်းစ် ရိုဒရီဂွက် က ပွဲအပြီး ပြောကြား သွာခဲ့ ပါတယ် ။ ဒါ့အပြင် သူဟာ မက်ဒရစ် မြေမှာ ပဲ ဆက်လက် ရှိနေ လိုကြောင့် ဖွင့်ဟ ခဲ့ပါ သေးတယ် ။

ဇီဒန်း ရီးယဲ မက်ဒရစ် အသင်း ဆီ ပြန်လာ ခဲ့တဲ့ နောက် အသင်း ရဲ့ သွင်းဂိုး တွေရဲ့ 50% ကို ဘန်ဇီးမား က သွင်းယူ ပေးနိုင် ခဲ့တဲ့ မှတ်တမ်း ကောင်း တစ်ရပ် ပိုင်ဆိုင် ထားခဲ့ ပါတယ် ။

ဒါ့အပြင် အဆိုပါ ပွဲစဉ် မှာ တစ်ဂိုး သွင်းယူ နိုင်ခဲ့တဲ့ နောက် ဘန်ဇီးမာ ဟာ လာလီဂါ သမိုင်း တစ်လျောက် သွင်းဂိုး 150 ပြည့်မြောက် တဲ့ ပထမ ဆုံး ပြင်သစ် နိုင်ငံသား ဖြစ်လာ ခဲ့ ပါတယ် ။

အဆိုပါ ပွဲစဉ် အပြီး မှာတော့ ရီးယဲ မက်ဒရစ် အသင်း အတွက် နေမာ လိုအပ် သလား ၊ ပေါ့ဂ်ဘာ လိုအပ် သလား ဆိုတာ ပရိသတ် တွေ အကြား ရေပန်းစား တဲ့ မေးခွန်း တစ်ခု ဖြစ်လာ ခဲ့ ပါတယ် ။ ဒါ့အပြင် ဇီဒန်း သာ ရီးယဲ နည်းပြ အဖြစ် မှ ထုတ်ပယ် ခံရရင် မော်ရင်ဟို ဟာ တော်ဝင်သား တို့ရဲ့ အလိုအလျောက် နည်းပြ သစ် ဖြစ်လာ လိမ့်မယ် ဆိုတဲ့ သတင်း ဟာလည်း ရေပန်းစား လာခဲ့ ပါတယ် ။

အေတီကို ကတော့ နှစ်ပွဲ ဆက် နိုင်ပွဲ နဲ့ အတူ လာလီဂါ အမှတ်ပေး ဇယား ဒုတိယ နေရာ ကို သိမ်းပိုက် နိုင်ခဲ့ ပါတယ် ။ အဆိုပါ ပွဲစဉ် မှာတော့ အေတီကို အတွက် တစ်လုံး တည်းသော အနိုင် ဂိုးကို ဗီတိုလို က သွင်းယူ ပေးခဲ့ ပြီး ဖဲလစ် က ဖန်တီး ပေးခဲ့ ပါတယ် ။

All Football ရဲ့ သတ်မှတ်ချက် မှာတော့ နောက်ခံလူ ဆာဗစ် ဟာ ပွဲစဉ် ရဲ့ အကောင်းဆုံး ကစားသမား ဖြစ်ခဲ့ ပါတယ် ။

အေတီကို မှ ကျွန်တော့် ကို ခေါ်ယူ ခဲ့ခြင်း က မှန်ကန် တယ် ဆိုတာ ကို ကျွန်တော် သက်သေ ပြချင် ပါတယ် လို့ အဆိုပါ ပွဲစဉ် အပြီး အနိုင်ဂိုး ရှင် ဗီတိုလို က ဆိုသွား ခဲ့လိုက် ပါတယ် ။

ဆိုရှယ် အရ ပဲ ဖြစ်ဖြစ် ၊ စိတ်ဓါတ်ပိုင်း အရ ပဲ ဖြစ်ဖြစ် ၊ ခံစားချက် အရ ပဲ ဖြစ်ဖြစ် ၊ အေတီကို ဟာ ပရိသတ် တွေ ပိုင်ဆိုင်တဲ့ အသင်း ဖြစ်ကြောင်း အဆိုပါ နိုင်ပွဲ အပြီး အေတီကို နည်းပြ ဆီမွန်နီ က ဆိုသွား ခဲ့ ပါတယ် ။

အသက် 19 နှစ် နဲ့ 289 ရက် ရှိပြီ ဖြစ်တဲ့ အေတီကို စတား ဂျွာအို ဖဲလစ် ဟာ ဒီ ရာသီ လာလီဂါ မှာ ဂိုး ဖန်တီး ပေးနိုင် ခဲ့တဲ့ အသက် အငယ်ဆုံး ကစားသမား ဖြစ်ခဲ့ ရ ပါတယ် ။

သူဆီ မှာ ကောင်းမွန် လွန်းလှ တဲ့ အရည်အသွေး မျိုး ရှိနေ တယ်လို့ နိုင်ပွဲ အပြီး အေတီကို ဂိုးသမား အော့ဘလက် က ဂျွာအို ဖဲလစ် ကို ချီးကျူး သွားခဲ့ ပါတယ် ။ ဒါ့အပြင် ဖဲလစ် ဟာ ကမ္ဘာ့ အကောင်းဆုံး ကစားသမား တစ်ဦး ဖြစ်လာ နိုင် လိမ့်မယ် လို့ ဆက်လက် ဟောကိန်း ထုတ်သွား ခဲ့လိုက် ပါတယ် ။

#Sports_Myanmar