ရီးရဲ က​နေ ​နောက်​တခါ ထွက်​ခွာဖို့ ပြင်​ဆင်​​နေပြီလား ဇီဒန်း

စပိန် ကလာတဲ့ သတင်းတွေ အရ ပြင်သစ်သားကြီး ဇီဒန်းဟာ ရီးရဲလ် အသင်းကနေ နောက်တကြိမ်ထွက်ခွာဖို့ အနီးစပ်ဆုံး အနေအထားတခုကို ရောက်ရှိနေပြီ လို့သိရပါတယ်။အကြောင်း ကတော့ သူ့ရဲ့ ဖေးဘရိတ် ကစား သမား တွေထဲက တဦးဖြစ်တဲ့ ယူနိုက်တက် ကွင်းလယ်လူပေါ့ဘာ ကို ခေါ်ယူပေးဖို့ ပျက်ကွက် ခဲ့တာကြောင့် ဖြစ်တယ်လို့ သိရပါတယ်။

ွှဇီဒန်း ဟာ ရီးရဲလ် အသင်းကို ချန်ပီယံလိဂ် ဖလား ၃ကြိမ်ဆက် ရယူပေးနိုင်ခဲ့အပြီး ဘာနေဗျူး မြေကို စွန့်ခွာခဲ့ပေမယ့် တနှစ်တောင် မပြည့်မီမှာပဲ ပြန်ရောက် နေခဲ့တာ ဖြစ်ပါတယ်။နည်းပြဟောင်း တွေဖြစ်တဲ့ ဆိုလာရီနဲ့ လိုပက်တီဂီ တို့ရဲ့ လက်ထက်မှာ အခြေအနေဆိုးခဲ့တဲ့ ရီးရဲလ် အသင်းကို နောက်ဆုံးမှာ သူ့ရဲ့ လက်ထဲကို ပဲပြန်အပ်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် အချိန်နှောင်း နေခဲ့ပြီဖြစ်လို့ယမန် နှစ် ပြိုင်ပွဲစုံမှာ ဆုဖလားလက်မဲ့အခြေအနေမျိုးကို ကြုံတွေ့ခဲ့ရပါတယ်။ဒါ့အပြင် လာလီဂါ ပြိုင်ပွဲမှာ လည်း ချန်ပီယံ ဘာစီလိုနာ၊ မြို့ခံပြိုင်ဘက် အေတီကို အသင်းတွေရဲ့နောက် တတိယနေရာ သာရရှိခဲ့ပါတယ်။

ဒါကြောင့် လည်း အခုရာသီသစ် မတိုင်မီ မှာ အသင်းကို အင်အားဖြည့်တင်းမှုတွေ အလုံးအရင်းပြုလုပ်ထားတာဖြစ်ပါတယ်။ချဲဆီးလ် အသင်းရဲ့ ကွင်းလယ်ကြယ်ပွင့် ဟာဇက် အပါအဝင် ကစားသမား၆ ဦးအတွက် စုစုပေါင်း ယူရိုသန်း ၃၀၀ကျော်သုံးစွဲ ခေါ်ယူထားခဲ့ပေမယ့် ရာသီုကြို ပွဲစဉ်တွေရဲ့ ရလဒ်တွေကတော့ ဆိုးရွားနေခဲ့တာ ဖြစ်ပါတယ်။

ရီးရဲလ် အသင်းဟာ ရာသီကြိုပွဲစဉ်တွေ မှာ ဘိုင်ယန်၊ အေတီကို ၊စပါး အသင်းတွေကို ရေးနိမ့်ခဲ့ရပြီး အာဆင်နယ် နဲ့ရိုးမားတို့ကို သရေသာကစားနိုင်ခဲ့ပါတယ်။ရာသီကြို ပွဲတွေမှာ တဆင့်နိမ့် အသင်းတွေဖြစ်တဲ့ ဖီနာဘာချီ နဲ့ ဆဲလ်ဘာ့ခ်ျ အသင်းတွေကိုသာ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

ဇီဒန်းဟာ သူ့အသင်းရဲ့ ကွင်းလယ်အတွက် ယူနိုက်တက် ကွင်းလယ်လူပေါ့ဘာကို အတော်လေး လိုချင်ခဲ့ပေမယ့် ပရီးမီးယားလိဂ်ရဲ့ ဈေးကွက် ပိတ်ချိန်ကျော်လွန် ခဲ့ပြီဖြစ်လို့ ခေါ်ယူနိုင်ခြေ အတော်လေး နည်းပါးနေပြီဖြစ်ပါတယ်။ဒါကြောင့်လည်း စပိန်မီဒီယာတွေက ရီးရဲလ်နဲ့ ဇီဒန်းတို့ရဲ့ နောက်တကြိမ် လမ်းခွဲကို မြင်ရဖို့ နီးစပ်နေပြီ လို့ ဖော်ပြလာတာဖြစ်ပါတယ်။

စပိန် ဂျာနယ်လစ်တဦးဖြစ်တဲ့ ဒီယေဂို တောရက်စ်က Independent သတင်းစာနဲ့ အင်တာဗျူးမှာ – ” ပေါ့ဘာကို ခေါ်ယူပေး နိုင် ခြင်းမရှိတာကြောင့် ဇီဒန်း ရာထူးကနေ နုတ်ထွက် ဖို့ ကို နီးစပ် အောင် ဖြစ်နေစေပါတယ်။ဇီဒန်းဟာ ပေါ့ကို မက်ဒရစ်မြေကို ခေါ်ယူသွားမယ်ဆိုပြီး ပုဂ္ဂိုလ်ရေးအသိပေးမှုတွေတောင် ပြုလုပ်ထားတာဖြစ်ပါတယ်။

အခုတော့ သူ့ရဲ့ ပုံစံကို ကြည့်ရတာအခြေအနေ ဆိုးနေပါတယ်။ဒါလို ဖြစ်ခဲ့ရတာဟာ ဇီဒန်းနဲ့ အသင်းရဲ့ ဥက္ကဌ ကြီးပီရက်စ် တို့ကြား အယုံအကြည်ကင်းမဲ့မှုတွေကြောင့်ဖြစ်ခဲ့တာပါ။ဇီဒန်း အတွက်ကတော့ သူ့ရဲ့ စီမံကိန်းတွေ နဲ့ ပေါ့ဘာ ဟာ တူညီလုနီးပါးရှိနေတဲ့ အရာတွေဖြစ်ပါတယ်။

ဒါပေမယ့် သူပြန်ရောက်လာချိန်မှာ အသင်းဘက်ကပေးအပ်ထားတဲ့ ကတိကဝတ် တွေ ဟာအခုထိ ကျေပွန်တာမျိုးမရှိထားသေးပါဘူး။ဇီဒန်းက တော့ ပီရက်စ်ရဲ့ ရာထူးတည်မြဲစေဖို့ အကာအကွယ်အဖြစ် ပြန်ရောက်လာခဲ့တာဖြစ်ပြီး အဆိုပါ တာဝန်ကို တရားနည်းလမ်းအရကော လူမှု ကွန်ယက် တွေပေါ်မှာပါုဖြည့်ဆည်းပေးထားနိုင်ခဲ့ပြီးဖြစ်ပါတယ် ” လို့ပြောသွားခဲ့တာဖြစ်ပါတယ်။

ရီးရဲလ် အသင်းရဲ့ ကစားသမား ဟောင်း တဦး ဖြစ်တဲ့ ဇီဒန်း ဟာ အသင်းကို ပထမဆုံး အကြိမ်ကိုင်တွယ်နေစဉ် ၂၀၁၈မေလ အတွင်းမှာ အံ့အားသင့်ဖွယ်နှုတ်ထွက် ထားခဲ့ဖူးတာဖြစ်ပြီး အခုနှစ်မတ်လအတွင်းကမှ ဘာနေဗျူးကို ပြန်ရောက် လာခဲ့တာ ဖြစ်ပါတယ်။