ဝမ္ဒါမတ္ထရို ပိုလီတာနုိမွာ ဘယ္အသင္းကို ခ်န္ပီယံလိဂ္ ဆြတ္ခူးေစလိုသလဲ ဆုိတာ ဖြင့္ဟလိုက္တဲ့ ေအတီကို ဥကၠ႒

ဒီ တစ္ပါတ္ တနဂၤေႏြ နံနက္ 1 :15 အခ်ိန္ မွာေတာ့ အက္သလက္တီကို မက္ဒရစ္ အသင္း ဟာ လက္ရွိ လာလီဂါ မဟာ ျပိဳင္ဖက္ ဘာစီလိုနာ အသင္း နဲ့ အမွတ္ေပး ဖလား ပြဲစဥ္ ကို ရင္ဆုိင္ ကစား ရဖုိ့ ရွိေန ပါတယ္ ။

ေၾကာ္ျငာ (ေဒၚလာ ၁၀၀ အေကာင့္ဖြင့္ရင္--Bonus ေဒၚလာ ၁၀၀ ထပ္ရမည္!!! ပုံကို နိုပ္ျပီး အကာင့္ဖြင့္လိုက္ပါ )

လက္ရွိ အခ်ိန္ မွာေတာ့ ဘာစီလိုနာ အသင္း ဟာ အမွတ္ေပး ဇယား အဆင့္ 1 ေနရာ မွာ ရပ္တည္ ေနျပီး အက္သလက္တီကို မက္ဒရစ္ အသင္း ကို 8 မွတ္ ျဖတ္ထား နုိင္ခဲ့ တာေၾကာင့္ ရာသီ ကုန္ဆံုး ဖုိ့ 8 ပြဲ အလုိ မွာ လာလီဂါ ခ်န္ပီယံ ဆု ကို သိမ္းပိုက္ နုိင္ဖုိ့ ေရပန္းစား ေနတာ ပဲ ျဖစ္ ပါတယ္ ။

အဆုိပါ ပြဲစဥ္ မတုိင္မီ ေအတီကို အသင္း ရဲ့ ဥကၠ႒ ျဖစ္သူ အင္းနရစ္ စီရီဇို က SER Esports နဲ႔ ျပဳလုပ္ ခဲ့တဲ့ အင္တာဗ်ဴး အစီအစဥ္ မွာ မက္ဆီ နဲ့ ဂရစ္ဇ္မန္း တုိ့ဟာ ေအတီကို မွာ တစ္ကယ့္ ကို ေကာင္းမြန္ စြာ တြဲဖက္ ကစား နုိင္ၾက လိမ့္မယ္ လို့ ဆုိသြား ခဲ့လိုက္ ပါတယ္ ။

ဘာစီလိုနာ ဟာ ႏူူးကမ့္ မွာ ေအတီကို အသင္း ကို ယွဥ္ျပိဳင္ ကစား အျပီး 4 ရက္ အၾကာ ၊ ၾကာသပေတး ေန့ နံနက္ 1:30 အခ်ိန္ မွာ ခ်န္ပီယံ လိဂ္ ကြာတား ဖုိင္နယ္ ပ အေက်ာ့ ပြဲစဥ္ အျဖစ္ အိုးလ္ ထရပ္ဖုိ့ဒ္ ကြင္း မွာ မန္ခ်က္စတာ ယူနုိက္တက္ အသင္း နဲ့ ရင္ဆုိင္ ကစား ရဖုိ့ ရွိေန ပါတယ္ ။

လက္ရွိ အခ်ိန္ မွာေတာ့ ခ်န္ပီယံ လိဂ္ ျပိဳင္ပြဲ မွာ ကစား ေနတဲ့ စပိန္ ကလပ္ အျဖစ္ ဘာစီလိုနာ တစ္သင္း သာ က်န္ရွိ ေနေတာ့ ျပီး ေအတီကို ဥကၠ႒ ျဖစ္သူ စီရီဇုိ ကေတာ့ ဝမ္ဒါ မတ္ထရို ပိုလီတာနို ကြင္းမွာ ကစား ရမဲ့ ဖုိင္နယ္ ပြဲစဥ္ မွာ ဘာကာ တုိ့ ဆု ဖလား ဆြတ္ခူး နုိင္ ဖုိ့ ေမ်ွာ္လင့္ ေနေၾကာင္း ဖြင့္ဟ ေျပာၾကား သြားခဲ့ လိုက္ ပါတယ္ ။

” ဝမ္ဒါ မတ္ထရို ပိုလီတာနုိ ကြင္းမွာ ဘာစီလိုနာ တုိ့ ခ်န္ပီယံ လိဂ္ ဖလား ဆြတ္ခူး နုိင္ဖုိ့ ေမ်ွာ္လင့္ ၾကရ ေအာင္ဗ်ာ ” လို့ စီရီဇို က ကတ္တလန္ အေျခစိုက္ ေရဒီယို တစ္ခု နဲ့ အင္တာဗ်ဴး အစီ အစဥ္ မွာ အခု လို ဖြင့္ဟ ေျပာၾကား သြားခဲ့ ပါတယ္ ။

ေအတီကို အသင္း ရဲ့ အဓိက တုိက္စစ္ ကစားသမား ျဖစ္သူ အန္တြိဳင္းနီ ဂရစ္ဇ္မန္း ဟာ လက္ရွိ အခ်ိန္ မွာ ေတာ့ အမွတ္ ေပး ဖလား ျပိဳင္ဖက္ ဘာစီလိုနာ တုိ့ရဲ့ ေနာက္ တစ္ၾကိမ္ ပစ္မွတ္ ထား ခ်ိတ္ဆက္ မွဳ ကို ရရွိ ေနသူ ပဲ ျဖစ္ ပါတယ္ ။

ဒါေပမဲ့ စီရီဇုိ ကေတာ့ တုိက္စစ္ မွဴး ျဖစ္သူ ဟာ ဘယ္ အသင္း ကို မွ ေျပာင္းေရႊ့ မွာ မဟုတ္ဘူး လို့ စီရီဇို ဟာ မၾကာ ေသးခင္ က ဖြင့္ဟ ေျပာၾကား ထားခဲ့ ပါ ေသးတယ္ ။ အဆုိပါ အေၾကာင္း အရာ နဲ့ ပတ္သက္ ျပီး ေနာက္ တစ္ၾကိမ္ အေမး ခံ လိုက္ရ တဲ့ အခါ မွာေတာ့ စီရီဇုိ က …

” သူ ( ဂရစ္ဇ္မန္း ) ဟာ အက္သလက္ တီကို အသင္း မွာ မက္ဆီ နဲ့ အတူ အေကာင္းဆံုး တုိက္စစ္ အတြဲ အဖက္ အျဖစ္ ကစား နုိင္မဲ့ လိမ့္မယ္ သူ တစ္ဦး ပါပဲ ” လို့ အံ့အား သင့္ဖြယ္ ဖြင့္ဟ ေျပာၾကား သြားခဲ့ ျပီး တနဂၤေႏြ ေန့ ထိပ္တုိက္ ရင္ဆုိင္ ကစား ရမဲ့ ပြဲစဥ္ နဲ့ ပတ္သက္ လို့ …

” တနဂၤေႏြ ေန့ နံနက္ မွာေတာ့ က်ြန္ေတာ္ ဟာ သြင္းဂိုး ေတြ အမ်ား ၾကီး ျမင္ေတြ့ ရမဲ့ ပြဲစဥ္ တစ္ပြဲ ကို အလို ရွိေန ပါတယ္ ။ ပြဲ လာၾကည့္ မဲ့ ပရိသတ္ ေတြ တစ္ကယ့္ ကို ေပ်ာ္ရႊင္ ခံစား နုိင္ ၾကမဲ့ ပြဲစဥ္ တစ္ခု ေပါ့ ” လို့ စီရီဇုိ က ဖြင့္ဟ သြားခဲ့ လိုက္ ပါတယ္ ။

အကယ္လို့ အဆုိပါ ပြဲစဥ္ မွာ ေအတီကို သာ အနုိင္ ရယူ နုိင္ခဲ့ ပါက ဘာစီလိုနာ အသင္း နဲ့ ရမွတ္ ျခားနား ခ်က္ 5 မွတ္ သာ ရွိေန ေတာ့မွာ ျဖစ္ျပီး အမွတ္ေပး ဖလား ဆြတ္ခူး နုိင္ေရး ေမ်ွာ္လင့္ခ်က္ ပိုမို အားေကာင္း လာမွာ ပဲ ျဖစ္ ပါတယ္ ။

#Sports_Myanmar

Unicode

ဝမ်ဒါမတ်ထရို ပိုလီတာနိုမှာ ဘယ်အသင်းကို ချန်ပီယံလိဂ် ဆွတ်ခူးစေလိုသလဲ ဆိုတာ ဖွင့်ဟလိုက်တဲ့ အေတီကို ဥက္ကဋ္ဌ

=================

ဒီ တစ်ပါတ် တနင်္ဂနွေ နံနက် 1 :15 အချိန် မှာတော့ အက်သလက်တီကို မက်ဒရစ် အသင်း ဟာ လက်ရှိ လာလီဂါ မဟာ ပြိုင်ဖက် ဘာစီလိုနာ အသင်း နဲ့ အမှတ်ပေး ဖလား ပွဲစဉ် ကို ရင်ဆိုင် ကစား ရဖို့ ရှိနေ ပါတယ် ။

လက်ရှိ အချိန် မှာတော့ ဘာစီလိုနာ အသင်း ဟာ အမှတ်ပေး ဇယား အဆင့် 1 နေရာ မှာ ရပ်တည် နေပြီး အက်သလက်တီကို မက်ဒရစ် အသင်း ကို 8 မှတ် ဖြတ်ထား နိုင်ခဲ့ တာကြောင့် ရာသီ ကုန်ဆုံး ဖို့ 8 ပွဲ အလို မှာ လာလီဂါ ချန်ပီယံ ဆု ကို သိမ်းပိုက် နိုင်ဖို့ ရေပန်းစား နေတာ ပဲ ဖြစ် ပါတယ် ။

အဆိုပါ ပွဲစဉ် မတိုင်မီ အေတီကို အသင်း ရဲ့ ဥက္ကဋ္ဌ ဖြစ်သူ အင်းနရစ် စီရီဇို က SER Esports နဲ့ ပြုလုပ် ခဲ့တဲ့ အင်တာဗျူး အစီအစဉ် မှာ မက်ဆီ နဲ့ ဂရစ်ဇ်မန်း တို့ဟာ အေတီကို မှာ တစ်ကယ့် ကို ကောင်းမွန် စွာ တွဲဖက် ကစား နိုင်ကြ လိမ့်မယ် လို့ ဆိုသွား ခဲ့လိုက် ပါတယ် ။

ဘာစီလိုနာ ဟာ နူူးကမ့် မှာ အေတီကို အသင်း ကို ယှဉ်ပြိုင် ကစား အပြီး 4 ရက် အကြာ ၊ ကြာသပတေး နေ့ နံနက် 1:30 အချိန် မှာ ချန်ပီယံ လိဂ် ကွာတား ဖိုင်နယ် ပ အကျော့ ပွဲစဉ် အဖြစ် အိုးလ် ထရပ်ဖို့ဒ် ကွင်း မှာ မန်ချက်စတာ ယူနိုက်တက် အသင်း နဲ့ ရင်ဆိုင် ကစား ရဖို့ ရှိနေ ပါတယ် ။

လက်ရှိ အချိန် မှာတော့ ချန်ပီယံ လိဂ် ပြိုင်ပွဲ မှာ ကစား နေတဲ့ စပိန် ကလပ် အဖြစ် ဘာစီလိုနာ တစ်သင်း သာ ကျန်ရှိ နေတော့ ပြီး အေတီကို ဥက္ကဋ္ဌ ဖြစ်သူ စီရီဇို ကတော့ ဝမ်ဒါ မတ်ထရို ပိုလီတာနို ကွင်းမှာ ကစား ရမဲ့ ဖိုင်နယ် ပွဲစဉ် မှာ ဘာကာ တို့ ဆု ဖလား ဆွတ်ခူး နိုင် ဖို့ မျှော်လင့် နေကြောင်း ဖွင့်ဟ ပြောကြား သွားခဲ့ လိုက် ပါတယ် ။

” ဝမ်ဒါ မတ်ထရို ပိုလီတာနို ကွင်းမှာ ဘာစီလိုနာ တို့ ချန်ပီယံ လိဂ် ဖလား ဆွတ်ခူး နိုင်ဖို့ မျှော်လင့် ကြရ အောင်ဗျာ ” လို့ စီရီဇို က ကတ်တလန် အခြေစိုက် ရေဒီယို တစ်ခု နဲ့ အင်တာဗျူး အစီ အစဉ် မှာ အခု လို ဖွင့်ဟ ပြောကြား သွားခဲ့ ပါတယ် ။

အေတီကို အသင်း ရဲ့ အဓိက တိုက်စစ် ကစားသမား ဖြစ်သူ အန်တွိုင်းနီ ဂရစ်ဇ်မန်း ဟာ လက်ရှိ အချိန် မှာ တော့ အမှတ် ပေး ဖလား ပြိုင်ဖက် ဘာစီလိုနာ တို့ရဲ့ နောက် တစ်ကြိမ် ပစ်မှတ် ထား ချိတ်ဆက် မှု ကို ရရှိ နေသူ ပဲ ဖြစ် ပါတယ် ။

ဒါပေမဲ့ စီရီဇို ကတော့ တိုက်စစ် မှူး ဖြစ်သူ ဟာ ဘယ် အသင်း ကို မှ ပြောင်းရွှေ့ မှာ မဟုတ်ဘူး လို့ စီရီဇို ဟာ မကြာ သေးခင် က ဖွင့်ဟ ပြောကြား ထားခဲ့ ပါ သေးတယ် ။ အဆိုပါ အကြောင်း အရာ နဲ့ ပတ်သက် ပြီး နောက် တစ်ကြိမ် အမေး ခံ လိုက်ရ တဲ့ အခါ မှာတော့ စီရီဇို က …

” သူ ( ဂရစ်ဇ်မန်း ) ဟာ အက်သလက် တီကို အသင်း မှာ မက်ဆီ နဲ့ အတူ အကောင်းဆုံး တိုက်စစ် အတွဲ အဖက် အဖြစ် ကစား နိုင်မဲ့ လိမ့်မယ် သူ တစ်ဦး ပါပဲ ” လို့ အံ့အား သင့်ဖွယ် ဖွင့်ဟ ပြောကြား သွားခဲ့ ပြီး တနင်္ဂနွေ နေ့ ထိပ်တိုက် ရင်ဆိုင် ကစား ရမဲ့ ပွဲစဉ် နဲ့ ပတ်သက် လို့ …

” တနင်္ဂနွေ နေ့ နံနက် မှာတော့ ကျွန်တော် ဟာ သွင်းဂိုး တွေ အများ ကြီး မြင်တွေ့ ရမဲ့ ပွဲစဉ် တစ်ပွဲ ကို အလို ရှိနေ ပါတယ် ။ ပွဲ လာကြည့် မဲ့ ပရိသတ် တွေ တစ်ကယ့် ကို ပျော်ရွှင် ခံစား နိုင် ကြမဲ့ ပွဲစဉ် တစ်ခု ပေါ့ ” လို့ စီရီဇို က ဖွင့်ဟ သွားခဲ့ လိုက် ပါတယ် ။

အကယ်လို့ အဆိုပါ ပွဲစဉ် မှာ အေတီကို သာ အနိုင် ရယူ နိုင်ခဲ့ ပါက ဘာစီလိုနာ အသင်း နဲ့ ရမှတ် ခြားနား ချက် 5 မှတ် သာ ရှိနေ တော့မှာ ဖြစ်ပြီး အမှတ်ပေး ဖလား ဆွတ်ခူး နိုင်ရေး မျှော်လင့်ချက် ပိုမို အားကောင်း လာမှာ ပဲ ဖြစ် ပါတယ် ။

#Sports_Myanmar