ဘာစီလုိနာ အတြက္ ဂုိးေတြသြင္းေပးႏုိင္ခဲ့လုိ႔ ေပ်ာ္ရႊင္ပါတယ္ဆိုတဲ့ ဂရစ္ဇ္မန္း

ဘာစီလုိနာ အသင္း ရဲ႕ တုိက္စစ္မႈး အန္တြဳိင္း ဂရစ္ဇ္မန္း ကေတာ့ မက္ဆီ ၊ ဆြာရက္ တုိ႔ မပါ၀င္ ႏုိင္ခ်ိန္ မွာ အသင္း အတြက္ ဂုိးေတြ သြင္းၿပီး အကူ အညီေပး ႏုိင္ ခဲ့လုိ႔ အရမ္း ေပ်ာ္ရႊင္ ခဲ့ရ ပါတယ္ လို႔ ဆုိသြား ခဲ့ ပါတယ္ ။ ဒါ့အျပင္ ယမန္ေန႔ ညက ပြဲမွာ အသင္းေဖာ္ မက္ဆီ ရဲ႕ ပံုစံ ကို လုိက္လံ တုပၿပီး ဂုိးသြင္းယူ ခဲ့ သလို မက္ဆီ လုိမ်ဳိး လည္း ေအာင္ပြဲ ခံခဲ့ ပါတယ္ လို႔ ထုတ္ေဖာ္ ေျပာဆုိ သြားခဲ့ ပါတယ္ ။

ဘာစီလုိနာ ဟာ လာလီဂါ ပြဲစဥ္ ( ၂ ) အျဖစ္ ရီးရဲ ဘက္တစ္ အသင္း ကို အိမ္ကြင္း မွာ လက္ခံ ကစား ခဲ့ ပါတယ္ ။ မက္ဆီ ေရာ ဆြာရက္ ပါ မကစား ႏုိင္တာ ေၾကာင့္ ရာဖင္ဟာ ၊ လူငယ္ ကစား သမား ကားလက္စ္ ပီရက္ တို႔ နဲ႔ အတူ တုိက္စစ္ မွာ ပြဲထြက္ ခဲ့ရ ပါတယ္ ။

မက္ဆီ မပါတဲ့ ဘာစီလုိနာဟာ အခ်ိတ္ အဆက္ ေတြ လြဲေခ်ာ္ ၿပီး ေကာင္းမြန္တဲ့ ကစားကြက္ ကို မေဖာ္ေဆာင္ ႏုိင္ခဲ့ ပါဘူး ။ ဘက္တစ္ ဘက္ကုိ ေဘာလံုး ပုိင္ဆုိင္မႈ အသာ နဲ႔ ဖိ ကစားထား ႏုိင္ခဲ့ ေပမယ့္ ဧရိယာ အတြင္း အဆံုးသတ္ ခ်ိတ္ဆက္ မႈ ေတြ ကေတာ့ ေတာ္ေတာ္ေလး လြဲေခ်ာ္ ေနခဲ့ ပါတယ္ ။

ပြဲခ်ိန္ ၁၅ မိနစ္ မွာေတာ့ ဧည့္သည္ ဘက္တစ္ က အဖြင္ဂုိး ကို ရရွိ သြားခဲ့ ပါတယ္ ။ ဒီဂုိး ကိုေတာ့ ယခုႏွစ္မွ အသင္း ထံ ေျပာင္းေရႊ႕ လာတဲ့ ျပင္သစ္ တုိက္စစ္မႈး နာဘီ ဖာကီယာ က သြင္းယူ ေပးသြားခဲ့ တာ ျဖစ္ပါတယ္ ။ ဦးေဆာင္ဂုိး ေပးလုိက္ရတဲ့ အတြက္ ဘာစီလုိနာ တုိ႔ လႈပ္လႈပ္ရြရြ ျဖစ္လာခဲ့ ေပမယ့္ အခ်ိတ္အဆက္ ေတြ ကေတာ့ လြဲေခ်ာ္ ဆဲ ျဖစ္ေနခဲ့ ပါတယ္ ။

ပထမပုိင္း ၄၁ မိနစ္ မွာေတာ့ ဘာကာ တုိက္စစ္မႈး ဂရစ္ဇ္မန္း ဟာ ဆာဂ်ီ ေရာဘတ္တို မတင္ ေပးလုိက္တဲ့ ေဘာလံုး ကို ေျပး၀င္ကာ ပိတ္သြင္းၿပီး ေခ်ပဂိုး ရယူေပး ခဲ့ ပါတယ္ ။ ပထမ ပုိင္း အၿပီးမွာေတာ့ တစ္ဖက္ ၁ ဂုိးစီ နဲ႔ သေရ က်ေနခဲ့ၿပီး ဘာစီလုိနာ ရဲ႕ ကစားပံု ဟာ အားရစရာ နည္းပါး ခဲ့ ပါတယ္ ။

ဒုတိယပုိင္ မွာေတာ့ ဘာစီလုိနာ ဟာ ၁၀ မိနစ္ အတြင္း ၃ ဂုိး ဆက္တုိက္ သြင္းယူၿပီး ဘက္တစ္ ကို စိတ္ဓါတ္ က်သြား ေစခဲ့ ပါတယ္ ။ မိနစ္ ၅၀ မွာ ဂရစ္ဇ္မန္း ဟာ ဧရိယာ အတြင္း ကေန ဘယ္ေျခ နဲ႔ ေ၀့၀ိုက္ ကန္သြင္းကာ ဒုတိယ ေျမာက္ဂုိး ကို သြင္းယူ ေပးခဲ့သလို ၅၆ နဲ႔ ၆၀ မိနစ္ေတြ မွာလည္း ပီရက္ ၊ ေဂ်ာ္ဒီ အယ္ဘာ တုိ႔ က ဂုိးေတြ ဆက္တုိက္ သြင္းယူ ေပးသြား ခဲ့ ပါတယ္ ။

ဘာစီလုိနာ အတြက္ ပဥၥမေျမာက္ ဂိုးကိုေတာ့ လူစား၀င္ လာတဲ့ ဗီဒယ္ က ဂရစ္ဇ္မန္း နဲ႔ အေပးအယူ လုပ္ရင္ ကန္သြင္းယူ ခဲ့တာ ျဖစ္ၿပီး ဘက္တစ္ အတြက္ ဒုတိယ ေျမာက္ ဂုိးကိုေတာ့ ေလာ္ရန္ က ၇၉ မိနစ္ မွာ အေ၀းကန္ခ်က္ နဲ႔ သြင္းယူ ေပးခဲ့တာပဲ ျဖစ္ပါတယ္ ။

ဒီႏုိင္ပြဲ ေၾကာင့္ ဘာစီလုိနာ တုိ႔ ရာသီသစ္ အတြက္ ပထမဆံုး ၃ မွတ္ ရရွိ ခဲ့ၿပီ ျဖစ္ကာ စေနေန႔ တုန္းက သေရ က်ခဲ့တဲ့ ရီးရဲ မက္ဒရစ္ ကိုလည္း လုိက္မီ လု ျဖစ္လာခဲ့ၿပီ ျဖစ္ပါတယ္ ။ ဒီေန႔ ပြဲမွာ ၂ ဂိုးသြင္းၿပီး ၁ ဂုိး ဖန္တီးေပး ခဲ့တဲ့ ဂရစ္ဇ္မန္း ကေတာ့ အသင္း ကို ကူညီေပး ႏုိင္ခဲ့လို႔ အရမ္း ေပ်ာ္ရႊင္ မိေၾကာင္း န႔ဲ မက္ဆီ ရဲ႕ စတိုင္ ကို တုပ ကာ ဂုိးသြင္းၿပိး ေအာင္ပြဲ ခံခဲ့တယ္ လို႔ ပြဲ အၿပီး မွာ ထုတ္ေဖာ္ ေျပာဆို သြားခဲ့ ပါတယ္ ။

“ဒါမ်ဳိး ကို မက္ဆီ ေလ့က်င့္ေရး ကြင္းမွာ လုပ္ေနၾကပါ ။ ဒါေၾကာင့္ သူ႔လုိ ကန္ၾကည့္ဖို႔ ႀကဳိးစား ခဲ့ၿပီး ဂုိး ၀င္သြား ခဲ့ ပါတယ္ ( ဂရစ္ဇ္မန္း ၏ ဒုတိယ ဂုိး ) ။ ဒါေၾကာင့္ သူ႔လုိပဲ ေအာင္ပြဲ ခံခဲ့ တာပါ ။ ေနာက္ၿပီး လီဘရြန္ဂ်ိမ္းစ္ ( နာမည္ေက်ာ္ ဘတ္စကတ္ေဘာ ကစား သမား ) ရဲ႕ ေအာင္ပြဲ ခံတဲ့ ပံုစံကိုလည္း သေဘာက် လို လုိုက္လုပ္ မိခဲ့ ပါတယ္”

“အသင္း အတြက္ ဂုိးေတြ သြင္းေပးၿပီး ႏုိင္ပြဲ ကို ရယူေပးႏုိင္ ခဲ့လုိ႔ အရမ္း ေပ်ာ္ရႊင္ မိပါတယ္ ။ ၿပီးခဲ့တဲ့ ပြဲတုန္း က ကြင္းထဲ ကေန စိတ္ပ်က္ လက္ပ်က္ နဲ႔ ထြက္ခဲ့ ရတာေတြ ကို အခု ေမ့ထား ႏုိင္ပါၿပီ ။ ကြ်န္ေတာ္တို႔ တိုးတက္ စရာ ေတြ အမ်ားႀကီး ရွိပါေသးတယ္ ။ ဆက္ၿပီး ႀကဳိးစား သြားမွာပါ” လို႔ အန္တြဳိင္း ဂရစ္ဇ္မန္း က ေျပာဆို သြားခဲ့ ပါတယ္ ။

ဘာစီလုိနာ အသင္း ဟာ ပြဲစဥ္ ( ၃ ) မွာေတာ့ အိုဆာဆူနာ အသင္း နဲ႔ ယွဥ္ၿပဳိင္ ကစား ရမွာပဲ ျဖစ္ပါတယ္

SPORTS MYANMAR

Unicode

ယူနိုက်တက်ဆီ ပြောင်းရွှေ့စေလိုတဲ့ ကစားသမား အမည်ကို ထုတ်ဖော် ပြောကြားလိုက်တဲ့ #ဆင်ပဆွန်

===============

ဘာစီလိုနာ အတွက် ဂိုးတွေသွင်းပေးနိုင်ခဲ့လို့ ပျော်ရွှင်ပါတယ်ဆိုတဲ့ ဂရစ်ဇ်မန်း

========================================

ဘာစီလိုနာ အသင်း ရဲ့ တိုက်စစ်မှုး အန်တွိုင်း ဂရစ်ဇ်မန်း ကတော့ မက်ဆီ ၊ ဆွာရက် တို့ မပါ၀င် နိုင်ချိန် မှာ အသင်း အတွက် ဂိုးတွေ သွင်းပြီး အကူ အညီပေး နိုင် ခဲ့လို့ အရမ်း ပျော်ရွှင် ခဲ့ရ ပါတယ် လို့ ဆိုသွား ခဲ့ ပါတယ် ။ ဒါ့အပြင် ယမန်နေ့ ညက ပွဲမှာ အသင်းဖော် မက်ဆီ ရဲ့ ပုံစံ ကို လိုက်လံ တုပပြီး ဂိုးသွင်းယူ ခဲ့ သလို မက်ဆီ လိုမျိုး လည်း အောင်ပွဲ ခံခဲ့ ပါတယ် လို့ ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။

ဘာစီလိုနာ ဟာ လာလီဂါ ပွဲစဉ် ( ၂ ) အဖြစ် ရီးရဲ ဘက်တစ် အသင်း ကို အိမ်ကွင်း မှာ လက်ခံ ကစား ခဲ့ ပါတယ် ။ မက်ဆီ ရော ဆွာရက် ပါ မကစား နိုင်တာ ကြောင့် ရာဖင်ဟာ ၊ လူငယ် ကစား သမား ကားလက်စ် ပီရက် တို့ နဲ့ အတူ တိုက်စစ် မှာ ပွဲထွက် ခဲ့ရ ပါတယ် ။

မက်ဆီ မပါတဲ့ ဘာစီလိုနာဟာ အချိတ် အဆက် တွေ လွဲချော် ပြီး ကောင်းမွန်တဲ့ ကစားကွက် ကို မဖော်ဆောင် နိုင်ခဲ့ ပါဘူး ။ ဘက်တစ် ဘက်ကို ဘောလုံး ပိုင်ဆိုင်မှု အသာ နဲ့ ဖိ ကစားထား နိုင်ခဲ့ ပေမယ့် ဧရိယာ အတွင်း အဆုံးသတ် ချိတ်ဆက် မှု တွေ ကတော့ တော်တော်လေး လွဲချော် နေခဲ့ ပါတယ် ။

ပွဲချိန် ၁၅ မိနစ် မှာတော့ ဧည့်သည် ဘက်တစ် က အဖွင်ဂိုး ကို ရရှိ သွားခဲ့ ပါတယ် ။ ဒီဂိုး ကိုတော့ ယခုနှစ်မှ အသင်း ထံ ပြောင်းရွှေ့ လာတဲ့ ပြင်သစ် တိုက်စစ်မှုး နာဘီ ဖာကီယာ က သွင်းယူ ပေးသွားခဲ့ တာ ဖြစ်ပါတယ် ။ ဦးဆောင်ဂိုး ပေးလိုက်ရတဲ့ အတွက် ဘာစီလိုနာ တို့ လှုပ်လှုပ်ရွရွ ဖြစ်လာခဲ့ ပေမယ့် အချိတ်အဆက် တွေ ကတော့ လွဲချော် ဆဲ ဖြစ်နေခဲ့ ပါတယ် ။

ပထမပိုင်း ၄၁ မိနစ် မှာတော့ ဘာကာ တိုက်စစ်မှုး ဂရစ်ဇ်မန်း ဟာ ဆာဂျီ ရောဘတ်တို မတင် ပေးလိုက်တဲ့ ဘောလုံး ကို ပြေးဝင်ကာ ပိတ်သွင်းပြီး ချေပဂိုး ရယူပေး ခဲ့ ပါတယ် ။ ပထမ ပိုင်း အပြီးမှာတော့ တစ်ဖက် ၁ ဂိုးစီ နဲ့ သရေ ကျနေခဲ့ပြီး ဘာစီလိုနာ ရဲ့ ကစားပုံ ဟာ အားရစရာ နည်းပါး ခဲ့ ပါတယ် ။

ဒုတိယပိုင် မှာတော့ ဘာစီလိုနာ ဟာ ၁၀ မိနစ် အတွင်း ၃ ဂိုး ဆက်တိုက် သွင်းယူပြီး ဘက်တစ် ကို စိတ်ဓါတ် ကျသွား စေခဲ့ ပါတယ် ။ မိနစ် ၅၀ မှာ ဂရစ်ဇ်မန်း ဟာ ဧရိယာ အတွင်း ကနေ ဘယ်ခြေ နဲ့ ဝေ့ဝိုက် ကန်သွင်းကာ ဒုတိယ မြောက်ဂိုး ကို သွင်းယူ ပေးခဲ့သလို ၅၆ နဲ့ ၆၀ မိနစ်တွေ မှာလည်း ပီရက် ၊ ဂျော်ဒီ အယ်ဘာ တို့ က ဂိုးတွေ ဆက်တိုက် သွင်းယူ ပေးသွား ခဲ့ ပါတယ် ။

ဘာစီလိုနာ အတွက် ပဥ္စမမြောက် ဂိုးကိုတော့ လူစားဝင် လာတဲ့ ဗီဒယ် က ဂရစ်ဇ်မန်း နဲ့ အပေးအယူ လုပ်ရင် ကန်သွင်းယူ ခဲ့တာ ဖြစ်ပြီး ဘက်တစ် အတွက် ဒုတိယ မြောက် ဂိုးကိုတော့ လော်ရန် က ရ၉ မိနစ် မှာ အဝေးကန်ချက် နဲ့ သွင်းယူ ပေးခဲ့တာပဲ ဖြစ်ပါတယ် ။

ဒီနိုင်ပွဲ ကြောင့် ဘာစီလိုနာ တို့ ရာသီသစ် အတွက် ပထမဆုံး ၃ မှတ် ရရှိ ခဲ့ပြီ ဖြစ်ကာ စနေနေ့ တုန်းက သရေ ကျခဲ့တဲ့ ရီးရဲ မက်ဒရစ် ကိုလည်း လိုက်မီ လု ဖြစ်လာခဲ့ပြီ ဖြစ်ပါတယ် ။ ဒီနေ့ ပွဲမှာ ၂ ဂိုးသွင်းပြီး ၁ ဂိုး ဖန်တီးပေး ခဲ့တဲ့ ဂရစ်ဇ်မန်း ကတော့ အသင်း ကို ကူညီပေး နိုင်ခဲ့လို့ အရမ်း ပျော်ရွှင် မိကြောင်း နဲ့ မက်ဆီ ရဲ့ စတိုင် ကို တုပ ကာ ဂိုးသွင်းပြိး အောင်ပွဲ ခံခဲ့တယ် လို့ ပွဲ အပြီး မှာ ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။

“ဒါမျိုး ကို မက်ဆီ လေ့ကျင့်ရေး ကွင်းမှာ လုပ်နေကြပါ ။ ဒါကြောင့် သူ့လို ကန်ကြည့်ဖို့ ကြိုးစား ခဲ့ပြီး ဂိုး ၀င်သွား ခဲ့ ပါတယ် ( ဂရစ်ဇ်မန်း ၏ ဒုတိယ ဂိုး ) ။ ဒါကြောင့် သူ့လိုပဲ အောင်ပွဲ ခံခဲ့ တာပါ ။ နောက်ပြီး လီဘရွန်ဂျိမ်းစ် ( နာမည်ကျော် ဘတ်စကတ်ဘော ကစား သမား ) ရဲ့ အောင်ပွဲ ခံတဲ့ ပုံစံကိုလည်း သဘောကျ လို လိုုက်လုပ် မိခဲ့ ပါတယ်”

“အသင်း အတွက် ဂိုးတွေ သွင်းပေးပြီး နိုင်ပွဲ ကို ရယူပေးနိုင် ခဲ့လို့ အရမ်း ပျော်ရွှင် မိပါတယ် ။ ပြီးခဲ့တဲ့ ပွဲတုန်း က ကွင်းထဲ ကနေ စိတ်ပျက် လက်ပျက် နဲ့ ထွက်ခဲ့ ရတာတွေ ကို အခု မေ့ထား နိုင်ပါပြီ ။ ကျွန်တော်တို့ တိုးတက် စရာ တွေ အများကြီး ရှိပါသေးတယ် ။ ဆက်ပြီး ကြိုးစား သွားမှာပါ” လို့ အန်တွိုင်း ဂရစ်ဇ်မန်း က ပြောဆို သွားခဲ့ ပါတယ် ။

ဘာစီလိုနာ အသင်း ဟာ ပွဲစဉ် ( ၃ ) မှာတော့ အိုဆာဆူနာ အသင်း နဲ့ ယှဉ်ပြိုင် ကစား ရမှာပဲ ဖြစ်ပါတယ်

SPORTS MYANMAR