ယေန႕ည လီဗာပူး အသင္း နဲ႕ ဥေရာပ စူပါဖလား ဗိုလ္လုပြဲ မတိုင္မီ ခ်ယ္လ္ဆီး သတင္းတိုမ်ား

Lampard

ယေန႕ည မွာ လီဗာပူး – ခ်ယ္လ္ဆီး ဥေရာပ စူပါဖလား ဗိုလ္လုပြဲ ကို အမ်ိဳးသမီး ကြင္းလယ္ဒိုင္ က တာဝန္ယူ ကိုင္တြယ္မယ့္ အေနအထား နဲ႕ ပတ္သက္ျပီး ခ်ယ္လ္ဆီး နည္းျပ ဖရန္႕ လမ္းပတ္ က ဒါဟာ သတင္းေကာင္း တခု ျဖစ္သလို ၊ သမိုင္းသစ္ ေရးထိုး ႏိုင္မယ့္ အေနအထား ျဖစ္ေၾကာင္း ၊ အမ်ိဳးသမီး ကမၻာ့ ဖလား မွာ ဒီ အမ်ိဳးသမီး ဒိုင္ေတြရဲ႕ မွန္ကန္တဲ့ ဆံုးျဖတ္ခ်က္ တခ်ိဳ႕ေၾကာင့္ အားရ ရသလို ၊ ယေန႕ည ပြဲစဥ္ အတြက္လည္း သူတို႕ရဲ႕ ဆံုးျဖတ္ခ်က္ ေတြ မွန္ကန္ ႏိုင္ဖို႕ ေမွ်ာ္လင့္ ထားေၾကာင္း မေန႕က သတင္းစာ ရွင္းလင္းပြဲ မွာ ဖြင့္ဟ ေျပာဆို ခဲ့ပါတယ္ ။

* ခ်ယ္လ္ဆီး အသင္း ရဲ႕ ယေန႕ည မွာ လီဗာပူး နဲ႕ ရင္ဆိုင္ ကစားမယ့္ ကစားသမား စာရင္း မွာ ဒဏ္ရာ က ျပန္လည္ သက္သာ လာတဲ့ ခံစစ္မွဴး ရူဒီဂါ ၊ ရာသီၾကိဳ ခရီးစဥ္ ေတြကို လိုက္ပါ ထားျခင္း မရွိခဲ့တဲ့ ဝီလီယံ တို႕ ျပန္လည္ ပါဝင္ လာျပီ ျဖစ္ပါတယ္ ။ ခ်ယ္လ္ဆီး အသင္း နည္းျပ ဖရန္႕ လမ္းပတ္ ကေတာ့ ၄င္းတို႕ ၂ဦးလံုး ဟာ ဒဏ္ရာ ျပန္လည္ ေကာင္းမြန္ လာျပီ ျဖစ္ေပမယ့္ ယေန႕ည ပြဲ အတြက္ အရန္ခံုမွာပဲ ပါဝင္ႏိုင္ဦးမယ္ လို႕ ဆိုခဲ့ပါတယ္ ။

* ခ်ယ္လ္ဆီး အသင္း နည္းျပ ဖရန္႕ လမ္းပတ္ က လက္ရွိ လူငယ္ ကြင္းလယ္လူ ေမဆင္ေမာင့္တ္ ကို ၄င္းနဲ႕ ႏႈိင္းယွဥ္ ေနျခင္း နဲ႕ ပတ္သက္ျပီး ေမဆင္ေမာင့္တ္ နဲ႕ ၄င္းတို႕ဟာ ကစားပံု မတူညီတဲ့ သူေတြ ျဖစ္တာေၾကာင့္ မႏႈိင္းယွဥ္ သင့္ေၾကာင္း ၊ ေမာင့္တ္ ဟာ အရည္အေသြးေကာင္း ေတြ ပိုင္ဆိုင္ ထားျပီး အလုပ္ အရမ္း ၾကိဳးစားသူ ျဖစ္ေၾကာင္း နဲ႕ သြင္းဂိုး ေတြ ၊ ဂိုးဖန္တီးမႈ ေတြ အတြက္ အသင့္ ရွိေၾကာင္း ထုတ္ေဖာ္ ခ်ီးက်ဴး သြားခဲ့ပါတယ္ ။

* ခ်ယ္လ္ဆီး အသင္း နည္းျပ ဖရန္႕ လမ္းပတ္ က အဓိက ေတာင္ပံ တိုက္စစ္ ကစားသမား အီဒင္ ဟာဇတ္ ခ်ယ္လ္ဆီး ကေန ထြက္ခြာ သြားခဲ့တာ ၄င္းတို႕ အတြက္ ဆံုးရံႈးနစ္နာမႈၾကီး တခု ျဖစ္ေၾကာင္း ၊ သူ ကိုယ္တိုင္လည္း အီဒင္ ဟာဇတ္ ကို အားေပးတဲ့ ပရိသတ္ တေယာက္ ျဖစ္တာေၾကာင့္ သူ႕လို အသင္း အတြက္ အေထာက္အကူ အမ်ားၾကီး ေပးခဲ့တဲ့ ကစားသမား တေယာက္ ကို သတိ ရေနမွာ ျဖစ္ေၾကာင္း ၊ သို႕ေပမယ့္ လည္း လက္ရွိ ကစားသမား အစုအဖြဲ႕ အတိုင္းပဲ ေရွ႕ဆက္ သြားရမွာ ျဖစ္ေၾကာင္း မေန႕က ပြဲၾကိဳ သတင္းစာ ရွင္းလင္းပြဲ မွာ ဆိုခဲ့ပါတယ္ ။

* ခ်ယ္လ္ဆီး အသင္း နည္းျပ ဖရန္႕ လမ္းပတ္ က လက္ရွိ ခ်ယ္လ္ဆီး နည္းျပ ရာထူး ဟာ သူ႕ အတြက္ ရုိလာကိုစတာ စီးေနရသလို ခံစား ရေသးျခင္း မရွိေၾကာင္း ၊ ယူႏိုက္တက္ ကို ၄ဂိုးျပတ္ နဲ႕ အေရးနိမ့္ ခဲ့ျခင္း ကို ရိုလာကိုစတာ စီးရတဲ့ ခံစားခ်က္ တခုလို႕ သတ္မွတ္ ခ်င္ရင္ေတာ့ ရႏိုင္ေၾကာင္း ၊ ျပီးခဲ့တဲ့ ေဘာလံုး ရာသီ တုန္းက ဒါဘီ အသင္း ကို ကိုင္တြယ္စဥ္ က ဒီလိုမ်ိဳး အခိုက္အတန္႕ မ်ားစြာ ခံစား ခဲ့ရေၾကာင္း ဆိုခဲ့ပါတယ္ ။

* ESPN သတင္း ဌာန ရဲ႕ ေဖာ္ျပခ်က္ တခု အရ ခ်ယ္လ္ဆီး အသင္း ရဲ႕ ဘရာဇီး လူငယ္ ေတာင္ပံ ကစားသမား လူးကပ္စ္ ပီယာဇြန္ ဟာ တူရကီ ကလပ္ ဘက္ဆစ္တပ္ အသင္း ရဲ႕ ကမ္းလွမ္းမႈ ကို ေစာင့္ဆိုင္း ေနျပီး ဘက္ဆစ္တပ္ ဖက္က ၄င္းကို အျပီးသတ္ ေခၚယူဖို႕ ေပါင္ ၅သန္း နဲ႕ ကမ္းလွမ္းဖြယ္ ရွိေနေၾကာင္း သိရပါတယ္ ။ ပီယာဇြန္ ဟာ ခ်ယ္လ္ဆီး အသင္း ကို ေရာက္ရွိ လာတာဟာ ဆယ္စုႏွစ္ တခုစာ ရွိလာ ေပမယ့္ စီနီယာ အသင္း အတြက္ ဘယ္ႏွပြဲ မွ မကစား ခဲ့ရတာေၾကာင့္ အသင္းေျပာင္းဖို႕ စီစဥ္ ေနျပီ ျဖစ္ပါတယ္ ။

* ခ်ယ္လ္ဆီး အသင္း အကယ္ဒမီထြက္ တိုက္စစ္မွဴးေဟာင္း ကာတန္ကိုးလ္ က သူ႕ အေနနဲ႕ ကစားသမား ဘဝမွာတုန္း က အခုလို ခ်ယ္လ္ဆီး အသင္း ကစားသမား ေခၚယူခြင့္ အပိတ္ ခံရတဲ့ အေနအထား မ်ိဳး ကို ၾကံဳေတြ႕ ခ်င္ခဲ့ေၾကာင္း ၊ လက္ရွိ လူငယ္ တိုက္စစ္မွဴး တမ္မီ ေအဘရာဟမ္ အတြက္ ဒီ အေနအထား ဟာ ပြဲထြက္ခြင့္ ပံုမွန္ ရရွိဖို႕ အခြင့္အေရး ျဖစ္ေၾကာင္း ၊ သြင္းဂိုး ေတြနဲ႕ ပြဲထြက္ခြင့္ တေနရာ ကို လွမ္းဆုပ္ဖို႕ အခြင့္အေရး ရလာျပီ ျဖစ္ေၾကာင္း Goal နဲ႕ အင္တာဗ်ဴး မွာ သံုးသပ္ ေျပာဆို ခဲ့ပါတယ္ ။

* ခ်ယ္လ္ဆီး အသင္း ရဲ႕ အကယ္ဒမီ လူငယ္ ကြင္းလယ္လူ ဘီလီ ဂီလ္မာ ဟာ လီဗာပူး နဲ႕ ဥေရာပ စူပါဖလား ဗိုလ္လုပြဲ အတြက္ ခ်ယ္လ္ဆီး အသင္း ရဲ႕ အျပီးသတ္ ကစားသမား စာရင္း မွာ မပါဝင္ ထားေပမယ့္ အစၥတန္ဘူလ္ သို႕ လိုက္ပါ လာတဲ့ ကစားသမား ေတြထဲမွာေတာ့ ပါဝင္ ခဲ့ေၾကာင္း သိရပါတယ္ ။

* ခ်ယ္လ္ဆီး အသင္း ရဲ႕ ဝါရင့္ ေတာင္ပံ တိုက္စစ္ ကစားသမား ပတ္ဒရို က ၄င္းတို႕ အေနနဲ႕ ယေန႕ည လီဗာပူး အသင္း နဲ႕ စူပါဖလား ဗိုလ္လု ပြဲစဥ္ ေတြကို အထူး သတိထား ခ်ဥ္းကပ္ ရမွာ ျဖစ္ျပီး အာရုံစိုက္မႈ အျပည့္ နဲ႔ ကစား ရမွာ ျဖစ္ေၾကာင္း ၊ တိုက္စစ္ အတြက္ လံုေလာက္တဲ့ အခြင့္အေရး ဖန္တီးမႈ ေတြနဲ႕ အဆံုးသတ္ လည္း လိုအပ္ေၾကာင္း မေန႕က ပြဲၾကိဳ သတင္းစာ ရွင္းလင္းပြဲ မွာ ဆိုခဲ့ပါတယ္ ။

* မေန႕ည က ပြဲစဥ္မ်ား အျပီး ခ်ယ္လ္ဆီး အငွား ကစားသမားမ်ားရဲ႕ ေျခစြမ္းမ်ား
ဒူဂြ်န္ စတားလင္း ( ဝီဂန္ ) ( ပြဲခ်ိန္ျပည့္ )
လုခ္ မက္ေကာမစ္ ( ရွရူးဘူရီေတာင္း ) ( ပြဲခ်ိန္ျပည့္ )
ေဂ်ာ့ခ်္ ဂရန္႕ ( ပလိုင္းေမာက္ ) ( ပြဲခ်ိန္ျပည့္ )
မတ္ မီေယဇဂါ ( ရီးဒင္း ) ( ပါဝင္ခြင့္မရ )

SPORTS MYANMAR

Unicode

ယနေ့ည လီဗာပူး အသင်း နဲ့ ဥရောပ စူပါဖလား ဗိုလ်လုပွဲ မတိုင်မီ ချယ်လ်ဆီး သတင်းတိုများ

* ယနေ့ည မှာ လီဗာပူး – ချယ်လ်ဆီး ဥရောပ စူပါဖလား ဗိုလ်လုပွဲ ကို အမျိုးသမီး ကွင်းလယ်ဒိုင် က တာဝန်ယူ ကိုင်တွယ်မယ့် အနေအထား နဲ့ ပတ်သက်ပြီး ချယ်လ်ဆီး နည်းပြ ဖရန့် လမ်းပတ် က ဒါဟာ သတင်းကောင်း တခု ဖြစ်သလို ၊ သမိုင်းသစ် ရေးထိုး နိုင်မယ့် အနေအထား ဖြစ်ကြောင်း ၊ အမျိုးသမီး ကမ္ဘာ့ ဖလား မှာ ဒီ အမျိုးသမီး ဒိုင်တွေရဲ့ မှန်ကန်တဲ့ ဆုံးဖြတ်ချက် တချို့ကြောင့် အားရ ရသလို ၊ ယနေ့ည ပွဲစဉ် အတွက်လည်း သူတို့ရဲ့ ဆုံးဖြတ်ချက် တွေ မှန်ကန် နိုင်ဖို့ မျှော်လင့် ထားကြောင်း မနေ့က သတင်းစာ ရှင်းလင်းပွဲ မှာ ဖွင့်ဟ ပြောဆို ခဲ့ပါတယ် ။

* ချယ်လ်ဆီး အသင်း ရဲ့ ယနေ့ည မှာ လီဗာပူး နဲ့ ရင်ဆိုင် ကစားမယ့် ကစားသမား စာရင်း မှာ ဒဏ်ရာ က ပြန်လည် သက်သာ လာတဲ့ ခံစစ်မှူး ရူဒီဂါ ၊ ရာသီကြို ခရီးစဉ် တွေကို လိုက်ပါ ထားခြင်း မရှိခဲ့တဲ့ ဝီလီယံ တို့ ပြန်လည် ပါဝင် လာပြီ ဖြစ်ပါတယ် ။ ချယ်လ်ဆီး အသင်း နည်းပြ ဖရန့် လမ်းပတ် ကတော့ ၄င်းတို့ ၂ဦးလုံး ဟာ ဒဏ်ရာ ပြန်လည် ကောင်းမွန် လာပြီ ဖြစ်ပေမယ့် ယနေ့ည ပွဲ အတွက် အရန်ခုံမှာပဲ ပါဝင်နိုင်ဦးမယ် လို့ ဆိုခဲ့ပါတယ် ။

* ချယ်လ်ဆီး အသင်း နည်းပြ ဖရန့် လမ်းပတ် က လက်ရှိ လူငယ် ကွင်းလယ်လူ မေဆင်မောင့်တ် ကို ၄င်းနဲ့ နှိုင်းယှဉ် နေခြင်း နဲ့ ပတ်သက်ပြီး မေဆင်မောင့်တ် နဲ့ ၄င်းတို့ဟာ ကစားပုံ မတူညီတဲ့ သူတွေ ဖြစ်တာကြောင့် မနှိုင်းယှဉ် သင့်ကြောင်း ၊ မောင့်တ် ဟာ အရည်အသွေးကောင်း တွေ ပိုင်ဆိုင် ထားပြီး အလုပ် အရမ်း ကြိုးစားသူ ဖြစ်ကြောင်း နဲ့ သွင်းဂိုး တွေ ၊ ဂိုးဖန်တီးမှု တွေ အတွက် အသင့် ရှိကြောင်း ထုတ်ဖော် ချီးကျူး သွားခဲ့ပါတယ် ။

* ချယ်လ်ဆီး အသင်း နည်းပြ ဖရန့် လမ်းပတ် က အဓိက တောင်ပံ တိုက်စစ် ကစားသမား အီဒင် ဟာဇတ် ချယ်လ်ဆီး ကနေ ထွက်ခွာ သွားခဲ့တာ ၄င်းတို့ အတွက် ဆုံးရှုံးနစ်နာမှုကြီး တခု ဖြစ်ကြောင်း ၊ သူ ကိုယ်တိုင်လည်း အီဒင် ဟာဇတ် ကို အားပေးတဲ့ ပရိသတ် တယောက် ဖြစ်တာကြောင့် သူ့လို အသင်း အတွက် အထောက်အကူ အများကြီး ပေးခဲ့တဲ့ ကစားသမား တယောက် ကို သတိ ရနေမှာ ဖြစ်ကြောင်း ၊ သို့ပေမယ့် လည်း လက်ရှိ ကစားသမား အစုအဖွဲ့ အတိုင်းပဲ ရှေ့ဆက် သွားရမှာ ဖြစ်ကြောင်း မနေ့က ပွဲကြို သတင်းစာ ရှင်းလင်းပွဲ မှာ ဆိုခဲ့ပါတယ် ။

* ချယ်လ်ဆီး အသင်း နည်းပြ ဖရန့် လမ်းပတ် က လက်ရှိ ချယ်လ်ဆီး နည်းပြ ရာထူး ဟာ သူ့ အတွက် ရိုလာကိုစတာ စီးနေရသလို ခံစား ရသေးခြင်း မရှိကြောင်း ၊ ယူနိုက်တက် ကို ၄ဂိုးပြတ် နဲ့ အရေးနိမ့် ခဲ့ခြင်း ကို ရိုလာကိုစတာ စီးရတဲ့ ခံစားချက် တခုလို့ သတ်မှတ် ချင်ရင်တော့ ရနိုင်ကြောင်း ၊ ပြီးခဲ့တဲ့ ဘောလုံး ရာသီ တုန်းက ဒါဘီ အသင်း ကို ကိုင်တွယ်စဉ် က ဒီလိုမျိုး အခိုက်အတန့် များစွာ ခံစား ခဲ့ရကြောင်း ဆိုခဲ့ပါတယ် ။

* ESPN သတင်း ဌာန ရဲ့ ဖော်ပြချက် တခု အရ ချယ်လ်ဆီး အသင်း ရဲ့ ဘရာဇီး လူငယ် တောင်ပံ ကစားသမား လူးကပ်စ် ပီယာဇွန် ဟာ တူရကီ ကလပ် ဘက်ဆစ်တပ် အသင်း ရဲ့ ကမ်းလှမ်းမှု ကို စောင့်ဆိုင်း နေပြီး ဘက်ဆစ်တပ် ဖက်က ၄င်းကို အပြီးသတ် ခေါ်ယူဖို့ ပေါင် ၅သန်း နဲ့ ကမ်းလှမ်းဖွယ် ရှိနေကြောင်း သိရပါတယ် ။ ပီယာဇွန် ဟာ ချယ်လ်ဆီး အသင်း ကို ရောက်ရှိ လာတာဟာ ဆယ်စုနှစ် တခုစာ ရှိလာ ပေမယ့် စီနီယာ အသင်း အတွက် ဘယ်နှပွဲ မှ မကစား ခဲ့ရတာကြောင့် အသင်းပြောင်းဖို့ စီစဉ် နေပြီ ဖြစ်ပါတယ် ။

* ချယ်လ်ဆီး အသင်း အကယ်ဒမီထွက် တိုက်စစ်မှူးဟောင်း ကာတန်ကိုးလ် က သူ့ အနေနဲ့ ကစားသမား ဘဝမှာတုန်း က အခုလို ချယ်လ်ဆီး အသင်း ကစားသမား ခေါ်ယူခွင့် အပိတ် ခံရတဲ့ အနေအထား မျိုး ကို ကြုံတွေ့ ချင်ခဲ့ကြောင်း ၊ လက်ရှိ လူငယ် တိုက်စစ်မှူး တမ်မီ အေဘရာဟမ် အတွက် ဒီ အနေအထား ဟာ ပွဲထွက်ခွင့် ပုံမှန် ရရှိဖို့ အခွင့်အရေး ဖြစ်ကြောင်း ၊ သွင်းဂိုး တွေနဲ့ ပွဲထွက်ခွင့် တနေရာ ကို လှမ်းဆုပ်ဖို့ အခွင့်အရေး ရလာပြီ ဖြစ်ကြောင်း Goal နဲ့ အင်တာဗျူး မှာ သုံးသပ် ပြောဆို ခဲ့ပါတယ် ။

* ချယ်လ်ဆီး အသင်း ရဲ့ အကယ်ဒမီ လူငယ် ကွင်းလယ်လူ ဘီလီ ဂီလ်မာ ဟာ လီဗာပူး နဲ့ ဥရောပ စူပါဖလား ဗိုလ်လုပွဲ အတွက် ချယ်လ်ဆီး အသင်း ရဲ့ အပြီးသတ် ကစားသမား စာရင်း မှာ မပါဝင် ထားပေမယ့် အစ္စတန်ဘူလ် သို့ လိုက်ပါ လာတဲ့ ကစားသမား တွေထဲမှာတော့ ပါဝင် ခဲ့ကြောင်း သိရပါတယ် ။

* ချယ်လ်ဆီး အသင်း ရဲ့ ဝါရင့် တောင်ပံ တိုက်စစ် ကစားသမား ပတ်ဒရို က ၄င်းတို့ အနေနဲ့ ယနေ့ည လီဗာပူး အသင်း နဲ့ စူပါဖလား ဗိုလ်လု ပွဲစဉ် တွေကို အထူး သတိထား ချဉ်းကပ် ရမှာ ဖြစ်ပြီး အာရုံစိုက်မှု အပြည့် နဲ့ ကစား ရမှာ ဖြစ်ကြောင်း ၊ တိုက်စစ် အတွက် လုံလောက်တဲ့ အခွင့်အရေး ဖန်တီးမှု တွေနဲ့ အဆုံးသတ် လည်း လိုအပ်ကြောင်း မနေ့က ပွဲကြို သတင်းစာ ရှင်းလင်းပွဲ မှာ ဆိုခဲ့ပါတယ် ။

* မနေ့ည က ပွဲစဉ်များ အပြီး ချယ်လ်ဆီး အငှား ကစားသမားများရဲ့ ခြေစွမ်းများ
ဒူဂျွန် စတားလင်း ( ဝီဂန် ) ( ပွဲချိန်ပြည့် )
လုခ် မက်ကောမစ် ( ရှရူးဘူရီတောင်း ) ( ပွဲချိန်ပြည့် )
ဂျော့ချ် ဂရန့် ( ပလိုင်းမောက် ) ( ပွဲချိန်ပြည့် )
မတ် မီယေဇဂါ ( ရီးဒင်း ) ( ပါဝင်ခွင့်မရ )

SPORTS MYANMAR