ရီးရဲလ် အသင်းကိုပြောင်းမှာလား အေဂျက်မှာဆက်နေမှာလားဆိုတာအသိပေးလိုက်တဲ့ #ဗန်ဒီဘိခ်

ဗန်ဒီဘိခ်

ပြီးခဲ့တဲ့ လတွေ အတွင်း ထွက်ပေါ်ခဲ့တဲ့ သတင်းတွေ အရ ရီးရဲလ် အသင်း ဟာ အေဂျက် အသင်းရဲ့ ကွင်းလယ် ကြယ်ပွင့် ဗန်ဒီဘိခ်ကို ခေါ်ယူဖို့ သဘောတူ ညီမှုရထားပြီးပြီလို့သိရပါတယ်။ဒါပေမယ့် အခုချိန်မှာတော့ ကာယကံရှင် ကစားသမား က ဟော်လန် မြေမှာပဲ ဆက်ရှိနေဖွယ် ရှိတဲ့ အကြောင်းကို အရိပ်အမြွက်ဆိုသွားခဲ့တာဖြစ်ပါတယ်။

ရီးရဲလ် အသင်းဟာ ယူနိုက်တက် အသင်းရဲ့ ပြင်သစ် ကွင်းလယ်လူ ပေါ့ဘာကို ခေါ်ယူဖို့ အတော်လေး စိတ်ဝင်စားခဲ့ပေမယ့် ဗြိတိန် ရဲ့ အပြောင်းအရွှေ့ဈေးကွက် ပိတ်သွားခဲ့ ပြီဖြစ်လို့ ခေါ်ယူနိုင်ဖို့ ဖြစ်နိုင်ခြေ အလွန်နည်းသွားပြီလည်းဖြစ်ပါတယ်။ဒါကြောင့် လည်း အသက် ၂၂ နှစ် အရွယ် ဗန်ဒီဘိခ် ဘက်ကို မြှားဦးလှည့်သွားဖို့ ရှိနေတာဖြစ်ပါတယ်။

ဗန်ဒီဘိခ် ဟာပြီးခဲ့တဲ့ ရာသီ မှာ အေဂျက် အသင်းကို ပြည်တွင်း ဖလား ၂လုံးရရှိအောင် ကူညီပေးနိုင်ခဲ့ပြီး ချန်ပီယံ လိဂ် ပြိုင် ပွဲမှာ ပြသခဲ့တဲ့ ခြေစွမ်းကြောင့် လည်း ဥရောပတလွှား ထိပ်သီး အသင်းတွေရဲ့ အာရုံစိုက်မှု ခံထားခဲ့ရတာဖြစ်ပါတယ်။ဒါပေမယ့် သူ့ရဲ့ အနာဂတ်ဟာ လတ်တလော မှာဘာမှ အတိအကျပြောလို့ မရသေးဘူးလို့ ဗန်ဒီဘိခ် ကဝန်ခံသွားခဲ့ပါတယ်။

Ziggo Sport နဲ့ အင်တာဗျူးမှာ ဗန်ဒီဘိခ်က – ” သူတို့ (ရီးရဲလ်) အသင်းဟာအတော်လေးကို ထူးခြားကောင်းမွန်တဲ့ အသင်းဖြစ်ပေမယ့် အေဂျက် ကလည်းအတူတူပဲ ဖြစ်ပါတယ်။ဒီ ကိစ္စ နဲ့ ပတ်သက်ပြီးကျွန် တော့်မှာဘာမှ စောဒက တက်စရာ မရှိပါဘူး။ အရမ်းကောင်းတဲ့ အခွင့်အရေး ရခဲ့ရင်တော့ဒီအသင်းမှာပဲ ဆက်ပြီး ကစားမှာဖြစ်ပါတယ်။ဒါပေမယ့် အခုထိ တော့ ဘာမှ မသေချာသေးပါဘူး ” လို့ပြောသွားခဲ့တာဖြစ်ပါတယ်။


အကယ်၍ အေဂျက် အသင်းဘက်က သူ့ရဲ့ အနာဂတ် နဲ့ ပတ်သက်ပြီး တရားဝင် ထုတ်ပြောလိုက်ရင် ပိုကောင်းသွားနိုင် မှာလား လို့ မေးမြန်းရာမှာတော့ ဗန်ဒီဘိခ်က – ” ကျွန်တော်လည်း ဒီလိုပဲမျှော် လင့်ပါတယ်။ဘာကြောင့်လည်း ဆိုတော့ အနာဂတ် နဲ့ ပတ်သက်တဲ့ မေးခွန်းတွေ အများကြီးကို ဖြေရတာကျွန်တော်စိတ်ကုန်နေလို့ ဖြစ်ပါတယ် ” လို့ဖြေသွားခဲ့ပါတယ်။

အေဂျက် အသင်းဟာ ယမန်နေ့ည ပိုင်းမှာ ကစားသွားခဲ့တဲ့ ချန်ပီယံ လိဂ်ခြေစစ်ပွဲ တတိယအဆင့် ပွဲစဉ်မှာ PAOK အသင်းကို ၃-၂ ဂိုးနဲ့ အနိုင်ရခဲ့လို့ နောက်တဆင့်ကို တက်လှမ်းသွားနိုင်ခဲ့ပါတယ်။ဗန်ဒီဘိခ်ကလည်း ပွဲချိန်ပြည့်နီးပါး ပါဝင် ကစားသွားခဲ့ပြီး ပုံစံကောင်း ပြသသွားနိုင်ခဲ့ပါတယ်။

အဆိုပါ ပွဲစဉ်မတိုင်မီ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာတော့ အားကစားဒါရိုက်တာ အိုဗားမားစ်က ဗန်ဒီဘိခ် အနေနဲ့ အေဂျက် အသင်းမှာ နောက်ထပ် အချိန်အနည်းငယ်ကြာ ဆက်ရှိနေဖို့ ဆုံးဖြတ်နိုင်တယ် လို့ ဆိုပါတယ်။

Ziggo Sport နဲ့ အင်တာဗျူးမှာ အိုဗားမားစ်က – ” အခြေအနေတွေ ရှင်းရှင်းလင်းလင်းဖြစ်ဖို့ အချိန်အများကြီးလိုမယ်လို့ တော့ကျွန်တော်မထင်ပါဘူး။သူဒီမှာဆက်နေဖို့ရှိလားလို့မေးလာရင်တော့ yes လို့ပဲဖြေရပါလိမ့်မယ်။

သူ့ရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး ကျွန်တော် တရက်ရက်မှာ ရှင်းရှင်းလင်းလင်းလုပ်ချင်တဲ့ အကြောင်းကို ပြီးခဲ့တဲ့ အပတ်တွေ အတွင်းမှာ ကျွန်တော်ပြောဆိုထားခဲ့ဖူးပါတယ်။အခုတော့ ဒီကိစ္စအတွက် ရက်တောင် သတ်မှတ်ထားပြီးနေပါပြီ ” လို့ပြောသွားခဲ့ပါတယ်။

ဘန်ဒီဘိခ်ဟာ ပြီးခဲ့တဲ့ ရာသီမှာ အေဂျက် အသင်းအတွက် လိဂ်ပွဲ ၃၄ ပွဲအထိပါဝင် ကစားပေးခဲ့ ပြီး သွင်းဂိုး ၉ဂိုးနဲ့ဖန်တီးမှု ၁၀ ကြိမ် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။

SM