ဒေးဗစ်လူးဝဇ် ဟာ အာဆင်နယ် အသင်းမှာ လိုအပ်နေတဲ့ ကစားသမားမျိုး ဖြစ်ကြောင်း ထောက်ခံလိုက်တဲ့ #ဇိုလာ
David Luiz
ချဲလ်ဆီး အသင်း ရဲ့ ကစားသမားဟောင်း ဇိုလာ က အာဆင်နယ် အသင်း အနေနဲ့ သူတို့ရဲ့ အင်အားနည်းနေတဲ့ နောက်တန်း အတွက် ဒေးဗစ်လူးဝဇ် လို ကစားသမားမျိုးကို ခေါ်ယူခဲ့တာဟာ မှန်ကန်တဲ့ လုပ်ရပ် ဖြစ်ကြောင်း ထောက်ခံ ပြောကြား သွားခဲ့ပါတယ် ။
ပြီးခဲ့တဲ့ ရာသီတုန်းက ချဲလ်ဆီး အသင်း ရဲ့ လက်ထောက် နည်းပြ အဖြစ် တာဝန်ယူ လုပ်ကိုင်ခဲ့တဲ့ ဇိုလာ က ဘရာဇီး နောက်ခံလူ ဒေးဗစ်လူးဝဇ် ဟာ အာဆင်နယ် အသင်းကို အကျိုး ပြု နိုင်မယ့် ကစားသမား တစ်ဦး ဖြစ်ကြောင်း သုံးသပ် ပြောကြား သွားခဲ့ပါတယ် ။
SPORTS MYANMAR
Unicode
ဒေးဗစ်လူးဝဇ် ဟာ အာဆင်နယ် အသင်းမှာ လိုအပ်နေတဲ့ ကစားသမားမျူ ိး ဖြစ်ကြောင်း ထောက်ခံလိုက်တဲ့ #ဇိုလာ
============================
ချဲလ်ဆီး အသင်း ရဲ့ ကစားသမားဟောင်း ဇိုလာ က အာဆင်နယ် အသင်း အနေနဲ့ သူတို့ရဲ့ အင်အားနည်းနေတဲ့ နောက်တန်း အတွက် ဒေးဗစ်လူးဝဇ် လို ကစားသမားမျူ ိးကို ခေါ်ယူခဲ့တာဟာ မှန်ကန်တဲ့ လုပ်ရပ် ဖြစ်ကြောင်း ထောက်ခံ ပြောကြား သွားခဲ့ပါတယ် ။
အာဆင်နယ် အသင်းဟာ ဒီနွေရာသီ အပြောင်းအရွှေ့ကာလမှာ ကစားသမား ခြောက်ဦး အထိ ခေါ်ယူ အင်အား ဖြည့်တင်း ခဲ့ပြီး လိုင်လီ အသင်း တောင်ပံ ကစားသမား နီကိုလပ်စ် ပီပီ ကို ကလပ် စံချိန်တင် ပြောင်းရွှေ့ကြေး နဲ့ ခေါ်ယူ နိုင်ခဲ့ပါတယ် ။ ဒါ့အပြင် ရမ်ဆေး ထွက်သွားတဲ့ ကွင်းလယ် အတွက် ရီးရဲလ် မက်ဒရစ် ကွင်းလယ်ကြယ်ပွင့် ဆီဘယ်လော့ကိုလည်း တစ်ရာသီ အငှားနဲ့ ခေါ်ယူ ခဲ့ပါတယ် ။
ပြီးခဲ့တဲ့ ရာသီကလည်း အမှား များခဲ့တဲ့ နောက်တန်းကို ပြင်ဆင်ဖို့ အတွက် နည်းပြ အူနိုင်း အမ်မရီ ဟာ ချဲလ်ဆီး အသင်းဝါရင့် နောက်ခံလူ ဒေးဗစ်လူးဝဇ် နဲ့ ဆဲလ်တစ် ဘယ်နောက်ခံလူ တီယာနေး တို့ကို ခေါ်ယူ ခဲ့သလို အသင်းရဲ့ အနာဂတ်အတွက်လည်း ဆာလီဘာ ၊ မာတီနယ်လီ တို့လို အလားအလာကောင်းတွေရှိတဲ့ လူငယ် ကစားသမားတွေကို ခေါ်ယူခဲ့ပါသေးတယ် ။
ပြီးခဲ့တဲ့ ရာသီတုန်းက ချဲလ်ဆီး အသင်း ရဲ့ လက်ထောက် နည်းပြ အဖြစ် တာဝန်ယူ လုပ်ကိုင်ခဲ့တဲ့ ဇိုလာ က ဘရာဇီး နောက်ခံလူ ဒေးဗစ်လူးဝဇ် ဟာ အာဆင်နယ် အသင်းကို အကျူ ိး ပြု နိုင်မယ့် ကစားသမား တစ်ဦး ဖြစ်ကြောင်း သုံးသပ် ပြောကြား သွားခဲ့ပါတယ် ။
” အာဆင်နယ် အသင်း အတွက် တကယ့်ကို ကောင်းမွန်တဲ့ ကစားသမား ခေါ်ယူမှု ပါပဲ ။ သူတို့ အတွက်တော့ အရည်အသွေးကောင်းတွေ ရှိတဲ့ ကစားသမား တစ်ဦးကို ရလိုက်တာပါပဲ ။ သူက အာဆင်နယ် အသင်းကို အများကြီး အကျူ ိး ပြု နိုင်မယ့် ကစားသမား တစ်ဦးပါ ။ ”
” ကစားသမားတွေ အပေါ် လွှမ်းမိုး နိုင်စွမ်း ရှိတဲ့ ခေါင်းဆောင် တစ်ယောက်ပါ ။ နောက်ပြီး သူက တကယ်တော်တဲ့ ကစားသမား တစ်ဦးပါ ၊ ပြီးခဲ့တဲ့ နှစ်တုန်းက သူက အသင်းက ကစားသမားတွေအတွက် အရေးပါတဲ့ သူပါ ၊ ရူဒီဂါ ဆို သူ့ဆီကနေ အမြဲတမ်း သင်ယူ နေရတာပါ ။ နောက်တန်းကနေ ဘောလုံးတည်ကစားတဲ့ အသင်းနဲ့ ဆို သူက ပိုတောင် အံဝင်မှာပါ ။ ”
” သူက ခံစစ် ကစားတာ သိပ်တော့ မကောင်းပါဘူး ။ နောက်တန်း ကစားသမား တစ်ဦးထက် ကွင်းလယ်လူ တစ်ဦး နဲ့ ပိုတူပါတယ် ။ ဒါပေမယ့် မော်ဒန် ဘောလုံးလောကမှာ သူ့လို ကစားသမားမျူ ိးက လိုအပ်ပါတယ် ။ သူ အာရုံစိုက် ကစားရင်တော့ နောက်တန်းအတွက် အားကိုးရတဲ့သူပါ ၊ သူ့ ခံစစ််ကစားပုံက အရမ်းကြီး မဆိုးပါဘူး ။ ”
” အာဆင်နယ် အသင်းမှာ သူ့လို နောက်တန်းမှာ ဘောလုံး နိုင်နင်းပြီး ပေးပို့မှု ကောင်းတဲ့ ကစားသမားမျူ ိး မတွေ့မိသေးပါဘူး ။ တကယ့်ကို ကောင်းမွန်တဲ့ ကစားသမား ခေါ်ယူမှုပါ ၊ အာဆင်နယ် အသင်းမှာ လူးဝဇ် က အမှန်တကယ် လိုအပ်နေတဲ့ ကစားသမား ပါ ။” လို့ သုံးသပ် ပြောကြား သွားခဲ့ပါတယ် ။
SPORTS MYANMAR