အာဆင်နယ် အသင်းကနေ ထွက်ခွာပြီး အဲဗာတန် အသင်းကို ပြောင်းရွှေ့ခဲ့တဲ့ အကြောင်းအရင်းကို ရှင်းလင်း ပြောကြားလိုက်တဲ့ #အီဝိုဘီ

Iwobi

အာဆင်နယ် အသင်း တောင်ပံ ကစားသမား အဲလက်စ် အီဝိုဘီ ဟာ ပရီးမီးယားလိဂ် အပြောင်းအရွှေ့ ပိတ်ခါနီးမှာ အဲဗာတန် အသင်းကို ပြောင်းရွှေ့ကြေး ပေါင် သန်း ၄၀ ၊ ငါးနှစ် စာချူ ပ် နဲ့ ပြောင်းရွှေ့သွားခဲ့ပါတယ် ။ အီဝိုဘီ ရဲ့ အပြောင်းအရွှေ့ဟာ အာဆင်နယ် အသင်း ပရိသတ်တွေအတွက် အံ့သြသင့်စရာ ဖြစ်ခဲ့ပါတယ် ။

အပြောင်းအရွှေ့ ကာလ တစ်လျှောက် ဘာသတင်းမှ မကြားခဲ့ရတဲ့ အီဝိုဘီ ဟာ နောက်ဆုံးရက် ၊ နောက်ဆုံးအချိန်ကျမှ အဲဗာတန် အသင်းကို အပြီးသတ် ပြောင်းရွှေ့ သွားခဲ့တာပါ ။ အဲဗာတန် ဟာ ဇာဟာ ကို ခေါ်ယူဖို့ နှစ်ကြိမ် တိုင်တိုင် ကမ်းလှမ်းခဲ့ပေမယ့် ပယ်ချ ခံခဲ့ရတာကြောင့် အီဝိုဘီ ကို အရ ခေါ်ယူ သွားခဲ့တာလည်း ဖြစ်ပါတယ် ။

အသက် ၂၃ နှစ် အရွယ် ကစားသမား အီဝိုဘီ ဟာ အာဆင်နယ် လူငယ် အကယ်ဒမီ ကနေ ထွက်ပေါ်လာတဲ့ ကစားသမား တစ်ဦး လည်း ဖြစ်ပါတယ် ။ နိုင်ဂျီးရီးယား လက်ရွေးစင် တောင်ပံ ကစားသမား အီဝိုဘီ ဟာ အာဆင်နယ် အကယ်ဒမီ ကို ခြောက်နှစ်သား အရွယ်ထဲက ရောက်ရှိ လာသူပါ ။

အီဝိုဘီ က အဲဗာတန် အသင်းက သူ့ကို ခေါ်ယူဖို့ ကမ်းလှမ်းလာတဲ့ အခါမှာ ငြင်းဆန် ပယ်ချနိုင်စွမ်း မရှိခဲ့ကြောင်း နဲ့ အဲဗာတန် အသင်း နဲ့ အတူ သမိုင်းမှတ်တိုင်သစ်တွေ စိုက်ထူချင်ကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့ပါတယ် ။

အီဝိုဘီ က အဲဗာတန် အသင်းနဲ့ အင်တာဗျူးမှာ “နည်းပြ ၊ မာဆယ် ( အဲဗာတန် ဥက္ကဌ ) နဲ့ စကားပြောကြည့်တော့ သူတို့က အသင်းကို လာဖို့ ဆွဲဆောင် ခဲ့ပါတယ် ။ သူတို့ရဲ့ ကမ်းလှမ်းမှုက ငြင်းရက်စရာ မရှိ ခဲ့ပါဘူး ။ နည်းပြ က ကျနော့်ကို ‘ မင်းအတွက် ငါတို့ အသင်းမှာ နေရာရှိတယ် ။ ကျွန်တော့်ကို အားလုံးက ဂရုစိုက်ကြလိမ့်မယ် ။ ‘ လို့ ပြောပါတယ် ။ ”

” ဘောလုံး ကစားသမားတစ်ယောက် ကြားချင်တဲ့ စကားတွေနဲ့ သူတို့ ကမ်းလှမ်းခဲ့ကြတာပါ ။ အာဆင်နယ် အသင်းမှာဆို ကျနော့်ကို အသင်းရဲ့ လူငယ် ကစားသမားလို့ပဲ သတ်မှတ်နေကြတာပါ ။ ဒါကြောင့် အဲဗာတန် အသင်းကို ပြောင်းတာက ကိုယ်ပိုင် နာမည် တစ်ခုနဲ့ ပရီးမီးယားလိဂ်မှာ ရပ်တည်ချင်လို့ပါ ။ အဲဗာတန် နဲ့ အတူ သမိုင်းမှတ်တိုင်တစ်ခု စိုက်ထူချင်ပါတယ် ။ ”

” အဲဗာတန် အသင်း ပရိသတ်တွေအတွက်တော့ စိတ်လှုပ်ရှားဖို့ ကောင်းတဲ့ အချိန်ပါပဲ ။ သူတို့ရဲ့ အပြောင်းအရွှေ့ကာလမှာ ခေါ်ယူခဲ့တဲ့ သူတွေထဲမှာ အရည်အချင်း ရှိတဲ့သူ အချို့  ပါပါတယ် ၊ ကျနော် တစ်ယောက်တည်း မဟုတ်ပါဘူး ။ နဂိုထဲက ကစားသမားကောင်းတွေ ရှိနေပြီးသားပါ ။ ”

” နည်းပြကြီး က ရစ်ချာလီဆင် ကိုလည်း နာမည်ကြီးလာအောင် ကူညီ ပံ့ပိုး ပေးခဲ့ပါတယ် ။ ဒါကြောင့် ကျနော့်ကိုရော ၊ မွိုက်ဆီကိန်း ကိုရော ၊ တခြား ကစားသမားတွေကိုရောပါ လုပ်ပေး နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SPORTS MYANMAR