ပွဲစဉ် 2 ကစားရတော့မယ့် ဘာစီလိုနာ ၊ ရီးယဲ မက်ဒရစ် နဲ့ အေတီကို သတင်းတိုများ

ဒီတစ်ပါတ် ကစားရမယ့် ပွဲစဉ်များ …

ရီးယဲ မက်ဒရစ် Vs ဗယ်လာဒိုးလစ် ( ဒီည 11:30 )
လီဂါနက်စ် Vs အက်သလက်တီကို ( မနက်ဖြန်ည 11:30 )
ဘာစီလိုနာ Vs ရီးယဲ ဘက်တစ် ( တနင်္လာ နံနက် 1:30 )

မက်ဆီ ဟာ မနေ့ က အသင်း နဲ့ အတူ လေ့ကျင့်ရေး တွေ ကောင်းမွန်စွာ ပြုလုပ် နိုင် ခဲ့တယ် လို့ သိရှိ ရ ပါတယ် ။ ဒါ့အပြင် ရလဒ် ဟာ ဘယ်လို ပဲ ထွက်ပေါ် နေပါစေ ၊ မက်ဆီ ဟာ ပွဲ ပြီးကာနီး အနည်းဆုံး မိနစ် 30 ကစား ပေး သွားဖို့ ရှိနေ တယ်လို့ြုကားသိ ရ ပါတယ် ။

ဘာစီလိုနာ အသင်း ဟာ ဂျူဗင်တပ် ကွင်းလယ်လူ ဘန်တန်ကာ ကို ခေါ်ယူ လိုနေ တယ်လို့ သိရှိ ရ ပါတယ် ။

2004 ခုနှစ် တုန်းက မက်ဆီ ဟာ ဘောလုံး သမိုင်း ရဲ့ အခမ်း နားဆုံး ကစားသမား ဖြစ်လာ လိမ့်မယ် လို့ ရော်နယ်ဒင်ဟို က NBA စတား ဘရိုင်ယန့် ကို ပြောကြား ခဲ့ဖူး တယ်လို့ သိရှိ လိုက်ရ ပါတယ် ။

ဗလန်စီယာ အသင်း ဟာ ဘာစီလိုနာ ဖက်မှ တောင်းဆို နေတဲ့ ပမာဏ ကို မပေး နိုင် သေးတဲ့ အတွက် သူ့ရဲ့ အပြောင်းအရွှေ့ မဖြစ်မြောက် သေးတဲ့ အပေါ် ရာဖင်ဟာ ဟာ စိတ်ပျက် နေတယ် လို့ သိရှိ ရ ပါတယ် ။ ဗလန်စီယာ ကတော့ ကစားသမား ကို အငှား ခေါ်ယူ လို နေတယ် လို့ သိရ ပါတယ် ။

‘ 10000 % သေချာ ပါတယ် ၊ နေမာ ဟာ ဘာကာ ကို ပြန်လာ မှာပါ ‘ လို့ ရေးထား တဲ့ post တစ်ခု ကို နေမာ ရဲ့ ဝက်ဘ်ဆိုက် မှ Like ပေးခဲ့ တယ်လို့ သိရှိ ရ ပါတယ် ။

နေမာ ဟာ တစ် ရာသီ ယူရို 35 သန်း နဲ့ စာချုပ် သက်တမ်း 5 နှစ် ချုပ်ဆို မှုကို အလိုရှိ နေတယ် လို့ သတင်း တစ်ရပ် ထွက်ပေါ် လာ ပါတယ် ။

စပိန် ရဲ့ နာမည်ကျော် ကွင်းလယ်ဒိုင် တစ်ဦး ဖြစ်တဲ့ လာဟော့ဇ် ကတော့ ဒိုင် အများစု က ကွင်းထဲ မှာ ဘာကာ နဲ့ ရီးယဲ တို့ကို မျက်နှာသာ ပေးကြ တယ် ဆိုတာ မန်ကန် တဲ့ စကား မဟုတ် ကြောင်း ဖွင့်ဟ ပြောကြား သွားခဲ့ ပါတယ် ။

သူတို့ နဲ့ ကစား ရမယ့် ပွဲစဉ် မှာ မက်ဆီ ကို တစ်ကယ် ပဲ မပါဝင် စေလို ကြောင်း ဘက်တစ် နည်းပြ ရူဘီ က ဝန်ခံ စကား ပြောကြား သွားခဲ့ လိုက် ပါတယ် ။

ဘာစီလိုနာ အသင်း ရဲ့ အား ကစား ဒါရိုက်တာ အဘီဒယ် က ဒမ်ဘီလီ ရဲ့ အေးဂျင့် ကို ခေါ်ယူ တွေ့ဆုံ ခဲ့ပြီး လုပ်ပုံ ကိုင်ပုံ တွေ ပြင် မလား ၊ အသင်း ပြောင်းချင် တာလား ဆိုတာ အပြတ် သတိပေး သွားခဲ့ ပါတယ် ။

ထွပ်ပေါ် လာတဲ့ သတင်း အရ နေမာ ကို ခေါ်ယူ ဖို့ အတွက် ဘာကာ ဟာ PSG အသင်း မှ မငြင်းဆန် နိုင်မယ့် ကမ်းလှမ်း မှု တစ်ရပ် ကို 24 နာရီ အတွင်း ပြုလုပ် သွားဖို့ ရှိ နေတယ် လို့ သိရှိ ရ ပါတယ် ။

ရီးယဲ မက်ဒရစ် အသင်း ရဲ့ ဂျပန် မက်ဆီ လေး ကူဘို ဟာ ရီးယဲ မာလော့ကာ အသင်း ဆီ တစ် ရာသီ အငှား နဲ့ ပြောင်းရွှေ့ သွား ပါပြီ ။

ရီးယဲ နောက်ခံ ကစားသမား သစ် ဖာလန် မန်ဒီ ဟာ အသင်း ရဲ့ လေ့ကျင့်ရေး အစီအစဉ် မှာ အချိန် ပြည့် ပါဝင် ပူးပေါင်း နိုင်ခဲ့ တယ်လို့ သိရှိ ရ ပါတယ် ။

မာကာ မှ ဖော်ပြ လိုက်တဲ့ သတင်း တွေ အရ ရီးယဲ မက်ဒရစ် အသင်း ရဲ့ တာဝန် ရှိသူ တွေဟာ ပဲရစ် ကို သွားရောက် ခဲ့ကြ တယ်လို့ သိရှိ ရ ပါတယ် ။ ဒါပေမယ့် အဲ့တာ က နေမာ အတွက် မဟုတ်ကြောင်း နောက်ဆက် တွဲ သတင်း တွေ အရ သိရှိ ရ ပါတယ် ။

အကယ်လို့ ကေလာ နာဗတ်စ် သာ PSG အသင်း ဆီ ပြောင်းရွှေ့ ဖြစ်မယ် ဆိုရင် ရီးယဲ မက်ဒရစ် ဟာ အဆိုပါ နေရာ ကို အေစီ မီလန် အသင်း ရဲ့ အသက် 36 နှစ် အရွယ် ဂိုးသမား ပီပီ ရေနာနဲ့ အစားထိုး သွားဖို့ တွေးတော နေတယ် လို့ သိရှိ ရ ပါတယ် ။ ဒါ့အပြင် ရီးယဲ ဟာ ချဲလ်ဆီး အရံ ဂိုးသမား ဖြစ်သူ ကာဗယ်လာရို ကိုပါ စောင့်ကြည့် နေတယ် လို့ သိရှိ ရ ပါတယ် ။

ရီးယဲ နည်းပြ ဇီဒန်း ကတော့ ကေလာ နာဗတ် ဟာ အသင်း မှ မထွက်ခွာ လိုကြောင်း ၊ သူ မရှိ တဲ့ ရီးယဲ မက်ဒရစ် အသင်း အကြောင်း တွေးတောင် မတွေး ထားကြောင်း ပြောကြား သွားခဲ့ ပါတယ် ။ ဒါ့အပြင် ဘေးလ် ဟာလည်း အသင်း မှာပဲ ဆက်လက် ရှိလို နေတယ် လို့ ဇီဒန်း က ပြောကြား ခဲ့ ပါတယ် ။

ရီးယဲ မက်ဒရစ် အသင်း ဟာ နေမာ ရဲ့ ဒဏ်ရာ အနေအထား ကို လေ့လာ စုံစမ်း နေပြီး နောက် တစ်ပါတ် မှာ အရ ခေါ်ယူ သွားဖို့ ယုံကြည် မှု အပြည့် ရှိ နေတယ် လို့ သိရှိ ရ ပါတယ် ။

ထွက်ပေါ် လာတဲ့ သတင်း အရ ရိုဒရီဂို ပါ ရီးယဲ မှ အငှား ထွက်ခွာ ဖို့ ရှိ နေတယ် လို့ သိရှိ ရ ပါတယ် ။

ဇီဒန်း ကတော့ အပြောင်း အရွှေ့ ရာသီ ပိတ်သိမ်းမယ့် စက်တင်ဘာ 2 ရက်နေ့ ကို အမြန်ဆုံး ရောက်ရှိ စေလို ကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့ ပါတယ် ။

ပရော်ဖက်ရှင်နယ် ကစားသမား အနေ နဲ့ပဲ ဖြစ်ဖြစ် လူသား တစ်ဦး အနေ နဲ့ပဲ ဖြစ့်ဖြစ် ပြီးခဲ့တဲ့ ဘောလုံး ရာသီ က တစ်ကယ် ပဲ ခက်ခဲ ခဲ့တယ် လို့ ရာမို့စ် က ဝန်ခံ စကား ပြောကြား သွားခဲ့ ပါတယ် ။

ဇီဒန်း ဟာ ဘေးလ် ၊ ဂျိမ်းစ် တို့နဲ့ အတူ ပုံမှန် ဆက်ဆံရေး တစ်ခု ပြန်လည် ပိုင်ဆိုင် နေပြီ လို့ သိရှိ ရ ပါတယ် ။ ဗယ်လာဒိုးလစ် နဲ့ ကစား ရမယ့် ပဏာမ ကစားသမား စာရင်း သူတို့ နှစ်ဦး လုံး ပါဝင် ခဲ့ကြ ပါတယ် ။

အီတလီ ထိပ်သီး ရိုးမား အသင်း ကလည်း အေတီကို အသင်း မှ ကာလီနစ် ကို ခေါ်ယူ ဖို့ စိတ်ဝင်စား နေပြီ လို့ သိရှိ ရ ပါတယ် ။

အေတီကို ကတော့ တိုက်စစ်မှူး နေရာ အတွက် အူဒီးနီးစ် အသင်း ရဲ့ ယူရို သန်း 40 တန် တိုက်စစ်မှူး ဒီ ပေါလ် ကို ခေါ်ယူ ဖို့ စိတ်ဝင်စား နေတယ် လို့ သိရှိ ရ ပါတယ် ။

အေတီကို အသင်း ရဲ့ တိုက်စစ်မှူး က အဝေးကွင်း ဂိုး မိုးခေါင် နေမှု မှတ်တမ်း ဆိုးကို လီဂါနက်စ် နဲ့ ကစား ရမယ့် ပွဲစဉ် မှာ အဆုံးသတ် သွားဖို့ ပစ်မှတ် ထားနေ ပါတယ် ။

မိုရာတာ နဲ့ ဆာဗစ် တို့ဟာ အသင်း ရဲ့ လေ့ကျင့်ရေး အစီအစဉ် တွေမှာ ပါဝင် လာနိုင် ကြပြီ လို့ သိရှိ ရ ပါတယ် ။

အေတီကို ဟာ ဘရာဇီး လက်ရွေးစင် တိုက်စစ် ကစားသမား ဖြစ်သူ အဲဗာတန် ကို ခေါ်ယူ ဖို့ ပစ်မှတ် ထား စောင့်ကြည့် နေတယ် လို့ သိရှိ ရ ပါတယ် ။

အေတီကို ပရိသတ် တွေဟာ ကစားသမား သစ်တွေ ခေါ်ယူ မှုနဲ့ ပတ်သက် လို့ အရမ်း ပဲ စိတ် လှုပ်ရှား နေကြ တယ်လို့ သောမက်စ် ပါတေး က ထုတ်ဖော် ပြောကြား သွား ပါတယ် ။

အေစီ မီလန် ဟာ အိန်ဂျယ် ကော်ရီယာ ကို ယူရို 42 သန်း နဲ့ ကမ်းလှမ်း ခဲ့တယ် လို့ သိရှိ ရ ပါတယ် ။

ဂျွာအို ဖဲလစ် ဟာ စပိန် မြေမှာ သူ အောင်မြင် သလို အောင်မြင် နိုင် လိမ့်မယ် လို့ ပေါ်တူဂီ ဟီရိုး ကြီး ခရစ္စတီယာနို ရော်နယ်ဒို က ထောက်ခံ စကား ဆိုသွား ခဲ့လိုက် ပါတယ် ။
ဂါးရတ် ဆောက်ဂိတ် ဟာ ထရစ်ပီးယား ရဲ့ ခြေစွမ်း ကို စောင့် ကြည့်ဖို့ စပိန် မြေကို ရောက်ရှိ လာတဲ့ အတွက် နောက်ခံလူ ဟာ အင်္ဂလန် လက်ရွေးစင် အသင်း မှာ ရွေးချယ် ခံရဖို့ အခွင့် အရေး ကောင်း ပိုင်ဆိုင် နေပြီ လို့ သိရှိ ရ ပါတယ် ။

#Sports_Myanmar