အဆင့် 3 နေရာ မှာ ရပ်တည်နေပေမယ့် ချန်ပီယံလိဂ် ၀င်ခွင့်နေရာအတွက် မသေချာတော့တဲ့ #စပါး

ကြားရက်မှာ ကစားခဲ့တဲ့ ချန်ပီယံလိဂ် ရှုံးထွက်ပွဲစဉ်မှာ စပါးဟာ ဂျာမန်မှာ ခြေစွာနေတဲ့ ဒေါ့မွန် အသင်းကို အဝေးကွင်းမှာလဲ 0-1 ရလာဒ် နဲ့ အနိုင်ယူကာ ၊ နှစ်ကျော့ပေါင်း 4-0 ရလာဒ်နဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် အဆင့်ကို တက်ရောက် နိုင်ခဲ့ ပါတယ်။

ကြော်ငြာ (ဒေါ်လာ ၁၀၀ အကောင့်ဖွင့်ရင်--Bonus ဒေါ်လာ ၁၀၀ ထပ်ရမည်!!! ပုံကို နိုပ်ပြီး အကာင့်ဖွင့်လိုက်ပါ )

သို့သော် ဒီညမှာ ကစားခဲ့တဲ့ ဆောက်သမ်တန် အသင်းနဲ့ ပွဲစဉ်မှာ သူတို့ဟာ မမျှော်လင့်ပဲ ရှုံးပွဲ ကြုံတွေ့ သွားပြီး ၊ အဆင့် 3 နေရာမှာ ရပ်တည်နေသည့်တိုင်အောင် လာမယ့်ရာသီ ချန်ပီယံလိဂ် ၀င်ခွင့် ရဖို့ မသေချာတော့တဲ့ အနေအထား တစ်ရပ်နဲ့ ရင်ဆိုင် လိုက်ရပါတယ်။

ဒီပွဲမှာ စပါးဟာ ဟယ်ရီကိန်း ရဲ့ သွင်းဂိုး နဲ့ ဦးဆောင်ခဲ့တာ ဖြစ်ပြီး ၊ ပွဲပြီးဖို့ မီးနစ် ပိုင်း အလိုရောက်မှာ 4 မီးနစ် အတွက် 2 ဂိုး ဆက်တိုက် ပြန်ပေး လိုက်ရကာ အရှုံးပေးသွားရတာ ဖြစ်ပါတယ်။ ဆောက်သမ်တန် ကတော့ ဒီပွဲ အနိုင်ရလာဒ် နဲ့ အတူ တန်းဆင်းဇုံ အထက်ကို ရောက်ရှိ သွားခဲ့ပြီး ၊ သူတို့ရဲ့ ပရီးမီးယားလိဂ် ကျန်ရစ်ခွင့် မျှော်လင့်ချက်တွေကို အသက်သွင်းသွားခဲ့ ပါတယ်။

ထူးခြားတာက ဒီပွဲမှာ ဂိုးသွင်း ယူခဲ့တဲ့ ဆောက်သမ်တန် ကစားသမား နှစ်ယောက် စလုံးဟာ ယူနိုက်တက် ကို ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်မှာ ဂိုးတွေ အသီးသီး သွင်းယူခဲ့တဲ့ ကစားသမားတွေပဲ ဖြစ်နေခဲ့တာ ဖြစ်ပါတယ်။ ၀က်စ်ပရောက် နဲ့ ဗယ်လာရီတို့ဟာ 2 ပွဲ ဆက်တိုက် ဆောက်သမ်တန် အတွက် ဂိုးတွေ တစ်ပြိုင်နက် သွင်းယူခဲ့တာ ဖြစ်သလို ၊ ၀က်စ်ပရောက် ကတော့ 3 ပွဲ ဆက်အထိ ကို သွင်း ပြသွားခဲ့တာပါ။

စပါးဟာ လက်ရှိမှာတော့ ရမှတ် 61 မှတ် နဲ့ အဆင့် 3 နေရာမှာ ရှိသော်လဲ ၊ ယူနိုက်တက် က တစ်ပွဲ လျော့ 3 မှတ် အကွာ အနေအထား နဲ့ လည်းကောင်း ၊ အာဆင်နယ် က တစ်ပွဲ လျော့ 4 မှတ် အကွာနဲ့ လည်းကောင်း အသီးသီး ရပ်တည် နေခဲ့ပါတယ်။ ချဲဆီး ကတော့ စပါးထက် 2 ပွဲလျော့ ကစားပြီး 5 မှတ် အကွာနဲ့ အဆင့် 5 နေရာမှာ ရပ်တည်လျှက် ရှိနေတာပါ။

ဒါကြောင့်မို့ ဒီရာသီ ပရီးမီးယားလိဂ် ပြိုင်ပွဲဟာ ချန်ပီယံဆု အတွက် မန်စီးတီး နဲ့ လီဗာပူး တို့ တိုက်ပွဲ ၀င်နေကြသလိုပဲ ၊ အဆင့် 3-4 နေရာတွေ အတွက် စပါး ၊ ယူနိုက်တက် ၊ အာဆင်နယ် နဲ့ ချဲဆီး တို့ ဆက်လက် တိုက်ပွဲ ၀င်ကြဦးမှာ ဖြစ်ပါတယ်။

စပါးနည်းပြ ပိုချက်တီနို ကတော့ သူတို့ အသင်းဟာ ချန်ပီယံဆုအတွက် မန်စီးတီး ၊ လီဗာပူး တို့နဲ့ အပြိုင် တိုက်ပွဲဝင်ပြမယ်လို့ ကြွေးကြော်ခဲ့ပြီးနောက် ၊ ဘန်လေ အသင်းကို ရှုံးနိမ့်ခဲ့ကာ ချန်ပီယံ မျှော်လင့်ချက်တွေ လုံးဝ ဝေးကွာ ခဲ့သလို ၊ ဒီညမှာလဲ ဆောက်သမ်တန် အသင်းကို ထပ်ရှုံးပြီး အဆင့် 4 နေရာ အတွက်တောင် အသည်းအသန် တိုက်ပွဲ ၀င်ရတော့မှာက ကံကြမ္မာ အလှည့်အပြောင်းလို့တောင် ဆိုရတော့မလိုပါ။

Tottenham Hotspur’s Argentinian head coach Mauricio Pochettino reacts during the English Premier League football match between Chelsea and Tottenham Hotspur at Stamford Bridge in London on February 27, 2019. – Chelsea won the match 2-0. (Photo by Adrian DENNIS / AFP) / RESTRICTED TO EDITORIAL USE. No use with unauthorized audio, video, data, fixture lists, club/league logos or ‘live’ services. Online in-match use limited to 120 images. An additional 40 images may be used in extra time. No video emulation. Social media in-match use limited to 120 images. An additional 40 images may be used in extra time. No use in betting publications, games or single club/league/player publications. /

သူတို့ရဲ့ လက်ကျန် ရာသီ ပွဲစဉ်တွေကို ပြန်ကြည့်လိုက်မယ် ဆိုရင် ချန်ပီယံလောင်း နှစ်သင်း ဖြစ်တဲ့ လီဗာပူး ၊ မန်စီးတီး တို့နဲ့ အဝေးကွင်းမှာ ကစားရဦးမှာ ဖြစ်သလို ၊ လန်ဒန် ကလပ်တွေ ဖြစ်တဲ့ ပဲလေ့ ၊ ၀က်စ်ဟမ်း တို့နဲ့လဲ ယှဉ်ပြိုင် ကစားရဦးမှာ ဖြစ်ပါတယ်။

ကံကောင်းတာ တစ်ခုက မနက်ဖြန်ညမှာ အာဆင်နယ် နဲ့ ယူနိုက်တက် တို့ ထိပ်တိုက် တွေ့နေတာကြောင့် ၊ သရေ ရလာဒ်သာ ထွက်ပေါ်ခဲ့ရင် ၊ စပါးအတွက် အသက်ရှုခွင့် အနည်းငယ် ရရှိသွားမှာ ဖြစ်ပါတယ်။ သို့သော် လက်ကျန် ပွဲစဉ် အနေအထား အရကိုပဲ စပါးရဲ့ ကံကြမ္မာ အဆင့် 3 နေရာကနေ ၊ ချန်ပီယံလိဂ် ၀င်ခွင့်တောင် လွဲချော် သွားနိုင်တာတော့ ပိုချက်တီနို တစ်ယောက် သတိထားမိ နေလောက် ပါပြီ။