“ကျွန်တော် က နံပါတ် တစ်” – အပါအ၀င် မက်ဆီ နဲ့ ပတ်သက်ပြီး ရိုနယ်ဒို ပြောခဲ့သော စကားများ

မော်ဒန် ဘောလုံး လောကမှာ လီယွန်နယ် မက်ဆီ နဲ့ ခရစ္စတီယာနို ရိုနယ်ဒို တို့ အနက် ဘယ်သူ ပိုကောင်း သလဲ ဆိုတာ ငြင်းခုန်လို့ မပြီး နိုင်အောင် ပါပဲ ။ မက်ဆီ က ဘယ်လို သာတယ် ၊ ရိုနယ်ဒို က ဘယ်လို သာတယ် ဆိုပြီး ငြင်းခုန် နေကြတဲ့ အထဲ မှာ ကာယကံရှင် ကစား သမားတွေ ရဲ့ ပြောစကား တွေ က လည်း ပရိသတ် တွေ အကြား ပိုမို ပွဲဆူ အောင် ဖန်တီးပေး လိုက်သလို ဖြစ် လာတတ် ခဲ့ ပါတယ် ။

မနေု့တန်းက လည်း ခရစ္စတီယာနို ရိုနယ်ဒို ဟာ DAZN သတင်း ဌာန နဲ့ တွေ့ဆုံ ခဲ့တဲ့ အင်တာဗျုး မှာ သူ ဟာ ချန်ပီယံ လိဂ် ဖလား ကို မတူညီ တဲ့ ကလပ် အသင်း တွေ နဲ့ ရယူ နိုင်ခဲ့ ကြောင်း ၊ ဒါဟာ မက်ဆီ နဲ့ ကွာခြားချက် ဖြစ်ကြောင်း ကို ပြောခဲ့ သလို ချန်ပီယံ လိဂ် ပြိုင်ပွဲ မှာ လည်း ၆ နှစ် ဆက်တိုက် ဂိုးသွင်း ဘုရင် ဖြစ်ခဲ့ ဖူးကြောင်း ပြောဆို သွားခဲ့ ပါတယ် ။

ဒါဟာ ရိုနယ်ဒို ရဲ့ မက်ဆီ နဲ့ ပတ်သက် လို့ ပြောဆို ခဲ့တဲ့ ပထမဆုံး စကား မဟုတ်ခဲ့ ပါဘူး ။ ဆယ်စုနှစ် တစ်ခု ကြာပြီ ဖြစ်တဲ့ သူတို့ ၂ ဦး ရဲ့ ရှည်လျားတဲ့ အားပြိုင်မှု မှာ ရိုနယ်ဒို ဟာ မက်ဆီ နဲ့ ပတ်သက်ပြီး မှတ်ချက် များစွာ ပေးခဲ့ ဖူး ပါတယ် ။

“ကျွန်တော် က နံပါတ် ၁ ဖြစ်နေတုန်းပါပဲ” – 2009 May
မန်ချက်စတာ ယူနိုက်တက် နဲ့ ဘာစီလိုနာ တို့ရဲ့ ချန်ပီယံ လိဂ် ဖိုင်နယ် မကစားခင် မှာ ရိုနယ်ဒို ပြောဆို ခဲ့တဲ့ စကား ဖြစ်ပါတယ် ။ အဆိုပါ အချိန် မှာ သူ နဲ့ မက်ဆီ တို့ ဟာ အနာဂါတ် ဘောလုံး ကမ္ဘာ ရဲ့ အဓိက ယှဉ်ပြိုင် ဘက်တွေ ဖြစ်လာ ဖို့ သေချာ သလောက်ရှိနေပြီ ဖြစ်ကာ ဗိုလ်လုပွဲ အပြီးမှာ ဘယ်သူက ပိုကောင်းတဲ့ ကစား သမား ဖြစ်လာမလဲ ဆိုတဲ့ မေးခွန်း နဲ့ ပတ်သက်ပြီး ဖြေဆို ခဲ့တာ ဖြစ် ပါတယ် ။

Barcelona’s Argentinian forward Lionel Messi (R) vies with Real Madrid’s Portuguese forward Cristiano Ronaldo (R) during the second leg of the Spanish Cup quarter-final “El clasico” football match Barcelona vs Real Madrid at the Camp Nou stadium in Barcelona on January 25, 2012. AFP PHOTO/JAVIER SORIANO (Photo by JAVIER SORIANO / AFP)

ရိုနယ်ဒို ဟာ ၂၀၀၈ ခုနှစ် ရဲ့ တစ်နှစ်တာ အကောင်းဆုံး ကစား သမား ဆုရှင် ဖြစ်နေခဲ့ပြီး မက်ဆီ ကတော့ ရွှေဘောလုံး နဲ့ အကောင်းဆုံး ဆုတွေ အတွက် ကြိုးစား နေဆဲ ဖြစ် ပါတယ် ။ ဗိုလ်လုပွဲ မတိုင်ခင် ပြုလုပ် ခဲ့တဲ့ အင်တာဗျုး မှာတော့ ပွဲရလဒ် ဘယ်လို ဖြစ်နေပါစေ မိမိသာ နံပါတ် ၁ ဖြစ်နေဆဲ ဖြစ်လိမ့်မယ် လို့ ပြောဆို သွားခဲ့ ပါတယ် ။

“အကောင်းဆုံး တစ်ယောက်အဖြစ် နဲ့ သတိပြုမိခံရတာ ဟာ ကျွန်တော့ကို ဂုဏ်ယူစေ ပါတယ် ။ ကျွန်တော် ဟာ အကောင်းဆုံး ဖြစ်နေတယ် လို့ အမြဲယုံကြည်ထား ပါတယ် ။ ဒါပေမယ့် လည်း တရားဝင် နံပါတ် ၁ ဖြစ်ရတာ သိပ်ကို ဂုဏ်ယူ စရာကောင်းတဲ့ ကိစ္စ ပါပဲ ။ အခုထိ နံပါတ် ၁ ဖြစ်နေ ဆဲ ပဲလို့ လည်း ထင် ပါတယ်”

“တစ်ခါ တစ်လေ မှာတော့ ကစား သမား ၂ ယောက် ဟာ ဥေ၇ာပ အတွက် ဖြစ်ဖြစ် ကမ္ဘာ့ အကောင်းဆုံး ဆု အတွက် ဖြစ်ဖြစ် ရေပန်းစားမှု တူညီ နေတယ် ဆိုရင် ချန်ပီယံ လိဂ် ကို အရယူ နိုင်တာ က အားသာချက် တစ်ခု ဖြစ်လာ စေနိုင် ပါတယ်”

“မနှစ်တုန်းက ဒီဆု တွေ ကို ကျွန်တော် ရခဲ့ ပါတယ် ။ ဒါက မန်ချက်စတာ ယူနိုက်တက် နဲ့ ချန်ပီယံ လိဂ် နဲ့ ပရီးမီးယားလိဂ်တွေ ကို ရခဲ့တာ ကြောင့် တင် မဟုတ် ပါဘူး ၊ ကျွန်တော့ ကိုယ်ပိုင် မှတ်တမ်း အဖြစ်နဲ့ ၄၂ ဂိုး သွင်းယူ နိုင်ခဲ့တာ ကြောင့်လည်း ဖြစ်ပါတယ်” လို့ ရိုနယ်ဒို က ပြောဆို ခဲ့တာ ဖြစ် ပါတယ် ။

“ကျွန်တော် က မက်ဆီ ထက် ပိုကောင်းတယ်” – 2012 May
အဆိုပါ စကား က တော့ ၂၀၁၂ ခုနှစ် မှာ ရိုနယ်ဒို ရဲ့ ရီးရဲမက်ဒရစ် ဟာ မက်ဆီ ရဲ့ ဘာစီလိုနာ ကို ၉ မှတ် ဖြတ်ကာ လာလီဂါ ချန်ပီယံဆု ကို ရယူ အပြီး ပြောဆို ခဲ့တဲ့ ရိုနယ်ဒို ရဲ့ မှတ်ချက် ပဲ ဖြစ် ပါတယ် ။ သူတို့ ၂ ဦး အကြားငြင်းခုန်မှုတွေ ဟာ ပြင်းထန် နေပြီ ဖြစ်ကာ လက်ရှိ ကာလ မှာတော့ သူက ပိုကောင်းတဲ့ ကစား သမား ဖြစ်တယ်လို့ ယုံကြည်ကြောင်း ပေါ်တူဂီ တိုက်စစ်မှုး က ပြောဆို သွားခဲ့ တာပဲ ဖြစ် ပါတယ် ။

“တစ်ချို့ က ကျွန်တော် ပိုကောင်းတယ် ၊ တစ်ချို့ ကတော့ သူက ( မက်ဆီ ) ပိုကောင်းတယ်ပေါ့ ။ နောက်ဆုံး အဆုံးသတ် မှာတော့ ဘယ်သူက ပိုကောင်းတဲ့ ကစား သမား လဲ ဆိုတာ အဖြေထွက်လာမှာပါ ။ လတ်ရှိ အချိန် မှာတော့ ကျွန်တော် က ပိုကောင်းတယ်လို့ ထင်ပါတယ်” လို့ ခရစ္စတီယာနို ရိုနယ်ဒို က ပြောဆို ခဲ့တာပဲ ဖြစ် ပါတယ် ။

ဒါ့အပြင် ဆက်လက်ပြီး ရိုနယ်ဒို က သူနဲ့ မက်ဆီ တို့ ကို တစ်ချိန်လုံး နှိုင်းယှဉ် နေတာ ကြောင့် တစ်ခါ တစ်လေ မှာ မောပန်း စိတ်ညစ် မိတယ် လို့ လည်း ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။

“တစ်ခါ တစ်လေ မှာ ဒီလို နှိုင်းယှဉ်မှုတွေ က ကျွန်တော့ကို ရော သူ့ကိုပါ ပင်ပန်းစေ ပါတယ် ။ လူတွေ က အချိန်တိုင်း ကျွန်တော်တို့ ၂ ယောက် ကို နှိုင်းယှဉ် နေကြတာပါ ။ ဖာရာရီ နဲ့ ပေါ်ရှေး ကားတွေ ကို ဘယ်ကား ပိုကောင်းလဲ လို့ ယှဉ်လို့ မရ ပါဘူး ။ ဘာလို့လည်း ဆိုတော့ ကွဲပြားတဲ့ အင်ဂျင်တွေ ကြောင့် ပါ ။ သူတို့ ကို နှိုင်းယှဉ်လို့ မရ ပါဘူး”

“သူက ဘာစီလိုနာ အတွက် အကောင်းဆုံး ကြိုးစားတယ် ၊ ကျွန်တော် က ရီးရဲ အတွက် ကြိုးစားတယ် ။ တစ်ခါ တစ်လေမှာတော့ အားပြိုင်မှု ထဲ ကို ကိုယ့်ဘာသာ ဆွဲထည့်မိတာမျိုး တွေ ရှိခဲ့ ပါတယ် ။ ဒါကြောင့်လည်း အားပြိုင်မှု က အရမ်း ကို ပြင်းထန် နေတာပါ” လို့ ရိုနယ်ဒို က ပြောဆို ခဲ့တာ ဖြစ် ပါတယ် ။

“ကျွန်တော် နဲ့ မက်ဆီ က လုပ်ဖော်ကိုင်ဘက်တွေပါ ၊ အလုပ်တူတူ လုပ်နေတဲ့ မိတ်ဆွေတွေပါ” – 2014 August
စပိန် သတင်းစာ မာကာ နဲ့ ပြုလုပ် ခဲ့တဲ့ အင်တာဗျုး မှာ မက်ဆီ နဲ့ သူ့ အကြားက အားပြိုင်မှု အကြောင်း ကို ပြောခဲ့တာပဲ ဖြစ် ပါတယ် ။ ပြင်းထန် ရှည်ကြာလှတဲ့ အားပြိုင်မှုတွေ ဟာ သူတို့ ၂ ဦး အကြားက ဆက်ဆံရေး ကို ရန်သူတွေ ဖြစ်စေ ခဲ့သလား ဆိုတဲ့ မေးခွန်း မှာတော့ ရိုနယ်ဒို က သူနဲ့ မက်ဆီ ဟာ လုပ်ဖော် ကိုင်ဘက်တွေ ဖြစ်ကြောင်း ပြောဆို သွားခဲ့တာ ဖြစ် ပါတယ် ။

“ကျွန်တော်တို့ က လုပ်ဖော် ကိုင်ဘက် တွေပါ ။ အလုပ်အတူတူ လုပ်နေတဲ့ မိတ်ဆွေတွေပါ ။ ဒါကြောင့် ဘောလုံး အပြင်ဘက် မှာ ကျွန်တော်တို့ သိပ်ပြီး မပြောဖြစ်ကြတာ ဖြစ်ကောင်း ဖြစ်နိုင် ပါတယ် ။ သူကလည်း သူ့ အသင်း အတွက် အကောင်းဆုံး လုပ်နေသလို ကျွန်တော်လည်းပဲ လုပ်နေ ပါတယ် ။ ဒါကြောင့် အသင်းတွေ ရဲ့ ပြိုင်ဆိုင်မှု ကြိးမားတာ နဲ့ အမျှ သူနဲ့ ကျွန်တော့ အကြားက ပြိုင်ဆိုင်မှု ကလည်း ကြီးမား နေရတာပါပဲ”

“တစ်နေ့ မှာတော့ မက်ဆီ ရော ကျွန်တော်ပါ တစ်ချိန်တုန်းက ပြိုင်ဆိုင်ခဲ့မှု တွေကို ပြန်ကြည့်ပြီး ရယ်မော နေကြ မှာပါ ။ ဘောလုံး ဆိုတာ အားကစား တစ်ခု ပါပဲ ။ လူတိုင်း ကြည့်ချင် ကြတဲ့ အားကစား တစ်ခုပါ ။ ကျွန်တော်တို့ နှစ်ယောက်ရဲ့ အားပြိုင်မှုတွေ ကို အကောင်းဘက် ကနေ ရှုမြင် ထားပါတယ် ။ ဒါဟာ ၂ ယောက်စလုံး အတွက် ကောင်းတဲ့ ကိစ္စ ပါပဲ” လို့ ဆိုခဲ့တာ ဖြစ် ပါတယ် ။

“ကျွန်တော်တို့ က ဘော်ဒါတွေ မဟုတ်ပါဘူး ။ ဒါပေမယ့် အပြန်အလှန်လေးစားမှု ရှိပါတယ်” – 2017 June
အာဂျင်တီးနား အခြေစိုက် သတင်းဌာန တစ်ခု နဲ့ အင်တာဗျုးမှာ ရိုနယ်ဒို ပြောခဲ့တဲ့ စကား ဖြစ်ပါတယ် ။ သူနဲ့ မက်ဆီ တို့ ဟာ ဘော်ဒါတွေ မဟုတ်သလို ရန်သူတွေ လည်း မဟုတ်ကြောင်း ကို ဖြေကြား သွားခဲ့တာ ဖြစ်ပြီး အပြန် အလှန် လေးစားမှု တော့ အပြည့် ရှိပါတယ် လို့ ဆိုသွားခဲ့တာပဲ ဖြစ် ပါတယ် ။

“မက်ဆီ နဲ့ ဆက်ဆံရေး အကြောင်း ပြောရရင် သူနဲ့ ကျွန်တော် က ဘော်ဒါတွေ မဟုတ် ပါဘူး ။ သူငယ်ချင်း မဟုတ်ပါဘူး ။ ဒါပေမယ့် လုပ်ဖော်ကိုင်ဘက် ပုံစံ မျိုးပါ ။ ကျွန်တော်တို့ အတူ ထိုင်တာ ၊ စကားလက်ဆုံ ပြောတာ မျိုးတွေ လည်း မရှိ ပါဘူး”

“ဒါပေမယ့် ကျွန်တော်တို့ ၂ ယောက် အကြားမှာ အပြန် အလှန် လေးစားမှု ရှိပါတယ် ။ ထိပ်တန်း အဆင့် ပြိုင်ပွဲ တွေ မှာ ၁၀ နှစ် လောက် အတူတကွ အမှတ်တရတွေ အများကြီး ပိုင်ဆိုင် ထားခဲ့ကြပါတယ် ။ ထိပ်သီး ကစား သမားတွေ ရဲ့ ကစားပုံ ကို ကျွန်တော် သဘောကျ ပါတယ် ။ ဒါကြောင့် သူ ကစားတာကို ကျွန်တော် ကြည့်ပြီး ကျေနပ် မိပါတယ်”

“ဘာ ပြစ်ချက်မှ မရှိတဲ့ သူတစ်ယောက် ကို မနှစ်သက်ဘဲ ကျွန်တော် ဘယ်လို နေနိုင်မှာလဲဗျာ ၊ ခင်ဗျားတို့ ဒီမေးခွန်း ကို မက်ဆီ ကို သွားမေးရင်လည်း သူက ဒီအတိုင်းပဲ ဖြေလွှတ် မှာသေချာ ပါတယ် ။ သူနဲ့ ကျွန်တော် က ဘော်ဒါတွေ မဟုတ်ပါဘူး ၊ ဒါပေမယ့် အပြန်အလှန် လေးစားမှု ရှိတဲ့ သူတွေပါ” လို့ ပေါ်တူဂီသားကြီးက ပြောဆို ခဲ့တာပဲ ဖြစ် ပါတယ် ။

“မက်ဆီ ကို ပြိုင်ဘက် တစ်ယောက်လို့ သဘောမထားပါဘူး” – 2018 July
ဒီစကားကတော့ ၉ နှစ်ကြာ ကစားခဲ့တဲ့ ရီးရဲ မက်ဒရစ် ကို စွန့်ခွာကာ အီတလီ ချန်ပီယံ ယူဗင်တပ် ဆီ ပြောင်းရွှေ့ လာအပြီး ပြုလုပ် ခဲ့တဲ့ ပထမဆုံး သတင်းစာ ရှင်းလင်းပွဲ မှာ ပြောဆို ခဲ့တာ ဖြစ်ပါတယ် ။ သူနဲ့ မက်ဆီ တို့ အကြားက ကစားပွဲတွေ ကို အားပြိုင်မှုတွေ လို့ ဘယ်တုန်းကမှ မမှတ်ယူ ခဲ့ကြောင်း ရိုနယ်ဒို က ပြောဆို ခဲ့တာပဲ ဖြစ် ပါတယ် ။

“ကစား သမား အချင်းချင်း အကြားမှာ ပြိုင်ဆိုင်တာ မျိုးတွေ မရှိ ပါဘူး ။ ဒါဟာ ကျွန်တော့ ရဲ့ အမူ အကျင့် လည်း မဟုတ်ခဲ့ ပါဘူး ။ မက်ဆီ နဲ့ ပတ်သက်ပြီး တကယ် ကောင်းတဲ့ စိန်ခေါ်မှု တွေ ရှိခဲ့ ပါတယ် ။ ဒါက စိတ်ဝင်စား ဖို့ ကောင်းခဲ့ သလို ပျော်ဖို့ လည်း ကောင်းခဲ့ ပါတယ် ။ ဒါပေမယ့် ဒါကို ပြိုင်ဆိုင်မှု တစ်ခုလို့ ဘယ်တုန်း က မှမသတ်မှတ် ခဲ့ ပါဘူး”

“ဘောလုံး သမိုင်း ကြောင်း တစ်လျောက် မှာ ၁၀ နှစ်လောက် ထိပ်တန်း အဆင့် ကို ထိန်းထားနိုင်ပြီး အမြင့်ဆုံး ပုံစံ နဲ့ ကစားနိုင်တဲ့ သူ ဘယ်နှစ် ယောက် ရှိခဲ့ လို့လဲ ၊ ခင်ဗျားတို့ ဒါကို လက်တစ်ဖက်တည်းနဲ့ ရေတွက်လို့ ရနိုင် ပါတယ် ။ အဖြေက ၂ ယောက်တည်းပါ ၊ ကျွန်တော် နဲ့ မက်ဆီ ပေါ့” လို့ ရိုနယ်ဒို က သတင်းထောက်တွေ ကို ပြောဆိုသွား ခဲ့တာပဲ ဖြစ် ပါတယ် ။

“ဖြစ်နိုင်ရင် မက်ဆီ ကို အီတလီမှာ လာကစားစေချင်ပါတယ်” – 2018 ပြီးခဲ့တဲ့ နှစ် ဒီဇင်ဘာ တုန်းက ရိုနယ်ဒို ဟာ မက်ဆီ ကို စီးရီးအေ ထံ လာရောက် ကစားဖို့ ပြောဆို ဖိတ်ခေါ် ခဲ့ ပါတယ် ။ ပေါ်တူဂီ တိုက်စစ်မှုးကြီး က သူဟာ ပေါ်တူဂီ ၊ စပိန် ၊ အီတလီ နဲ့ အင်္ဂလန် တို့မှာ ကစားထား ခဲ့ပြီး ဖြစ် ပေမယ့် မက်ဆီ ကတော့ စပိန် မှာပဲ ကစား နေခဲ့တာကြောင့် အီတလီ ကို လာကစားဖို့ ပြောဆို ခဲ့တာပဲ ဖြစ် ပါတယ် ။

နောက်ဆုံး စကားက တော့ ယမန်နေ့ က DAZN နဲ့ အင်တာဗျုးက နေ ထွက်ပေါ်လာခဲ့တဲ့ မှတ်ချက် ဖြစ် ပါတယ် ။ သူ ဟာ ချန်ပီယံ လိဂ် ဖလား ကို မတူညီတဲ့ ကလပ် အသင်း ၂ သင်း နဲ့ ရယူနိုင် ခဲ့ချိန် မှာ မက်ဆီ ကတော့ ဘာစီလိုနာ တစ်သင်းတည်း နဲ့ သာ ရယူ ထားခဲ့ပြီး ဒါဟာ သူတို့ အကြားက ခြားနား ချက် လို့ ရိုနယ်ဒို က ဆိုခဲ့ ပါတယ် ။

မက်ဆီ ကတော့ အနေ အထိုင် အေးဆေး တဲ့ ကစား သမား တစ်ဦး ဖြစ်တာ နဲ့ အညီ အခြား ကစား သမားတွေ ရဲ့ အကြောင်း ကို များများ စားစား ပြောဆို လေ့ မရှိခဲ့ ပါဘူး ။ ရိုနယ်ဒို နဲ့ ပတ်သက်ပြီး ပေါ်တူဂီ တိုက်စစ်မှုးကြီး မရှိတော့တဲ့ နောက် ၊ လာလီဂါ က သူတို့ရဲ့ အားပြိုင်မှု တွေ ကို လွမ်းဆွတ် မိတယ် လို့ သာ မှတ်ချက် ပေးခဲ့ ဖူး ပါတယ် ။

SPORTS MYANMAR