စီးရီးအေ ရာသီသစ် နှင့် နည်းပြသစ် ၂ ဦးကို စောင့်ကြိုနေတဲ့ ရည်မှန်းချက်ပန်းတိုင်များ

စီးရီးအေ ရဲ့ ရာသီသစ် ကတော့ ဥရောပ ထိပ်သီး လိဂ် အားလုံးထက် နောက်ကျ ပြီးမှ စတင် ခဲ့ ပါတယ် ။ လာမယ့် စနေနေ့ က စပြီး အသင်း ၂၀ ဟာ ရည်မှန်းချက် ပန်းတိုင် ကိုယ်စီ အတွက် တိုက်ပွဲဝင် ကြရ တော့မှာ ပါ ။ နွေရာသီ က အင်အား ဖြည့်တင်းမှု တွေကြောင့် အသင်းတိုင်း ဟာ မျှော်လင့်ချက် အပြည့် နဲ့ ရာသီသစ် ကို စတင် ကြတော့မှာပဲ ဖြစ်ပါတယ် ။ အထူး သဖြင့် စီးရီးအေ ရဲ့ ထိပ်ပိုင်း အသင်းကြီးတွေ မှာ အပြောင်းအလဲ တွေ များခဲ့ပြီး ရာသီသစ် ကို နည်းပြသစ် ၊ ကစား သမားသစ်တွေ နဲ့ မြင်တွေ့ ရတော့ မှာပဲ ဖြစ်ပါတယ် ။

 

လက်ရှိ ချန်ပီယံ ယူဗင်တပ် မှာတော့ ချဲလ်ဆီး နည်းပြ ဟောင်း မော်ရီဇီယို ဆာရီ နဲ့ ကစား သမား သစ်တွေ ၀င်ရောက်လာ ခဲ့ ပါတယ် ။ ဆာရီ အတွက် တော့ ဒါဟာ ခက်ခဲတဲ့ စမ်းသပ်ချက် တစ်ခု ဖြစ်လာမှာပါ ။ ဘာလို့ လည်း ဆိုတော့ အယ်လီဂရီ ဟာ ယူဗင်တပ် ကို ၅ နှစ် ဆက်တိုက် အမှတ်ပေး ချန်ပီယံ ဖြစ်စေခဲ့ လို့ပါပဲ ။

စီးရီးအေ ကို ယူဗင်တပ် တို့ အပြတ်အသတ် ကြီးစိုး ထားခဲ့တာ ကြာပါပြီ ။ အမှတ်ပေး ဖလား ကို ယူဗင်တပ် တို့ နောက်ဆုံး အကြိမ် လက်လွှတ် ခဲ့ရမှု ဟာ ၂၀၁၀ – ၁၁ တုန်းက ဖြစ်ခဲ့ တာပါ ။ ဒါကြောင့် ဆာရီ အနေနဲ့ ခက်ခဲ တဲ့ စမ်းသပ်ချက် တစ်ခု နဲ့ ရင်ဆိုင် ရမှာ မလွဲ မသွေ ပါပဲ ။

ယူဗင်တပ် ပရိသတ်တွေ ကတော့ ဆာရီ ရဲ့ အီတလီ မြေက ကောင်းမွန်တဲ့ မှတ်တမ်း တွေ ကို ပြန်ကြည့်ပြီး စိတ်လှုပ်ရှားနေမှာ သေချာပါတယ် ။ နာပိုလီ ကို ကိုင်ခဲ့တုန်းက ဆာရီ ရဲ့ အသင်း ဟာ ၂၅၁ ဂိုးအထိ သွင်းနိုင် ခဲ့ပြီး ၁၁၄ ပွဲ ( အမှတ်ပေးပွဲ ) ကစား ရာမှာ နိုင်ပွဲ ရာခိုင်နှုန်းက ၆၉% အထိ ရှိခဲ့ ပါတယ် ။ ဒါဟာ အခြားသော ပြိုင်ဘက် နည်းပြ တွေ ထက် ပိုကောင်းတဲ့ မှတ်တမ်းတွေပါ ။

အသင်းကို အသစ်ရောက်လာတဲ့ ကွင်းလယ်လူ တွေ နဲ့ ရှိရင်းစွဲ ကစားသမားတွေ ကို ဆာရီ ဘယ်လို ပေါင်းစပ် မလဲ ၊ Sarri-ball ဟာ တူရင်မှာ အကောင်းဆုံး အသက်ဝင်လာမှာလား ။ ခရစ္စတီယာနို ရိုနယ်ဒို ဆီကနေ ဆာရီ ဘာတွေ ထုတ်ယူနိုင်မှာလဲ . . . မေးခွန်းတွေ ကို ဖြေဆိုဖို့ ဆာရီ ကြိုးစား ရတော့မှာပါ ။

အန်တိုနီယို ကွန်တီ ကတော့ စီးရီးအေ မှာ ရှုံးပွဲ မရှိ ချန်ပီယံ ဆိုတဲ့ ဂုဏ်ပုဒ် နဲ့ ထည်ဝါ ခဲ့ဖူး ပါတယ် ။ ဒါပေမယ့် အင်တာ မီလန် မှာတော့ ဒီလို စွမ်းဆောင်မှုမျိုး ကို ချက်ချင်းတောင့်တ လို့ မရနိုင် ပါဘူး ။ အင်တာ ဟာ ယူဗင်တပ် မဟုတ်တဲ့ အတွက် ကွန်တီ အနေနဲ့ တစ်ဆင့်ချင်း တည်ဆောက် သွားရမှာပါ ။

ကွန်တီ ရဲ့ အရှေ့မှာ ကိုင်တွယ် ခဲ့တဲ့ စပါယ်လက်တီ ဟာ အသင်း ကို ၂ နှစ်ဆက်တိုက် ချန်ပီယံလိဂ် ၀င်ခွင့် ရအောင် စွမ်းဆောင် ပေးနိုင်ခဲ့ ပါတယ် ။ ဒါကြောင့် ကွန်တီ အနေနဲ့ လည်း ဒီရာသီ မှာ အနည်းဆုံး ချန်ပီယံလိဂ် ၀င်ခွင့် ကို ရယူနိုင် ဖို့ လိုအပ်မယ်ဆိုတာ ကတော့ သတိပေးဖို့ လိုမယ် မထင်ပါဘူး ။

ကွန်တီ အတွက် ထောက်ပံ့ပေးမယ့် ကစား သမားတွေ ကို အင်တာ တို့ ခေါ်ယူခဲ့ကြ ပါတယ် ။ ဒီအထဲ မှာ တော့ မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှုး လူကာကူ ပါဝင် လာခဲ့ပြီး ဘယ်လ်ဂျီယံ သား ဟာ ကွန်တီ လက်အောက်မှာ တဖန်ပြန်လည် တောက်ပ လာနိုင် မလား ဆိုတာ စိတ်ဝင်စားဖွယ် စောင့်ကြည့် ရမှာပဲ ဖြစ် ပါတယ် ။

အခြား အသင်းတွေ လည်း အပြောင်းအလဲတွေ ၊ အင်အား ဖြည့်တင်းမှု တွေ ပြုလုပ် ထားပေမယ့် စီးရီးအေ ဖလား ကို တော့ ယူဗင်တပ် ၊ အင်တာမီလန် နဲ့ နာပိုလီ တို့ ၃ သင်းတည်းကသာ အပြိုင်လု ကြရဖို့ ရှိနေပါတယ် ။ နောက်ဆုံးမှာတော့ အီတလီ က ဘောလုံးကွင်းတွေ လည်း ဖွင့်လှစ် လိုက်ပါပြီ . . . .

စီးရီးအေ ပွဲစဉ် ( ၁ )

ပါးမား – ယူဗင်တပ်
ဖီအိုရင်တီးနား – နာပိုလီ
အူဒီနီးစ် – အေစီမီလန်

ကာဂလီယာလီ – ဘရက်စီးယား
SPAL – အတ္တလန်တာ
ရိုးမား – ဂျီနိုအာ
ဗီရိုနာ – ဘိုလော့နာ

ဆမ့်ဒိုးရီးယား – လာဇီယို
တိုရီနို – ဆာဆူအိုလို
အင်တာ မီလန် – လက်ချီ

SPORTS MYANMAR