ကစားသမား နှစ်ဦးရဲ့ အနာဂတ်နဲ့ ပတ်သက်လို့ စိတ်လှုပ်ရှား မိကြောင်း ပြောကြားသွားတဲ့ #အင်ဒီကိုးလ်

မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ ကစားသမား ဟောင်း ဖြစ်သူ အင်ဒီ ကိုးလ် က လက်ရှိ အသင်း ရဲ့ ခံစစ် ကစားသမား နှစ်ဦး ဖြစ်ကြ တဲ့ ဗစ်တာ လင်ဒီလော့ဖ် နဲ့ ဟယ်ရီ မက်ဂွားယား တို့ဟာ ကောင်းမွန် တဲ့ ခံစစ် တစ်ခု ကို ပုံဖော် နိုင် လိမ့်မယ် လို့ ယုံကြည် နေ ပါတယ် ။

ဒီ ရာသီ ပထမဆုံး ပရီးမီးယား လိဂ် ပွဲစဉ် အဖြစ် ချဲလ်ဆီး အသင်း နဲ့ ကစား ခဲ့ရာ မှာ လင်ဒီလော့ဖ် နဲ့ မက်ဂွားယာ တို့ဟာ ယူနိုက်တက် ခံစစ် မှာ အတူ တွဲဖက် ပါဝင် ကစား ခဲ့ ကြပြီး ကောင်းမွန် တဲ့ ခံစစ် ကစားပုံ ကို ဖော်ဆောင် နိုင်ခဲ့ ကြပါ သေးတယ် ။

လင်ဒီလော့ဖ် ဟာ 2017 တုန်းက ဘင်ဖီကာ အသင်း မှ မန်ချက်စတာ ယူနိုက်တက် ဆီ ပေါင် သန်း 30 နဲ့ ပြောင်းရွှေ့ လာခဲ့သူ ဖြစ်ပြီး ရာသီ အစ ၊ နည်းပြ ဟောင်း ဟိုဆေး မော်ရင်ဟို လက်အောက် မှာ ခြေစွမ်း ကောင်းတွေ ပြသ နိုင်ဖို့ ရုန်းကန် ခဲ့ရ ပါတယ် ။

ဒါပေမယ့် ပြီးခဲ့တဲ့ ဘောလုံး ရာသီ တုန်းက တော့ ဆွီဒင် လက်ရွေးစင် ဟာ အထူး ခြေစွမ်း ကောင်းတွေ ပြသ နိုင်ခဲ့ ပြီး ယူနိုက်တက် ခံစစ် မှာ အကောင်းဆုံး ကစားသမား ဖြစ်ခဲ့ ရ ပါတယ် ။ ဒါ့ကြောင့် အင်ဒီ ကိုးလ် ဟာ ယူနိုက်တက် ခံစစ် အတွက် လင်ဒီလော့ဖ် ရဲ့ ခြေစွမ်း တွေကို နှစ်ခြိုက် နေခဲ့ ပါတယ် ။

ဒါပေမယ့် ပြီးခဲ့တဲ့ ဘောလုံး ရာသီက ယူနိုက်တက် ခံစစ် ဟာ အတော်လေး ဆိုးရွား နေခဲ့တဲ့ အတွက် ဆိုးလ်ရှား ဟာ လက်စတာ မှ မက်ဂွားယား ကို စံချိန်တင် ပြောင်းရွှေ့ကြေး နဲ့ ခေါ်ယူ ခဲ့ ပါတယ် ။ အင်ဒီ ကိုးလ် ကတော့ မက်ဂွားယား ဟာ လင်ဒီလော့ဖ် နဲ့ ပူးပေါင်း ပြီး အသင်း ရဲ့ ခံစစ် ပြသနာ ကို ဖြေရှင်း နိုင် လိမ့်မယ် လို့ ယုံကြည် နေ ပါတယ် ။

” မက်ဂွားယား ဟာ ယုံကြည် မှု အပြည့် ရှိတဲ့ ကစားသမား တစ်ဦး ပါပဲ ။ ပုဂ္ဂိုလ်ရေး အရ ကျွန်တော့် အမြင် ကို ပြောရမယ် ဆိုရင် သူဟာ တစ်ကယ့် ပဲ ကောင်းမွန် တဲ့ ဗဟို ခံစစ် ကစား သမား တစ်ဦး ပါ ”

” သူဟာ ကွင်းထဲ ရောက်ရှိ တဲ့ အခါ မှာ ဘောလုံး ကို သပ်သပ် ရပ်ရပ် ကိုင် ကစား နိုင် ပါတယ် ။ သူဟာ လုံလောက် တဲ့ လျင်မြန် သွက်လက်မှု ပိုင်ဆိုင် ထား သလို ခွန်အား ကြီးမား သူလည်း ဖြစ် ပါတယ် ”

” လင်ဒီလော့ဖ် နဲ့ အတူ ပူးတွဲ ကစားခြင်း ဆိုတာ ကောင်းမွန် တဲ့ ပါတနာ ရရှိ ခြင်း လို့ပဲ ကျွန်တော် ထင်မှတ် ထား ပါတယ် ။ လင်ဒီလော့ဖ် ဟာလည်း ကောင်းမွန် တဲ့ ကစားသမား တစ်ဦး ပါ ။ ဒါကို ပြီးခဲ့တဲ့ ရာသီ တုန်းက ကျွန်တော် တို့ မြင်တွေ့ ခဲ့ရ ပါတယ် ။ သူဟာ ပရီးမီးယား လိဂ်မှာ အံဝင် နေ ပါပြီ ”

” သူဟာ ပရီးမီးယား လိဂ်မှာ ကောင်းကောင်း ကစား နိုင်တယ် ဆိုတာ ပြီးခဲ့တဲ့ ဘောလုံး ရာသီ တုန်းက သက်သေ ပြခဲ့ ပြီး ပါပြီ ။ သူတို့ နှစ်ဦး ဟာ ကောင်းမွန် တဲ့ အတွဲ ဖြစ်နိုင် မယ်လို့ ထင်မှတ် နေပြီး အသင်း ရဲ့ အနာဂတ် မှာလည်း စိတ် လှုပ်ရှား မှုတွေ ပေးနိုင် လိမ့်မယ် လို့ ယုံကြည် နေ ပါတယ် ”

” ပရီးမီးယား လိဂ်မှာ တော့ ဆု ဖလား ဆွတ်ခူး နိုင်ဖို့ ( ဒါမှ မဟုတ် ) ထိပ်သီး လေးသင်း စာရင်း ဝင်ရောက် နိုင်ဖို့ အတွက် ပွဲစဉ် အတွင်း Clean Sheet တွေ ရရှိ အောင် လုပ်ဆောင် ဖို့ အရမ်း အရေး ကြီး ပါတယ် ” လို့ အင်ဒီ ကိုးလ် က ပြောကြား သွားခဲ့ ပါတယ် ။

#Sports_Myanmar