မန်ချက်စတာ ယူနိုက်တက် ရဲ့ ဆုဖလားရနိုင်ခွင့်ကို အံ့အားသင့်ဖွယ် သုံးသပ်သွားခဲ့တဲ့ ဂျေမီကာရေဂါ

ပရီးမီးယားလိဂ် ရာသီသစ် အဖွင့် မှာ ချဲလ်ဆီး အသင်း ကို ယူနိုက်တက် တို့ ဂိုးပြတ် အနိုင် ရခဲ့ ပါတယ် ။ ဒါပေမယ့် အသင်းရဲ့ ပြီးခဲ့တဲ့ ရာသီ တုန်းက အနေ အထား နဲ့ အဖွင့် ပွဲ ခြေစွမ်း တွေ အရ ဒီနှစ် ပရီးမီးယားလိဂ် ဖလား ကို ရယူနိုင် ဖို့ အလှမ်း ဝေး နေသေး တယ်လို့ သုံးသပ်သူတွေ က ဆိုခဲ့ ကြပါတယ် ။ ဒါပေမယ့် လီဗာပူး ခံစစ်မှုးဟောင်း ဂျေမီ ကာရေဂါ ကတော့ ယူနိုက်တက် ရဲ့ ဆုဖလား ရနိုင်ခွင့် နဲ့ ပတ်သက်ပြီး ကွဲပြားတဲ့ အမြင် ရှိ နေခဲ့ ပါတယ် ။

ယူနိုက်တက် ဟာ ပြီးခဲ့တဲ့ ရာသီ တုန်းက အခြေ မလှ ဖြစ်ခဲ့ပြီး ရာသီ ပိတ် နောက်ဆုံး ၁၂ ပွဲ မှာ ၂ ပွဲ သာ အနိုင် ရရှိ ခဲ့ ကာ ချန်ပီယံ လိဂ် ၀င်ခွင့် နဲ့ လွဲချော် ခဲ့ ရပါတယ် ။ နွေရာသီ အပြောင်း အရွှေ့ မှာတော့ ပေါင် သန်း ၁၅၀ ခန့် အသုံးပြု ကာ ကစား သမား သစ် ၃ ဦး ကို ခေါ်ယူ အင်အား ဖြည့် ခဲ့ ပါတယ် ။

လက်စတာ ခံစစ်မှုး မက်ဂွဲယား နဲ့ ပဲလေ့စ် ညာ နောက်ခံလူ အာရွန် ၀မ် ဘစ်ဆာကာ တို့ ဟာ ယူနိုက်တက် ရဲ့ ချဲလ်ဆီး နဲ့ ပွဲ မှာ ပါဝင် ကစားခဲ့ ကြပြီး ပုံစံ ကောင်း ပြသနိုင် ခဲ့သလို ဆွမ်းဆိ ကနေ ခေါ်ယူ ထားတဲ့ ဝေးလ် တောင်ပံ ကစား သမား ဒန်နီ ရယ်ဂျိမ်းစ် ဟာလည်း လူစားဝင် ပြီး ဂိုးသွင်းယူ ပေးနိုင် ခဲ့ ပါတယ် ။

ဒီလို မဟာပြိုင်ဘက် ကို ဂိုးပြတ် အနိုင် ကစားခဲ့ ပေမယ့် ယူနိုက်တက် ရဲ့ ချန်ပီယံ ဖြစ်နိုင်ချေ ဟာ ဒီနှစ် ထဲ မှာ ရှိမနေ သေးဘူး လို့ ဆိုသူတွေ အများအပြား ရှိခဲ့ ပါတယ် ။ ဒါပေမယ့် ဂျေမီ ကာရေဂါ ကတော့ ယူနိုက်တက် ဟာ ဆုဖလား တွေ နဲ့ မိုင်ပေါင်း များစွာ ဝေးကွာ တဲ့ အနေ အထားမှာ ရှိမနေ ဘူးလို့ ထင်မြင် မိကြောင်း ပြောဆို သွားခဲ့ ပါတယ် ။

“ကစား သမား တွေ အများကြီး ခေါ် တိုင်း အသင်း က ပိုကောင်း မသွားတတ် ပါဘူး ။ တစ်ခါ တစ်လေ တစ်ယောက် တည်းလောက် နဲ့ အလုပ်ဖြစ် တာမျိုးတွေ ရှိတတ် ပါတယ် ။ မန်ချက် စတာ ယူနိုက်တက် ဟာ ဆုဖလား ရမယ့် အသင်းလို့ တော့ ကျွန်တော် မပြောရဲ ပါဘူး ။ ဒါပေမယ့် သူတို့ ဟာ ဆုဖလားတွေ နဲ့ မိုင်ပေါင်း များစွာ ဝေးကွာ နေတဲ့ အသင်းတော့ မဟုတ် တာ သေချာ ပါတယ်”

“ကျွန်တော် ကတော့ ယူနိုက်တက် ရဲ့ အပြောင်း အရွှေ့ လုပ်ဆောင်မှု တွေကို သဘောကျ ပါတယ် ။ သူတို့ လူကာကူ ရဲ့ နေရာကို အစား မထိုးခဲ့ တာ ပြဿနာ ဖြစ်နိုင် မလား ? ကျွန်တော် ကတော့ မထင် ပါဘူး ။ အခု အချိန် ဟာ မားကပ် ရက်ဖိုဒ့် ရွေးချယ် ရမယ့် အချိန် ပါ”

“သူ ဟာ ယူနိုက်တက် ရဲ့ အဓိက တိုက်စစ်မှုး ဖြစ်လာ ခဲ့ပါပြီ ။ တစ်ရာသီ ကို ဂိုး ၂၀ ၊ ၂၅ ဂိုး လောက် တော့ သွင်းပေး ဖို့ လိုအပ် လာတော့ မှာပါ ။ ဒီ ဖိအား တွေ ကို သူ ဘယ်လို ဖြေရှင်း မလဲ ဆိုတာ စိတ်ဝင်စား စရာ ကောင်း ပါတယ်”

“မားကပ် ဟာ အခုအချိန် က စပြီး အထောင် တိုက်စစ် မှာ ကစားရ ပါတော့မယ် ။ ဒါပေမယ့် တစ်ခါ တစ်လေ မှာလည်း တောင်ပံ ဘက်ကို ထွက်ပြီး ကစား ရနိုင်ပါတယ် ။ ဘယ်လိုပဲ ဖြစ်ဖြစ် ဆိုးရှား ဟာ ရက်ဖိုဒ့် အပေါ် ယုံကြည် ပေးထားတယ် ဆိုတာ သံသယ ဖြစ်စရာ မရှိ ပါဘူး ။ ဒါကို ရက်ဖိုဒ့် ဘယ်လို ပေးဆပ် မလဲ ဆိုတာ စောင့်ကြည့် ရမှာပါ” လို့ ကာရေဂါ က ဆိုသွားခဲ့ ပါတယ် ။

မန်ချက် စတာ ယူနိုက်တက် ဟာ ပွဲစဉ် ( ၁ ) အပြီး မှာ ဂိုးကွာခြား ချက် များစွာ ရရှိ ခဲ့တာ ကြောင့် အဆင့် ၂ နေရာ ကို ရယူ နိုင်ခဲ့ ပါတယ် ။ ပွဲစဉ် ( ၂ ) မှာတော့ ပြီးခဲ့တဲ့ ရာသီ တုန်းက အကြိမ်ကြိမ် ဒုက္ခ ပေးခဲ့တဲ့ ၀ုဗာဟမ်တန် အသင်း ရဲ့ အိမ်ကွင်း ကို သွားရောက် ယှဉ်ပြိုင် ကစား ရမှာပဲ ဖြစ် ပါတယ် ။

SPORTS MYANMAR