သမုဒ္ဒရာမှာစွန့်ပစ်ထားတဲ့ ပလက်စတစ်တွေနဲ့ ဖိနပ်ထုတ်လုပ်မှုကို မြင့်တင်လိုက်တဲ့ Adidas

ပလတ်စတစ်ဟာ ကျွန်တော်တို့တစ်နေ့တာလှုပ်ရှားမှုတွေထဲမျာ အသုံးပြုရာတာ လွယ်ကူပြီး အလွန်အသုံးဝင်တဲ့ ပစ္စည်းတစ်ခုလဲဖြစ်ပါတယ်။ သို့သော် အသုံးပြုပြီး မဆင်မခြင်စွန့်ပစ်လိုက်တာကြောင့် သဘာဝပတ်ကျင်းကို ပိုမိုထိခိုက်လာတာတွေ က နေ့စဉ်နဲ့ အမျှပါပဲ။

ဒါကြောင့် နာမည်ကြီး အားကစားတံဆိပ်တစ်ခုဖြစ်တဲ့ adidas က စွန့်ပစ် ပလတ်စတစ်တွေကို ဘယ်လို ပြန်လည် အသုံးချနေလဲ ဆိုတာ ကို ထုတ်ဖော်ပြသခဲ့ပြီ ဖြစ်သလို ၊ အဲဒီ ပလပ်စတစ်တွေကို ကုန်ကြမ်းအဖြစ် အသုံးပြုပြီး ဖိနပ်တွေ ၊ ဂျာစီတွေ ထုတ်လုပ်ရမှာ ပြန်လည် အသုံးပြုလျှက် ရှိနေပါတယ်။

Adidas ဟာ 2017 ခုနှစ်အတွင်း စွန့်ပစ်ပလက်စတစ်တွေနဲ့ ဖိနပ်အရံပေါင်း ၁သန်းနီးပါး ထုတ်လုပ်ခဲ့တယ်ဆိုပါတယ်။ အဲဒီနောက် 2018 မှာ ၅သန်း ထုတ်လုပ်နိုင်ခဲ့ပြီး 2019 ခုနှစ်မှာတော့ သမုဒ္ဒသရာမှာစွန့်ပစ်ထားတဲ့ပလတ်စတစ်တွေနဲ့ပဲ ဖိနပ်အရံပေါင်း ၁၁သန်းအထိ ထုတ်လုပ်နိုင်ဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။

အားကစားပစ္စည်းရောင်းချသူတွေနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းကာ ပင်လယ်သမုဒ္ဒရာကိုပျက်စီးစေတဲ့ ပလက်စတစ် တွေကို ကာကွယ်ဖို့ လှုပ်ရှားနေကြပြီလည်းဖြစ်ပါတယ်။ ပလတ်စတစ်တွေကို ပင်လယ်သမုဒ္ဒရာ ထဲဝင်ရောက်လာတာကို မတားဆီးနိုင်ခဲ့ဘူးဆိုရင် ကမ္ဘာပေါ်မှာအလှဆုံးကမ်းခြေလို့ တင်စားခံထားရတဲ ကမ်းခြေတွေ ကွယ်ပျောက်သွားနိုင်သလို ၊ ရေနေ သတ္တ၀ါ အများစုရဲ့ ရှင်သန်မှုတွေဟာလဲ နည်းမျိုးစုံနဲ့ နှောက်ယှက် ခံရလျှက် ရှိနေပါတယ်။

ဒါကြောင့်လည်း Adidas က သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းကာကွယ်ဖို့အတွက် စွန့်ပစ်ပလတ်စတစ်တွေ နဲ့ ဖိနပ်ထုတ်လုပ်ဖို့ဆုံးဖြတ်ခဲ့တာပါ။

Adidas ဟာ 2016 ခုနှစ်မှာ စွန့်ပစ်ပလတ်စတစ်တွေနဲ့ ပြုလုပ်ထားတဲ့ the UltraBOOST Uncaged Parley running shoe ကိုမိတ်ဆက်ခဲ့ပြီး ၊ ဒီဖိနပ်ကိုပြုလုပ်ထားတဲ့ပလက်စတစ် (95%) ဟာ Maldives ကမ်းခြေမှာစွန့်ပစ်ထားရာကနေရလာတာဖြစ်ပြီး ကျန်တဲ့ (5%) ကတော့ အမျှင်များဖြင့် ရက်လုပ်ထားတဲ့အထည်ကနေရလာတာဖြစ်ပါတယ်။ ဖိနပ်အရံတစ်ခုစီတိုင်းမှာ ပလတ်စတစ်ဗူး(၁၁)ဗူး ပြန်လည်အသုံးပြုထားတယ်လို့လဲ သိရပါတယ် ။ ဒါ့အပြင် Adidas ဟာ နာမည်ကြီးဘောလုံးအသင်းဖြစ်တဲ့ ရီးရဲ မက်ဒရစ် ၊ ဘိုင်ယန်မြူးနစ်အသင်းတို့ ချန်ပီယံလိဒ်ပြိုင်ပွဲမှာကစားဖို့အတွက် အသင်းဂျာစီ ကို ပလတ်စတစ်တွေနဲ့ ထုတ်လုပ်ပေးထားတာဖြစ်ပါတယ်။

Australian Open တင်းနစ်ပြိုင်ပွဲမှာ Alexander Zverev’s ဝင်ဆင်ထားတဲ့အကျီဟာလဲ စွန့်ပစ်ပလတ်စတစ်တွေနဲ့လုပ်ထားတာလဲဖြစ်ပါတယ်။

Adidas ဟာ Poland နိုင်ငံမှာကျင်းပပြုလုပ်တဲ့ UN Climate Change Conference ပွဲမှာ 2030 မှာ မှန်လုံအိမ်အာနိတင်ဓာတ်ငွေ့ထုတ်လုပ်မှု (30%) လျော့ချနိုင်ရေး သဘောတူစာချုပ်မှာ လက်မှတ်ထိုးခဲ့တဲ့အပြင် ၊ Adidas ဟာ ပစ္စည်းထုတ်လုပ်မှုအားလုံးမှာ ပြန်လည်အသုံးပြုလို့ ရတဲ့ပလတ်စတစ်တွေနဲ့သာ ထုတ်လုပ်မယ်လို့ ဝန်ခံကတိပြုထားပါသေးတယ်။

Adidas စတိုးဆိုင်တိုင်းမှာတော့ 2016 ကစပြီး ပလတ်စတစ်အိတ်တွေကို အသုံးမပြုတော့ဘူးလို့ သိရပါတယ်။

သို့သော် ပလက်စတစ်အသုံးပြုမှုတွေကိုရှောင်လွဲလို့မရတဲ့နေရာတွေလည်းရှိနေပါသေးတယ်။ ဥပမာ ပစ္စည်းတွေ ထုတ်ပိုးမှုအပိုင်းတွေမှာ ပလတ်စတစ်တွေကို အသုံးပြုနေကြတုန်းပဲဖြစ်ပါတယ်။

Adidas ဟာ လက်ရှိမှာ global innovation platform Fashion အတွက် ယူရို1.5သန်း ထောက်ပံ့ပေးနေတယ်လို့သိရပါတယ်။ ဒီငွေပမာဏဟာ ကုမ္ပဏီမှာ ပလတ်စတစ်ထုတ်ပိုးမှုအတွက်အသုံးပြု နေတဲ့ကုန်ကျစ၇ိတ်နဲ့တူတူပဲဖြစ်ပါတယ်။ ဒီဖောင်ဒေးရှင်း ဟာ ဖက်ရှင်ထုတ်လုပ်မှုအတွက်အသုံးပြုတဲ့ ကုန်ပစ္စည်းတွေ တီထွင်ဆန်းသစ်မှု၊ကြာခံရှည်ခံမှု၊ပြန်လည်အသုံးပြုလို့ ရတဲ့ပစ္စည်းတွေတိုးတက်လာဖို့အတွက် လုပ်ဆောင်နေတာလည်းဖြစ်ပါတယ်။ Adidas က 2018 ခုနှစ်ကတည်းက ဒီဖောင်ဒေရှင်း မှာ ပါတနာ အဖြစ်လုပ်ကိုင်ဆောင်ရွက်နေတာလည်းဖြစ်ပါတယ်။

ဆိုတော့ ………. ကျွန်တော်တို့လဲ Adidas တို့လိုလုပ်သလိုမျိုး ပလတ်စတစ်တွေကို ဘာလိုအကျိုးရှိရှိ ပြန်လည်အသုံးပြုကြမလဲ?

ကျွန်တော်တို့မနက်အိမ်ယာကနေနိုးလာကတည်းက ပလတ်စတစ်တွေနဲ့အရင်ဆုံးတွေ့ ရမှာပါ ….နေ့စဉ်အသုံးပြုနေတဲ့ သွားတိုက်ဆေး ခေါင်းလျော်ရည်ဗူးတွေက အစ အားလုံး ပလတ်စတစ်တွေချည်းဖြစ်နေပါတယ်။ ဒါတွေအားလုံးကို ပလတ်စတစ်တွေနဲ့မသုံးပဲ အခြားအရာဝတ္ထုတွေနဲ့ ချက်ချင်းအစားထိုးဖို့နည်းလမ်းတွေကို သိပ္ပံပညာရှင်တွေကကြိုးစား ရှာဖွေနေကြဆဲဖြစ်ပါတယ်။

တချို့ခေါင်းလျှော်ရည်ထုတ်တဲ့ကုမ္ပဏီတွေဆိုရင် ခေါင်းလျှော်ရည်ကုန်သွားရင် အသစ်တစ်ဗူးပြန်ဝယ်စရာမလိုဘဲ ဗူးအဟောင်းနဲ့ပြန်ဖြည့်လို့ရတဲ့ ခေါင်းလျှော်ရည်တွေကို စတင်ရောင်းချနေပြီဖြစ်ပါတယ်။

ကျွန်တော်တို့လည်း တတ်နိုင်တဲ့ဖက်ကနေပြီး ပလတ်စတစ်တွေကို လျော့ချလို့ရပါတယ်။ ဥပမာ ဈေးသွားရင်ပဲဖြစ်ဖြစ် shopping centre သွားရင်ပဲဖြစ်ဖြစ် တခါသုံးပလတ်စတစ်အိတ်တွေနဲ့မသုံးပဲ ပြန်လည်အသုံးပြုလို့ရတဲ့ reusable bag နဲ့ဈေးဝယ်ထွက်မယ်ဆိုရင် smart လည်းကျတယ် ပလတ်စတစ်အိတ်အသုံးပြုမှုတွေကိုလဲ လျော့ချပီးသား ဖြစ်တာပေါ့။

ဒါကြောင့် ကျွန်တော်တို့ တစ်ယောက်ချင်းစီကနေ စပြီးတော့ ပြည်သူအားလုံး ပလတ်စတစ်အသုံးပြုမှု လျော့နည်းလာအောင် ဒီနေ့ကစပြီး ပလတ်စတစ်တွေကို ငြင်းပယ် ဖို့ တိုက်တွန်းလိုက်ရပါတယ်။

#TooMuchPlastic