ဘောလုံး လောကရဲ့ တန်ကြေး အမြင့်ဆုံး လက်ရွေးစင် အသင်း 5 သင်း

နိုင်ငံ့ ပွဲစဥ်တွေ ပြန်လည် စတင်မှုနဲ့ အတူ လက်ရွေးစင် အသင်း နည်းပြတွေလည်း လိဂ် အသီးသီးမှာ ကစားနေကြတဲ့ ကစားသမားတွေကို အသင်းဆီ ခေါ်ယူနေခဲ့ကြပါပြီ ။ နိုင်ငံ့ပွဲတွေ ဖြစ်နေတဲ့ အတွက် အကောင်းဆုံး ကစား သမားတွေချည်း လက်ရွေးစင် အသင်းဆီ ရောက်လာခဲ့ကြတာပဲ ဖြစ်ပါတယ် ။

သူတို့ဟာ အကောင်းဆုံး ကစားသမားဖြစ်တဲ့ အားလျှော်စွာ စျေးကွက်ထဲမှာ သူတို့ရဲ့တန်ကြေးတွေဟာလည်း မြင့်မားနေခဲ့ရပါတယ် ။ အဲ့ဒီထဲက တန်ကြေး အမြင့်ဆုံးသော ကစားသမားတွေ ပါဝင်နေတဲ့ စျေးအကြီးဆုံး လက်ရွေးစင်် အသင်း 5 သင်းကို ဖော်ပြပေးလိုက် ပါတယ် ။

(5) ဂျာမဏီ ( ယူရို 818 သန်း )

 

ဂျာမဏီ လက်ရွေးစင် အသင်းဆိုတာ ဘောလုံး အားကစား လောကမှာ ခမ်းနားတဲ့ သမိုင်းကြောင်းတွေ ပိုင်ဆိုင်ထားတဲ့ အသင်းပဲ ဖြစ်ပါတယ် ။ သူတို့ဟာ 1954 ၊ 1974 ၊ 1990 ၊ 2014 ခုနှစ်တွေမှာ ကမ္ဘာ့ ဖလား ဆွတ်ခူးထားနိုင်ခဲ့သလို 1972 ၊ 1980 နဲ့ 1996 ခုနှစ်တွေမှာ ယူရို ဖလား ကိုလည်း ဆွတ်ခူးထားနိုင်ခဲ့ကြပါတယ် ။

ဒါပေမဲ့ ပြီးခဲ့တဲ့ နှစ်တွေအတွင်း ဂျာမဏီ လက်ရွေးစင် အသင်းဟာ ကျရိပ်သမ်းလာခဲ့ပြီး စွမ်းဆောင်ရည်တွေလည်း ကျဆင်းလာခဲ့ပါတယ် ။ အခုတော့ ဂျာမဏီဟာ FIFA ရဲ့ ranking မှာလည်း အဆင့် 11 နေရာအထိ ကျဆင်း သွားခဲ့ရပါပြီ ။

ဒါပေမဲ့ ဟန်ဆီဖလစ်ရဲ့ အသင်းမှာတော့ စူပါစတားတွေ ပေါများနေသေးဆဲပဲ ဖြစ်ပါတယ် ။ ကိုင်ဟားဗတ် ၊ တီမို ဝါနာ ၊ လီရွိုင် ဆာနေးနဲ့ ဂနာဘရီ တို့လို ကစားသမားတွေကို ပိုင်ဆိုင်ထားတဲ့ ဂျာမဏီ အသင်းဟာ တန်ကြေး ယူရို 818 သန်း ရှိနေခဲ့ပါတယ် ။

(4) ပြင်သစ် (ယူရို 910 သန်း)

လက်ရှိ ကမ္ဘာ့ ချန်ပီယံ နဲ့ ဥရောပ နေးရှင်းလိဂ် ချန်ပီယံ ဖြစ်နေခဲ့တဲ့ ပြင်သစ် လက်ရွေးစင် အသင်းဟာ 2022 ကမ္ဘာ့ ဖလား ပြိုင်ပွဲမှာလည်း ဆုဖလား ဆွတ်ခူးဖို့ ရေပန်း အစားဆုံး အသင်းတွေထဲ ပါဝင်နေခဲ့ပါတယ် ။ ဒါပေမဲ့ တန်ကြေးကတော့ နည်းပါးနေခဲ့ပြီး အဆင့် 4 မှာပဲ ရှိနေခဲ့ရပါတယ် ။

လက်ရှိ ပြင်သစ် လက်ရွေးစင် အသင်းမှာ ကိုင်လီယံ အမ််ဘာပေ ၊ အန်တွိုင်းနီ ဂရစ်ဇ်မန်း ၊ ဘန်ဇီးမား ၊ ပေါ့ဂ်ဘာ အစသဖြင့် စူပါစတား ကစားသမားတွေ အများကြီး ရှိနေခဲ့တာပဲ ဖြစ်ပါတယ် ။ ဒါပေမဲ့ တန်ကြေး ယူရို 910 သန်းနဲ့ အဆင့် 4 မှာပဲ ရပ်တည်နိုင်ခဲ့ပါတယ် ။

(3) ပေါ်တူဂီ (ယူရို 938 သန်း)

စီ ရော်နယ်ဒို ၊ ဘာနာဒို ဆေးလ်ဗား ၊ ဘရူနို ဖာနန်ဒက်စ် ၊ ရာဖေးလ် လီယို ၊ ဂျွာအို ဖဲလစ် တို့ အပြင် တကယ့် စူပါ စတား ကစားသမားတွေ အများကြီး ပိုင်ဆိုင်ထားတဲ့ ပေါ်တူဂီ လက်ရွေးစင် အသင်းကတော့ ဖီဖာ ရဲ့ ranking မှာ အဆင့် 3 နေရာသာ ရပ်တည်နိုင်ခဲ့ပါတယ် ။ သူတို့ရဲ့ တန်ကြေးကတော့ ယူရို 938 သန်း ရှိနေခဲ့တာပဲ ဖြစ်ပါတယ် ။

(2) ဘရာဇီး (ယူရို 1.1 ဘီလီယံ)

ဘောလုံး လောကမှာ စကေးအကြောင်း ပြောရရင်တော့ ဘရာဇီး ကစားသမားတွေ ထိပ်ဆုံးက ဦးဆောင်နေကြမှာ အသေအချာပါပဲ ။ အခုလည်း တန်ကြေး အမြင့်ဆုံး နိုင်ငံ့ အသင်းတွေကို ရွေးချယ်ရာမှာလည်း ဘရာဇီး လက်ရွေးစင်် အသင်းဟာ အဆင့် 2 နေရာ ရပ်တည်နေခဲ့ပါတယ် ။

လက်ရှိ ဘရာဇီး လက်ရွေးစင် အသင်းမှာ နေမာ ၊ အန်တိုနီ ၊ ဗင်နီးရှပ် ၊ ရီချာလီဆင် ၊ လူးကပ် ပါကွီတာ နဲ့ ရာဖင်ဟာ တို့လို စူပါ စတား ကစားသမားတွေ အများကြီးပဲ ရှိနေခဲ့ကြတာ ဖြစ်ပါတယ် ။ ဒါ့ကြောင့်လည်း ဘရာဇီး လက်ရွေးစင် အသင်းဟာ တန်ကြေး ယူရို 1.1 ဘီလီယံ နဲ့ အဆင့် 2 နေရာ ရပ်တည်နေခဲ့တာပဲ ဖြစ်ပါတယ် ။

(1) အင်္ဂလန် (ယူရို 1.3 ဘီလီယံ)

ဒီနေရာမှာ အဂ်လန် လက်ရွေးစင် အသင်းဟာ နံပါတ် 1 အဖြစ် ရပ်တည်နေခဲ့တာ ထူးတော့ မထူးဆန်းပါဘူး ။ သူတို့ အသင်းမှာ ပါရမီ ကောင်းတဲ့ ကစားသမားတွေ အများကြီး ရှိနေတာ အားလုံး အသိပဲ ဖြစ်ပါတယ် ။ ဒါ့အပြင် စျေးကွက်ထဲမှာလဲ အဂ်လန် ကစားသမားတွေ အမြဲတမ်း တန်ကြေး များကြတာ ပုံမှန် ဖြစ်နေခဲ့ပါတယ် ။

လက်ရှိ အင်္ဂလန် လက်ရွေးစင် အသင်းမှာ ဟယ်ရီကိန်း ၊ အလက်ဇန္ဒား အာနိုး ၊ ဂျုဒ် ဘယ်လင်ဂမ် ၊ ဆန်ချို ၊ ရပ်ရှ်ဖို့ ၊ မက်ဂွားယား ၊ ဖီးလ် ဖိုဒန် အပြင် နာမည်ကျော် ကစား သမားတွေ အများကြီး ရှိနေခဲ့ပါတယ် ။ အဲ့တာကပဲ အင်္ဂလန်် တို့ကို တန်ကြေး အမြင့်ဆုံး အသင်း ဖြစ်စေခဲ့တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar