ကစားသမားဘ၀ရဲ့ အရေးကြီးဆုံး သွင်းဂိုး နဲ့ ကမ္ဘာ့အကောင်းဆုံး ကစားသမား ဖြစ်လာမယ့်သူကို ရွေးချယ်လိုက်တဲ့ ပေါလ်စခိုးလ်

ပေါလ်စခိုးလ်က သူ့ကစားသမား ဘ၀ရဲ့ အရေးကြီးဆုံး သွင်းဂိုးမှာ ကံတရားရဲ့ ဖေးမမှုက ကြီးမားတဲ့ ကဏ္ဍကနေ ပါ၀င်ခဲ့တယ်လို့ ၀န်ခံသွားခဲ့ပါတယ်။ မန်ယူနိုက်တက် ကွင်းလယ်လူဟောင်းက အသင်းဖော်ဟောင်း ဂယ်ရီနဗီးရဲ့ The Overlap မှာ ပါ၀င် တင်ဆက်သွားခဲ့ပြီး ကစားသမားဘ၀ရဲ့ အကောင်းဆုံး သွင်းဂိုး အကြောင်း မေးမြန်းခံခဲ့ရပါတယ်။

စခိုးလ်ဟာ လွန်ခဲ့တဲ့ ၂၀၀၆ ခုနှစ်က အက်စတွန်ဗီလာနဲ့ပွဲမှာ သူ့ရဲ့ အံ့ဖွယ် volley သွင်းဂိုးကို ရွေးချယ်ခဲ့ပြီး ယူနိုက်တက်ကို ၂၀၀၈ ခုနှစ်မှာ ချန်ပီယံလိဂ်ဖိုင်နယ်ကို တက်ရောက်စေခဲ့တဲ့ ဘာစီလိုနာနဲ့ ဆီမီးဖိုင်နယ် ပွဲစဉ်က လှပတဲ့ အဝေးကန်ချက်နဲ့ သွင်းဂိုးကလည်း ဒီထဲမှာ ပါ၀င်နေသလားဆိုပြီး နဗီးရဲ့ မေးခွန်းထုတ်မှုကို ခံခဲ့ရပါတယ်။

 

စခိုးလ်က “ဒါဟာ ထိချက် လွဲချော်ခဲ့တာပါ။ ဘောလုံးထိချက်က လွဲသွားခဲ့တာ ဖြစ်ပြီး ခြေထောက်ရဲ့ အပြင်ဘက်နဲ့ ထိသွားခဲ့တာပါ။ အကယ်၍ ခင်ဗျားအနေနဲ့ ဘောလုံးကို အဲဒီလိုမျိုး outside of foot နဲ့ အနည်းငယ် ရှပ်ကန်လိုက်တဲ့ အခါမှာ များသောအားဖြင့် ဂိုးဘေးကနေ လည်ထွက်သွားကာ corner နားတောင် ရောက်သွားတက်ပါတယ်။ ရိုးရိုးသားသား ပြောရမယ် ဆိရင် အဲဒီအချိန်က ဂိုးပေါက်တည့်ဖို့ အတွက်လောက်ပဲ တွေးထားခဲ့တာပါ။ ဒါပေမယ့် ဘောလုံးဟာ အဲဒီလိုမျိုး ညာဘက်ထောင့်ထဲကို ဝေ့၀ှက်ကာ ၀င်သွားခဲ့ပါတယ်။ ဒီလို သွင်းယူဖို့ မရည်ရွယ်ခဲ့ပါဘူး။ no chane ပါပဲ။” လို့ ၀န်ခံခဲ့ပါတယ်။

စခိုးလ်ရဲ့ သွင်းဂိုးဟာ miskick လို့ မထင်ရလောက်အောင် သပ်ရပ်ကောင်းမွန်ခဲ့ပြီး နဗီးဟာ အသင်းဖော်ဟောင်းရဲ့ ယခုလို ရိုးရိုးသားသာ ၀န်ခံသွားခဲ့မှုအပေါ် အံ့အားသင့်ခဲ့ပါတယ်။ ဆက်လက်ပြီး နဗီးက ဒါဟာ ကစားသမား ဘ၀ရဲ့ အရေးကြီးဆုံး သွင်းဂိုးလား ဆိုပြီး သူ့အသင်းဖော်ဟောင်းကို မေးမြန်းခဲ့ပါတယ်။

“ဒါဟာ အရေးကြီးဆုံး သွင်းဂိုး ပါပဲ။” လို့ စခိုးလ်က ပြန်ဖြေခဲ့ပါတယ်။

ဆက်လက်ပြီး နဗီးက ဘယ်လူငယ်ကြယ်ပွင့်ဟာ အနာဂတ်မှာ ကမ္ဘာ့အကောင်းဆုံး ကစားသမား ဖြစ်လာမယ်လို့ ယူဆထားသလဲ ဆိုပြီး မေးခဲ့ပါတယ်။ ယူနိုက်တက် ကွင်းလယ်လူဟောင်းဟာ အာလင်ဟာလန်းကို ကျော်ကာ အမ်ဘက်ပေကို ရွေးချယ်ခဲ့ပြီး သူ့ရဲ့ ရွေးချယ်မှုကို ယခုလိုပဲ ရှင်းပြသွားခဲ့ပါတယ်။

ဟာလန်းဟာ ပြီးခဲ့တဲ့ နွေရာသီက ဒေ့ါမွန်ကနေ မန်စီးတီးကို ပြောင်းရွေ့လာခဲ့သူ ဖြစ်ပြီး အီတီဟတ်မှာ အထိုင်ကျကာ ခြေစွမ်းပြ ကစားလျက် ရှိနေပြီး ဂွာဒီယိုလာရဲ့ အသင်းအတွက် ၉ ပွဲမှာ ၁၄ ဂိုးထိ သွင်းယူထားခဲ့ပြီး အမ်ဘက်ပေ ကတော့ ပီအက်ဂျီ အတွက် ၉ ပွဲမှာ ၁၀ ဂိုး သွင်းယူထားပါတယ်။ ဒါပေမယ့်လည်း စခိုးလ်ကတော့ အမ်ဘက်ပေ ဘက်မှာပဲ ရှိနေခဲ့ပါတယ်။

စခိုးလ်က “ကျွန်တော်ကတော့ အမ်ဘက်ပေကို ရွေးချယ်သွားမှာပါ။ သူဟာ ဟာလန်းထက် ပိုပြီး ပြည့်စုံမှုရှိပါတယ်။ သူဟာ အထောင် တိုက်စစ်မှုး စစ်စစ်သာမကပါဘူး။ သူဟာ တောင်ပံတိုက်စစ်မှာ ကစားနိုင်သလို ပြိုင်ဘက်တွေကို လိမ်ခေါက်ကျော်ဖြတ်နိုင်တဲ့ အပြင် တအားကို လျှင်မြန်တဲ့သူပါ။ ပြီးတော့ သူဟာ အသင်းဖော်တွေနဲ့ one-two လည်း ကစားနိုင်ပါတယ်။ ဟာလန်း ကလည်း တအားကို ထူးချွန်တဲ့သူပါ။ ဒါပေမယ့် သူဟာ ဂိုးသွင်းသူ သက်သက်ပဲ မဟုတ်လား?” လို့ ပြောလိုက်ပါတယ်။

SM