ဓါတ်ပုံအရိုက်မခံတဲ့ ဘာပေ ၊ နိုင်ငံပွဲကို လွဲမယ့်သူများ ၊ အပြောင်းအရွှေ့ ကိစ္စအချို့ နဲ့ . . . နံနက်ခင်း အားကစားသတင်းများ

PSG တိုက်စစ်မှူးလေး အမ်ဘာပေ ဟာ ဒီကနေ့ မှာ ပြုလုပ်ဖို့ စီစဉ် ထားတဲ့ ပြင်သစ် လက်ရွေးစင် အသင်းရဲ့ အသင်းလိုက် ဓါတ်ပုံ မှာ ပါဝင်ဖို့ ငြင်းဆန်ခဲ့ ပါတယ် ။

အကြောင်းကတော့ ဘာပေ ဟာ သူ့ရဲ့ ပုံရိပ် ( Image Right ) ကို ထိန်းသိမ်း လိုတာကြောင့် ဖြစ်ပြီး ပြင်သစ် အသင်းရဲ့ စပွန်ဆာတွေ ဖြစ်တဲ့ KFC, Betclic တို့နဲ့ ဓါတ်ပုံ မရိုက်ကူး လိုတာကြောင့် ဖြစ်တယ်လို့ သိရပါတယ် ။

 

အဆိုပါ သတင်း ထွက်ပေါ်လာ အပြီးမှာ ပြင်သစ် ဘောလုံးအဖွဲ့ချုပ်ဟာ စုံစမ်း ဆွေးနွေးမှုတွေ အလျင်အမြန် ပြုလုပ် ခဲ့ပြီး နောက်ဆုံးမှာတော့ ဘာပေ ရဲ့ ဆုံးဖြတ်ချက် ကို ခွင်ပြု ပေးခဲ့ပါတယ် ။

ဆီနီဂေါ တိုက်စစ်မှူး ကီတာ ဘယ်ဒီ ကတော့ ကာဂလီယာလီ အသင်းမှာ ကစားခဲ့တဲ့ အချိန်တုန်းက ဆေးစစ်မှု စည်းမျဉ်း သတ်မှတ်ချက်တွေကို ချိုးဖောက်ခဲ့တာကြောင့် ကမ္ဘာတဝှမ်း ဘောလုံးကစားခြင်း ကနေ ပိတ်ပင် ခံလိုက်ရတယ်လို့ သိရပါတယ် ။ ဒါကြောင့် ဘယ်လ်ဒီ ဟာ လာမယ့် ကမ္ဘာ့ဖလားမှာ ပါဝင် နိုင်တော့မှာ မဟုတ်ပါဘူး ။

စပါး ဂိုးသမားကြီး ဟူဂို လိုရစ် နဲ့ အေစီမီလန် နောက်ခံလူ သီယို ဟာနန်ဒက်စ် တို့ဟာ ဒဏ်ရာတွေကြောင့် ပြင်သစ် လက်ရွေးစင် အသင်း ရဲ့ လူစာရင်းကနေ အသီးသီး နှုတ်ထွက် ခဲ့ကြပါတယ် ။

အဆိုပါ နေရာတွေ အတွက် အယ်လ်ဘန် လာဖွန့် နဲ့ လူးကပ်စ် ဒင်း တို့ကို အစားထိုး ခေါ်ယူခဲ့တယ်လို့ သိရပါတယ် ။

PSG ရဲ့ အီတလီ ကွင်းလယ်လူ မာကို ဗာရက်တီ ဟာလည်း ဒဏ်ရာကြောင့် အင်္ဂလန် နဲ့ ကစားမယ့် ပွဲကို ပါဝင်နိုင်တော့မှာ မဟုတ်ဘူးလို့ သိရပါတယ် ။

မန်စီးတီး အသင်းကတော့ နော်ေ၀ လက်ရွေးစင် အသင်းအတွက် ကစားပေးဖို့ ထွက်ခွာသွားတဲ့ တိုက်စစ်မှူးလေး အာလင်း ဟာလန်း နဲ့ အတူ အသင်းရဲ့ ဆေးအဖွဲ့ဝင် အချို့ ကိုပါ ထည့်သွင်း ပေးလိုက်တယ်လို့ သိရှိရ ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူး မားကပ် ရက်ဖိုဒ့် ဟာ နိုင်ငံတကာ ပွဲစဉ်တွေ အပြီးမှာ ကြံ့ခိုင်မှု အပြည့်အ၀ ပြန်လည် ရရှိဖို့ အလားအလာ ကောင်းနေတယ်လို့လည်း သိရပါတယ် ။

ယူဗင်တပ် နည်းပြ အယ်လီဂရီ ဟာ တနင်္ဂနွေနေ့ က မွန်ဇာ အသင်းကို ၁-၀ နဲ့ ရှုံးနိမ့် ခဲ့တဲ့ ပွဲအပြီးမှာ လုံခြုံရေး အစောင့်အရှောက်တွေ နဲ့ ကွင်းထဲကနေ ပြန်လည် ထွက်ခွာ ခဲ့ရတယ်လို့ သိရပါတယ် ။

ယူဗင်တပ် ပရိသတ်တွေ အကြားမှာ အယ်လီဂရီ ကို ထုတ်ပယ်စေလိုမှုတွေ မြင့်တက်နေပြီး ဆိုရှယ်မီဒီယာ ထက်ကနေ ပြောဆို ခြိမ်းခြောက်မှုတွေ ရှိလာတယ်လို့ သိရှိရ ပါတယ် ။

ပရီးမီးယားလိဂ် ကလပ်တွေ ဟာ FA Cup ပွဲတွေကို တကျော့တည်း အပြီးသတ်စေလိုကြသလို ဥရောပ ပြိုင်ပွဲဝင် အသင်းတွေ အနေနဲ့ လိဂ်ဖလား ( ခါရာဘောင် ) ကို ဝင်ရောက် ယှဉ်ပြိုင်ဖို့ ဆန္ဒ မရှိကြဘူးလို ကြားသိရ ပါတယ် ။

ပြင်သစ် လီဂူးဝမ်း က နည်းပြ ( မန်နေဂျာ ) တွေနဲ့ ပြိုင်ပွဲက ဒိုင်လူကြီးတွေဟာ ဒီကနေ့မှာ တွေ့ဆုံ ဆွေးနွေးမှု ပြုလုပ်ဖို့ ရှိနေပြီး ကလပ် အသင်း ၂၀ အနက်က ၁၁ သင်းရဲ့ မန်နေဂျာတွေ တက်ရောက်မယ်လို့ သိရှိရ ပါတယ် ။

အပြောင်းအရွှေ့ သတင်းတွေမှာတော့ အသင်းလက်မဲ့ ဖြစ်နေတဲ့ ဒေါ့မွန် ကစားသမားဟောင်း ဇာဂါဒူ ဟာ စတုဂတ် အသင်းဆီကို ၄ နှစ် စာချုပ်နဲ့ ပြောင်းရွှေ့ သွားခဲ့ပြီ ဖြစ်ပါတယ် ။

လီဗာပူး ကတော့ ရီးရဲ နဲ့ အခု ရာသီမှာ ပုံစံကောင်းတွေပြ ၊ ဂိုးတွေ သွင်းနေတဲ့ ဖက်ဒရီကို ဗယ်ဗာဒီ ကို ခေါ်ယူဖို့ စိတ်ဝင်စား နေတယ်လို့ သတင်း ထွက်လာခဲ့ ပါတယ် ။

ဘာစီလိုနာ ကလည်း ရီးရဲမှာ နေရာ မရ ဖြစ်နေတဲ့ မားကိုစ့် အဆန်စီရို ကို ခေါ်ယူလိုတယ်လို့ သတင်း ကြားသိရ ပါတယ် ။

ဒါ့အပြင် ဘာစီလိုနာ ဟာ ခံစစ်မှူး ပီကေး ကို အခု ရာသီ အကုန်မှာ အနားယူဖို့ မျှော်လင့်ထားတယ် လို့လည်း သိရ ပါတယ် ။ ပီကေး ဘက်ကတော့ အနားယူဖို့ စိတ်ကူး မရှိသေးပါဘူး ။

ဥရောပ အသင်းတွေက စောင့်ကြည့် ခံနေရတဲ့ ဖလာမင်ဂို ကြယ်ပွင့်လေး ဂျာအို ဂိုးမက် က သူ ဟာ လီဗာပူး အသင်းကို သွားရောက် ကစားဖို့ ကြီးမားတဲ့ စိတ်ဆန္ဒ ရှိနေပါတယ်လို့ ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။

တောင်အမေရိက ကလပ် နယ်စီယွန်နယ် ဥက္ကဌ က တိုက်စစ်မှူးကြီး လူးဝစ် ဆွာရက် ဟာ လာမယ့် အောက်တိုဘာ အကုန်မှာ အသင်းနဲ့ စာချုပ်ပြည့်မှာ ဖြစ်ပြီး ကမ္ဘာ့ဖလား မတိုင်ခင် အသင်းသစ် ရှာဖွေဖို့ စိတ်ကူး နေတယ်လို့ ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ခင်ဗျာ . . . . . ။

SPORTS MYANMAR