အမှတ်တရ သိမ်းထားဖို့ ဆာလာ နဲ့ အလီဆွန် ရဲ့ ဂျာစီ လိုချင်တယ်လို့ ဖွင့်ဟလိုက်တဲ့ နာပိုလီ နည်းပြ စပယ်လက်တီ

နာပိုလီ နည်းပြ စပယ်လက်တီ ကတော့ သူ့ရဲ့ တပည့်ကျော် နှစ်ယောက် ဖြစ်တဲ့ မိုဆာလာ နဲ့ အလီဆွန် တို့ကို မနက်ဖြန်ညမှာ နွေးနွေးထွေးထွေး နဲ့ ကြိုဆိုသွားမယ်လို့ ဆိုလိုက်ပြီး ၊ အမှတ်တရ သိမ်းထားဖို့ အတွက် သူတို့ ဂျာစီတွေကိုလဲ လိုချင်တယ်လို့ ဖွင့်ဟ သွားခဲ့ ပါတယ်။

အဆိုပါ ရိုးမား ကစားသမားဟောင်း နှစ်ယောက် ဟာ ရောမမှာ ရှိခဲ့စဉ် အချိန်က စပယ်လက်တီ ရဲ့ လက်အောက်မှာ ကစားခဲ့သူတွေ သူဖြစ်ပါတယ်။ မနက်ဖြန်ညမှာ ယှဉ်ပြိုင် ကစားမယ့် ချန်ပီယံလိဂ် အုပ်စု A အဖွင့်ပွဲစဉ်မှာတော့ ဆရာ/တပည့်တွေ နောက်တစ်ကြိမ် ပြန်လည် ဆုံဆည်းကြတော့မှာပါ။

 

“ အလီဆွန် ၊ ဆာလာ တို့နဲ့ နောက်တစ်ကြိမ် ပြန်ဆုံခွင့် ရတာ ကျေနပ်စရာပါ။ သူတို့ နှစ်ယောက် ရဲ့ နည်းပြ ဖြစ်ခွင့်ရခဲ့တဲ့ အတွက်လဲ တော်တော်ကို ဂုဏ်ယူမိခဲ့ပါတယ်။ အခုတော့ နောက်တစ်ကြိမ် ပြန်တွေ့ကြပြန်ပြီပေါ့ဗျာ။

လီဗာပူး က ရိုးမား ကနေ အလီဆွန် ကို ခေါ်ယူခဲ့တဲ့ အချိန်က ၊ ဂိုးသမား တစ်ယောက် အတွက် တန်းဖိုးအကြီးမားဆုံး ပြောင်းရွှေ့ကြေးမျိုးတောင် ပေးခဲ့တာပါ။ ဒါပေမယ့် သူကိုယ်တိုင်ကလဲ ထိုက်တန်မှု ရှိတဲ့ အကြောင်း ပြသနိုင်ခဲ့ပါတယ်။ သူ့ကို ဂိုးသမား Ranking ပုံစံမျိုး နဲ့ နှိုင်းယှဉ်ကြည့်လိုက်မယ် ဆိုရင် No.9 ဂိုးသမား တစ်ယောက်လိုပါပဲ။ အရည်သွေးရယ် ၊ ပုံရိပ်ရယ် ၊ ပင်ကိုယ် စရိုတ် လက္ခဏာတွေက ဘာမှကို ပြောစရာ မလိုတာပါ။

မိုဆာလာ နဲ့ ပတ်သက်ပြီးတော့ ပါလာမို ကို 4-0 နဲ့ အနိုင်ရတဲ့ ပွဲမှာ ကျနော် မှတ်မှတ်ရရ ပြောခဲ့ဖူးပါတယ်။ သူဟာ ကိုက် 60 လောက်အထိကို တစ်ဟုတ်ထိုး ပြေးထွက်သွားခဲ့သလို ၊ ပွဲကိုလဲ အချိန်မရွေး အဆုံးပြနိုင်တဲ့သူမျိုးပါ။

ကျနော် ကတော့ ကိုယ့်ရဲ့ Shirt Collection ထဲမှာ သူတို့ နှစ်ယောက် ရဲ့ ဂျာစီ ကို ထပ်ပြီး ပေါင်းထည့်သွားချင်ပါတယ်။ မနက်ဖြန် ညမှာ နှစ်ယောက် စလုံးကို နွေးနွေးထွေးထွေး နဲ့ ကြိုဆိုသွားမှာပါ” လို့ ထုတ်ဖော် ပြောဆိုသွားခဲ့ ပါတယ်။

လာဇီယို နဲ့ ပွဲမှာ ဦးခေါင်း ထိခိုက်မိခဲ့လို့ လူစားလဲခဲ့ရတဲ့ လိုဇာနို ဟာ လီဗာပူး နဲ့ ပွဲမှာ ပြန်လည် ပါဝင် ကစားပေးဖို့ ပုံမှန်အတိုင်း ပြန်ဖြစ်နေပြီလို့ သိရပါတယ်။ မနေ့က လေ့ကျင့်ခန်း မဆင်းနိုင်ခဲ့တဲ့ အဓိက တိုက်စစ်မှုး အော်စီမန် ကတော့ ဒီကနေ့မှာလဲ လေ့ကျင့်ခန်း မဆင်းသေးသည့်တိုင်အောင် ၊ လီဗာပူး နဲ့ ပွဲမှာ ပါဝင် ကစားပေးနိုင်ဖို့ အကောင်းဆုံး ကြိုးစားနေတယ်လို့ စပယ်လက်တီက အခိုင်မာ ဆိုသွားခဲ့ ပါတယ်။

ဆက်လက်ပြီး လီဗာပူး ရဲ့ အနေအထားနဲ့ ပတ်သက်လို့တော့ –

“ လာဇီယို နဲ့ ပွဲတုန်းက သူတို့မှာ ထိပ်တန်း ကစားသမားတွေ ပိုင်ဆိုင်ထားမှန်း သိနေသည့်တိုင်အောင် ၊ အနိုင်ရဖို့ပဲ မျှော်လင့်ပြီး တိုက်ပွဲဝင်ခဲ့တာပါ။ ရောမ မှာ နိုင်ပွဲ ရဖို့ဆိုတာ လွယ်ကူတာ မဟုတ်ပါဘူး။

အခု ချန်ပီယံလိဂ် ပြိုင်ပွဲကို ပြန်ရောက်လာပြီလေ။ ဘောလုံး လောကရဲ့ အထင်ကရ ပြိုင်ပွဲမျိုး ဖြစ်လို့ ကျနော်တို့ကလဲ ဒီပြိုင်ပွဲ နဲ့ ကိုက်ညီမယ့် စွမ်းဆောင်ရည်မျိုးတွေ ထုတ်ဖော် ပြသချင်ပါတယ်။ ပရိသတ်တွေ ရဲ့ ချီးကျူးမှုတွေ ခံရဖို့ ကွင်းထဲကို ဝင်လာမှာ မဟုတ်ပါဘူး ၊ အနိုင်ရဖို့ အတွက် ကြိုးစားမယ် ဆိုတဲ့ ပုံစံမျိုး နဲ့ ဝင်ရောက်လာမှာပါ။

လီဗာပူး လို အသင်းမျိုး နဲ့ ကစားပြီ ဆိုရင် ကိုယ့်ရဲ့ အနေအထားကလဲ စံနှုန်းတစ်ခုအတိုင်းကို ရှိနေဖို့ လိုပါတယ် ဘာလို့လဲ ဆိုတော့ သူတို့ ကိုယ်တိုင်က ကွင်းကို ချုံ့ပစ်ပြီး ၊ အမြင့်ဆုံး ပုံစံတွေ နဲ့ဖိအားပေး ကစားတာကြောင့်ပါ။ တစ်ယောက်ချင်း ပုံစံနဲ့ ထိုးဖောက်တယ် ၊ ဆာလာ ၊ ဒီယက်ဇ် တို့က ဒီခြေနေတွေက ဖိအားပေးပြီး ၊ ပြိုင်ဘက်ကို ဖြိုချဖို့ ကြိုးစားတာပါ။ သူတို့ကစားပုံက အသက်ရှူခွင့်တောင် ပေးချင်တဲ့ ပုံစံမျိုး မဟုတ်ပါဘူး” လို့ မှတ်ချက် ပေးသွားခဲ့ ပါတယ်။

SM