နားရက္ မရွိတာ ျပသနာ မဟုတ္ပဲ ၊ အသင္းေအာင္ျမင္မႈက အဓိက က်တယ္လို႔ ဆုိလိုက္တဲ့ မာေနး

Mane

မားေနး ကေတာ့ သူ႔အေနနဲ႔ နားရက္ အနည္းငယ္ ရရွိခဲ့ေပမယ့္ ၊ ဒီညပြဲမွာ ယွဥ္ျပိဳင္ ကစားမယ့္ ခ်ဲဆီး နဲ႔ ပြဲအတြက္ ၾကံ႕ခိုင္မႈ အသင့္ ျဖစ္ေနျပီလို႔ ေျပာဆိုလိုက္သလို ၊ လီဗာပူး နဲ႔ အတူ ေနာက္ထပ္ ေအာင္ျမင္မႈ တစ္ခု ထပ္ယူဖို႔ ပစ္မွတ္ထားေနတယ္လို႔ ေျပာဆုိသြားခဲ့ ပါတယ္။

ပြဲအၾကိဳ ျပဳလုပ္ခဲ့တဲ့ သတင္းစာ ရွင္းလင္း ပြဲမွာေတာ့ လီဗာပူး တိုက္စစ္မႈးက “ က်ေနာ္က ဒီပြဲအတြက္ အသင့္ ျဖစ္ေနပါျပီ ။ ၾကံ႕ခိုင္မႈေတြ ၊ နားရက္ နည္းတာေတြ ဆိုတာက လူေတြက အခုမွ ေျပာေနၾကတာပါ။ တကယ္ေတာ့ က်ေနာ္ နားရက္ မရွိခဲ့တာ 7 ႏွစ္ေတာင္ ၾကာျပီ ထင္ပါတယ္။ ဒီအေတာ အတြင္း က်ေနာ္ျဖင့္ ရက္ေပါင္း 20 ေတာင္ ျပည့္ေအာင္ အနားယူခဲ့ျခင္း မရွိပါဘူးဗ်။

ဒါေၾကာင့္မို႔ ဒီပြဲအတြက္ အစြမ္းကုန္ ၾကိဳးစားဖို႔ အသင့္ ျဖစ္ေနပါျပီ။ အစၥတန္ဘူလ္ ဆိုတာ ကလဲ က်ေနာ္တို႔ ကလပ္ အတြက္ ကံေကာင္းျခင္းေတြ ယူေဆာင္ေပးလာတဲ့ ေနရာ တစ္ခုေလ။ ဒါေၾကာင့္ ဒီတစ္ၾကိမ္မွာလဲ အဲဒီအတုိင္း ျဖစ္လာဖို႔ ေမွ်ာ္လင့္မိပါတယ္။

က်ေနာ္တို႔ကလဲ ဆုဖလားၾကီး ကိုင္ေျမွာက္ႏိုင္ဖို႔ အတြက္ အစြမ္း ကုန္ကုိ ၾကိဳးစားသြားမွာပါ” လို႔ ထုတ္ေဖာ္ ေျပာဆုိသြားခဲ့ပါတယ္။

မားေနးဟာ ျပီးခဲ့တဲ့ ေဘာလံုးရာသီက လီဗာပူး နဲ႔ အတူ ခ်န္ပီယံလိဂ္ ဗိုလ္လုပြဲ ကစားခဲ့ရတာေၾကာင့္ ၊ ကလပ္ အသင္း ေဘာလံုးသမားေတြ ထဲမွာ ေနာက္ဆံုးမွာ ရာသီ သိမ္းခဲ့ရတဲ့ အျပင္ ၊ ဆီနီေဂါ အသင္း အတြက္လဲ အာဖရိကား ဖလား ဗိုလ္လုပြဲ အထိ ကစားေပးခဲ့ရျပန္တာေၾကာင့္ နားရက္ ဟာ 1 ပတ္ေက်ာ္သာ ရွိခဲ့တာ ျဖစ္ပါတယ္။

သူ႔လိုပဲ လီဗာပူး ကလဲ ရာသီ စတင္ျပီ ဆုိကတည္းက ပြဲေတြကို ဆက္တိုက္ ဆင္ႏႊဲေနခဲ့ရတာပါ။ ျပီးခဲ့တဲ့ တနဂၤေႏြေန႔က မန္စီးတီး အသင္းနဲ႔ ကြန္ျမဴနတီ ဒိုင္း ပြဲစဥ္ စတင္ကစားခဲ့ရသလုိ ၊ ေသာၾကာေန႔ အေရာက္မွေတာ့ ပရီးမီးယားလိဂ္ အဖြင့္ပြဲစဥ္ကို ထပ္မံ ကစားခဲ့ရျပန္ပါတယ္။

အဲဒီေနာက္ ၾကားရက္ (ဒီညမွာ ) ဥေရာပ စူပါ ဖလားပြဲစဥ္ ကစားရမွာ ျဖစ္ျပီး ၊ စေနေန႔မွာ ပရီးမီးယားလိဂ္ ပြဲစဥ္ကို ထပ္ျပီး ကစားရဦးမွာပါ။ ဒါ့အျပင္ တူရကီဟာ အဂၤလန္ နဲ႔ အလွမ္းေ၀းတဲ့ ေနရာ ျဖစ္တာေၾကာင့္ ၊ စူပါဖလား ပြဲျပီးလို႔ ရွိရင္ေတာာင္ သူတို႔ဟာ ၾကသပေတး ေန႔ ညေနပိုင္းအထိ လီဗာပူးကို ျပန္လည္ ေရာက္ရွိမွာ မဟုတ္ပါဘူး။

ဒါေၾကာင့္ ကေလာ့ပ္ ရဲ႕ ကစားသမားေတြ အေနနဲ႔ နားရက္က ေတာ္ေတာ္ေလးကို ရွားပါးေနမွာ ျဖစ္ပါတယ္။

ဗန္ဒိုက္ ကေတာ့ ဘယ္လို အေျခအေနမ်ိဳး ျဖစ္ပါေစ သူတို႔ အသင္းအေနနဲ႔ အျမဲတမ္း အဆင့္သင့္ျဖစ္ေအာင္ ျပင္ထားရမယ့္ အေၾကာင္း အခုလို ေျပာဆုိသြားခဲ့ပါတယ္။

“ ဘယ္လိုပဲ ျဖစ္ျဖစ္ က်ေနာ္တို႔ အေနနဲ႔ အဆင္သင့္ ျဖစ္ေအာင္ ျပင္ထားရမွာပါ။ တကယ္လဲ ျဖစ္ေနျပီလို႔ ယံုၾကည္ေနတာမို႔ အားကုန္ ေပးဆပ္ျပီး ကစားသြားမွာပါ။

ျပီးေတာ့ ဒီဖလားဟာ ဒီရာသီမွာ ပထမဆံုး ကိုင္ေျမွာက္ခြင့္ ရရွိမယ့္ အခြင့္အေရးတစ္ခုလဲ ျဖစ္ေနတယ္ေလ။ တစ္ပြဲပဲ ကစားရမယ္ ၊ ကစားမယ့္ ပြဲကလဲ ဗိုလ္လုပြဲ ။ ျပီးတာနဲ႔ ဖလား ကိုင္ေျမွာက္ႏိုင္ျပီမို႔ ၊ အာရံုစူးစိုက္မႈကို အျပည့္ ထားေနတာပါ” လို႔ မွတ္ခ်က္ေပးသြားခဲ့ပါတယ။္

လီဗာပူး အသင္းရဲ႕ ကြင္းလယ္ ကစားသမား နာဘီ ကီတာဟာ မေန႔ညက ေလ့က်င့္ခန္း အစီအစဥ္ေတြ လုပ္ေဆာင္ေနရင္းမွာ ဒဏ္ရာ ရရွိသြားခဲ့တာေၾကာင့္ ဒီပြဲကို ပါ၀င္ ကစားေပးႏိုင္ဖြယ္ မရွိေတာ့ ပါဘူး။

လီဗာပူးဟာ ဥေရာပ စူပါဖလားကို 3 ၾကိမ္ အထိ ဆြတ္ခူးထားျပီးျပီ ျဖစ္ျပီး ဒီတစ္ၾကိမ္ ဆြတ္ခူး ႏိုင္ခဲ့ပါက ရီးရဲ မက္ဒရစ္ ရဲ႕ စံခ်ိန္ မွတ္တမ္း နဲ႔ တူညီသြားမွာ ျဖစ္ပါတယ္။ ဥေရာပ စူပါ ဖလား သမိုင္းေၾကာင္း တစ္ေလွ်ာက္မွာေတာ့ ဘာစီလိုနာ နဲ႔ ေအစီမီလန္ အသင္းတို႔က စုစုေပါင္း 5 ၾကိမ္ စီနဲ႔ စံခ်ိန္တင္ ဆြတ္ခူးထားခဲ့တာျဖစ္ပါတယ္။

SPORTS MYANMAR

Unicode

နားရက် မရှိတာ ပြသနာ မဟုတ်ပဲ ၊ အသင်းအောင်မြင်မှုက အဓိက ကျတယ်လို့ ဆိုလိုက်တဲ့ မာနေး
***************************************************

မားနေး ကတော့ သူ့အနေနဲ့ နားရက် အနည်းငယ် ရရှိခဲ့ပေမယ့် ၊ ဒီညပွဲမှာ ယှဉ်ပြိုင် ကစားမယ့် ချဲဆီး နဲ့ ပွဲအတွက် ကြံ့ခိုင်မှု အသင့် ဖြစ်နေပြီလို့ ပြောဆိုလိုက်သလို ၊ လီဗာပူး နဲ့ အတူ နောက်ထပ် အောင်မြင်မှု တစ်ခု ထပ်ယူဖို့ ပစ်မှတ်ထားနေတယ်လို့ ပြောဆိုသွားခဲ့ ပါတယ်။

ပွဲအကြို ပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်း ပွဲမှာတော့ လီဗာပူး တိုက်စစ်မှုးက “ ကျနော်က ဒီပွဲအတွက် အသင့် ဖြစ်နေပါပြီ ။ ကြံ့ခိုင်မှုတွေ ၊ နားရက် နည်းတာတွေ ဆိုတာက လူတွေက အခုမှ ပြောနေကြတာပါ။ တကယ်တော့ ကျနော် နားရက် မရှိခဲ့တာ 7 နှစ်တောင် ကြာပြီ ထင်ပါတယ်။ ဒီအတော အတွင်း ကျနော်ဖြင့် ရက်ပေါင်း 20 တောင် ပြည့်အောင် အနားယူခဲ့ခြင်း မရှိပါဘူးဗျ။

ဒါကြောင့်မို့ ဒီပွဲအတွက် အစွမ်းကုန် ကြိုးစားဖို့ အသင့် ဖြစ်နေပါပြီ။ အစ္စတန်ဘူလ် ဆိုတာ ကလဲ ကျနော်တို့ ကလပ် အတွက် ကံကောင်းခြင်းတွေ ယူဆောင်ပေးလာတဲ့ နေရာ တစ်ခုလေ။ ဒါကြောင့် ဒီတစ်ကြိမ်မှာလဲ အဲဒီအတိုင်း ဖြစ်လာဖို့ မျှော်လင့်မိပါတယ်။

ကျနော်တို့ကလဲ ဆုဖလားကြီး ကိုင်မြှောက်နိုင်ဖို့ အတွက် အစွမ်း ကုန်ကို ကြိုးစားသွားမှာပါ” လို့ ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။

မားနေးဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီက လီဗာပူး နဲ့ အတူ ချန်ပီယံလိဂ် ဗိုလ်လုပွဲ ကစားခဲ့ရတာကြောင့် ၊ ကလပ် အသင်း ဘောလုံးသမားတွေ ထဲမှာ နောက်ဆုံးမှာ ရာသီ သိမ်းခဲ့ရတဲ့ အပြင် ၊ ဆီနီဂေါ အသင်း အတွက်လဲ အာဖရိကား ဖလား ဗိုလ်လုပွဲ အထိ ကစားပေးခဲ့ရပြန်တာကြောင့် နားရက် ဟာ 1 ပတ်ကျော်သာ ရှိခဲ့တာ ဖြစ်ပါတယ်။

သူ့လိုပဲ လီဗာပူး ကလဲ ရာသီ စတင်ပြီ ဆိုကတည်းက ပွဲတွေကို ဆက်တိုက် ဆင်နွှဲနေခဲ့ရတာပါ။ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က မန်စီးတီး အသင်းနဲ့ ကွန်မြူနတီ ဒိုင်း ပွဲစဉ် စတင်ကစားခဲ့ရသလို ၊ သောကြာနေ့ အရောက်မှတော့ ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်ကို ထပ်မံ ကစားခဲ့ရပြန်ပါတယ်။

အဲဒီနောက် ကြားရက် (ဒီညမှာ ) ဥရောပ စူပါ ဖလားပွဲစဉ် ကစားရမှာ ဖြစ်ပြီး ၊ စနေနေ့မှာ ပရီးမီးယားလိဂ် ပွဲစဉ်ကို ထပ်ပြီး ကစားရဦးမှာပါ။ ဒါ့အပြင် တူရကီဟာ အင်္ဂလန် နဲ့ အလှမ်းဝေးတဲ့ နေရာ ဖြစ်တာကြောင့် ၊ စူပါဖလား ပွဲပြီးလို့ ရှိရင်တောာင် သူတို့ဟာ ကြသပတေး နေ့ ညနေပိုင်းအထိ လီဗာပူးကို ပြန်လည် ရောက်ရှိမှာ မဟုတ်ပါဘူး။

ဒါကြောင့် ကလော့ပ် ရဲ့ ကစားသမားတွေ အနေနဲ့ နားရက်က တော်တော်လေးကို ရှားပါးနေမှာ ဖြစ်ပါတယ်။

ဗန်ဒိုက် ကတော့ ဘယ်လို အခြေအနေမျိုး ဖြစ်ပါစေ သူတို့ အသင်းအနေနဲ့ အမြဲတမ်း အဆင့်သင့်ဖြစ်အောင် ပြင်ထားရမယ့် အကြောင်း အခုလို ပြောဆိုသွားခဲ့ပါတယ်။

“ ဘယ်လိုပဲ ဖြစ်ဖြစ် ကျနော်တို့ အနေနဲ့ အဆင်သင့် ဖြစ်အောင် ပြင်ထားရမှာပါ။ တကယ်လဲ ဖြစ်နေပြီလို့ ယုံကြည်နေတာမို့ အားကုန် ပေးဆပ်ပြီး ကစားသွားမှာပါ။

ပြီးတော့ ဒီဖလားဟာ ဒီရာသီမှာ ပထမဆုံး ကိုင်မြှောက်ခွင့် ရရှိမယ့် အခွင့်အရေးတစ်ခုလဲ ဖြစ်နေတယ်လေ။ တစ်ပွဲပဲ ကစားရမယ် ၊ ကစားမယ့် ပွဲကလဲ ဗိုလ်လုပွဲ ။ ပြီးတာနဲ့ ဖလား ကိုင်မြှောက်နိုင်ပြီမို့ ၊ အာရုံစူးစိုက်မှုကို အပြည့် ထားနေတာပါ” လို့ မှတ်ချက်ပေးသွားခဲ့ပါတယ။်

လီဗာပူး အသင်းရဲ့ ကွင်းလယ် ကစားသမား နာဘီ ကီတာဟာ မနေ့ညက လေ့ကျင့်ခန်း အစီအစဉ်တွေ လုပ်ဆောင်နေရင်းမှာ ဒဏ်ရာ ရရှိသွားခဲ့တာကြောင့် ဒီပွဲကို ပါ၀င် ကစားပေးနိုင်ဖွယ် မရှိတော့ ပါဘူး။

လီဗာပူးဟာ ဥရောပ စူပါဖလားကို 3 ကြိမ် အထိ ဆွတ်ခူးထားပြီးပြီ ဖြစ်ပြီး ဒီတစ်ကြိမ် ဆွတ်ခူး နိုင်ခဲ့ပါက ရီးရဲ မက်ဒရစ် ရဲ့ စံချိန် မှတ်တမ်း နဲ့ တူညီသွားမှာ ဖြစ်ပါတယ်။ ဥရောပ စူပါ ဖလား သမိုင်းကြောင်း တစ်လျှောက်မှာတော့ ဘာစီလိုနာ နဲ့ အေစီမီလန် အသင်းတို့က စုစုပေါင်း 5 ကြိမ် စီနဲ့ စံချိန်တင် ဆွတ်ခူးထားခဲ့တာဖြစ်ပါတယ်။

SPORTS MYANMAR