ပြီးခဲ့တဲ့နှစ်ရဲ့ PFA Premier League Team of the Year မှာ လီဗာပူးကစားသမားတွေ အများဆုံး ပါ၀င်ခဲ့တဲ့ အပေါ် ပေါက်ကွဲနေတဲ့ ဘာနာဒိုဆေးလ်ဗား

 

ဘာနာဒိုဆေးလ်ဗားက မန်စီးတီးဟာ အောင်မြင်မှုတွေ များစွာ ရယူထားနိုင်ခဲ့ပေမယ့်လည်း သူတို့နဲ့ ထိုက်တန်တဲ့ ချီးကျူးမှုတွေ မရထားဘူးလို့ ဆိုလိုက်ကာ ဒါကို ပြီးခဲ့တဲ့ ရာသီက PFA Team of the Year မှာ လီဗာပူး ကစားသမားတွေ လွှမ်းမိုးထားမှုကို ကြည့်ရင်သိနိုုင်တယ်လို့ ထောက်ပြလိုက်ပါတယ်။ လီဗာပူး နဲ့ မန်စီးတီး တို့ရဲ့ မော်ဒန်ခေတ် ပြိုင်ဆိုင်မှုမှာ ဘာနာဒိုဆေးလ်ဗားလောက် ပြိုင်ဘက် အပေါ် ခနဲ့တဲ့တဲ့ ပြောတဲ့သူ မရှိပါဘူး ။

 

အသက် ၂၈ နှစ် အရွယ် ကစားသမားဟာ လီဗာပူး နဲ့ သူတို့ရဲ့ ပရိတ်သတ်တွေကို အကြိမ်များစွာ မခံချိမခံသာ ဖြစ်အောင် လုပ်ထားခဲ့သူ ဖြစ်ပြီး လွန်ခဲ့တဲ့ ၂၀၂၀ က လီဗာပူးတို့ ပရီးမီးယားလိဂ်ဖလား ဆွတ်ခူးခဲ့ပြီးနောက် အီတီဟတ်မှာ လာကစားခဲ့တဲ့ ပွဲစဉ်မှာ guard of honour လုပ်ပေးရန် ငြင်းဆန်ခဲ့သူ ဖြစ်ပါတယ်။ ဆေးလ်ဗားဟာ မန်စီးတီးနဲ့ အတူ ပြည်တွင်း အောင်မြင်မှုတွေ များစွာ ရယူထားခဲ့သူ ဖြစ်ပေမယ့်လည်း ချန်ပီယံလိဂ် ဖလားကိုတော့ ရယူဖူးခဲ့ခြင်း မရှိသေးပါဘူး။

ESPN နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဘာနာဒိုဆေးလ်ဗားက သူ့ရဲ့ အသင်းဟာ ထိုက်တန်တဲ့ ချီးကျူးမှုတွေ မရထားခဲ့ဘူးလို့ ဆိုခဲ့ပါတ်။

မန်စီးတီးဟာ ကျွန်တော်တို့ အကောင်းဆုံး လုပ်ပြထားခဲ့ပေမယ့်လည်း သူတို့ကတော့ ဒါကို ကောင်းတယ်ဆိုရုံပဲ သဘောထားကြပါတယ်။ ကျွန်တော် စောဒက တက်နေတာ မဟုတ်ပါဘူး။ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ကျွန်တော်တို့ဟာ နောက်ဆုံး ၅ နှစ် အတွင်း အမှတ်ပေးဖလားကို ၄ ကြိမ်တိုင်တိုင် ဆွတ်ခူးထားခဲ့ပေမယ့်လည်း အဲဒီနှစ်တွေရဲ့ ပရီးမီးယားလိဂ် Team of the Year ကို ခင်ဗျားတို့ ကြည့်လိုက်ပါ။ ကျွန်တော်တို့ဟာ ဒီအသင်းမှာ ကစားသမား အများဆုံး ပါ၀င်တဲ့ အသင်း ဘယ်တုန်းကမှ မဖြစ်ခဲ့ပါဘူး။

 

အကောင်းဆုံး မန်နေဂျာ ဆိုရင်လည်း ကျွန်တော်တို့ အသင်းက မဟုတ်ပါဘူး။ အကောင်းဆုံး ကစားသမား ဆိုရင်လည်း ကျွန်တော်တို့ဆီက မဟုတ်ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ဟာ ပြီးခဲ့တဲ့ ၅ နှစ်မှာ ပရီးမီးယားလိဂ် ဖလားကို ၄ ကြိမ်တိုင်တိုင် ရထားခဲ့တဲ့ အသင်း မဟုတ်လား? ဒါဟာ လုံး၀ကို အဓိပ္ပာယ် မရှိတဲ့ အရာပါ။ ဒါကို ကြည့်လိုက်မယ် ဆိုရင် မန်စီးတီး ကစားသမားတွေဟာ ထိုက်သင့်တဲ့ ချီးကျူးမှုတွေ မရထားဘူးဆိုတာကို ပြသလိုက်တာပါပဲ။

ကျွန်တော့် အတွက် ကတော့ ဒါဟာ ဘာမှ အရေးမကြီးပါဘူး။ ပြီးခဲ့တဲ့ ၅ နှစ်တာ ကာလအတွင်း ကျွန်တော်တို့ ရထားခဲ့တဲ့ ဆုဖလားတွေ အမှတ်တရတွေနဲ့ပဲ ကျေနပ်ပါတယ်။ ကျွန်တော်တို့ အမှတ်ပေးဖလားကို ၄ ကြိမ် ဆွတ်ခူးနိုင်ခဲ့တာပါ။ အမှန်ပါပဲ။ ကျွန်တော်တို့ဟာ အခြား အသင်းတွေလောက် ထိုက်သင့်တဲ့ ချီးကျူးမှုကို မရပါဘူး။” လို့ ဆိုခဲ့ပါတယ်။

လီဗာပူးဟာ ပြီးခဲ့တဲ့နှစ်ရဲ့ PFA Team of the Year ကို လွှမ်းမိုးထားနိုင်ခဲ့ပြီး အလီဆွန် အလက်ဇန်းဒါးအာနိုး ဗန်ဒိုက် တီယာဂို မာနေး ဆာလား တို့ ဒီအသင်းမှာ ပါ၀င်နိုင်ခဲ့ကြပါတယ်။

SM