နံနက်ခင်း အားကစားသတင်းများ

မနေ့ညက ကစားသွားခဲ့တဲ့ ဥရောပ စူပါဖလား ပွဲမှတော့ ရီးရဲမက်ဒရစ် ဟာ ဖရန့်ဖွတ် အသင်းကို ၂-၀ နဲ့ အနိုင် ရရှိပြီး ဗိုလ်စွဲ သွားခဲ့ ပါတယ် ။

ဒါဟာ ရီးရဲမက်ဒရစ် အတွက် ပဉ္စမအကြိမ်မြောက် ဥရောပ စူပါဖလားကို ရယူနိုင်ခဲ့ တာလည်း ဖြစ်ပါတယ် ။

 

ရီးရဲ အတွက် ဒေးဗစ် အလာဘာ က အဖွင့်ဂိုး စသွင်းခဲ့ပြီး တိုက်စစ်မှူး ဘန်ဇီးမား က ဒုတိယပိုင်းမှာ ၁ ဂိုး ထပ်မံ သွင်းယူခဲ့ပါတယ် ။

ဘန်ဇီးမား ကတော့ ဒီဂိုးကြောင့် ရီးရဲ အတွက် ၃၂၄ ဂိုးအထိ သွင်းယူလာနိုင်ခဲ့ပြီး ရာအူးလ် ဂွန်ဇာလက် ကို ကျော်ဖြတ်ကာ ကလပ်သမိုင်းတလျောက် ဒုတိယ ဂိုးသွင်း အများဆုံး ကစားသမား ဖြစ်လာခဲ့ ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ရာဘီယော့ ကို ခေါ်ယူရေး မှာ ကစားသမားရဲ့ ကိုယ်စားလှယ် ဘက်နဲ့ ညှိနှိုင်းမှု အဆင်မပြေ ဖြစ်နေ သေးတာကြောင့် အပြောင်းအရွှေ့ ကို အပြီးသတ်ဖို့ နှောင့်နှေး ကြန့်ကြာ နေတယ်လို့ သိရှိရ ပါတယ် ။

အင်တာမီလန် အသင်းကတော့ နိုက်စ် ခံစစ်မှူး တိုဒီဘို ကို မီလန်စခရီနီယာ PSG ထံ ပြောင်းရွှေ့ သွားပါက အစားထိုး ခေါ်ယူဖို့ စောင့်ကြည့် နေတယ်လို့ သိရပါတယ် ။

လိဒ်ယူနိုက်တက် အသင်းကတော့ ဝက်ဖိုဒ့် တောင်ပံ ကစားသမားလေး အစ္စမေလာ ဆား ကို ခေါ်ယူနိုင်ဖို့ အလွန် နီးစပ် နေပြီလို့ သတင်း ထွက်ပေါ်လာခဲ့ ပါတယ် ။

ဝက်စ်ဟမ်း ကတော့ PSG နောက်ခံလူ သီလို ခီဟာ အတွက် ဒုတိယ အကြိမ် ကမ်းလှမ်းဖို့ ပြင်ဆင်နေပြီလို့ ကြားသိရ ပါတယ် ။

ကစားသမားသစ်တွေ မှတ်ပုံတင်ရေး နဲ့ လာလီဂါ ရဲ့ လုပ်ခ လစာ စည်းမျဉ်းတွေကို စနေနေ့ မတိုင်ခင် ကိုက်ညီအောင် လုပ်ဆောင်ဖု့ိ လိုအပ် နေတဲ့ ဘာစီလိုနာ ဟာ အသင်းရဲ့ အစီအစဉ်မှာ မပါဝင်တော့တဲ့ မာတင် ဘရိသ်ဝိတ် ၊ မမ်းဖစ် ဒီပိုင်း တို့ ရဲ့ အေးဂျင့်တွေကို အသင်းရဲ့ ဆုံးဖြတ်ချက်တွေ အကြောင်း ရှင်းရှင်းလင်းလင်း အသိပေးသွားခဲ့ပါတယ် ။

ဒါ့အပြင် နယ်သာလန် ကွင်းလယ်လူ ဖရန်ကီ ဒီယွန် ရဲ့ အေးဂျင့် ကိုလည်း မနေ့က ခေါ်ယူ တွေ့ဆုံ ခဲ့ပြီး ဒီယွန် ဟာ အသင်းမှာ ကစားရဖို့ အခွင့်အလမ်း နည်းကြောင်း ၊ လုပ်ခ လစာ လျော့မယူပါက အသင်းကနေ ထွက်ခွာသွားရမှာ ဖြစ်ကြောင်းကို ရှင်းရှင်းလင်းလင်း ပြောပြ သွားခဲ့တယ်လို့ သိရပါတယ် ။

ဘာစီလိုနာ ပရိသတ် အချို့ ကတော့ အသင်းရဲ့ လေ့ကျင့်ရေးကွင်း အဝင် မှာ သွားရောက် စောင့်ဆိုင်း နေပြီး ဆင်မြူရယ် အမ်တီတီ ၊ ဖရန်ကီ ဒီယွန် တို့လို အသင်းကနေ မထွက်ဘဲ ရှိနေသေးတဲ့ ကစားသမားတွေ ကို ကြမ်းတမ်းတဲ့ စကားတွေ ပြောဆို အော်ဟစ် ခဲ့ကြတယ်လို့ သိရပါတယ် ။

ချဲလ်ဆီး ကတော့ ဖရန်ကီ ဒီယွန် နဲ့ အော်ဘားမီးယန်း တို့ကို ခေါ်ယူဖို့ လုပ်ဆောင်နေပြီး ချဲလ်ဆီး နည်းပြ တူချယ် ဟာ တိုက်စစ်မှူး နေရာအတွက် အော်ဘားမီးယန်း ကို အထူး နှစ်သက်နေတယ်လို့ သိရပါတယ် ။

ဖူလ်ဟမ် အသင်းကတော့ အစ်ဆာ ဒီယော့ပ် ကို ဝက်စ်ဟမ်း အသင်းကနေ ပေါင် ၁၅ သန်း + အပိုဆုကြေး တို့နဲ့ ခေါ်ယူ လိုက်ပြီလို့ သိရပါတယ် ။

မန်စီးတီး နည်းပြကြီး ဂွာဒီယိုလာ ဟာ ဘယ်နောက်ခံလူ နေရာကို ထပ်မံ အားဖြည့်ဖို့ စိတ်ကူး ရှိနေပြီး ဒေါ့မွန် က ရာဖေး ဂွာရဲရိုး ကို စိတ်ဝင်စား နေတယ်လို့ သတင်း ထွက်ပေါ် လာခဲ့ ပါတယ် ။

စီးတီး ဟာ အန်ဒါလတ်ချ် ကစားသမား ဆာဂျီယို ဂိုးမက် ကို ယူရို ၁၅ သန်း ဝန်းကျင် နဲ့ ခေါ်ယူဖို့လည်း နှုတ်အားဖြင့် သဘောတူညီမှု ရရှိသွားခဲ့ပြီလို့ သိရပါတယ် ။

ယူဗင်တပ် အသင်းကတော့ နီကိုလို ဖာဂီအွိုင်း ကို ၂၀၂၆ ခုနှစ် အထိ စာချုပ် သက်တမ်း တိုးနိုင်ခဲ့ကြောင်း အသိပေး ကြေညာ သွားခဲ့ ပါတယ် ။

အက်သလက်တီကို မက်ဒရစ် အသင်းဟာ ညာနောက်ခံလူ အန်တီယာဂို အရိစ် နဲ့ ၂ ဦး သဘောတူ စာချုပ် ဖျက်သိမ်းမှု ပြုလုပ် လိုက်တယ်လို့ ကြားသိရ ပါတယ် ။

နော်တင်ဟမ် ဖောရက်စ် ရဲ့ ကစားသမားသစ် ခေါ်ယူမှုတွေ ကတော့ မရပ်တန့် သေးပါဘူး ။ ဖောရက်စ် ဟာ အတ္တလန်တာ ကစားသမား ရီမို ဖရူလာ ကို ယူရို ၉ သန်း ဝန်းကျင် နဲ့ ခေါ်ယူနိုင်ဖို့ တဖြည်းဖြည်း နီးစပ် လာပြီလို့ သိရပါတယ် ။

ဒက်စတနီ ယူဒိုဂျီ ဟာ လာမယ့် တနင်္လာနေ့မှာ လန်ဒန် ကို ထွက်ခွာ လာပြီး အင်္ဂါနေ့မှာ ဆေးစစ်မှု ပြုလုပ်ကာ တော့တင်ဟမ် ဟော့စပါး နဲ့ စာချုပ် ချုပ်ဆို သွားမယ်လို့ သတင်း ကြားသိရ ပါတယ် ။

စာချုပ် ချုပ်ဆိုပြီးစီး ပါက ယူဒိုဂျီ ဟာ ၂၀၂၂-၂၃ ရာသီကို လက်ရှိ ကစားနေတဲ့ အူဒီနီးစ် မှာပဲ အငှားနဲ့ ပြန်လည် ကစားသွားမယ်လို့ သိရှိရ ပါတယ် ။

အေစီမီလန် ကတော့ ဟာကင် ဇီယက်ချ် ကို ခေါ်ယူရေးမှာ အလောတကြီး လုပ်ဆောင်ဖို့ မရှိဘဲ ချဲလ်ဆီး နဲ့ ဆက်လက် ဆွေးနွေး သွားမယ်လို့ သိရပါတယ် ။

မီလန် ကလပ် ဟာ မော်ရိုကို တောင်ပံ ကစားသမား ကို အငှား + အပြီးသတ် ဝယ်ယူမှု နဲ့ ခေါ်ယူလိုပြီး ချဲလ်ဆီး ကတော့ မဖြစ်မနေ ဝယ်ယူရမယ် ဆိုတဲ့ အချက်တွေကို ထည့်သွင်း သွားလိုတယ်လို့ ကြားသိရ ပါတယ် ။

အဲဗာတန် အသင်းဟာ ဒိုမီနစ် ကယ်လ်ဗက် လီဝင်း ဒဏ်ရာ ရရှိ နိုင်ချေကို တွက်ဆပြီး backup တိုက်စစ်မှူးသစ် တယောက် ခေါ်ယူဖို့ စီစဉ် နေပြီး မနှစ်က ရာသီတုန်းက ချန်ပီယံရှစ် မှာ ၁၇ ဂိုး သွင်းယူ ခဲ့တဲ့ ကိုဗစ်ထရီ ရှေ့တန်းလူ ဗစ်တာ ဂျီယိုကီရိစ် ကို ဖရန့်လမ်းပတ် က စိတ်ဝင်စားနေတယ်လို့ သိရပါတယ် ။

ဗြိတိန် ဒေသတွင်းမှာ အပှုလှိုင်း ရိုက်ခတ်မှု ပြင်းထန် နေတာကြောင့် အင်္ဂလန် ဘောလုံး အဖွဲ့ချုပ် ဟာ အခု တပတ် မှာ ကစားမယ့် အမှတ်ပေး ပြိုင်ပွဲတွေမှာ ရေသောက်နားချိန် ( Water Breaks ) တွေကို ဆက်လက် ထည့်သွင်း သွားဖို့ အတည်ပြု သတ်မှတ် ပေးလိုက်တယ်လို့ သိရှိရ ပါတယ် ခင်ဗျာ . . . . . ။

SPORTS MYANMAR