နေမာ အတွက် ကော်တင်ဟို + ရာကီတစ် + ယူရို သန်း 100 နဲ့ ကမ်းလှမ်းဖို့ ပြင်ဆင်နေတဲ့ ဘာစီလိုနာ နဲ့ နံနက်ခင်း သတင်းများ

Neymar

• ပေါ်တို အသင်းဟာ ရုရှား ကလပ် ခရက်စ်နိုဒါ အသင်းကို ရှုံးနိမ့်ပြီး တတိယ အဆင့်မှာပဲ ချန်ပီယံလိဂ် ပြိုင်ပွဲကနေ နှုတ်ဆက်သွားရပြီ ဖြစ်ပါတယ်။ ဒါ့အပြင် နာမည်ကြီး ဆဲလ်တစ် နဲ့ ဘေဆယ်တို့လဲ ဒီအဆင့်မှာပဲ ပြုတ်ကျန်ခဲ့ပါပြီ။

• တတိယ အဆင့် ပွဲစဉ်တွေ အားလုံး မနေ့က ပြီးဆုံးသွားခဲ့လို့ Play off ပွဲစဉ်တွေလဲ ပေါ်ထွက်လာခဲ့ပြီ ဖြစ်ပါတယ်။ ဒီအဆင့်ကနေ အနိုင်ရရှိတဲ့ အသင်းဟာ ချန်ပီယံလိဂ် အုပ်စုအဆင့်ကို တက်လှမ်းမှာ ဖြစ်ပြီး ၊ ရှုံးနိမ့်တဲ့ အသင်းတွေကတော့ ယူရိုပါလိဂ် ကို ပြောင်းပြီး ကစားရမှာ ဖြစ်ပါတယ်။

အေပိုးလ် – အေဂျက်
ကလုဂ်ျ – ဆလားဗီးယား ပရက်
ဒိုင်နမို ဇာဂရက် – ရိုဆင်ဘော့
LASK – ကဘပ် ဘရု
အိုလံပီယာကော့ – ခရက်စ်နိုဒါ
ယမ်းဘွိုင်း – ရက်စ်တား ဘဲလ်ဂရိတ်

• နေမာ ရဲ့ အပြောင်းအရွှေ ကိစ္စအတွက် ပီအက်စ်ဂျီ နဲ့ ဘာစီလိုနာ အသင်းတာဝန်ရှိသူတွေ ဟာ ပထမဆုံးအကြိမ် တွေ့ဆုံ ဆွေးနွေးမှု ပြုလုပ်ခဲ့ကြပါတယ်။ အစည်းအဝေးဟာ 3 နာရီ ၀န်းကျင် ကြာမြင့်ခဲ့သည့်တိုင်အောင် ဘာ သဘောတူညီမှုမှ မရရှိခဲ့ကြပါဘူး။

• ESPN ကတော့ ဘာစီလိုနာ ဟာ နေမာ အတွက် ကော်တင်ဟို + ရာကီတစ် + ယူရို သန်း 100 အထိ သုံးစွဲဖို့ ပြင်ဆင်နေတယ်လို့ ဖော်ပြထားပြီး ၊ ပီအက်စ်ဂျီက အဆိုပါ ကစားသမားတွေ ကို ကြိုက်နှစ်သက်ခြင်း မရှိပါက ဒမ်ဘီဘီ + ဆမီဒို ကို အလိုက်ပေးဖို့အထိတောင် စဉ်းစားထားတယ်လို့ အခိုင်အမာ ဆိုထားပါတယ်။

• ပေါ့ဘာ ကိုယ်တိုင်က သူ့ရဲ့ အနာဂတ်ဟာ ဘယ်မှာ ရှိမလဲ ဆိုတာ မသေချာသေးဘူးလို့ ပြောဆိုထားသည့်တိုင်အောင် ၊ ယူနိုက်တက် ကတော့ သူတို့ ကစားသမား အတွက် ကမ်းလှမ်းလာမှုတွေကို မည်သည့် ပမာဏမျိုးနဲ့မှ လက်ခံ စဉ်းစားပေးဖို့ အစီအစဉ် မရှိတော့ပါဘူး။ လက်ရှိမှာ ဂျူဗီ နဲ့ ရီးရဲ မက်ဒရစ်တို့က ခေါ်ယူဖို့ ပစ်မှတ်ထားနေသော်လဲ ၊ အိုးထရက်ဖို့ ကလပ်ဖက်က ရောင်းချဖို့ကို လုံးဝကို မစဉ်းစားတော့တာပါ။

• ရိုးမား အသင်းဟာ ယူနိုက်တက် မှာ ခြေစွမ်းပြနိုင်ခြင်း မရှိပဲ ဖြစ်နေတဲ့ ဆန်းချက်ကို အငှားနဲ့ ခေါ်ယူဖို့ စိတ်ဝင်စားနေသော်လဲ ၊ လစာ အပြည့်အ၀ ပေးချေလိုခြင်းမရှိဘူးလို့ သိရပါတယ်။ ဒါကြောင့် ယူနိုက်တက် အနေနဲ့ ကစားသမားကို ထွက်ခွာစေချင်တယ် ဆိုပါက လစာရဲ့ အစိတ်အပိုင်း တစ်ခုခုကို ကူညီ ပေးချေသွားရဖွယ် ရှိနေပါတယ်။

• ဘယ်လ်ဂျီယံ အသင်းရဲ့ နောက်တန်း ကစားသမားကြီး အယ်လ်ဒါဝီရယ် ဟာ လက်ရှိစာချုပ်သက်တမ်း တစ်နှစ်သာ ကျန်နေသည့်တိုင်အောင် အသင်းရဲ့ စာချုပ်သစ် ကမ်းလှမ်းမှုကို ပယ်ချဖို့ ဆုံးဖြတ်ချက် ချမှတ်ထားပြီးပြီ ဖြစ်ပါတယ်။ ဒါကြောင့် လာမယ့် ဘောလုံးရာသီမှာတော့ သူ့ကို ပြောင်းရွှေ့ကြေး အလွတ်နဲ့ ခေါ်ယူနိုင်တော့မှာ ဖြစ်ပါတယ်။

• လီဗာပူး နောက်တန်း ကစားသမား လိုဗရန်ဟာ ရိုးမား နဲ့ အပြောင်းအရွှေ့ ကိစ္စတွေ ဆွေးနွေးနေတာကြောင့် အသင်းရဲ့ ဥရောပ စူပါဖလား ပွဲစဉ်ကို လိုက်ပါခဲ့ခြင်း မရှိပါဘူး။ ကလပ် အသင်းဘက်ကတော့ နေမကောင်းလို့ ကျန်နေခဲ့တာ ဖြစ်တယ်လို့ ကြေငြာချက် ထုတ်ပြန်ထားပေမယ့် ၊ ကလော့ပ် ကိုယ်တိုင် ကတော့ လိုဗ၇န် ရဲ့ သတင်းကို စောင့်ကြည့်ကြဖို့သာ ပြောဆိုသွားခဲ့ပါတယ်။

• နယူးကာဆယ် အသင်းဟာ ယူနိုက်တက် က ခေါ်ယူဖို့ ကာလရှည်စွာ စိတ်ဝင် စားခဲ့တဲ့ လူငယ် ကွင်းလယ် ကစားသမား လောင်းစတက် ကို စာချုပ်သစ် ချုပ်ဆိုနိုင်ဖို့ အတွက် တရားဝင် ဆွေးနွေးမှုတွေ ပြုလုပ်နေပြီ ဖြစ်ပါတယ်။

• မေဂျာလိဂ် ကလပ် ဒီစီယူနိုက်ကတ် အသင်းဟာ လီဗာပူး နဲ့ လမ်းခွဲခဲ့တဲ့ တိုက်စစ်မှုးကြီး စတာရစ်ကို ခေါ်ယူဖို့ ကြိုးစားနေတဲ့ ကလပ်တွေထဲမှာ ပါဝင်လျှက် ရှိနေပါတယ်။ သတင်းတွေ အရတော့ စတာရစ်ခ်ျ ကို လိုချင်တဲ့ ကလပ်ပေါင်းက 13 သင်း အထိ ရှိနေတယ်လို့ ဆိုပါတယ်။

• လူငယ် ကစားသမား ခေါ်ယူမှုမှာ ဖီဖာ က ချမှတ်ထားတဲ့ စည်းကမ်းချက်တွေကို ချိုးဖောက်ခဲ့တဲ့ မန်စီးတီး အသင်းကို ၊ ဒဏ်ငွေ ပေါင် 315000 ရိုတ်လိုက်ပါတယ်။

• လိဒ်ယူနိုက်တက် အသင်းကို အငှားနဲ့ ပြောင်းရွှေ့ သွားခဲ့တဲ့ အာဆင်နယ် တိုက်စစ်မှုး အန်ခီတီယာ ဟာ မနေ့ညက စတင် ပါဝင် ကစားတဲ့ ပွဲမှာပဲ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ အဲဒီပွဲစဉ်ဟာ ဆဲလ်ဖို့ဒ် အသင်းနဲ့ ကစားခဲ့တဲ့ ကာရာဘောင် ဖလားပွဲစဉ် ဖြစ်ပြီး လိဒ်ယူနိုက် က 3-0 နဲ့
အနိုင်ရရှိသွားခဲ့တာ ဖြစ်ပါတယ်။ ဆဲလ်ဖို့ဒ် အသင်းကို ယူနိုက်တက် ကစားသမားဟောင်းတွေကို ပိုင်ဆိုင်ထားတာပါ။

• ဂါလာတာ စာရေး အသင်းကဟာ ရိုးမား အသင်းရဲ့ ပြင်သစ် ကွင်းလယ် ကစားသမား အန်ဇွန်ဇီ ကို အငှားနဲ့ ခေါ်ယူဖို့ တရားဝင် ဆွေးနွေးမှုတွေ ပြုလုပ်နေပြီ ဖြစ်ပါတယ်။ အန်ဇွန်ဇီ ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီကမှ ဆီဗီလာ ကနေ ယူရို 26 သန်းနဲ့ ရောက်ရှိ လာခဲ့သူ ဖြစ်ပြီး ၊ ခြေစွမ်းပြနိုင်ခြင်း မရှိတာကြောင့် ၊ ရိုမားဘက်က အခုလို အငှားချဖို့ စီစဉ်လာခဲ့တာ ဖြစ်ပါတယ်။

• ကောလဟာလ သတင်းတွေ မှာတော့ ပီအက်စ်ဂျီ အသင်းဟာ နေမာ ရဲ့ နေရာကို အစားထိုးဖို့အတွက် အင်တာမီလန် နဲ့ အဆင်မပြေ ဖြစ်နေတဲ့ တိုက်စစ်မှုး အီကာဒီ ကို ခေါ်ယူဖို့ စတင် ဆက်သွယ်မှုတွေ ပြုလုပ်လာနေတယ်လို့ ဆိုပါတယ်။ အခြား သတင်းတွေမှာတော့ ဂျူဗင်တပ်က ဒီဘားလား ကို ပစ်မှတ်ထားနေတယ်လို့ ဖော်ပြေလျှက် ရှိနေပါတယ်။

• ရိုမား အသင်းဟာ ချဲဆီး အသင်းရဲ့ တိုက်စစ်မှုး ဘက်ချူဝါယီ ကို ခေါ်ယူဖို့ ကြိုးစားလျှက် ရှိနေပြီး ၊ အသင်းကနေ ထွက်ခွာဖွယ် ရှိနေတဲ့ ဇက်ကို ရဲ့ နေရာကို အစားထိုးဖို့ ပစ်မှတ်ထားနေတာ ဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ လူငယ် ကစားသမားလေး ဇာအိုနီလို ကို တစ်နှစ် လုပ်ခ ယူရို 2.5 သန်း နဲ့ 5 နှစ် စာချုပ်သစ် ချုပ်ဆိုဖို့ သဘောတူညီမှု ရယူနိုင်ခဲ့ပြီ ဖြစ်ပါယတ်။

• အေတီကို အသင်းရဲ့ ကွင်းလယ် တိုက်စစ် ကစားသမား ကော်ရီရာ ရဲ့ အေဂျင့် ဖြစ်သူဟာ မနက်ဖြန်မှာပဲ အီတလီကို လာရောက်မှာ ဖြစ်ပြီး ၊ အေစီမီလန် နဲ့ အပြောင်းအရွှေ့ ကိစ္စတွေ ဆွေးနွေးတော့မှာ ဖြစ်ပါတယ်။ အေတီကို ကတော့ ကစားသမားရဲ့ တန်ဖိုးကို ယူရို 55 သန်း သတ်မှတ်ထာကာ ၊ အေစီ ဘက်က ယူရို 45 သန်း သာ ပေးချေနေချင်တာ ဖြစ်ပါတယ်။

• လီဂါနက် အသင်းဟာ ချဲဆီး အသင်း ရဲ့ နိုက်ဂျီးရီးယား နောက်တန်း ကစားသမား ကနက် ရိုမာရူ ကို တရားဝင် ခေါ်ယူနိုင်ခဲ့ပြီ ဖြစ်တယ်လို့ ကြေငြာလိုက်ပြီး ၊ 5 နှစ် စာချုပ် ချုပ်ဆိုသွားခဲ့ပါတယ်။

• ရီးရဲ ဘက်တစ် အသင်းဟာ အက်စ်ပန်ညော် အသင်းရဲ့ အသက် 26 နှစ် အရွယ် တိုက်စစ်မှုး အီဂလက်စီးယပ် ပြောင်းရွှေ့ကြေး ယူရို 28 သန်းနဲ့ တရားဝင် ခေါ်ယူသွားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

• ရီးရဲ မက်ဒရစ် အသင်းရဲ့ ယူကရိန်း လူငယ် ဂိုးသမားလေး လူနင် ဟာ ဗယ်လာဒိုးလစ် အသင်းဆီကို တစ်ရာသီ အငှားနဲ့ ပြောင်းရွှေ့သွားခဲ့ပြီ ဖြစ်ပါတယ်။

SPORTS MYANMAR