မန်ချက်စတာ ယူနိုက်တက်နဲ့ ပတ်သက်လို့ ဘာတွေတွေးထားသလဲဆိုတာ ပြောပြလိုက်တဲ့ ဝက်စ်ဟမ်း တိုက််စစ်မှူး အန်တိုနီယို

ဝက်စ်ဟမ်း အသင်းရဲ့ တိုက်စစ်မှူး ဖြစ်သူ အန်တိုနီယို က နည်းပြသစ် အဲရစ် တန်ဟတ် ကို ပိုင်ဆိုင်ထားတဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အထင်ကြီးစရာအကောင်းဆုံး အသင်းတွေထဲက တစ်သင်း ဖြစ်နိုင်လိမ့်မယ်လို့ ပြောခဲ့လိုက်ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ပြီးခဲ့တဲ့ ဘောလုံံး ရာသီ မကုန်ဆုံးခင် ကတည်းက ယာယီ နည်းပြ ရန်းဂနစ် ရဲ့ နေရာကို အစားထိုးဖို့ အတွက် အမြဲတမ်း နည်းပြ အဖြစ် အေဂျက်ဇ် အသင်းမှ အဲရစ် တန်ဟတ် ကို ခေါ်ယူခဲဲ့တာပဲ ဖြစ်ပါတယ် ။

အဲ့ဒီနောက် မန်ချက်စတာ ယူနိုက်တက် အသင်းမှ ပေါ့ဂ်ဘာ ၊ လင်ဂတ် ၊ မာတာ ၊ မာတစ် ၊ ကာဗာနီ ၊ လီဂရန့် တို့ စာချုပ် သက်တမ်း ကုန်ဆုံးမှုနဲ့ အတူ ထွက်ခွာခဲ့ကြပြီး တိုင််ရယ် မာလာစီယာ ၊ ခရစ္စတီယံ အဲရစ်ဆင် နဲ့ လီဆန်ဒရို မာတီနက်ဇ် တို့ဟာ ယူနိုက်တက်ဆီ ရောက်လာခဲ့ကြပါတယ်် ။

အဲ့ဒီနောက် ယူနိုက်တက်တို့ဟာ ရာသီကြို ပွဲစဥ်တွေမှာ ရလဒ်ကောင်းတွေကို ယူဆောင်နိုင်ခဲ့ကြပြီး 4 ပွဲနိုင် ၊ 2 ပွဲ သရေ ၊ 1 ပွဲ ရှုံးနိမ့်ခဲ့ကြပါတယ် ။ အခုတော့ ယူနိုက်တက် တို့ဟာ ရာသီအဖွင့် ပွဲစဥ်အဖြစ် မနက်ဖြန်မှာ ဘရိုက်တန် အသင်းကို အိုးလ် ထရပ်ဖို့ဒ် ကွင်းထဲ ဧည့်ခံ ကစားရဖို့ ရှိနေပါတယ် ။

အဆိုပါ ပွဲစဥ်မတိုင်မီမှာတော့ ဝက်စ်ဟမ်း အသင်းရဲ့ တိုက််စစ်မှူး ဖြစ်သူ အန်တိုနီယိုက ဆုဖလားကို ဆွတ်ခူးနိုင်ဖို့ အတွက် ယူနိုက်တက်တို့ဟာ အလုပ်တွေ လုပ်ရဦးမှာဖြစ်ကြောင််း ပြောခဲ့လိုက်ပေမဲ့ ပိုမို တောင့်တင်းလာပြီဆိုတာကိုတော့ ငြင်းလို့မရကြောင်း ပြောခဲ့လိုက်ပါတယ် ။

” သူတို့ အမှတ်ပေးဖလား ဆွတ်ခူးနိုင်လိမ့်မယ်လို့ ကျွန််တော် ပြောနေတာ မဟုတ်ပါဘူး ။ ကျွန်တော် အဲ့ဒီလိုမျိုး ပြောသွားမှာတော့ မဟုတ်ပါဘူး ။ သူတို့ ရာသီကြို ပွဲစဥ်တွေမှာ လုပ်ဆောင်ခဲ့တာတွေ အကြောင်းကိုပဲ ကျွန်တော် ပြောသွားမှာပါ ”

” သူတို့ လေ့ကျင့်ရေး ကွင်းထဲမှာ နည်းပြ နဲ့ ဘယ်လိုတွေ အလုပ် လုပ်နေကြသလဲဆိုတာ ကျွန်တော် ကြားသိခဲ့ရပါတယ်။ ဒါ့ကြောင့် ဒီနှစ်မှာတော့ သူတို့တွေဟာ အထင်ကြီိးဖွယ်ကောင်းတဲ့ စွမ်းဆောင်ရည်တွေ ပြသနိုင်လိမ့်မယ်လို့ ကျွန်တော် တွေးမိတာပါပဲ ” လို့ အန်တိုနီယို က ပြောခဲ့တာပဲ ဖြစ်ပါတယ် ။

အဲ့ဒီနောက် မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ ပတ်သက််လို့ ဘာတွေ ကြားသိထားသလဲလို့ အမေးခံလိုက်ရချိန်မှာတော့ ” သူတို့နဲ့ ပတ်သက်လို့ ကြီးမားတဲ့ သတင်း အချို့ကို ကျွန်တော် ကြားခဲ့ရတယ် ” လို့ပဲ အန်တိုနီယို က ရှောင်လွှဲ ဖြေကြားသွားခဲ့လိုက်ပါတယ် ။

#Sports_Myanmar