စပွန်ဆာသစ် ရှာရမယ့် ယူနိုက်တက် ၊ လမ်းပတ် ချိတ်ဆက်နေတဲ့ ကပ္ပတိန် ၊ နည်းပြဖြစ်လာမယ့် ရိုးမားဂန္ထဝင် ၊ နောက်ဆုံးရအပြောင်းအရွှေ့တွေနဲ့ . . . နံနက်ခင်း အားကစား သတင်းများ

မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ ၂၀၂၁ ခုနှစ်က စပြီး ၅ နှစ် သက်တမ်း ရှိမယ့် စပွန်ဆာ စာချုပ် ချုပ်ဆိုထားတဲ့ အဓိက ဂျာစီ စပွန်ဆာ TeamViewer ဟာ စာချုပ် သက်တမ်း ထပ်မတိုးတော့ တာကြောင့် ၂၀၂၆ ခုနှစ် မှာ ယူနိုက်တက် တို့ စပွန်ဆာသစ် ကို ရှာဖွေ ရတော့မှာပဲ ဖြစ်ပါတယ် ။

TeamViewer ဟာ ယူနိုက်တက် ကို တနှစ် ပေါင် ၄၇ သန်း နဲ့ စပွန်ဆာ စာချုပ် ချုပ်ဆို ထားတာပဲ ဖြစ်ပါတယ် ။

နော်တင်ဟမ် ဖောရက်စ် အသင်းဟာ ကွင်းလယ်ကို အားဖြည့်ဖို့ အတ္တလန်တာ ရဲ့ ဆွစ်ဇာလန် ကွင်းလယ်လူ ရီမို ဖရူလာ ကို အရ ခေါ်ယူဖို့ အားစိုက် နေတယ်လို့ ကြားသိရ ပါတယ် ။

ဒါ့အပြင် ဖောရက်စ် ဟာ ဝုဗ် ကစားသမား မော်ဂန် ဂစ်ဘ် ဝှိုက် ကိုလည်း ခေါ်ယူနိုင်ဖို့ နီးစပ်နေပြီလို့ သိရှိရ ပါတယ် ။

ချဲလ်ဆီး ဟာ ဆီဇာ အက်ဇ်ပီလီ ကွီတာ ကို ၂ နှစ် သက်တမ်း တိုးခဲ့ပေမယ့် မားကိုစ့် အလွန်ဆို ကိုတော့ ဘာစီလိုနာ အသင်းထံ ရောင်းထုတ်ဖို့ စီစဉ်ထားတယ်လို့ သိရပါတယ် ။

လက်ရှိ မှာ ကလပ် ၂ သင်း အကြား ဆွေးနွေးမှုတွေ ရှိနေပြီး အပြောင်းအရွှေ့ ဖြစ်မြောက်မယ့် အလားအလာ ကောင်းတွေ ရှိနေတယ်လို့ ကြားသိရ ပါတယ် ။

အာဆင်နယ် ကွင်းလယ်လူ လူးကပ်စ် တော်ရဲရား ကတော့ တူရကီ ကလပ် ဂါလာတာ စာရေး အသင်းဆီ ပြောင်းရွှေ့ဖို့ သဘောတူ လက်ခံ လိုက်ပြီ ဖြစ်ပါတယ် ။

ရီနာတို ဆန်းချက် ကတော့ PSG ကစားသမားသစ် ဖြစ်လာခဲ့ ပါပြီ ။

ပေါ်တူဂီ ကွင်းလယ်လူ ဟာ ပြင်သစ် ချန်ပီယံဆီကို ယူရို ၁၅ သန်း နဲ့ ပြောင်းရွှေ့ ခဲ့တာ ဖြစ်ပြီး ၅ နှစ် စာချုပ် ချုပ်ဆို သွားခဲ့ ပါတယ် ။

PSG အသင်း ဟာ အခု နွေရာသီမှာ နောက်ထပ် ကစားသမားသစ် ၃ ယောက်လောက် ထပ်ခေါ်ဖြစ် နိုင်ပါသေးတယ်လို့ နည်းပြသစ် ဂယ်လ်တီယာ က သတင်းစာ ရှင်းလင်းပွဲမှာ ဖြေကြားသွားခဲ့ ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် ကနေ ဆီဗီးလား ကို ပြောင်းရွှေ့ သွားခဲ့တဲ့ အဲလက်စ် တဲလက်စ် ဟာ စပိန် ကလပ် မှာ ကျောနံပါတ် ၃ ကို ဝတ်ဆင် ကစားသွားမှာလို့ သိရပါတယ် ။

ဘာစီလိုနာ အသင်းရဲ့ ရောဘတ် လီဝန်ဒေါ့စကီး ကို မိတ်ဆက်မယ့် ပွဲဟာ ကနဦး စီစဉ်ထားတဲ့ သောကြာနေ့ နံနက် ၁၁ နာရီ ကနေ ၁၂း၃၀ နာရီ ကို ရွှေ့ပြောင်းလိုက်တယ်လို့ သိရပါတယ် ။

အဲဗာတန် အသင်းဟာ ဝုဗ် အသင်းရဲ့ ကပ္ပတိန် ကော်နာ ကိုဒီ ကို ချိတ်ဆက် နေပြီး ကိုဒီ ကလည်း နေသတ် ကောလင်း ရောက်ရှိလာ အပြီးမှာ ပွဲထွက်ခွင့် နည်းပါး ခဲ့မှုကြောင့် အသင်းပြောင်းဖို့ ဆန္ဒ ရှိနေတယ်လို့ သိရှိရ ပါတယ် ။

အဲဗာတန် ဟာ ချဲလ်ဆီး တိုက်စစ်မှူး မစ်ချီ ဘတ်ရှုဝါရီ ကို ခေါ်ယူဖို့လည်း စိတ်ဝင်စား နေတယ်လို့ ကြားသိရ ပါတယ် ။

နာပိုလီ အသင်းဟာ ချဲလ်ဆီး ဂိုးသမား ကီပါ ကို ခေါ်ယူဖို့ ဆွေးနွေး နေသလို PSG ဝါရင့် ဂိုးသမားကြီး ကေလာ နာဗက်စ် ကိုလည်း ဆက်သွယ် စုံစမ်း နေတယ်လို့ သိရပါတယ် ။

ချဲလ်ဆီး ဆီ ပြန်ရောက်ရှိ လာတဲ့ ကော်နာ ဂယ်လာဟာ ဟာ နံပါတ် ၂၃ ၊ အာမန်ဒို ဘရိုဂျာ က ၁၈ တို့ကို ဝတ်ဆင်မှာ ဖြစ်ပြီး ကာနေး ကတော့ နံပါတ် ၃၀ ကို ဝတ်ဆင် သွားမယ်လို့ သိရပါတယ် ။

ရိုးမား နဲ့ အီတလီ ဂန္ထဝင် ကွင်းလယ် ကစားသမားကြီး ဒန်နီ ဒီရော့စီ ကတော့ စီးရီးဘီ ကလပ် ပါလာမို အသင်းရဲ့ နည်းပြသစ် ဖြစ်လာဖို့ နီးစပ် နေပြီလို့ သတင်းထွက်ပေါ် လာခဲ့ ပါတယ် ။

ဘရိုက်တန် အသင်း ဘက်က ထုတ်ဖော် ငြင်းဆို ထားပေမယ့် ကူကူရယ်လာ ဟာ ချဲလ်ဆီး ကစားသမား ဖြစ်လာခဲ့ပြီလို့ နာမည်ကျော် ဂျာနယ်လစ် ဖာဘရီဇီယို ရိုမာနို က ဆိုသွားခဲ့ ပါတယ် ။

ကူကူရယ်လာ ဟာ မနေ့က ချဲလ်ဆီး နဲ့ ဆေးစစ်မှု ပြုလုပ် ပြီးစီးခဲ့ပြီး စာချုပ်မှာ လက်မှတ်ရေးထိုးမှုတွေ ပြုလုပ် ခဲ့ပြီလို့ ရိုမာနို က ဖော်ပြသွားပါတယ် ။

ချဲလ်ဆီး ဟာ ဘရိုက်တန် ကို ပေါင် ၅၅ သန်း + ဆုကြေး ၇ သန်း ပေးချေရမှာ ဖြစ်ပြီး ချဲလ်ဆီး လူငယ် လီဗီ ကိုဝဲလ် ကတော့ ဘရိုက်တန် အသင်းဆီ ရာသီကုန်အထိ အငှားနဲ့ ပြောင်းရွှေ့ ထွက်ခွာမယ်လို့ သိရပါတယ် ခင်ဗျာ . . . . . ။

SPORTS MYANMAR