စွန့်စားသွားတဲ့ ပေါ့ဘာ ၊ မီလန်နို ဖြစ်လာတဲ့ ဘယ်လ်ဂျီယံစတား ၊ ဒီယွန် အတွက် ရက်သတ်မှတ်ထားတဲ့ ဘာဆာ ၊ ယူနိုက်တက် ကို စိတ်ဆိုးခဲ့တဲ့ ဂိုးသမား တို့နဲ့ . . . နံနက်ခင်း အားကစားသတင်းများ

ယူဗင်တပ် နဲ့ ပြင်သစ် ကွင်းလယ်လူ ပေါလ် ပေါ့ဘာ ဟာ ကမ္ဘာ့ဖလား ပြိုင်ပွဲကို လွဲချော်နိုင်ချေ ရှိနေတဲ့ ကာလရှည် အနားယူရမယ့် ခွဲစိတ်ကုသမှု ကို မပြုလုပ်တော့ဘဲ ဓါတ်ရောင်ခြည် ကုသမှု ကိုသာ ခံယူဖို့ ဆုံးဖြတ် ခဲ့တယ်လို့ သတင်းထွက်လာခဲ့ ပါတယ် ။

အဆိုပါ ကုသမှုဟာ ပေါ့ဘာ ကို ၅ ပတ် ခန့်သာ အနားယူရစေမှာ ဖြစ်ပေမယ့် ထပ်မံ ဒဏ်ရာ ရရှိမယ့် အလားအလာတွေတော့ ရှိလာ စေနိုင်တယ်လို့ သိရပါတယ် ။

လိုင်လီ အသင်းကတော့ အမာဒူ အိုနာနာ အတွက် ဝက်စ်ဟမ်း အသင်းရဲ့ ယူရို ၃၅ သန်း + အပိုဆုကြေး ၅ သန်း ကမ်းလှမ်းမှု ကို လက်ခံလိုက်ပြီလို့ သိရပါတယ် ။

မိုနာကို အသင်းဟာ ချဲလ်ဆီး နောက်ခံလူ မာလန်ဆား အတွက် အငှား + ယူရို ၁၂ သန်းတန် အပြီးသတ် ဝယ်ယူခွင့် တို့နဲ့ ကမ်းလှမ်းမှု ပြုလုပ် လိုက်တယ်လို့ သတင်း ထွက်လာခဲ့ ပါတယ် ။

အာဆင်နယ် ဂိုးသမား လီနို ကတော့ ဖူလ်ဟမ် အသင်းဆီကို ပေါင် ၈ သန်း နဲ့ ပြောင်းရွှေ့ ရောက်ရှိ သွားခဲ့ ပါပြီ ။ ဂျာမန် ဂိုးသမား ဟာ လန်ဒန် ကလပ် နဲ့ ၂၀၂၅ ခုနှစ် အထိ စာချုပ် ချုပ်ဆို သွားမှာပါ ။

ဘာစီလိုနာ ဟာ လာမယ့် သြဂုတ် ၁၃ ရက်နေ့ နောက်ဆုံးထားပြီး ကစားသမားသစ်တွေကို စာရင်းသွင်းဖို့ လိုအပ် နေတာကြောင့် အသင်းကနေ ရောင်းထုတ်လိုတဲ့ ကစားသမားတွေကို အမြန်ဆုံး တွန်းအားပေး လုပ်ဆောင် နေတယ်လို့ ကြားသိရ ပါတယ် ။

လက်ရှိ အသင်းမှာ ဖရန်ကီ ဒီယွန် ဟာ တပတ် ကို ယူရို ၅ သိန်းခွဲ အထိ လုပ်ခ ရရှိနေပြီး အမြင့်ဆုံး ကစားသမား ဖြစ်ကာ ဒီပိုင်း ဟာလည်း တပတ်ကို ယူရို ၂ သိန်း လုပ်ခ ပေးချေ နေရသူ ဖြစ်တယ်လို့ သိရ ပါတယ် ။

မမ်းဖစ် ဒီပိုင်း ရဲ့ အေးဂျင့် ကတော့ ယူရို သန်း ၂၀ နဲ့ ရောင်းထုတ်မှု ကို လက်ခံခြင်း မရှိဘဲ ဘာစီလိုနာ နဲ့ စာချုပ်ကို ဖျက်သိမ်းဖို့ ကိုသာ အဓိက ဆွေးနွေးနေတယ်လို့ သိရပါတယ် ။

စာချုပ် ဖျက်သိမ်းပြီးပါက ဒီပိုင်း ဟာ အသင်းလက်မဲ့ ဖြစ်သွားမှာ ဖြစ်ပြီး ခေါ်ယူမယ့် အသင်း ( ယူဗင်တပ် နဲ့ သတင်း ထွက်နေ ) အနေနဲ့ ပြောင်းရွှေ့ကြေး ပေးရတော့မှာ မဟုတ်ပါဘူး ။

အခြား ဘာဆာ တိုက်စစ်မှူး တယောက် ဖြစ်တဲ့ မာတင် ဘရိသ်ဝိတ် ကလည်း နူးကမ့် ကနေ ထွက်ခွာဖို့ ငြင်းဆန် နေတယ်လို့ ကြားသိရ ပါတယ် ။

PSG နဲ့ ရိုးမား တို့ဟာ ကွင်းလယ်လူ ဝိုင်နယ်ဒမ် အတွက် သဘောတူညီမှု ရရှိသွားခဲ့ ပါပြီ ။ အခုချိန်မှာတော့ ရိုးမား ဟာ နယ်သာလန် ကွင်းလယ်လူကို လုပ်ခ လျော့ယူဖို့ ညှိနှိုင်း ဆွေးနွေး နေပြီး အဆင်ပြေဖို့ အလားအလာကောင်းတွေ ရှိနေတယ်လို့ သိရပါတယ် ။

ချဲလ်ဆီး အသင်းဟာ အက်စတွန် ဗီလာ ရဲ့ ၁၈ နှစ် အရွယ် ကစားသမားလေး Carney Chukwuemeka ကို ပေါင် ၁၅ သန်း + အပိုဆုကြေးတွေနဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့ပါတယ် ။ ကစားသမားလေး ဟာ လန်ဒန် ကို မနေ့ညက ရောက်ရှိ နေခဲ့ပြီး ၂၀၂၈ အထိ ရှိမယ့် စာချုပ်ကို ဒီကနေ့မှာ ချုပ်ဆို သွားမယ်လို့ သိရပါတယ် ။

ဂျာမန် ကလပ် ဟော့ဖမ်ဟမ်း အသင်းကတော့ စပို့တင်း လစ္စဘွန်း ရဲ့ ပေါ်တူဂီ ကစားသမား အက်ဒွာဒို ကွာရက်စ်မာ ကို အငှားနဲ့ ခေါ်ယူဖို့ ကလပ် ၂ သင်းကြား သဘောတူညီမှု ရယူနိုင်ခဲ့တယ်လို့ သိရပါတယ် ။

အေစီမီလန် အသင်းကတော့ ဘယ်လ်ဂျီယံ လူငယ် စတားလေး ချားစ် ဒီ ကိတ်လယ်ရီ ကို ကလပ် ဘရုဂျ် ကနေ အပြီးသတ် ခေါ်ယူ စာချုပ် သွားနိုင်ခဲ့ ပါပြီ ။

ကိတ်လယ်ရီ ဟာ မီလန် ကလပ် မှာ ကျောနံပါတ် ၉၀ ကို ဝတ်ဆင် ကစားသွားမှာ ဖြစ်ပြီး ၂၀၂၇ ခုနှစ် အထိ စာချုပ် ချုပ်ဆို သွားခဲ့ ပါတယ် ။

ကိတ်လယ်ရီ ဟာ အေစီ မှာ တနှစ်ကို လုပ်ခ ယူရို ၂.၂ သန်း ရရှိမယ်လို့ ကြားသိရ ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် ဘယ်နောက်ခံလူ အဲလက်စ် တဲလက်စ် ဟာ ဆီဗီးလား အသင်းဆီ ပြောင်းရွှေ့ဖို့ သဘောတူလိုက်တယ်လို့ သတင်း ထွက်ပေါ်လာပါတယ် ။ ယူနိုက်တက် ဟာ မနှစ်က မာစီရယ် ကို အငှားချစဉ် တုန်းကလိုပဲ တဲလက်စ် ရဲ့ လုပ်ခ လစာကို မျှေ၀ ပေးချေ သွားမှာ ဖြစ်ပါတယ် ။

ယူနိုက်တက် ဂိုးသမား ဒင်း ဟန်ဒါဆင် ကတော့ ပွဲထွက်ခွင့် နေရာရရှိမယ်လို့ အလိမ်အညာ ကတိပေးပြီး ဒါးဗစ် ဒဟဲယား ရဲ့ အရန် အဖြစ် အချိန်ကုန်စေခဲ့တဲ့ ကလပ် အသင်းကို ဝေဖန်ပြောဆို သွားခဲ့ပြီး နည်းပြသစ် တန်ဟတ် လက်အောက်မှာ လေ့ကျင့်ခန်း လာမဆင်းဘဲ ဖောရက်စ် အသင်းဆီ ပြောင်းရွှေ့နိုင်ဖို့ တွန်းအား ပေးခဲ့ကြောင်း ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။

PSG ကတော့ ဝိုင်ယန်ဒမ် ထွက်ခွာ သွားအပြီးမှာ လိုင်လီ ကွင်းလယ်လူ ရီနာတို ဆန်းချက် ကို ခေါ်ယူရေး အတွက် အရှိန်မြှင့် လုပ်ဆောင်သွားမယ်လို့ ကြားသိရ ပါတယ် ။

ပြင်သစ် ကလပ် မာဆေး အသင်းဟာ ဘယ်လ်ဂျီယံ ကလပ် ဂျန့် အသင်းမှာ ကစားနေတဲ့ ကိုလံဘီယာ လက်ရွေးစင် နောက်ခံလူ ဟွန် လူကူမီ ကို ခေါ်ယူဖို့ ပစ်မှတ် ထားလာတယ်လို့ သိရှိရ ပါတယ် ။

ဗြိတိန် ရဲ့ နာမည်ကျော် ပြိုင်ကားမောင်း ချန်ပီယံ ဆာ လူးဝစ် ဟာမီလ်တန် ဟာ NFL ( နေရှင်နယ်ဘောလုံးလိဂ် ) ကလပ် ဒန်ဗာ ဘရွန်ကိုစ့် အသင်းကို ဝေါ်လ်တန် ပီနာ မိသားစု နဲ့ ဒေါ်လာ ၄.၆၅ ဘီလီယံ နဲ့ ပူးပေါင်း ဝယ်ယူကာ ပိုင်ရှင်သစ် ဖြစ်လာခဲ့တယ်လို့ သတင်း ကြားသိရ ပါတယ် ခင်ဗျာ . . . ။

SPORTS MYANMAR